Friday, March 21, 2014

သမ္မတကြီး၏ ဆင်းရဲမှုတိုက်ဖျက်ရေးနှင့်သူ၏ခိုးသားငါးရာ

သမ္မတကြီးက ဆင်းရဲမှုတိုက်ဖျက်ရေးလုပ်မည်ဆိုတော့ ဝမ်းသာလိုက်မိသည်။ သို့သော် အရင့်အရင် သူပြောခဲ့သော စ ကားတွေလိုပဲ ယခုသူဆိုလိုသည်မှာလဲ အဆန်မပါသောခလောက်နှင့် လက်တွေ့မပါသော ညှောင်နာနာအသံသာဖြစ်နေ ခဲ့သည်လို့မြင်လာမိသည်။ မဟုတ်သေးပါ။ မိမိ မှားသွားတာမှ လုံးလုံးကြီးကို မှားသွားတာဖြစ်ပါသည်။ သူတကယ်ဆိုလို သည်က ဆင်းရဲမှုတိုက်ဖျက်ရေးမဟုတ်ပဲ ဆင်းရဲသားတိုက်ဖျက်ရေးပဲဖြစ်ပါလိမ့်မည် ဆိုတာကို ဘာ့ကြောင့်မမြင်မိလိုက်ပဲ ရှံသွားသလဲ မသိပါ။ ညံ့ချက်ကိုက ကမ်းကုန်ပါသည်။ သမ္မတကြီးကို ပြောတာမဟုတ်ပါ။ မိမိနှင့်တကွသော ပြည်သူအား လုံးကိုသာ ဆိုလိုတာပါ။
ပထမဆုံး ခေတ်မှီတိုးတက်သော နိုင်ငံတော်ကြီး ထူထောင်ရေးအတွက် အခြားနိုင်ငံများတွင် အစိုးရအနေဖြင့် စကားပင်ဟ လေ့မရှိသော အိမ်ဖေါ်တင်ပို့ခြင်းလုပ်ငန်းကြီးကို တခန်းတနားလုပ်ပါတော့သည်။ ရွှေဥာဏ်တော်များစူးရှလိုက်ပါဘိခြင်း။ အိမ်ဖေါ်များကို မတရားနှိပ်စက်မှုပြွန်းတီးနေသောနိုင်ငံများဖြစ်သည့် အာရပ်နိုင်ငံများ၊ ဟောင်ကောင်၊ စင်္ကာပူနှင့် မလေး ရှားတို့ကို ပို့မည်ထင်ပါသည်။ အစပထမတော့ ဟောင်ကောင်ဖြစ်ပေမည်။ တဘက်က အောက်လမ်းနည်းဖြင့် ထင်ပေါ် ကြော်ကြားချင်လိုပြီး တရားတော်၏အသိစိတ်ကင်းမဲ့သော ဝီရသူလိုသင်္ကန်းခြုံတွေကိုသုံးကာ အမျိုးဘာသာထိမ်းသိမ်း စောင့်ရှောက်ရေးဆိုပြီး မိန်းမတွေကို အစ္စလာမ်ဘာသာတွင် ထိမ်းကိုင်သကဲ့သို့ ထိမ်းချုပ်မှုများလုပ်ရန်ကြိုးစားသည်။ ဒီအ ထဲမှာလဲ သမ္မတကြီးအစိုးရ၏လက်တွေပါနေတာ ထင်ရှားလှသည်။ အခုတော့ အမျိုးဘာသာပိုမိုထိမ်းသိမ်းမှု အထမြောက် စေရန် မြန်မာအမျိုးသမီးများကို အာရပ်၊ တရုတ်၊ မလေးနှင့် စင်္ကာပူတို့တွင် မတရားအဓမ္မ လုပ်ခံစေပေဦးတော့မည်။ ပို၍ ထင်ရှားပြောင်မြောက်သော အမျိုးဘာသာထိမ်းသိမ်းရေး ပေါ်ပေါက်လာတော့ပေမည်။ သံဃာ့အရေခြုံ ဝီရသူနှင့်အပေါင်း အပါများ အမျိုးဘာသာထိမ်းသိမ်းရေးလေလုံးကြီးပစ်နေသူတွေ သူတို့ ပထွေးများ ထိုသို့ထိရောက်သောအမျိုးဘာသာ ထိမ်းသိမ်းရေးလုပ်သောအခါ ပါးစပ်တို့တွင်ဘာစွပ်နေသည်လဲမသိ အသံမထွက်ပါ။ ဘယ်သောအခါကများအစိုးရပေါ် တွင် ထိုသူများအသံထွက်ဘူးတာရှိပါသနည်း။ ထင်ယောင်ထင်မှားပြောစရာသာရှိသော ဒေါ်အောင်ဆန်းစုကြည်ကို မဲပေး လျှင် အမျိုးသာသနာထိခိုက်မည်ဟု ထိုမဟာ့မဟာ ရွှေဥာဏ်ရှင်များက တွက်ဆကြသည်တဲ့။ ဟုတ်လှပါ၏။ သာသနာကို ညစ်ညမ်းစေသော၊ သာသနာ့သားတော်များကို သတ်ဖြတ်ယုတ်မာသော၊ သာသနာ့သားတော်များကိုကော သာသနာ့အ မွေအနှစ်ကိုထိမ်းသိမ်းရန်ကြိုးစားကြသောကြေးနီစီမံကိန်းဆန့်ကျင်ရေးလုပ်သူများကို မီးရှို့သည့် သူများကိုတော့ ဘာမှ ပြောရန်မတတ်သည့် ထိုသူတို့က မည်သည့် အမျိုးဘာသာထိမ်းသိမ်းရေးမျိုးလုပ်ပါမည်လဲ။ သေချာတာကတော့ တရုတ် လက်အောက်ခံ အလိမ်အညာ စစ်ဝါဒီများ၏အမျိုးဘာသာထိမ်းသိမ်းရေးမျိုးမှလွဲ၍တခြားမရှိပါ။
ဆင်းရဲသားတိုက်ဖျက်ရေးအတွက် သမ္မတကြီးကော၊ လေသံကောင်းရှောက်ပြစ်သော ယဲထွတ်တို့ကော ပါးစပ်က စကား လုံးလှလှသာပြောကြသည်။ လက်တွေ့မပါ။ လက်တွေ့လဲ မလုပ်ရဲပါ။ အခုတော့ သူတို့ပါဝင်သည့် စစ်တပ်က ဆင်းရဲ သားတိုက်ဖျက်ရေးကို အကောင်အထည်ဖေါ်သည့်အနေဖြင့် တောင်သူလယ်သမားများ၊ လုပ်သားပြည်သူများ၏လုပ်စားစ ရာလယ်များ၊ နေအိမ်ရာများကို အတင်းအဓမလုယက်ကြသည်။ ထိုသို့သိမ်းဆည်းမှုများကို ကျူးကျော်အိမ်ရာများဖယ်ရှား သည်တဲ့။ တကယ်အကြီးအကျယ်ကျူးကျော်နေသောစစ်တပ်နှင့် လုပ်ငန်းရှင်ကြီးများ၏မြေများကို ပြန်လည်သိမ်းဆည်းဖို့ မပြောနှင့်တွေးပင်မတွေးရဲသော စည်ပင်ဆိုသည့်ခွေးတွေကလဲ မစင်နံ့လေးပြလိုက်သည့် သူဘက်သာ အမြှီးနန့်ကာကွယ် ပေးချင်ကြသည်။ သူတို့၏ကျေးဇူးရှင်လူထုကိုတော့ လက်နက်မဲ့၊ အာဏာမဲ့မို့ နိုင်ထက်စီးနင်းလုပ်ကြသည်။ တကယ်ကျူး ကျော်သူများကို ဖယ်ရှားမည်ဆိုပါက အဓိပါယ်ရှိအောင်ဆိုလျှင် ကြောက်စရာလန့်စရာ နှုန်းထားဖြင့်ကျူး ကျော်သိမ်းပိုက်နေသူတွေကို စတင်ဖယ်ရှားပစ်ပြရမည်။ ဒါမလုပ်ပဲ နေစရာမရှိ၊ လုပ်စားစရာမရှိသော ဆင်းရဲမွဲတေသည့် သူများကိုသာ နိုင်ထက်စီးနင်းလုပ်နေလျှင် ထိုသို့လုပ်နေသူအားလုံးသည် စစ်သဘက်နှင့်သူတို့၏ခွေးသားများသာ ဖြစ်ပါ လိမ့်မည်။ သမ္မတကြီးလဲ ထိုအထဲအပါအဝင်ပင်။

အညတြ

No comments: