Friday, March 28, 2014

ချင်းလီကုမ္ပဏီ ၀န်ထမ်းများကလှိုင်သာယာမြို့နယ်ရှိ အပြင်ပဒံကျေးရွာ ဒေသခံများကို တိုက်ခိုက်ခဲ့




ရန်ကုန်၊ မတ် ၂၈
လှိုင်သာယာမြို့နယ်ရှိ အပြင်ပဒံကျေးရွာ ဒေသခံများ၏ လယ်အတွင်းသို့ ချင်းလီကုမ္ပဏီ ၀န်ထမ်းများက ၀င်ရောက်ကျူးကျော်ကာ မြေကြီးများ တူးဆွသည့်အပြင် ဒေသခံများကို တိုက်ခိုက်ခဲ့မှုဖြစ်စဉ် မတ်လ ၂၈ ရက်၊ မနက်ပိုင်းက အဆိုပါ လယ်ဧကပေါ်တွင် ဖြစ်ပွားခဲ့သည်။
အဆိုပါမြေနေရာမှာ ဒေသခံများ ပိုင်ဆိုင်ကြောင်း ရန်ကုန်တိုင်းရုံးမှ ၀န်ကြီးချုပ်ဦးမြင့်ဆွေ၏ ကိုယ်စားလက်မှတ်ဖြင့် ထုတ်ပြန်ထားပြီး ဖြစ်သော်လည်း မတ်လ ၂၈ ရက်တွင် အဆိုပါ ချင်းလီကုမ္ပဏီမှ ကျူးကျော်ဝင်ရောက်ကာ ခြံစည်းရိုးခတ်ခြင်း မြေတူးခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဒေသခံပြည်သူများနှင့် ပဋိပက္ခဖြစ်ပွားခဲ့ပြီး အဆိုပါ ကုမ္ပဏီ ၀န်ထမ်းများက လောက်လေးခွဖြင့်ပစ်ခြင်း၊ အုတ်နီခဲဖြင့် ပစ်ခြင်းများ ပြုလုပ်ခဲ့ရာ အဆိုပါပစ်ခတ်မှုကြောင့် ၇ နှစ်အရွယ် ကလေးတစ်ဦး၏ နောက်ကျောတွင် ညိုမဲဒဏ်ရာရရှိခဲ့ပြီး ဒေသခံ ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
ဝိုင်းမော်

No comments: