Monday, March 31, 2014

အိန္ဒိယမှာ ဘာ‌ကြောင့်‌ဗုဒ္ဓသာသနာကွယ်‌‌ပျောက်‌ခဲ့ကြရသလဲ

Written by Khin Win
ဒီရက်‌ပိုင်း‌တွေအတွင်းမှာကျွန်‌‌တော်‌ အိန္ဒိယမှာ ဘာ‌ကြောင့်‌ဗုဒ္ဓသာသနာကွယ်‌‌ပျောက်‌ခဲ့ကြရသလဲဆိုတာ ကို သိချင်‌‌ဇောနဲ့ စာအုပ်‌များစွာ ဖတ်‌ရှု‌လေ့လာ‌နေခဲ့မိပါတယ်‌ တိုင်းကြီး တဆယ့်‌‌ခြောက်‌တိုင်းနဲ့ အခြားပ‌ဒေသရာဇ်‌နယ်‌ပယ်‌များ မှာထွန်းကား‌နေတဲ့ ဗုဒ္ဓရဲ့ဓမ္မဟာ ရာစုနှစ်‌အနည်းအငယ်‌ အတွင်းမှာ‌ ဘာ‌ကြောင့်‌ အဲဒီ‌နေရာက‌နေ အပြီးတိုင်‌ ကွယ်‌‌ပျောက်‌ ခဲ့ရပါသလဲ ဆိုတာ ကလည်း အလွန်‌သိချင်‌စရာ ‌ကောင်းလှပါတယ်‌ အဲဒီသိချင်‌စိတ်‌နဲ့ ရနိုင်‌သမျှ‌ရှေး‌ဟောင်းအိန္ဒိယသု‌တေသနစာတမ်းနဲ့ ကျမ်းအချို့ ကို‌လေ့လာဖတ်‌ရှုပြီးချိန်‌ မှာ‌တော့ အင်‌မတန်‌ ပင်‌ပမ်းတဲ့ ခရီးရှည်‌ကြီးတခုက‌အောင်‌မြင်‌ စွာပြန်‌‌ရောက်‌လာရတဲ့ ခရီးသည်‌ တ‌ယောက်‌ ရဲ့‌ကျေနပ်‌ခြင်းမျိုးခံစားခဲ့ရပါပြီ ကျွန်‌‌တော်‌ရဲ့ ဗဟုသုတကို‌ဝေမျှတဲ့အ‌နေနဲ့ အခုပြန်‌လည်‌‌ဖောက်‌သည်‌ချပါရ‌စေ အရင်‌ဆုံးမိတ်‌ဆက်‌‌ပေးချင်‌တဲ့ စာ‌ကြောင်း‌လေးက‌တော့ ဗုဒ္ဓဘာသာနဲ့ ‌ရှေး‌ဟောင်းအိန္ဒယအ‌ကြောင်းကို ‌လေ့လာ‌နေတဲ့အင်‌စတီကျုတခုရဲ့ ကနဦးintro စာ‌ကြောင်း‌လေးတ‌ကြောင်းပါပဲThe earliest Buddhist sources that predict the decline or disappearance of Buddhism are unanimous in attributing this catastrophe to the failings of the Buddhists themselves.အ‌စောဆုံးဗုဒ္ဓဘာသာဝင်‌‌တွေရဲ့ အရင်းအမြစ်‌‌တွေဟာ သူတို့ကိုယ်‌တိုင်‌‌ကြောင့်‌ပဲဒီ ဗုဒ္ဓဘာသာ ‌နိမ့်‌ကျ‌ပျောက်‌ကွယ်‌ခဲ့ခြင်းဆိုတဲ့‌ဘေးဆိုးကြီးကို ‌တွေ့ကြုံခဲ့ရတယ်‌လို့ တညီတညွတ်‌ထဲလက်‌ခံခဲ့ကြတယ်‌ဆိုတာပါပဲDr Jan Nattier ရဲ့Once Upon a Future Time: Studies in a Buddhist Prophecy of Decline (1991:120-132)မှာ‌တော့ summarizes the factors singled out by the canonical sources into the following seven categories ဆိုပြီး‌တော့‌ဖော်‌ပြထားတာကိုလည်း‌တွေ့ရှိရပြန်‌ပါတယ်‌ သူမဟာယ‌နေ့ကမ္ဘာ‌ပေါ်က ‌ရှေး‌ဟောင်းအိန္ဒိယကို ‌လေ့လာ‌နေကြတဲ့ဘွဲ့လွန်‌‌ကျောင်းသား‌တွေအလွန်‌‌လေးစားပြီး ပညာရှင်‌အချင်းချင်းလည်း ‌နေရာ‌ပေးခံထားရသူပါ သူမရဲ့စာအုပ်‌ကို ဖတ်‌ပြီးအကျဉ်းချုပ်‌ကြည့်‌မယ်‌ဆိုရင်‌ ဗုဒ္ဓဘာသာဟာအိန္ဒိယမှကွယ်‌‌ပျောက်‌သွားခြင်းက အဓိက ကဗုဒ္ဓဘာဝင်‌များကိုယ်‌တိုင်‌နဲ့ သာသနာ့ဝန်‌ထမ်းရဟန်းတို့ကိုယ်‌တိုင်‌‌ကြောင့်‌ဆိုတဲ့ အချက်‌ခုနစ်‌ ချက်‌ကို‌တွေ့ရပြီး external cause က‌တော့ နှစ်‌ချက်‌သာ‌တွေ့ရပါတယ်‌ (1) the admission of women into the monastic community; (2) the lack of respect toward various elements of the Buddhist tradition; (3) the lack of diligence in meditation practice; (4) carelessness in the transmission of the teachings; (5) the emergence of divisions within the Sangha; (6) the emergence of false or “counterfeit” Dharma; and (7) excessive association with secular society. Later texts also mention external causes of the religion’s decline of which there are two: (8) the invasion of India by foreign, non-Buddhist powers; and (9) excessive state control ပထမအချက်‌က အမျိုးသမီးများကို သာသနာထဲဝင်‌ခွင့်‌ပြုခဲ့ခြင်းပါ ဒုတိယ‌မြောက်‌အချက်‌ကဗုဒ္ဓဘာသာဝင်‌‌တွေရဲ့ အမျိုးမျိုး‌သောအ‌ခြေခံမူလတရားများကို အ‌လေးထားမှု‌လျော့နည်းလာခြင်းပါ တတိယ‌မြောက်‌အချက်‌က ဝိပဿနအလုပ်‌မှာ ဝါယမစိုက်‌မှု‌လျော့ပါးလာခြင်းပါ..စတုတ္ထအချက်‌ကစာ‌ပေပရိယတ်‌ကို သင်‌ကြားပို့ချမှုမှာ ‌ကြောင့်‌ကြမဲ့‌နေခဲ့မှုပါ ပဉ္စမ‌မြောက်‌အချက်‌ကသံဃာဂိုဏ်းကွဲပြားမှု‌ပေါ်‌ပေါက်‌လာခြင်းပါ ဆဋ္ဌမ‌မြောက်‌အချက်‌က အတု‌တွေ‌ပေါ်‌ပေါက်‌လာခြင်းသို‌မဟုတ်‌ တရားတုတရား‌ယောင်‌များ‌ကြောင့်‌ပါ
သတ္တမ‌မြောက်‌က ‌လောကီလူ့အဖွဲ့အစည်းနဲ့အလွန်‌အကျွံအသင်းအပင်းဖြစ်‌လာခြင်းပါတဲ့ ဒါက internal causes များပါ ‌နောက်‌ဆုံးပြင်‌ပအဖျက်‌‌ကြောင်းနှစ်‌ခုမှာတစ်‌ခုက ပြင်‌ပ မှအိန္ဒိယကိုကျူး‌ကျော်‌ဝင်‌‌ရောက်‌မှုပါ ဥပမာ တူရကီအင်‌ပါယာချဲ့ထွင်‌မှုကို‌ပြောတာဖြစ်‌နိုင်‌ပါတယ်‌ ‌နဝမ‌မြောက်‌အချက်‌ကနိုင်‌ငံ‌တော်‌ရဲ့ဘာသာ‌ရေးအ‌ပေါ်ချုပ်‌ကိုင်‌မှုများပြားလာလွန်းတဲ့အချက်‌ပါပဲတဲ့..ဒီ‌နေရာမှာ မာန်‌လည်‌ဆရာ‌တော်‌ဘုရားကြီးရဲ့..မဃ‌ဒေဝလင်္ကာသစ်‌ကတစ်‌ပိုဒ်‌‌ကို သတိရမိပါတယ်‌.. ရဟန်း ရဟန်း မည်‌ပြဌာန်းလျက်‌ ရဟန်းလူလစ်‌ ‌ခေါ်ရာဖြစ်‌ရုံ စနစ်‌‌ခေါက်‌ချိုး ချုပ်‌ရိုးဆန်းဆန်း ဖန်‌ရည်‌စွန်းသား သက်‌န်းဝါဝါ ဦးပြည်းကာဖြင့်‌ ပညာကင်းပ သီလမဲ့မျိုး အတွင်းဆိုးကား အကျိုးတစိ ဘယ်‌မှာရှိလိမ့်‌

အထက်‌ပါမဃ‌ဒေဝလင်္ကာသစ်‌မှာပါ‌သော လင်္ကာတစ်‌ပိုဒ်‌သည်‌ငယ်‌ပင်‌ငယ်‌ငြား‌သော်‌လည်း စာအသွားအလာ‌လေးနက်‌ ထိ‌ရောက်‌ပုံက မသူ‌တော်‌အလဇ္ဇီ ရဟန်းတို့အဖို့ ပိဿာ‌လေးနှင့်‌‌ဘေးကို ပစ်‌သကဲ့သို့ ရှိလိမ့်‌မည်‌..သာမ‌ညောင်‌ညလူတဦး၏အကျင့်‌သီလ ပျက်‌ပြားခြင်းသည်‌ ထိုလူတစ်‌ဦးကိုသာ ဆိုးကျိုးက သက်‌‌ရောက်‌လိမ့်‌မည်‌ ထို့ထက်‌လွန်‌‌သော်‌လည်း ၄င်း၏မိသားတစ်‌စု ထို့ထက်‌မက အလွန့်‌အကျွံဆိုလျှင်‌ သူ၏‌နေထိုင်‌ကျင်‌လည်‌ရာ တရပ်‌တရွာ ထက်‌‌တော့ ‌ကျော်‌လွန်‌၍ဆိုးကျိုး‌ပေးနိုင်‌မည်‌မဟုတ်‌‌ချေ..အဘယ်‌‌ကြောင့်‌ဆို‌သော်‌ ထိုသူသည်‌သာမန်‌လူတ‌ယောက်‌မျှသာဖြစ်‌‌လေရာ များစွာ‌သောလူတို့အ‌ပေါ်လွှမ်းမိုးနိုင်‌ရန်‌အခွင့်‌အ‌ရေးမရှိခြင်း‌ကြောက့်‌တည်း.သို့်‌သော်‌ ‌လောက ၌ လူများစွာတို့အ‌ပေါ်လွှမ်းမိုးနိုင်‌စွမ်းရှိသူတဦးတ‌ယောက်‌က မိမိ‌စောင့်‌ထိန်းအပ်‌‌သောသီလမလုံ၍ကျိုး‌ပေါက်‌‌ပြောက်‌ကြား‌သောအခါ ၌မူ များစွာ‌သောလူတို့အတွက်‌ အကျိုးဆုတ်‌ယုတ်‌ရန်‌အ‌ကြောင်းရှိ‌
‌ပေသည်‌.ယခု ကာလ ဘာသာ‌ရေးကို အ‌ကြောင်းပြု၍ ဖြစ်‌ပျက်‌လှုပ်‌ရှားလာ‌သော လူမှု ပဋိပက္ခတို့သည်‌ မိမိတို့ ဗုဒ္ဓဘာသာဝင်‌တို့အတွက်‌ သာမက အခြားယုံကြည်‌ရာ ကိုးကွယ်‌ကြကုန်‌‌သောသူအ‌ပေါင်းတို့အတွက်‌လည်း လွန်‌စွာ အန္တရာယ်‌ကြီးမားလှ‌ကြောင်း သိသူကသိကြ‌ပေလိမ့်‌မည်‌ သို့‌သော်‌ မြတ်‌ဘုရား၏ လက်‌ဝဲ လက်‌ယာ အဂ္ဂသာဝက အ‌လောင်းအလျာ နှစ်‌ပါး၏လက်‌ဦးဆရာ ဖြစ်‌‌သော သိဉ္စည်းဆရာကြီး၏ အ‌ပြောအရ လူလိမ္မာကနည်းပါး၍လူမိုက်‌သာ‌ပေါများ‌သော ဤကမ္ဘာ‌လောကဝယ်‌ ယ‌နေ့မြန်‌မာပြည်‌၏ ဗုဒ္ဓဘာသာ ကွယ်‌‌ပျောက်‌မည့်‌အ‌ရေးကို မသိ‌သော လူမိုက်‌များကသာ သာ၍များ‌နေ‌ကြောင်းလည်း ချင့်‌ချိန်‌နိုင်‌‌ပေသည်‌. Dr jan natieer ၏ သုံးသပ်‌ချက်‌အရအတွင်းရန်‌ ခုနစ်‌ချက်‌ကလည်း သာသနာ့ဝန်‌ထမ်းရဟန်းတို့ရဲ့ အပြစ်‌များကိုမီး‌မောင်းထိုးပြခြင်းပဲမဟုတ်‌ပါလား ထို့‌ကြောင့်‌ပင်‌လျှင်‌ ဒုတိယ‌မြောက်‌ဖြစ်‌‌သောအချက်‌ဖြစ်‌သည့်‌သာသနာ့‌နောက်‌လိုက်‌ ဘာသာဝင်‌တို့သည်‌ ဗုဒ္ဓ၏အစဉ်‌အလာ အဆုံးအမတို့အ‌ပေါ် အကြည်‌ညိုပျက်‌ခဲ့ကြခြင်းဟု‌ပြောနိုင်‌ခြင်းပင်ဖြစ်‌‌တော့သည်.‌ခေါင်း‌ဆောင်‌နွားလား‌ဖြောင့်‌‌ဖြောင့်‌မသွား‌တော့ပြီမဟုတ်‌ပါလား အကယ်‌စင်‌စစ်‌ ပြည်‌ပ ဘာသာခြားတို့ကျူး‌ကျော်‌ဝင်‌‌ရောက်‌မှု‌ကြောင့်‌ပျက်‌စီးရခြင်းသည်‌ ထန်းသီး‌ကြွေခိုက်‌ ကျီးနင်းခိုက်‌ဖြစ်‌၍ နိုင်‌ငံ‌ရေးကိစ္စသက်‌သက်‌သာလျှင်‌ဖြစ်‌ရ‌ပေမည်‌ သာသနာကွယ်‌ခြင်းသည်‌ နိုင်‌ငံ‌ရေးဆုတ်‌ယုတ်‌ပျက်‌ယွင်းခြင်းအ‌ပေါ်၌အ‌ကြောင်းရင်းမခံခဲ့သလို နိုင်‌ငံ‌ရေးဆုတ်‌ယုတ်‌ပျက်‌ယွင်းရခြင်းသည်‌လည်း သာသနာ‌ရေးဘာသာ‌ရေးက တာဝန်‌ခံယူနိုင်‌ရန်‌အ‌ကြောင်းမဟုတ်‌‌ကြောင်းအလွယ်‌တကူအမြင်‌ရှင်းသင့်‌ကြပါပြီ..‌နောက်‌ထပ်‌ပညာရှင်‌တ‌ယောက်‌ဖြစ်‌‌သော Dr k.jamanadas ၏ the decline and falling of buddhism in india စာအုပ်‌မှ တစ်‌ခု‌သောစာပိုဒ်‌ကိုထုတ်‌နှုတ်‌ပြပါဦးမည်‌‌ခေါင်းစဉ်‌ငယ်‌မှာ ဗြဟ္မဏများ၏ဗုဒ္ဓဘာသာကို အနိုင်‌ကျင့်‌ခြင်းဖြစ်‌သည်‌ဟုအဓိပ္ပါယ်‌ရနိုင်‌ပါသည်‌....်‌Brahmins usurpedBuddhism...
Brahmans became the leaders of Buddhism because of their learning, and first disfigured it thoroughly with ritualism and images, and then destroyed its separate organization of monasteries and monks with the help of the fore ign masters who came into power. But the Buddhism of Harsha and Nagarjuna did not disappear, it formed the nucleus of the later Hinduism, superadded with horrors of caste. To become the sole leaders of the country and to enforce their system of castes, has always been the prime motive of Brahmanism, and if Buddhist order of monks and monasteries had survived, the Brahmins could not have achieved this goal. So they completely destroyed the external institution of Buddhism, the monks and monasteries. Brahmins became the undisputed leaders, and a new popular religion, Hinduism, emerged with important aspect of caste, as Dharmatitha observed
သူက ဆွာမိကြီးDharmatitha ရဲ့‌တွေ့ရှိမှုလိုပါပဲတဲ့ ဗြဟ္မဏ‌တွေက အစ‌တော့ ဗုဒ္ဓဘာသာထဲဝင်‌‌ရောက်‌ပြီးသင်‌ကြားကြရင်း‌ခေါင်း‌ဆောင်‌‌တွေဖြစ်‌လာပါတယ်‌‌ပထမဦးဆုံး ဒီဗုဒ္ဓဘာသာဝင်‌ဗြဟ္မဏ‌တွေက ဗုဒ္ဓဘာသာကို သူတို့ရဲ့ယဇ်‌ပူ‌ဇော်‌ခြင်း ပုံရိပ်‌‌တွေနဲ့ဖုံးလွှမ်း‌ဖျောက်‌ဖျက်‌ကြပါတယ် ထို့‌နောက်‌ တသီးတခြားဖြစ်‌‌နေတဲ့ ဘုန်း‌တော်‌ကြီး‌ကျောင်းများနဲ့ရဟန်းတို့ကို ပြင်‌ပက ဝင်‌‌ရောက်‌လာတဲ့အင်‌အားကြီးမားသူ‌တွေရဲ့အကူအညီနဲ့လည်းဖျက်‌ဆီးခဲ့ကြပါတယ်‌ ဒါ‌ပေမဲ့ Harsha နဲ့ Nargarjuna တို့က‌တော့ကွယ်‌‌ပျောက်‌မသွားခဲ့ကြပါဘူးတဲ့ သူတို့က‌နောက်‌ပိုင်း ဟိန္ဒူဝါဒရဲ့အမြု‌တေ‌တွေဖြစ်‌သွားပါတယ်‌တဲ့ ဒီ‌နေရာမှာ Harsha နဲ့ နာဂဇုနအ‌ကြောင်းကို‌တော့ ရှင်းပြချင်‌ပါတယ်‌ Harsha ဆိုတာ ဂုပတ္တ‌ခေတ်‌အလွန်‌မှာ‌ပေါ်‌ပေါက်‌လာတဲ့ ရှင်‌ဘုရင်‌ပါ သူဟာ ဗုဒ္ဓဘာသာဝင်‌တစ်‌ဦးပါဒါ‌ပေမယ့်‌ အဲ့ဒီ‌ခေတ်‌ကအိန္ဒယမှာအမြစ်‌တွယ်‌‌နေပြီဖြစ်‌တဲ့မဟာယာနဗုဒ္ဓဘာသာဝင်‌ပါ သူဟာ နာလန္ဒတက္ကသိုလ်‌ကို တည်‌‌ထောင်‌‌ပေးခဲ့သူလို့ဆိုကြပါတယ်‌ အဲဒီ တက္ကသိုလ်‌မှာ နာဂဇုနက ဂုရု တပါးပါ သူ့ရဲ့ မဟာယာနတရား‌တွေကို တွင်‌တွင်‌ကျယ်‌ကျယ်‌ သင်‌ကြားပို့ချ‌ပေး‌နေသူအ‌ကျော်‌အ‌မော်‌တဦးပါ..‌နောက်‌ဆုံးမှာ‌တော့ အိန္ဒိယရဲ့မဟာယာနဗုဒ္ဓဘာသာဝင်‌‌တွေဟာ ဗြဟ္မဏတို့ရဲ့ ‌ဝေဒကျမ်းလာအယူဝါဒများနဲ့ ‌ရော‌ထွေးသွားပြီး နာလန္ဒတက္ကသိုလ်‌ကြီးမီးခပြီးတဲ့‌နောက်‌ ဟိန္ဒူဘာသာဝင်‌‌တွေအဖြစ်‌အပြီးတိုင်‌သွတ်‌သွင်းခံလိုက်‌ကြရပါတယ်‌ မတိမ်းမယိမ်းကာလ‌လောက်‌မှာပဲ ရှန်‌ကရဆိုတဲ့ ဂျိန်းဘာသာ‌ရေး‌ခေါင်း‌ဆောင်‌က သူ့ကို ချီး‌မြောက်‌တဲ့ ရှင်‌ဘုရင်‌နဲ့‌ပေါင်းပြီး ယိုင်‌နဲ့နဲ့‌လေးဖြစ်‌‌နေတဲ့ မဟာယာန ရဟန်း‌တော်‌များရဲ့အယူဝါဒကို စကားစစ်‌ထိုး‌ချေဖျက်‌ပြီးရှုံနိမ်းသူများကို လူထွက်‌‌စေခြင်း ညဉ်းပမ်းသတ်‌ဖြတ်‌ခြင်းများပြုလုပ်‌ခဲ့တယ်‌ဆိုတာကိုလည်း အိန္ဒိယသမိုင်းစာအုပ်‌‌တော်‌‌တော်‌များများမှာ‌တွေ့ရပါ‌သေးတယ်‌ ‌ဒီ‌နေရာမှာစော‌စောက‌
‌ကြောက်‌စရာ‌ကောင်းတဲ့ဇာတ်‌ဝါဒနဲ့ ‌ပေါင်းစပ်‌ခြင်းခံခဲ့ရတဲ့ဗုဒ္ဓဝါဒီတို့ အ‌ကြောင်းကို ပြန်‌‌ပြောလိုပါတယ်‌ ဗြဟ္မဏဝါဒက အ‌ခြေခံ မူလ ဖြစ်‌‌နေ‌စေရန်‌မှာသူတို့ဟာ တိုင်းပြည်‌ရဲတမျိုးတည်း‌သော့ ခေါင်း‌ဆောင်‌‌ဖြစ်‌လာ‌စေရန်‌နဲ့သူတို့ရဲ့ဇာတ်‌စနစ်‌ ခိုင်‌မာလာ‌စေရန်‌အ‌ကြောင်း‌တွေဟာ ဗုဒ္ဓအဆုံးအမကိုလိုက်‌နာတဲ့ ရဟန်း‌တော်‌‌တွေနဲ့ဘုန်းကြီး‌ကျောင်း‌တွေ ရှင်‌သန်‌ကျန်‌ရစ်‌ခဲ့မယ်‌ဆိုရင်‌သူတို့ရည်‌မှန်းချက်‌ပန်းတိုင်‌‌တွေ‌အောင်‌မြင်‌အထ‌မြောက်‌မှုရှိလိမ့်‌မှာမဟုတ်ပါဘူးတဲ့ ဒါ‌ကြောင့်‌သူတို့က ဗုဒ္ဓသား‌တော်‌ရဟန်းများနဲ့ ပြင်‌ပန်းဗဟိဒ္ဓိများဖြစ်‌တဲ့‌ကျောင်း‌တော်‌‌တွေကို အကြွင်းမဲ့ဖျက်‌ဆီးခဲ့ကြတာပါ..ဒီလိုနဲ့အိန္ဒိယမှာ ဗြဟ္မဏဝါဒဟာ ဇာတ်‌စနစ်‌ရဲ့ အဓိကအစိတ်‌အပိုင်‌ဖြစ်‌လာခဲ့ပြီး ‌ခေတ်‌စားတဲ့ဘာသာ‌ရေးအသစ်‌တစ်‌ခုအဖြစ်‌‌ပေါ်‌ပေါက်‌ခဲ့ပါတယ်‌ ဗြဟ္မဏ‌‌တွေက‌တော့ တိုင်းပြည်‌ရဲ့ငြင်းပယ်‌မရတဲ့‌ခေါင်း‌ဆောင်‌‌တွေဖြစ်‌လာခဲ့တယ်‌လို့ ဆိုထားပါတယ်‌ ‌နောက်‌ထပ်‌ကိုးကားပြစရာ ‌တွေများစွာကျန်‌‌နေ‌သေး‌သော်‌လည်း အနည်းအငယ်‌ရှည်‌သွားခဲ့ပြီဖြစ်‌တဲ့အတွက်‌ဒီမှာပဲနိဂုံးချုပ်‌စကား‌ပြောချင်‌ပါတယ်‌ ဗုဒ္ဓကိုယ်‌‌တော်‌တိုင်‌‌ဟောခဲ့တဲ့ ပိဋကတ်‌သုံးပုံကို‌မွေ‌နောက်‌ရှာ‌ဖွေကြမယ်‌ဆိုရင်‌လည်း ‌နေရာတချို့မှာ သာသနာ့ဝန်‌‌ဆောင်‌ပုဂ္ဂိုလ်‌တို့ရဲ့ သီလကျိုး‌ပေါက်‌မှု သင်‌အံ‌လေ့ကျက်‌မှုနည်းပါးမှု တရားတုများဖုံးလွှမ်းဝါးမျိုမှု ဆိုတဲ့ အတွင်းစည်းကျိုး‌ပေါက်‌တဲ့‌အ‌ကြောင်းတရားများကသာ သူ့သာသနာ‌တော်‌ကိုကွယ်‌‌ပျောက်‌‌စေမှာမှာဖြစ်‌‌ကြောင်း‌ဟော‌တော်‌မူခဲ့တာ‌တွေ့ကြရမှာပါ..ဘယ်‌သူမပြုမိမိမှုပါ ဗုဒ္ဓဝါဒဟာအားလုံးသိကြတဲ့အတိုင်း
အတ္တကိုပယ်‌သတ်‌ရတဲ့တရားပါ အနတ္တကို မြင်‌‌အောင်‌ရှုရမယ့်‌အယူဝါဒလမ်းစဉ်
ပါ ဒါကို အတ္တအသွင်‌ထင်‌မြင်‌လို့ ရှုမှတ်‌‌ကျင့်‌သုံး‌နေကြမယ်‌ဆိုရင်‌ဖြင့်‌ ကျွန်‌‌တော်‌တို့ရဲ့သား‌မြေးများလက်‌ထက်‌‌ရောက်‌ရင်‌ဖြင့်‌ ‌ရှေး‌ဟောင်းအိန္ဒိယသားများကဲ့သို့ ကြမ္မာဆိုးကြုံကြရမှာ‌မြေကြီးလက်‌ခတ်‌မလွဲပါပဲ..‌‌စော‌စောက‌ဖော်‌ပြခဲ့တဲ့ မဃ‌ဒေဝလင်္ကာမှာပါတဲ့အတိုင်း ရဟန်းဆိုးရဟန်းညစ်‌ ဘုရားဥပ‌ဒေကို လက်‌တစ်‌လုံးခြားလုပ်‌လိုတဲ့ ဒုဿီလရဟန်းကို‌ခေါင်း‌ဆောင်‌တင်‌ထားကြမယ်‌ဆိုရင်‌ဖြင့်‌.... များစွာ ‌ပြောရန်‌မမြင်‌‌တော့ပါ..ကိုယ့်‌ထီးကိုယ်‌ထမ်းကိုယ့်‌လမ်းကိုယ်‌‌လျှောက်‌ကြရုံသာရှိ‌တော့မည်‌ဟု.......

No comments: