Monday, March 31, 2014

တောင်နှင့် မြောက်ကိုရီးယား အပြန်အလှန်ပစ်ခတ်


တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ စစ်တပ်တွေဟာ ဒီကနေ့မှာ ရေပိုင်နက် နယ်စပ်မျဉ်းတစ်လျှောက် အပြန်အလှန် ပစ်ခတ်ခဲ့ကြလို့ အနီးအနား ကျွန်းတွေပေါ်က လူတွေ ဗုံးခိုကျင်းတွေထဲ ဝင်ပြီး တိမ်းရှောင်နေခဲ့ရပါတယ်။
မြောက်ကိုရီးယားဘက်က စတင် ပစ်ခတ်တာကို တောင်ကိုရီးယားက လက်တုံ့ပြန်ခဲ့တာလို့ ဆိုပါတယ်။
တောင်နဲ့ မြောက် ကိုရီးယား ၂ နိုင်ငံဟာ သူတို့ရဲ့ ရေပြင် နယ်နိမိတ်တွေကို ကျော်ဖြတ်ပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။
မြောက်ကိုရီးယားတို့ စစ်ရေးလေ့ကျင့်ရာက ဗုံးဆန်တွေ တောင်ကိုရီးယား ရေပိုင်နက်ထဲ ကျရောက်ခဲ့ရာကနေ အခုလို အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့တာလို့ တောင်ကိုရီးယားဘက်က ဆိုပါတယ်။
သူတို့ ရေပိုင်နက်ထဲကို ဗုံးဆန်တွေ ကျရောက်လာလို့ တစ်ဘက်ကို ပြန်လည် ပစ်ခတ်ခဲ့တာ ဖြစ်တယ် လို့ တောင်ကိုရီးယားက ပြောပါတယ်။
အခင်းဖြစ်ပွားရာ နယ်နိမိတ် စည်းအနီးအနားမှာ နေထိုင်တဲ့ လူတွေကို သတိ တင်ကြိုထားတဲ့ အနေနဲ့ ဗုံးခိုကျင်းတွေထဲ သွားနေဖို့ တောင်ကိုရီးယား အာဏာပိုင်တွေက တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီ နယ်နိမိတ် အပိုင်းအခြားကို မြောက်ကိုရီးယားက အသိအမှတ် ပြုထားခြင်း မရှိဘဲ အဲဒီ နယ်စည်းအနီး အခုလို ဖြစ်ရပ်တွေ မကြာခဏ ဖြစ်ပေါ်လေ့ ရှိပါတယ်။
BBC Burmese

No comments: