Monday, March 17, 2014

ပြုပြင်စေချင်လို့ပါ။

ဥပမာ ပြောလိုက်မယ် လာဘ်ပေးလာဘ်ယူ အကြီးကြီးတွေ မဟုတ်ဘူး၊ အောက်ခြေက ဟာလေးတွေ၊ ဒါပေမဲ့ တချို့ ကိစ္စလေးတွေက ဘဝ နဲ့ ဆိုင်ပြီး ဒုက္ခရောက်တာတွေ ရှိတယ်၊
ကျောင်းဆရာမ အလုပ်လိုချင်လို့ လျှောက်တယ်။ မြို့နယ်ပညာရေးမှူးက နှစ်သိန်းခွဲ၊ အထက်က နှစ်သိန်း၊ လုပ်ပေးကိုင်ပေးသူ က တစ်သိန်းခွဲ ယူတယ်။
ဘာတဲ့ အခုမှ ဖွဲ့တဲ့ ကျေးလက်ဖွံ့ဖြိုးရေးဌာန ဆိုလား ဘာလား ဒီလို ဌာန လေးတွေ တောင် အကပ်တွေဘာတွေ နဲ့ မှ၊ တကယ်အလုပ်လို အပ်နေသူတွေ ဂျောင်းပေတော့။
လိုချင်တဲ့ နေရာကို မူလတန်းပြ လျှောက်တယ်၊ ဘယ်လောက်ဘယ်လောက် ခွဲ ယူကြတယ်၊ မြို့နားက ရွာတွေမှာ ကျောင်းသား ၅၀ ကျော် ၁၀၀ ဆရာမ ၅ ယောက် ၆ ယောက်၊ ကျောင်းလုပ်သား အသစ်က နှစ်ယောက်လောက်။ ကျောင်းကို ပုံမှန် တက်ချင်မှ တက်တယ်။ ခေါင်တဲ့ ရွာတွေမှာ တစ်ကျောင်းလုံးဆရာမ တစ်ယောက် နှစ်ယောက် သူငယ်တန်း က လေးတန်းအထိ နှစ်ယောက်ထဲရယ် မနိုင်ဝန်တွေထမ်းရတယ်။
မြေတွေ မှတ်ပုံတင် စာချုပ်ချုပ်တယ် ၃၅ ရာနှုန်း အခွန်ဆောင်ရမယ်၊ တကယ် ဝယ်တာ ထောင်ဂဏာန်း ကို ရာဂဏာန်း ပဲ ပြတယ်၊ တိုင်းပြည်မှာ အခွန် နစ်နာသွားတာ သိန်းရာဂဏာန်း ဌာနဆိုင်ရာ အရာရှိတွေက တစ်ယောက်တစ်သိန်းခွဲယူတယ်။ ဒီလိုဟာမျိုးလေးတွေ တစ်နေ့ လေးငါးခုလာ အငြိမ်ပဲ၊
ကျွန်းပင်ခိုးခုတ်တယ် ထောင်ချဖို့ ဖမ်းတယ်၊ တရားသူကြီးကို ဘယ်လောက်၊ ဥပဒေ အရာရှိကို ဘယ်လောက်၊ စာရေး ရဲကို ဘယ်လောက်ပေး သစ်ပင်ခုတ်တဲ့ ကောင် က ဒဏ်ငွေ ၅၀၀၀ လောက် လွတ်သွားတယ်၊ နောင်လည်း ထပ်ခုတ်ဦးမှာပဲ။
ဆည်တွေကန်တွေ ချောင်းတွေ ပြင်ဖို့ တစ်ရွာ ကို သိန်း၃၀ လောက် ဘဒ်ဂျတ် ချပေးတယ်၊ ဆီတစ်ပီပါ ၃သိန်းမရှိ ဘူး၊ ခိုးတယ်၊ ရွာမှာ ဘယ်လောက်နစ်နာသွား လဲ။
လမ်းပြင် ဖို့ ကျောက်ကန်ထရိုက်ရဖို့ မြို့နယ် အရာရှိကို ကပ်ရက်ပေါင်းပြီး လုပ်တယ်၊ သွင်းကာကျတော့ စံချိန်မမီ အရေအတွက်မပြည့် မြို့နယ်အရာရှိက မပြောဘဲနေတယ်၊ တစ်လုပ်စားဖူး သူ့ကျေးဇူးကိုး၊ တိုင်းပြည်မှာ နာတာက ဘယ်လောက်လဲ။
လူသတ်မှု၊ ယာဉ်တိုက်လို့ လူသေစေမှု၊ မုဒိမ်းမှုတွေ သက်ဆိုင်ရာ အရာရှိတွေကို သာ သုံးသိန်းအောက် လောက်တွေပေး ထောင်ကျရင် တစ်နှစ်ပေါ့။ ကွင်းလုံးကျွတ်တောင် လွတ်သေး၊ ဆုံးရှုံးသွားတဲ့ အသက်တွေ ဘဝတွေကဘယ်လို လုပ်မတုံး။
ချဲရောင်းတယ် နှစ်လုံးရောင်းတယ် ဘယ်လောက်စာအုပ် ဆို လိုင်းကြေးက ဘယ်လောက် ဆိုတာ ပေါက်ကြေးရှိတယ်၊ ကြိုက်သလောက် ရောင်း ဘာမှ မဖြစ်၊ ဒါမျိုးစာအုပ်ပေါင်းက တစ်မြို့နယ်မှာ သောင်းခြောက်ထောင်၊ ဝင်ငွေက တစ်လ နှစ်ခါ၊ တစ်ပတ်တစ်ခါ ပတ်ရှင်း၊ ဘယ်မှာ လောင်းကစားကို တိုက်ဖျက်မတုံး။
မှတ်ပုံတင် ရဖို့ တရုတ်/ဗမာ ဆိုတာလေးပြင်ဖို့၊ ခိုးဝင်က နိုင်ငံသားကတ်ရဖို့ သက်ဆိုင်ရာကို တစ်ယောက်သုံးသိန်းလောက်ကို ပေးနိုင်တာပေါ့။
ယစ်မျိုးလိုင်စင် ဘီယာရောင်းပြီး အရက်ဖြူလောက်နဲ့ ရောင်း လိုင်စင်တွေမိတ္တူပွါး ထွေအုပ်က ယစ်မျိုးစာရေးလေးကို ငွေလေးနည်းနည်းပေး၊ ဒါမျိုးဆိုင်တွေက တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး အရက်သမားတွေချည်းဖြစ်ရော။
အခုရေးပြတာလေးတွေ က အောက်ခြေမြို့နယ် အဆင့်လောက်က အသေးအမွားလေးတွေပါ၊ အချီကြီးကိုင်သူတွေကို မပြောဘဲ နေတာမဟုတ်ပါ၊ ပြောရဲ ပါသည်၊ အောက်ခြေက ပါပြင်မှ ရမှာပါ။
သုံးသိန်း အောက်နဲ့ လည်း တိုင်းပြည်ပျက်စီးနိုင်ပါသည်။ စေတနာနဲ့သာ ရေးပါသည် အခုရေးတာလေးတွေ ကြောင့် ထိခိုက်သွားနိုင်တဲ့ ဘဝလေးတွေ အောက်ခြေရဲတပ်သားလေးမှ စာရေးစာချီများကို ထိခိုက်မှုရှိလျှင် တောင်းပန်ပါတယ်။ ပြုပြင်စေချင်လို့ပါ။
မေပုပ္ပါး
၂၀၁၄ မတ် လ ၁၈ ရက်

No comments: