Saturday, March 29, 2014

သမီးကလေးရွာသားများ အောင်သိဒ္ဓိဘုန်းကြီးကျောင်းကို ပြန်ပြောင်းရွှေ့


***************************************************
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် သမီးကလေးကျေးရွာက ပြောင်းရွှေ့ခဲ့ရသူ မိသားစု ၆၀ ကျော်ဟာ လွန်ခဲ့တဲ့နှစ်ရက်က ကြံ့ခိုင်ရေးနှင့် ဖံွ့ဖြိုးရေးပါတီက နေရာချထားပေးတဲ့ မင်းကုန်းကျေးရွာအုပ်စု ဝါးယားကုန်းကျေးရွာနေရာကို ပြီးခဲ့တဲ့ ၂ ရက်က ပြောင်းရွှေ့ခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီနေရာချထားပေးရာမှာ အရင်က ကတိပေးထားတဲ့အတိုင်း မဟုတ်တဲ့အတွက် လက်ရှိ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ပဲခူးတိုင်း အလိုင်နီဆည်အနီးက အောင်သိဒ္ဓိဘုန်းကြီးကျောင်းဝင်းအတွင်းမှာပဲ ပြန်လည်ပြောင်းရွှေ့နေထိုင်နေကြပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက နေရာချထားပေးတဲ့ ၀ါးယားကုန်းကျေးရွာမှာ အရင်ကသဘောတူသလို မဟုတ်တော့ဘဲ မြေကွက် ပေ ၂၀ ၊ ပေ ၆၀ မြေကွက်ကို ယာယီသဘောမျိုးသာပေးမယ်လို့ ပြောထားတာဖြစ်ပြီး အိမ်လည်းမဆောက်ပေးတဲ့အပြင် အချက် ၇ ချက်ကို လက်မှတ်ထိုးခိုင်းတဲ့အတွက် ပြန်ပြောင်းခဲ့ကြတာဖြစ်ပါတယ်။
ကရင်ပြည်နယ်က ဆုံဆည်းမြိုင်ဒေသမှာ လာရောက်နေထိုင်ဖို့ ဒီကေဘီအေတပ်ဖွဲ့က သမီးကလေးကျေးရွှာက မိသားစုခြောက်ဆယ်ကျော်ကို ပြောဆိုထားပြီး တကယ်လို့ အစိုးရက ဆောင်ရွက်ပေးမှုမရှိရင် ဆုံဆည်းမြိုင်ကိုပဲ ပြောင်းရွှေ့ဖို့စဉ်းစားရတော့မယ်လို့ ကျေးရွာသားတွေက ပြောဆိုကြပါတယ်။
Photo: Sann Maw Aung/RFA
Credit : RFA

No comments: