Saturday, March 22, 2014

ပွဲလှန့်ပြီး ဖျာဝင်ခင်းချင်တဲ့ ကုလားကျင့်ကုလားကြံပေါ်လာပြီ


To:


See http://www.dhakatribune.com/op-ed/2014/mar/20/referendum-rakhine-state

စစ်တွေနှင့် မောင်တောကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထည့်ရန် ရေးသားမှု မြန်မာအစိုးရ ပြင်းပြင်းထန်ထန် ကန့်ကွက်

Saturday, March 22, 2014

ရန်ကုန်၊ မတ် ၂၁

ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော ဒေသများကို လူထုဆန္ဒ ခံယူ၍ ခွဲထုတ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နိမိတ်ထဲ ထည့်သွင်းရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် Dahaka Tribune သတင်းဌာန၏ ရေးသား ဖော်ပြချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ရခိုင်ပြည်နယ်တွင် လူထုဆန္ဒ ခံယူမှုလုပ်ရန် လိုပြီလား” အမည်အရ အဆိုပါ ဆောင်းပါးသည် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိခိုက်စေခြင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ထိခိုက်စေခြင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေး မတည်ငြိမ်မှု ဖြစ်အောင် သွေးထိုး လှုံ့ဆော်ရာ ရောက်စေခြင်းတို့ကြောင့် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို ခေါ်ယူ၍ အဆိုပါ ရေးသားချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပြောဆိုမည် ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ မြန်မာ သံအမတ်ကလည်း ဘင်္ဂလားဒေ့ရှ် အစိုးရကို ယင်းကိစ္စနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ကန့်ကွက်သည်ဟု ပြောဆိုမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော ဒေသများတွင် နေထိုင်ကြသည့် ဘင်္ဂါလီ (မူရင်းအသုံး- ရိုဟင်ဂျာ) များသည် နှိပ်စက်ခံရမှု၊ ခွဲခြား ဆက်ဆံခံရမှု၊ နိုင်ငံသားဖြစ်ခွင့်၊ မဲပေးခွင့် ငြင်းပယ်ခံရမှု၊ ကလေးနှစ်ဦးသာ မွေးဖွားခွင့်ရှိမှု စသည့် ပြဿနာများမှာ ဖြေရှင်းရန် မလွယ်ကူကြောင်း၊ ယင်းပြဿနာကို ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းမှာ လူထုဆန္ဒ ခံယူကာ စစ်တွေ၊ မောင်တော ဒေသများကို ရခိုင်ပြည်နယ်က ခွဲထုတ်၍ ဘင်္ဂလားဒေ့ရှ် နယ်နိမိတ် စစ်တကောင်း ဒေသနှင့် ပူးပေါင်းရန် ဖြစ်ကြောင်း Dahaka Tribune သတင်းဌာနက ဖော်ပြထားသည်။

အဆိုပါ ဆောင်းပါးတွင် လက်ရှိ ဖြစ်ပွားနေသည့် ကရိုင်းမီးယား ဒေသကို လူထုဆန္ဒ ခံယူကာ ရုရှား နယ်နိမိတ်ထဲ ထည့်သွင်းသည့် ကိစ္စ အပါအဝင် နိုင်ငံနယ်နိမိတ် ခွဲထုတ်မှု အချို့ကို ဥပမာများ ပေးကာ စစ်တွေ၊ မောင်တော ဒေသများကို ရခိုင်ပြည်က ခွဲထုတ်ရန် ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းရေးသား ဖော်ပြထားသည်။

“ဘင်္ဂလားဒေ့ရှ် အနေနဲ့လည်း နိုင်ငံတကာ နယ်စပ်တွေမှာ ရှိတဲ့ အတိဒုက္ခ ရောက်နေတဲ့ သွေးသား တော်စပ်တဲ့ သူတွေအတွက်ကို ထူးထူးခြားခြား ထပ်ပြီး စဉ်းစားနေဖို့ မလိုပါဘူး။ သူတို့က ကရိုင်းမီးယားလိုပဲ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကြားက လွတ်လပ်တဲ့ နိုင်ငံ ဖြစ်သင့်ပြီ။ ဒီအခွင့်အရေး ဆိုတာမျိုးကလည်း ဘင်္ဂလားဒေ့ရှ် အစိုးရက အတင်းအကျပ် လုပ်ယူထားတာ မဟုတ်ဘူး။ နဂိုရှိပြီးသား သဘောမျိုးပါပဲ” ဟု ယင်းဆောင်းပါးတွင် ပါရှိသည်။

နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာ အာဏာကို အခြားတစ်နိုင်ငံက ဝင်ရောက် စွက်ဖက်၍ မရကြောင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ဝင်ရောက် စွက်ဖက်ရာ ရောက်သည့် အဆိုပါ ရေးသား ဖော်ပြမှုကို ကန့်ကွက် ရှုတ်ချကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

“ရခိုင်ပြည်နယ်တွင် လူထုဆန္ဒ ခံယူမှု လုပ်ရန် လိုပြီလား” အမည်ရ အဆိုပါ ဆောင်းပါးကို Zeeshan Khan ဆိုသူက ရေးသားခဲ့ပြီး ယင်းရေးသားချက်ကို မတ်လ ၂၀ ရက်နေ့က Dahaka Tribune တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ယင်းသို့သော ရေးသားမှုမျိုးမှာ စာနယ်ဇင်း ကျင့်ဝတ်နှင့် မညီကြောင်း၊ လူမျိုးစု နှစ်စုအကြား ပဋိပက္ခ ဖြစ်စေသည့် ရေးသားမှုမျိုး ဖြစ်ကြောင်း ပြည်တွင်း သတင်းစာဆရာ အချို့က ထောက်ပြကြသည်။

The VOice

ရိုဟင်ဂျာအမည် ထည့်သွင်းရေး ဗြိတိန်သံအမတ် တိုက်တွန်းချက်ကို ငြင်းဆို

Saturday, March 22, 2014


မကြာခင်ပြုလုပ်မယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမယ့် အစီအစဉ်မှာ ရခိုင်ပြည်နယ်အတွင်း ကောက်ခံနိုင်ရေးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Andrew Patrick ဟာ မကြာသေးခင်က ဖျက်သိမ်းလိုက် ပြီဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အချို့နဲ့ မနေ့က စစ်တွေမြို့မှာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်

မကြာခင်ကောက်ခံမယ့် သန်ခေါင်စာရင်း ကောက်ခံရေး စီမံချက်မှာ လူမျိုးအမည်နဲ့ ပတ်သက်ပြီး လွတ်လွတ် လပ်လပ် ထည့်ခွင့်ပြုထားတဲ့ကိစ္စဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံနှုန်းနဲ့ ကိုက်ညီတဲ့ အချက်ဖြစ်ကြောင်း သံအမတ်ကြီးဘက် က ထောက်ပြပြောဆိုမှုတွေရှိခဲ့ပေမဲ့ RNDP ပါတီဟောင်း ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေက ဒီအချက်ကို ငြင်းဆိုခဲ့ကြတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံး တာဝန်ရှိသူတွေက RFA ကို ပြောဆိုပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP အနေနဲ့ကတော့ မကြာခင်ကောက်ခံမယ့် သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာဆိုတဲ့အမည်ကို ထည့်သွင်းရေးသားခွင့်မပြုဖို့ ပြီးခဲ့တဲ့မတ်လ ၄ ရက်နေ့က သဘောထားကြေငြာချက် ထုတ်ပြန်ပြောဆိုထားသလို ရခိုင်အရေးကိစ္စဟာ နိုင်ငံတကာစံနှုန်းနဲ့အညီ တစ်သမတ်တည်း တိုင်းတာပြောဆိုလို့မရကြောင်း သံအမတ်ကြီးတွေကို ပြန်လည်ပြောဆို ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Andrew Patrick ဟာ ရခိုင်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူရာမှာ လုံခြုံရေးထားရှိမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ရခိုင်ပြည်နယ် အစိုးရတာဝန်ရှိသူတွေနဲ့ မနေ့က တွေ့ဆုံဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။


RFA
သန်းခေါင်စာရင်း တွင် ရိုဟင်ဂျာထည့်သွင်းမည်ကို ကမန်ပါတီကန့်ကွက်

ကြာသပတေးနေ့၊ မတ်လ 20 ရက် 2014 ခုနှစ် နိရဉ္စရာ သတင်း - နိရဉ္စရာ သတင်းဌာန
မတ်လ ၃၀ ရက်နေ့မှ စတင်ကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းတွင် တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးတွင် မပါဝင်သော ဘင်္ဂလီလူမျိုးများအား ရိုဟင်ဂျာလူမျိုးအဖြစ် အမည်ထည့်သွင်းရန် တောင်းဆိုမှုကို ကမန်အမျိုးသားတိုးတက်ရေးပါတီက မတ်လ ၁၈ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်သည်။
သန်းခေါင်စာရင်းကောက်ယူရာတွင် ရိုဟင်ဂျာ နာမည်အား ထည့်သွင်းခြင်းသည် ဥပဒေအရ မကိုက်ညီသဖြင့် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ကမန်ပါတီ၏ ပြောခွင့်ရသူ ပြန်ကြားရေးမှူး ဦးသိန်းဖေက နိရဉ္စရာသို့ ပြောသည်။
ဦးသိန်းဖေက“ ရခိုင်ပြည်နယ် သမိုင်းကြောင်းအရရော၊ နိုင်ငံတော် သမ္မတပြောကြားချက်အရရော တိုင်းရင်းသား လူမျိုး (၁၃၅) မျိုးတွင် မပါဝင်တဲ့ ဘင်္ဂလီလူမျိုးများတွေကို ရိုဟင်ဂျာ လူမျိုးဆိုပြီး ထည့်သွင်းရင် ဒါဟာ ဥပဒေနဲ့ မကိုက်ညီဘူး။ ဒီအတွက် ကန့်ကွက်ရတာပါ” ဟု ဆိုသည်။
၂၀၁၄ ခုနှစ် မတ်လ ၁၈ နေ့စွဲဖြင့် ထုတ်ပြန်သော ကမန်အမျိုးသား တိုးတက်ရေး ပါတီ (ဗဟို) ၏ ကျေညာချက် တွင် ရခိုင်ပြည်နယ် သမိုင်းကြောင်းအရလည်း၎င်း၊ နိုင်ငံတော် သမ္မတပြောကြားချက် အရလည်းကောင်း တိုင်းရင်းသား လူမျိုး (၁၃၅) မျိုးတွင် မပါဝင်သည့် ဘင်္ဂလီလူမျိုးများ၏ ရိုဟင်ဂျာ လူမျိုးဟု သန်းခေါင်စာရင်း တွင် ထည့်သွင်းရန် တောင်းဆိုချက်ကို ကန့်ကွက်ကြောင်း ဖေါ်ပြသည်။
သူက“ ကျနော်တို့ကတော့ ကိုယ်လုပ်ရမယ့် အလုပ်ကို လုပ်တာဖြစ်ပါတယ်။ ဘယ်သူကြိုက်ကြိုက်၊ မကြိုက်ကြိုက် လုပ်သင့်တာကို လုပ်ရမှာဖြစ်ပါတယ်” ဟု ပြောသည်။
ယင်းပြင် ရခိုင်ပြည်နယ် တည်ငြိမ်ရေးနှင့် အေးချမ်းရေးကို အမြန်ဆုံး အကောင်အထည်ဖေါ်ပေးရန်နှင့်ရခိုင် ပဋိပက္ခအတွင်း  စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲနှင့် သံတွဲမြို့နယ်များရှိ ဒေသခံ ကမန်တိုင်းရင်းသားများ၏ နေအိမ် တိုက်တာ အဆောက်အအုံနှင့် ဘာသာရေး အဆောက်အအုံများ တည်ဆောက်ပေးရေးကို အမြန်ဆုံး ဆောင်ရွက်ပေးစေလိုကြောင်း ကြေညာချက်တွင် ဖေါ်ပြထားသည်။
ယခု သန်းခေါင်စာရင်းကောက်ယူမူသည် နှစ်ပေါင်း (၃၀) အတွင်း ပထမဆုံး အကြိမ်ဖြစ်ပြီး  မတ်လ ၃၀ ရက်နေ့နံနက်ပိုင်းစတင်ကာ ဧပြီလ (၁၀) ရက်နေ့ထိ ကောက်ယူမည် ဖြစ်ကြောင်း သိရသည်။

No comments: