Wednesday, March 19, 2014

အုံးအင် လယ်ယာမြေများအား ဝန်ကြီးချူပ်ဦးရဲမြင့်နှင့် ထူး မှ ဦးတေဇတို့မှ လက်ဝါးကြီးအုပ်သိမ်းပိုက်နေ


===========================

ကိုရဲရင့်ငယ်ရှင့်။။
မန္တလေးတိုင်း လေယာဉ်ကွင်းဟောင်း အနောက်ဘက် ,အဆင့်မြင့်အားကစားကွင်းအနီးရှိ လယ်သမားများ
ပိုင်ဆိုင်သောအုံးအင် လယ်ယာမြေများအား ဝန်ကြီးချူပ်
ဦးရဲမြင့်နှင့် ထူး မှ ဦးတေဇတို့မှ လက်ဝါးကြီးအုပ်သိမ်း
ပိုက်နေပါသည် ။လျော်ကြေးပေးမည်ဟု အချိုသတ်ပြီး
ခြံစည်းရိုးခတ်ခဲ့ ပါသည်။
အဲဒီနောက်လယ်သမားများက လျော်ကြေးပေးဖို့တောင်း
ခဲ့သော်လည်း တောင်းဆိုချက်များအား မသိကျိုးကျွန်ပြု၍
ယခုအခါ အဆောက်အဦးများတည်ဆောက်ရန် ပြင်ဆင်လျက်
ရှိပါသည်။
အဆိုပါ လယ်မြေများမှာ ကာလပေါက်ဈေးဖြင့်တွက်မည်ဆို
ပါက တစ်ဧကလျင် ကျပ်ငွေ သိန်းပေါင်းငါးသောင်းကျော်
တန်သောလယ်မြေများဖြစ်ပါသည်ရှင် ။
ကိုရဲရင့်မှ လယ်သမားများကိုယ်စား တနိုင်ငံလုံးသိအောင်
တင်ပေးပါနော် ၊
မတရားလုပ်ရပ်တွေရပ်တန်းကရပ်အောင်တင်ပေးပါနော်၊
မှတ်တမ်းဓာတ်ပုံများတင်ထားပါသည်။

No comments: