Saturday, March 1, 2014

လက်နက်/ခဲယမ်းများ ပိုင်ရှင်မဲ့သိမ်းဆည်းရမိ

လက်နက်/ခဲယမ်းများ ပိုင်ရှင်မဲ့သိမ်းဆည်းရမိ
နေပြည်တော်၊ မတ် ၁
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈
ရက်နေ့ နံနက် ၁၁ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ မြို့သစ်မြို့နယ်ခွဲ၊ ဗန္ဓုလကျေးရွာနေ ဦးမြင့်ဦး(၃၂)နှစ်မှ တမူး-စေတီသွားကားလမ်း၊ မိုင်တိုင် အမှတ်(၁၃/၀-၁)ကြား၊ တံတားအမှတ် (၁၄/၀)နှင့်(၁၅)ပေခန့်အကွာရှိ အင်းတောအတွင်း သေနတ် ၂ လက်နှင့် ကျောပိုးအိတ် အသေး(၁)လုံးတွေ့ရှိခဲ့ကြောင်း မင်းသာရဲကင်းရဲစခန်းသို့ လာရောက် အကြောင်းကြားချက်အရ မင်းသာရဲကင်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှတပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့မှ သက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ အိန္ဒိယ စာတန်းများပါရှိပြီး ဒင်နံပါတ်မပါ/နံပါတ်များဖျက်ဆီးထားကာ ကျည်(၁၆)တောင့်စီပါ ကျည်အိမ်များ တပ်ထားသည့် HK-33 သေနတ် ၂ လက်၊ NR တံဆိပ်ပါ နက်ပြာရောင်မိုးကာကျောပိုးအိတ်အတွင်းမှ HK-33 ကျည်အိမ် ၄ ခုနှင့် (၅.၅၆)ကျည် ၂၀၀ တောင့်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အဆိုပါ လက်နက်ခဲယမ်းများအား နယ်မြေခံတပ်သို့လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments: