Thursday, January 6, 2011
Wednesday, January 5, 2011
The Beauty of Mathematics...so fantastic !
So fantastic and really appreciate the genius who did out these !
The Beauty of Mathematics and the Love of God! This is TOO cool!
Just the math part is good enough, the end is even better.
The Beauty of Mathematics and the Love of God! This is TOO cool!
Just the math part is good enough, the end is even better.
| I bet you will NOT be able to read it without sending it on to at least one other person! Keep scrolling it gets better. J |
Beauty of Mathematics!!!!!!!
1 x 8 + 1 = 9
12 x 8 + 2 = 98
123 x 8 + 3 = 987
1234 x 8 + 4 = 9876
12345 x 8 + 5 = 98765
123456 x 8 + 6 = 987654
1234567 x 8 + 7 = 9876543
12345678 x 8 + 8 = 98765432
123456789 x 8 + 9 = 987654321
1 x 9 + 2 = 11
12 x 9 + 3 = 111
123 x 9 + 4 = 1111
1234 x 9 + 5 = 11111
12345 x 9 + 6 = 111111
123456 x 9 + 7 = 1111111
1234567 x 9 + 8 = 11111111
12345678 x 9 + 9 = 111111111
123456789 x 9 +10= 1111111111
9 x 9 + 7 = 88
98 x 9 + 6 = 888
987 x 9 + 5 = 8888
9876 x 9 + 4 = 88888
98765 x 9 + 3 = 888888
987654 x 9 + 2 = 8888888
9876543 x 9 + 1 = 88888888
98765432 x 9 + 0 = 888888888
Brilliant, isn't it?
And look at this symmetry:
1 x 1 = 1
11 x 11 = 121
111 x 111 = 12321
1111 x 1111 = 1234321
11111 x 11111 = 123454321
111111 x 111111 = 12345654321
1111111 x 1111111 = 1234567654321
11111111 x 11111111 = 123456787654321
111111111 x 111111111 = 12345678987654321
Mind Boggling...
Now, take a look at this...
101%
From a strictly mathematical viewpoint:
What Equals 100%?
What does it mean to give MORE than 100%?
Ever wonder about those people who say they
are giving more than 100%?
We have all been in situations where someone wants you to
GIVE OVER 100%...
How about ACHIEVING 101%?
What equals 100% in life?
Here's a little mathematical formula that might help
answer these questions:
If:
A B C D E F G H I J K L M N O P Q R S T U V W X Y Z
Is represented as:
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26.
Then:
H-A-R-D-W-O- R- K
8+1+18+4+23+15+18+11 = 98%
And:
K-N-O-W-L-E- D-G-E
11+14+15+23+12+5+4+7+ 5 = 96%
But:
A-T-T-I-T-U- D-E
1+20+20+9+20+ 21+4+5 = 100%
THEN, look how far the love of God will take you:
L-O-V-E-O-F- G-O-D
12+15+22+5+15+ 6+7+15+4 = 101%
Therefore, one can conclude with mathematical certainty that:
While Hard Work and Knowledge will get you close, and Attitude will
get you there, It's the Love of God that will put you over the top!
If you find this interesting share it with your friends & loved ones.
Have a nice day & God bless you
Tuesday, January 4, 2011
လွတ်လပ်ရေးနေ့ တွင် မလွတ်လပ်
Posted: 03 Jan 2011 11:36 PM PST |
Posted: 03 Jan 2011 09:51 PM PST ဒီနေ့ကျရောက်တဲ့ ၆၃ နှစ်ပြည့်လွတ်လပ်ရေးနေ့ကို နိုင်ငံတ၀ှမ်းမှာ ကျင်းပကြသလိုပဲ ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံရေးသမား ၂၀၀၀ ကျော်ရဲ့ နာမည်ကို မဲနှိုက်ပြီး ပေါက်တဲ့လူရဲ့အကြောင်းကို ဟောပြောပွဲလုပ်ပါမယ်။ ပြီးတော့ အဲဒီလူ မလွတ်မြောက်မချင်း အဲဒီလူရဲ့ ပုံ(သို့မဟုတ်) နာမည်ကို ရင်ဘတ်မှာ ကမ်ပိန်းတစ်ခုအနေနဲ့ ရင်ထိုးတပ်ထားမယ်။ ပြီးတော့ မြန်မာပြည်ထဲက လူငယ်တွေကလည်း ဗိုလ်ချုပ်ပုံလည်ဆွဲတွေကိုဆြွဲ |
Posted: 03 Jan 2011 08:52 PM PST ယနေ့  နံနက် ၇း၂၅ နာရီကျော်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ ရှိ UN ရုံးတွင် ဆန္ဒပြမှုတခု ဖြစ်ပွါးခဲ့သည်။ မြန်မာ့နိုင်ငံရေးတွင် ထူးခြားသည့် ဖြစ်စဉ်တရပ်ဖြစ်သကဲ့သို့  ပြောင်မြောက်သည့် လုပ်ရပ်ဖြစ်သည်။ ဆန္ဒပြသူ၏ အမည်မှာ စောသံမဏိ ဖြစ်သည်။ အသက် ၃၅ နှစ်လောက် ခန့်မှန်းမိပါသည်။ ဆန္ဒပြ ရသည့် အကြောင်းရင်းမှာ နယ်ခြားစောင့်တပ် (BGF) အဖြစ် အတင်းစေခိုင်းခံရသည့်ကိစ္စများ အပေါ်မကြေနပ်သလို ၂၀၁၀ ရွေးကောက်ပွဲ ကို လက်မခံနိုင်ခြင်းကြောင့်ဖြစ်သည် ဆန္ဒပြသည့်ပုံစံမှာ ထိုင်းဆိုင်ကယ်တက္ကစီကိုငှါးစီး၍ UN (မဲဆောက်) ရုံးရှေ့အရောက်တွင် လက်ပစ်ဗုံးနှစ်လုံးအား စနက်တံဖြုတ်ကာ လက်တွင်ဆုပ်ကိုင်၍ ဆန္ဒပြခြင်းဖြစ်သည်။ ဆိုင်ကယ်ပေါ်တွင်သာထိုင်၍ တက္ကစီသမားကိုပါ ထိမ်းချုပ်၍ဆန္ဒပြနေခြင်းဖြစ်သည် ![]() ဆန္ဒပြမှု ကိုဖြေရှင်းရန်အတွက် ထိုင်းအရာရှိကြီးများအားလုံး လုံခြုံရေးတပ်ဖွဲ့ဝင်များအားလုံ ဆန္ဒပြရဲဘော်ရဲ့ တောင်းဆိုချက်နဲ့ ဆန္ဒတွေကတော့ (၁)၂၀၁၀ ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိဘူး (၂)DKB အား နယ်ခြားစောင့်အတင်းလုပ်ခိုင်ြး (၃)(BGF)နယ်ခြားစောင့်တပ်ဖွဲ့ ဝင်အဖြစ် အတင်းစုဆောင်းခံရတဲ့ ကိစ္စကိုလက်မခံဘူး (၄)မြန်မာပြည်နိုင်ငံရေးကိစ္စ ကို ယူအမ် ကသေချာရှင်းပေးဖို့  --အစရှိသည်တို့ ဖြစ်ပါသည်။ ထို့ အပြင် ထိုင်းအရာရှိများအား ထိုဆန္ဒပြရဲဘော်မှ ၄င်းအား အရေးယူမည်ဆိုပါက နိုင်ငံတကာ ခုံရုံးတွင် အရေးယူပါရန် လည်းတောင်းဆိုခဲ့သည်။ ထိုင်းအရာရှိမှ ဆန္ဒပြရဲဘော်အား မြန်မာပြည်သို့ပြန်မည်လား DKBA သို့ ပြန်မည်လား ပြန်လိုပါက ပြန်ခိုင်းမည်ဆိုသောအခါ မပြန်လိုကြောင်း သိရသည်။ သို့ အတွက်ကြောင့် ယနေ့  မြန်မာပြည်၏ လွတ်လပ်ရေးနေ့ တွင် မလွတ်လပ်၍ စိတ်ခံစားမှုကျဉ်းကြပ်နေရရှာသော ဤလူငယ်၏ ဆန္ဒပြမှု အား ကိုယ်ချင်းစာနားလည်မိပါသည် ။ မဲဆောက်က မိတ်ဆွေတဦး ပေးပို့သည် |
Posted: 03 Jan 2011 06:15 AM PST |
Posted: 03 Jan 2011 06:00 AM PST ကုန်းဘောင်မင်းဆက်ရဲ့ အဋ္ဌမမြောက်ဘုရင် သာလွန်မင်းတရားကြီး တည်ထားကိုယ်းကွယ်ခဲ့တဲ့ စစ်ကိုင်းက ကောင်းမှုတော်ဘုရားလို့နာမည်ကြီ ဗိုလ်ချုပ်မှူးကြီးက ၁၉ ရက်ခရီးစဉ်မှာ နိုင်ငံတော်ဘုရားကြီး ရွှေသင်္ကန်းနဲ့ဆိုရင် ပိုသပ္ပါယ်မှာဘဲဆိုပြီး ကြည်ညိုသဒ္ဓါပွားလို့ ဗိုလ်ချုပ်မှူးကြီးရဲ့ လမ်းညွန်ချက်အရလုပ်ကြတာပါ။ ခုကလောလောဆယ် ထုံးသင်္ကန်းအရင်ချွတ်ပေးနေရတယ်လေ အဲဒါတော့ တ၀က်ကျော်ကျော်လောက်ပြီးသွားပြါ ဂေါပကတာဝန်ရှိသူတဦးဖြေကြားသွား ကောင်းမှုတော်စေတီကြီးရဲ့ ထုကြီးမှာ ထုံးဖွေးဖွေးနဲ့ ဟာကြီးက အင်မတန်မှ အားကောင်းတာ။ ကြည်ညိုမှုမှာကျတော့ သူက ခန့်ငြားမှုနဲ့ တွဲသွားတာခင်မျ။ အဲ့ဒီတခုလုံး ရွှေရောင်ဝင်းဝင်းဆိုတော့ အမြင်တော့ လှချင်လှသွားမယ်ပေါ့ဗျာ။ ဒါပေမယ့် မျက်စိထဲမှာတော့ နည်းနည်းတော့ ကလက်သွားမလားပေါ့ဗျာ။ အကုန်လုံး တောက်လျှောက် ယဉ်ကျေးမှုကတော့ ဆုံးရှုးံနေတာမျ။ ပုဂံ ရွှေစည်းခုံ ဘုရားကြီးမှာရှိတဲ့ တော်တော်လက်ရာမြောက်တဲ့ ကုန်းဘောင်ခေတ်က သစ်သား ဇရပ်ကြီးရှိတယ်ပေါ့ဗျာ။ သစ်သားဇရပ်ကြီးက ရေနံချေးဝပြီးတော့ တကယ်ကို ခန့်ငြားတာပေါ့ဗျာ။ အဲ့ဒီ သစ်သားဇရပ်ကြီးလည်း အကုန်လုံး ရွှေသုတ်ပစ်လိုက်တယ်။ မန္တလေးတောင်ပေါ်က ဓာတ်တော်တိုက်ကြီးဆိုလည်း အကုန်လုံး ရွှေတွေသုတ်ပလိုက်တယ်။ ကုသိုလ်တော်ဘုရား မုခ်ဝကြီးကိုလည်း ရွှေရောင်တွေနဲ့ ရွှေတွေနဲ့ ချယ်ပလိုက်တယ်။ အရသာတွေတော့ ပျက်သွားတာပေါ့ဗျာ။ ဘာသာရေးနဲ့ ပြောတဲ့အခါမှာ ထုံးထက်ရွှေက ပိုကြည်ညိုစရာမကောင်းဘူးလား၊ ပိုတန်ဖိုးမရှိဘူးလားလို့ပဲ ပြောကြလိမ့်မယ်ဗျ။ ထုံးရဲ့အရောင်က အဓိက မဟုတ်ဘူးဗျ။ ဒီအပေါ်မှာ ကြည်ညိုမှုနဲ့ ခံစားမှုက အဓိကပါ။ ကောင်းမှုတော်စေတီကြီးကို မြန်မာသက္ကရာဇ် ၉၉၈ ခုနှစ်မှာ တည်ထားခဲ့ပြီး ဥာဏ်တော်အမြင့်ဟာ ၁၈၈ ပေ အောက်ခြေလုံးပတ်ဟာ ပေ ၈၈၀ ရှိပြီး ၁၂နှစ်ကြာတည်ဆောက်ခဲ့ရတယ်လို့သိ |
Posted: 03 Jan 2011 03:13 AM PST 11 စေတနာနှင့် ရောင်းသော ဈေး ကြိတ်ကြိတ် တိုးနေသော လူကြားထဲမှ အတင်းတိုးထွက် လာသည့် အသားညိုညိုနှင့် အမျိုးသမီးက သူနှင့်မျက်မှန်း တန်းမိနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအမျိုးသမီး အဖွဲ့မှ အဖွဲ့ဝင်တဦးအား ဖက်လျက် သားဖြစ်သူရှိရာ ပူတာအိုထောင်သို့ ထောင်ဝင်စာ သွားတွေ့နိုင်တော့မည် ဖြစ်ကြောင်း ပြောနေသည်။ ![]() NLD ရန်ပုံငွေ ဈေးရောင်းပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးနေသော ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ - ဧရာဝတီ) ယခုအခါ NLD ၏ ပံ့ပိုးကူညီမှုကြောင့် သားဖြစ်သူရှိရာ ပူတာအိုထောင်သို့ ထောင်ဝင်စာ သွားတွေ့နိုင်တော့မည် ဖြစ်သည့်အတွက် မိခင်တဦးအနေဖြင့် ၀မ်းသာဝမ်းနည်းဖြစ်မိကြောင်း ပြောသည်။ “ကျမသားကို သွားတွေ့တော့မယ်။ သူ ထောင်ကျသွားတာ ၃ နှစ်ရှိပြီ။ အခုလို အဖွဲ့ချုပ်ကပံ့ပိုးကူညီပေးတာ ကျေးဇူးတင်တယ်။အရမ်းဝမ်းသာမိပါတယ်။ အခုလို ကူညီပေးတာ ကျမတို့အတွက် အများကြီး အထောက်အကူဖြစ်ပါတယ်” ဟု မျိုးကျော်ဇင်၏ မိခင်က ဆိုသည်။ သူကဲ့သို့သော နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များမှာ NLD ရုံးချုပ် အောက်ထပ် ခန်းမထဲတွင် ပြည့်လျက်ရှိပြီး မိမိတို့၏ သားချင်းများအား မည်သူတို့က တာဝန်ယူရန် မဲအလှည့်ကျမည်ဆိုသည်ကို ရင်ခုန်စွာဖြင့် စောင့်မျှော်နားထောင်လျက်ရှိသည်။ ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားအပြီးတွင် NLD အဖွဲ့ဝင်များနှင့် စေတနာရှင်များက နိုင်ငံရေးအကျဉ်းသားများ၏ အမည်ပါ ရင်ထိုးတံဆိပ်များကို မဲဖောက်ပြီး မဲကျသူအား ထောင်ဒဏ်ကျခံနေရစဉ် ထောက်ပံ့ပေးမည်ဟု တာဝန်ယူကြသည်။ လှိုင်သာယာမှ နိုင်ငံရေးအကျဉ်းသား စိုးမင်းမင်း၏ အမည်ကို ဒေါ်အောင်ဆန်းစုကြည်က မဲကျသောကြောင့် ၀မ်းသာဝမ်းနည်းဖြစ်မိကြောင်း မိခင်ဖြစ်သူ ဒေါ်စိမ်းက ဆိုသည်။ “ဒေါ်အောင်ဆန်းစုကြည်က မဲပေါက်တဲ့အတွက်လည်း ၀မ်းသာမိတယ်။ အထူးပြောချင်တာက အခုလို NLD အဖွဲ့ချုပ်နဲ့ စေတနာရှင်တွေက စုပေါင်းပြီး နိုင်ငံရေးအကျဉ်းသားတွေရော၊ HIV/AIDS ဝေဒနာရှင်တွေကိုရော ကူညီပံ့ပိုးနိုင်ဖို့အတွက် ကြိုးစားကြတာကိုလည်း နိုင်ငံရေး အကျဉ်းသားတယောက်ရဲ့ မိခင်အနေနဲ့ ၀မ်းသာ ဂုဏ်ယူမိပါတယ်” ဟု ဒေါ်စိမ်းက ပြောသည်။ NLD ရုံးချုပ်တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဈေးရောင်းပွဲကို ဇန်န၀ါရီလ ၂ ရက်နေ့မှ ဇန်န၀ါရီလ ၄ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ကျင်းပခဲ့သည်။ အဆိုပါ ဈေးရောင်းပွဲကို ဇန်န၀ါရီလ ၂ ရက်နေ့ နံနက် ၉နာရီတွင် ဒေါ်အောင်ဆန်းစုကြည်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ဈေးရောင်းပွဲတော် ကျင်းပရခြင်းနှင့် ပတ်သက်၍ NLD ဗဟို လူမှု အထောက်အကူပြုအဖွဲ့မှ ဥက္ကဋ္ဌ ဦးတင်ဦးက “၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဈေးရောင်းပွဲရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လူမှုရေးကိစ္စတွေမှာ ဆောင်ရွက်ဖို့ ရန်ပုံငွေရရှိဖို့ အတွက်ပဲ။ အဲဒီလို ရန်ပုံငွေရရှိဖို့ ပြည်နယ်နဲ့ တိုင်း၊ ဥပမာ ကရင်၊ မွန်၊ ရှမ်း၊ ရန်ကုန်တိုင်းမှာရှိတဲ့ မြို့နယ်ပေါင်း ၂၀ ကျော်က လာပြီးတော့ သူတို့ရဲ့ ဒေသထွက်ကုန်တွေ ရောင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူလက်ဆောင်ရထားတဲ့ ပစ္စည်းတွေထဲမှာ တချို့ပစ္စည်းတွေကို ရောင်းချပေးတယ်။ ရလာတဲ့ အကျိုးအမြတ်တွေကိုမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လူမှုရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် အားလုံးရဲ့ ရန်ပုံငွေအဖြစ်ထည့်ဝင်မှာဖြစ်တယ်” ဟု ရှင်းပြသည်။ NLD ရုံးချုပ်တွင် ကျင်းပခဲ့သော အဆိုပါဈေးရောင်းပွဲ၌ ဆိုင်ခန်းပေါင်း ၂၀ ကျော်ခန့်ရှိပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေး ပန်းချီကားများ၊ ပန်းချီဆရာတို့၏ ပန်းချီကားများ၊ ဒေါ်အောင်ဆန်းစုကြည်ပုံများ၊ ဒေါ်အောင်ဆန်းစုကြည်ပုံပါ တီရှပ်များ၊ ဆွဲကြိုး၊ သော့ချိတ်များ၊ ကရင်၊ မွန်၊ ရှမ်း စသည့်တိုင်းရင်းသားတို့၏ ရိုးရာဝတ်စုံများအပြင် ဒေသထွက် အစားအစာများ၊ ဖုန်းအိတ်၊ လက်ကိုင်အိတ်များ၊ ဖိနပ်များ၊ အပင်များနှင့် စာအုပ်များရောင်းချသည့် ဆိုင်များအပြင် အအေးဆိုင်၊ ကော်ဖီဆိုင်၊၀တ်သားတုတ်ထိုးဆိုင်၊ ကျောက်ကျောဆိုင် စသည်တို့ကိုလည်း တွေ့ရသည်။ အဆိုပါ ဈေးရောင်းပွဲမှ ရရှိမည့် အမြတ်ငွေများအား NLD ဗဟို လူမှုထောက်ကူပြုအဖွဲ့သို့ လှူဒါန်းမည်ဟု သိရသည်။ NLD ဗဟို လူမှုထောက်ကူပြုအဖွဲ့မှ ဦးလှသိန်းက “ကျွန်တော်တို့ တော်တော်လေး အောင်မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လာပြီးတော့ အားပေးတဲ့လူတွေကိုက ရန်ပုံငွေလှူတယ်၊ ဒီက လက်ဆောင်ပစ္စည်းတခု ရယူတယ်ဆိုတဲ့ သဘောကိုပဲ အမှတ်တရအဖြစ် လာကြတာပဲ” ဟု ပြောသည်။ ဗဟို လူမှုထောက်ကူပြုအဖွဲ့သည် ၂၀၀၂ ခုနှစ်ကတည်းက နိုင်ငံရေးအကျဉ်းသားများနှင့် HIV/AIDS ဝေဒနာရှင်များအား ကူညီထောက်ပံ့နေသည့် အဖွဲ့ဖြစ်သည်။ အဆိုပါ ဈေးရောင်းပွဲ ပထမနေ့ စတင်ကတည်းက လာရောက် ကြည့်ရှုသူများ၊ ၀ယ်ယူသူများဖြင့် စည်းကားခဲ့သည်။ “ကျမတို့က သေချာအားပေးချင်လို့ကို လာခဲ့ကြတာပါ။ ရုံးကိုဝင်ရင် ဓာတ်ပုံရိုက်ခံရမယ်ဆိုတာလည်း သိပါတယ်။ ဒါပေမယ့် အားပေးချင်တဲ့စိတ်က ပိုများနေတော့ မကြောက်တော့ဘူး” ဟု ဒဂုံတက္ကသိုလ်မှ ကျောင်းသူတဦးက ပြောသည်။ ဈေးရောင်းပွဲတော် ရက်များအတွင်း လာရောက်အားပေးကြသူများမှာ အရွယ်စုံ၊ နယ်ပယ်အသီးသီးအစုံမှ ဖြစ်ကြောင်း တွေ့ရသည်။ “ပထမနေ့မှာတင်ပဲ တော်တော်လေး ရောင်းရတယ်။ ဒီနေ့ နောက်ဆုံးရက်မှာတောင် ရောင်းဖို့ မကျန်တော့ဘူး။ ဒုတိယရက်မှာ အကုန် ကုန်တဲ့သူတွေလည်းရှိတော့ ဒီနေ့မှာ ဆိုင်တချို့က မထွက်ကြတော့ဘူး။ ကုန်ကုန်ပြီ။ ပြည်သူလူထုက အားပေးကြပါတယ်။အဲဒါကြောင့် ရောင်းကောင်းတာ ဖြစ်ပါတယ်” ဟု NLD ဗဟိုအမျိုးသမီးအဖွဲ့မှ အဖွဲ့ဝင်တဦးက ဆိုပါသည်။ ဈေးရောင်းပွဲတော်တွင် ၃ ရက်တာအတွင်း စုစုပေါင်း ငွေကျပ် သိန်း ၂၀၀ ကျော် ရခဲ့ကြောင်းလည်း သိရပါသည်။ |
Monday, January 3, 2011
ရခိုင်ရေနက် ဆိပ်ကမ်းများ
ရခိုင်ရေနက် ဆိပ်ကမ်းများနှင့် မြန်မာနိုင်ငံ၏ အနောက်ဘက်တွင်ရှိသည့် ရခိုင်ကမ်းမြောင် ဒေသမှာ အလျားမိုင်အားဖြင့် ၄၄၃ မိုင် ရှည်လျားသည်။ ဘင်္ဂလား ပင်လယ်အော်ကို မေးတင်ထားသည့် ကမ်းရိုးတန်း ဒေသဖြစ်၍ ကမ်းရိုးတန်း တစ်လျှောက် မြို့ကြီးများမှာ ပင်လယ်ကူး သင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်သည့် ပင်လယ်ဆိပ်ကမ်းကောင်းများ ရှိနေသည့် နေရာဒေသလည်း ဖြစ်သည်။ စစ်တွေဆိပ်ကမ်း၊ ကျောက်ဖြူဆိပ်ကမ်းနှင့် သံတွဲဆိပ်ကမ်းများမှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုတွင် အချက် အချာကျသည့် ဆိပ်ကမ်းများအဖြစ်လည်း ထင်ရှားသည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံနှင့် သဘောတူညီချက် ရယူပြီး တည်ဆောက်လျက်ရှိသည့် စစ်တွေရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် တရုတ်နိုင်ငံမှ တည်ဆောက်မည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းများမှာ ရခိုင်ပြည်နယ်၏ စီးပွားရေးရှေ့ အလားအလာ ကောင်းများကို ဖြည့် ဆည်းပေးနိုင်မည်ဖြစ်ကြောင်း လေ့ လာသုံးသပ်သူများက ဆိုကြသည်။ စစ်တွေ ရေနက်ဆိပ်ကမ်းသည် အိန္ဒိယနိုင်ငံ၏ အရှေ့မျှော်မူဝါဒအရ မြန်မာနိုင်ငံနှင့် သဘောတူညီချက် ရယူကာ ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးရေး စီမံကိန်းနှင့် အတူစတင်လာ ခြင်းဖြစ်သည်။ ပထမတွင် အိန္ဒိယ နိုင်ငံသည် စစ်တွေဆိပ်ကမ်းကို ၄င်းတို့နိုင်ငံမှ အကုန်အကျခံတည်ဆောက်ပြီး၊ တည်ဆောက်၊ အသုံးပြု၊ လွှဲပြောင်းစနစ်ဖြင့် ဆောင်ရွက်ရန်ကမ်း လှမ်းခဲ့ကြောင်း သိရသည်။ သို့ရာတွင် မြန်မာနိုင်ငံမှ လက်ခံခြင်းမရှိခဲ့၍ နောက်ဆုံးတွင် တည်ဆောက်၊ လွှဲပြောင်း၊ အသုံးပြုရန် သဘောတူဆောင် ရွက်ခြင်းဖြစ်သည်။ စစ်တွေရေနက်ဆိပ်ကမ်း စစ်တွေရေနက်ဆိပ်ကမ်း တည်ဆောက်ရေးနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းမှာ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းဖြစ်သည်။ ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးရေး စီမံကိန်း ပြီးစီးပါက အထွေထွေ ကုန်တင်သင်္ဘော များသည် စစ်တွေမြို့မှ ၂၂၅ ကီလိုမီတာ ဝေးကွာသည့် ပလက်ဝမြို့သို့ ကုန်ပစ္စည်းများကို စုန်ဆန် ခုတ်မောင်းတင်ပို့ နိုင်မည်ဖြစ်သည်။ ပလက်ဝမြို့မှ အိန္ဒိယနိုင်ငံ နယ်စပ် သို့ ၆၂ ကီလိုမီတာ အကွာအဝေးရှိ ကုန်လမ်းကြောင်းအား ဆက်သွယ် ဖောက်လုပ်မည်ဖြစ်ပြီး အဆိုပါ လမ်းကြောင်းမှာ အိန္ဒိယနိုင်ငံ၏ အမှတ် ၅၄ အမျိုးသားလမ်းမကြီးနှင့် ဆက်သွယ်ချိတ်ဆက် သွားမည်ဖြစ်သည်။ အဆိုပါလမ်းကြောင်းဖြင့် စစ်တွေမှ ကျောက်တော်၊ ပလက်ဝ၊ စက်ပစ် ပြင်၊ အိုင်ဇော၊ ချန်ပိုင်၊ ရိဒ်၊ တီးတိန် မြို့များသို့ ဆက်သွယ်သွားလာနိုင်မည် ဖြစ်ကြောင်းဖြင့်လည်း ဆိုသည်။ ဤလမ်းကြောင်းသည် ရခိုင်ပြည်နယ်မှ အိန္ဒိယနိုင်ငံ မီဇိုရာမ်ပြည်နယ်နှင့် မြန်မာနိုင်ငံ ချင်းပြည်နယ် မြို့နယ်များသို့ ဆက်သွယ်ချိတ်ဆက်နိုင်မည့် ကုန်သွယ်ရေး လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာမည် ဖြစ်သည်ဟုလည်းဆို ကြသည်။ အိန္ဒိယ နိုင်ငံအနေဖြင့်လည်း ၄င်း၏ အတွင်းပိုင်း ဒေသရှိ ကိုးလ်ကတ္တား မှ အနောက်ဘင်္ဂလား ပြည်နယ်များ၊ မြောက်ဘက်ပိုင်း ပြည်နယ်များမှ အရှေ့မြောက်ပိုင်းရှိ မီဇိုရာမ်ပြည် နယ်သို့ ကားလမ်းဖြင့် ဆက်သွယ်၍ ပစ္စည်းများတင်ပို့ရာတွင် မိုးတွင်းကာ လရာသီများ၌ရေကြီးခြင်း၊ တောင် ပြိုခြင်း၊ လမ်းများပိတ်ဆို့ခြင်းတို့ ကြောင့် ကြန့်ကြာ နှောင့်နှေးမှုများကို ဖယ်ရှားနိုင်မည်ဖြစ်သည်။ ယင်းအပြင် ကိုးလ်ကတ္တားမှ အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ် အထိကားလမ်းဖြင့် ၁၉၆၇ ကီလိုမီတာရှိရာ စစ်တွေ ဆိပ်ကမ်းကိုအသုံးပြု၍ ကုလားတန်မြစ် ကြောင်းအတိုင်း သွားမည်ဆိုပါက မီဇိုရမ်ပြည်နယ်သို့ ၁၂၉၄ မီတာသာ သွားရမည်ဖြစ်၍ ကိုးလ်ကတ္တားမှ သွားသည်ထက် ၆၇၃ ကီလိုမီတာ ၄၁၈ မိုင် တိုတောင်းသွားမည်ဖြစ် ကြောင်းဖြင့်ဆိုသည်။ စစ်တွေရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးရေး စီမံကိန်း ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအတွင်း ရေလမ်းကုန်ကျ ငွေ အမေရိကန်ဒေါ်လာ ၁၅.၂၃ သန်း နှင့် ကုန်းလမ်းဖောက်လုပ်ရာ၌ ကုန်ကျမည့် ငွေ အမေရိကန်ဒေါ်လာ ၆၇.၇၇ သန်းရှိမည်ဖြစ်ပြီး အိန္ဒိယ နိုင်ငံအတွင်း ကုန်းလမ်းဖောက်လုပ်ရာ၌ ကုန်ကျမည့်ငွေမှာ အမေရိကန် ဒေါ်လာ ၄၈.၂ဝ သန်း ရှိမည်ဖြစ်ကြောင်းလည်း သိရသည်။ ဤစီမံကိန်းအရ စစ်တွေ ဆိပ်ကမ်းတွင် တန်ချိန် ၆ဝဝဝ ရေယာဉ်၊ သင်္ဘောများဆိုက်ကပ်နိုင်သည့် ရေအနက်ရရှိရန် သောင်တူးဖော်ခြင်း လုပ်ငန်း၊ စစ်တွေမှ ပလက်ဝအထိ ကုလားတန်မြစ်ကြောင်းအတွင်း ရေ တိမ်သောင် ၃ဝ အား သောင်တူး ခြင်း၊ ရေကြောင်းအတွင်းမှ ကျောက်သောင် ၁ဝ နေရာအား ဖောက်ခွဲ ရှင်းလင်းခြင်း၊ ရေကြောင်းပြကုန်းပေါ် အမှတ်အသား ၆ဝ နှင့် မြစ်တွင်း ရေကြောင်းပြ ဗော်ယာ ၁၅ လုံး တပ်ဆင်ခြင်းလုပ်ငန်းများကိုပါ ဆောင်ရွက်သွားရန်ရှိကြောင်းလည်း သိရသည်။ ထို့အပြင် စစ်တွေမြို့တွင် တန် ၆ဝဝဝ ဆံ့ ဆိပ်ခံတံတား တည်ဆောက်ခြင်း၊ ကုန်သေတ္တာ များထားရှိနိုင်သည့် ဆိပ်ကမ်းနယ် မြေတည်ဆောက်ခြင်း၊ စစ်တွေမြို့နှင့် အိန္ဒိယ နယ်စပ်စက်ပစ်ပြင်တို့၌ ကုန်းတွင်း ဆိပ်ခံတံတား နှစ်ခု တည်ဆောက်ခြင်း လုပ်ငန်းများကို ပြုလုပ် သွားမည်ဖြစ်ကြောင်းနှင့် ကုန်စည်များကို ကုလားတန်မြစ်ကြောင်းဖြင့် သယ်ဆောင်နိုင်ရန် တန် ၂၆ဝ ရေယာဉ် ဆယ်စီး အသုံးပြုသွားရန်ရှိကြောင်းလည်း ဆိုသည်။ ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုး ရေးစီမံကိန်းနှင့် စစ်တွေရေနက်ဆိပ်ကမ်း တည်ဆောက်ရေးအား ၂ဝ၁၃ ခုနှစ်တွင် အပြီးတည်ဆောက်ရန် ရှိကြောင်းလည်း ဆိုသည်။ ၂ဝ၁ဝ ခုနှစ်၊ နိုဝင်ဘာလမှစ၍ စစ်တွေမြို့ လက်ရှိဖောင်တော်ကြီး အနီးတွင် ဆိပ်ကမ်း နယ်မြေသစ်ဖော်ထုတ်နိုင်ရန်အတွက် ကျောက်စီနံရံများ ချခြင်း၊ မြေဖို့ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက် နေပြီး မြေကြီးစမ်းသပ်မှု လုပ်ငန်း များကို စတင်နေပြီဖြစ်သည်။ အိန္ဒိယ နိုင်ငံမှ လုပ်ငန်းဆောင်ရွက်မည့် အက် ဆာ နျမေ ကုမ္ပဏီကလည်း စစ် တွေတွင် အထိုင်ရုံးခွဲဖွင့်လှစ်ကာ လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်နေပြီ ဖြစ်သည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်း ကျောက်ဖြူရေနက် ဆိပ်ကမ်းမှာ တရုတ်နိုင်ငံ ကူမင်းမြို့သို့ ရေနံစိမ်းများ သယ်ယူနိုင်ရန်နှင့် ရခိုင် ကမ်းလွန်မှ ထွက်ရှိသည့် သဘာဝ ဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ သယ်ယူရန် ရည်ရွယ်တည်ဆောက် ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်း ဒေသများမှ ရေနံစိမ်းများကို ဝယ်ယူပြီး တရုတ်နိုင်ငံ သို့သင်္ဘောဖြင့် သယ်ဆောင်နေရသည်။ ထိုသို့သယ်ယူရာ၌ အန္တရာယ် များပြားလှသည့် မလက္ကာရေလက် ကြားကိုဖြတ်သန်းသယ်ယူနေရသည်။ ထို့ကြောင့် အန္တရာယ် များပြားကာ အချိန်ကြာမြင့်သည့် ရေကြောင်း လမ်းကို ဖြတ်သန်းခြင်း မပြုဘဲ ကျောက်ဖြူရေနက်ဆိပ်ကမ်းမှ တစ်ဆင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ကိုဖြတ်ကာ ကုန်းတွင်း ရေနံပိုက် လိုင်းဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့သို့ ရေနံပိုက်လိုင်းဖြင့် ရေနံစိမ်းများကို တင်ပို့သွားမည်ဖြစ်သည်။ လုပ်ငန်း ဆောင်ရွက်ရန် ပိုက်လိုင်းအားသွယ် တန်းရေး သဘောတူညီချက်များကို နှစ်နိုင်ငံအကြား စာချုပ်များ ချုပ်ဆို ခဲ့ပြီးဖြစ်သည်။ တရုတ်နိုင်ငံသည် ရေနံ စိမ်းပိုက်လိုင်း စီမံကိန်းနှင့် ရေနံ တင်ဆိပ်ကမ်း Workboat Warf စတင်ဆောက်လုပ်ခြင်းကို ၂ဝဝ၉ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ က ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ကျောက်ဖြူ ကူမင်း ရေနံစိမ်း ပိုက်လိုင်းမှာ ရခိုင်ပြည်နယ် မြောက်ပိုင်း မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းကို ဖြတ်သန်းသွယ်တန်း မည်ဖြစ်ကာ အရှည်အားဖြင့် ကီလိုမီ တာ ၁၂ဝဝ ကျော် အလျားမိုင် ၇၈ဝ ခန့်ရှိမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပိုက်လိုင်းဖြင့် ရေနံစိမ်း တန်ချိန် ၁၂ သန်းကို နှစ်စဉ် တင်ပို့နိုင် မည်ဖြစ်ကြောင်းလည်း သိရသည်။ ကျောက်ဖြူမြို့ အရှေ့ဘက်၊ မဒေးကျွန်းတွင် ရေနံလှောင်ကန်နှင့် ရေနံ တင်ဆိပ်ကမ်း Workboat Worf ကို လည်း စတင်ဆောက်လုပ်နေပြီဖြစ် သည်။ ကျွန်းသားငမန်း ရေနံစိမ်းပိုက်လိုင်းနှင့်အတူ သဘာဝဓာတ်ငွေ့ သယ်ယူရေးပိုက် လိုင်းကိုလည်း သွယ်တန်းသွားမည်ဖြစ်ရာ ကူမင်း-ကျောက်ဖြူ စင်္ကြန် လမ်းတည်ဆောက်ရေးကိုလည်း တရုတ်နိုင်ငံမှ စတင်အကောင်အထည် ဖော်နေပြီဖြစ်ကြောင်းဖြင့် သိရသည်။ ထို့အတူ ကူမင်းမှကျောက်ဖြူ ရေ နက်ဆိပ်ကမ်းထိ မီးရထားလမ်းကို လည်း ဖောက်လုပ်သွားမည်ဟုဆို သည်။ အထူးစီးပွားရေးဇုန် စစ်တွေရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ကျောက်ဖြူရေနက်ဆိပ် ကမ်းနှင့်အတူ စစ်တွေနှင့်ကျောက် ဖြူဒေသများတွင် အထူးစီးပွားရေး ဇုန်များကို တည်ဆောက်သွားရန်ရှိ နေကြောင်းသိရသည်။ အိန္ဒိယနိုင်ငံ သည် မြန်မာနိုင်ငံအတွင်း စီးပွား ရေးရင်းနှီးမြှုပ်နှံမှုများကို လုပ်ကိုင်သွားရန် အစီအစဉ်ရှိနေရာ ရခိုင်ကမ်း မြောင်ဒေသရှိ စစ်တွေဆိပ်ကမ်းကို အခြေပြုပြီး စစ်တွေဒေသတွင် စက် မှုဇုန်တစ်ခုတည်ဆောက်သွားရန် အလားအလာများရှိနေကြောင်း ဒေသ ခံများကဆိုသည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်း ဆိုလျှင် တရုတ်နိုင်ငံအတွက် မလက္ကာ ရေလက်ကြားကို မဖြတ်ဘဲ ဥရောပ နိုင်ငံများနှင့် အာဖရိက နိုင်ငံများသို့ ထွက်ပေါက်ဖြစ်သည်။ ထို့အတူ စစ်တွေ ရေနက်ဆိပ်ကမ်းမှာ အိန္ဒိယနိုင်ငံအတွက် အာဆီယံ နိုင်ငံများနှင့် ဥရောပသို့ ၄င်း၏ တောင်ပေါ် ဒေသအတွက် ထွက်ပေါက်တစ်ခု ဖြစ်သည်။ ရေနက်ဆိပ်ကမ်းများကို အခြပြု၍ စက်မှုဇုန်များ ထူထောင်လာခြင်းဖြင့် ဒေသ၏ စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုကို အထောက်အကူ ပြုလာနိုင်မည် ဖြစ်သည်။ အထူးစီးပွားရေး ဇုန်များသည် ပို့ကုန်လုပ်ငန်းကို ဦးစား ပေးဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ဒေသအတွင်းသို့ ပြည်ပ ရင်းနှီးမြှုပ်နှံ မှုများ စီးဝင်လာနိုင်သည့် သဘောရှိကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။ ရေနက်ဆိပ်ကမ်းများ အသုံးပြုခွင့်ပေးခြင်းဖြင့် ကြားခံကုန် သွယ်ရေး နယ်မြေတစ်ခုဖြစ်လာကာ မြန်မာနိုင်ငံအနေဖြင့် ဖြတ်သန်းခ များရရှိလာနိုင်မည်ဖြစ်ကြာင်းလည်း ဆိုသည်။ မြန်မာနိုင်ငံအနေဖြင့် အလုပ်သမားခများ သက်သာသည့် အတွက် ပြည်ပရင်းနှီး မြှုပ်နှံမှုများကြောင့် ဒေသခံတို့ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာနိုင်မည်ဖြစ်သည်။ ထို့အတူ စက်မှုလုပ်ငန်းများ ထူထောင်လာနိုင်သည်ဖြစ်ရာ ဆောက်လုပ်ရေး လုပ်သားများ အလုပ် အကိုင် ရရှိလာနိုင်ကြမည် ဖြစ်သည်။ စက်မှုဇုန်များတွင် ထုတ် လုပ်မည့် ပစ္စည်းများအတွက် ကုန်ကြမ်းပစ္စည်းများ ရောင်းချနိုင်ကြမည်။ စိုက်ပျိုးရေးကုန်ကြမ်းများ၊ မွေးမြူရေး ကုန်ကြမ်းများကို ရခိုင်ဒေသ တွင် ထုတ်လုပ်ရရှိနိုင်ကြသည်။ အမှန်အားဖြင့် အထူးစီးပွားရေး ဇုန်ဆိုသည်မှာ ပြည်ပသို့ တင်ပို့ရန် အဓိကထားရည်ရွယ်ဆောင်ရွက် ခြင်းဖြစ်သည်။ အထူးစီးပွားရေးဇုန်မှ ထုတ်လုပ်သည့် ပစ္စည်းများကို ပြည်ပသို့ တင်ပို့မည်ဆိုပါက အခွန်ကင်း လွတ်ခွင့်ရှိကြောင်းလည်း ဆိုသည်။ ထို့ကြောင့် အထူးစီးပွားရေးဇုန်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ၊ ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းနှင့် စီးဝင်လာနိုင်ဖွယ်ရှိကြောင်း စီးပွားရေး ကျွမ်းကျင်သူများက သုံးသပ် ပြောကြားကြသည်။ ရေနက်ဆိပ်ကမ်း စီးပွားရေးဇုန်နှင့်အလားအလာ မြန်မာ့ထွက်ကုန်များကို ပြည်ပသို့ ရေကြောင်းဖြင့် တင်ပို့ရာတွင် ယခု အခြေအနေအရ ရန်ကုန်ဆိပ်ကမ်းကိုသာ အဓိကထား အသုံးပြုနေကြရသည်။ အကယ်၍ ရခိုင်ကမ်းရိုး တန်းရှိ စစ်တွေ၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းများ ပေါ်ပေါက်လာပါက ရခိုင်ဒေသ၏ ကုန်သွယ်မှုပါ ကျယ်ပြန့်လာနိုင်ကြောင်း လေ့လာသူများက သုံးသပ်ပြောကြားကြသည်။ အထူးသဖြင့် ရခိုင်ဒေသ၏ ရေထွက်ကုန် ပစ္စည်းများကို တင်ပို့ရာတွင် နယ်စပ်ဒေသများနှင့် ရန်ကုန်ကို အခြေပြုတင်ပို့နေကြရသည်။ ရန်ကုန်မြို့သို့တင်ပို့ပြီးမှ နိုင်ငံခြားသို့ တင်ပို့ရသည့်အတွက် မလိုလားအပ် သည့်ငွေကြေး၊ အချိန်ကုန်ကျမှုများ စွာရှိခဲ့ရသည်။ အကယ်၍စစ်တွေ၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းများပြီး စီးခဲ့ပါက ကုန်တင်ပို့မှု၊ ကုန်သွယ်မှု ပမာဏများမှာလည်း ကြီးထွားလာ နိုင်မည်ဖြစ်သည်။ ရေနက်ဆိပ်ကမ်း များကြောင့် ရခိုင်ဒေသ၏ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများ တိုးတက်ကောင်းမွန် လာမည်ဖြစ်သလို အခြား ဒေသတွင်း လုပ်ငန်းများ တိုးတက် ကြီးပွားနိုင်ဖွယ်ရာ ရှိသည်။ ရေထွက် ကုန်ပစ္စည်းများဆိုလျှင် ကုန်များကို လတ်လတ်ဆတ်ဆတ် တင်ပို့နိုင်မည် ဖြစ်ရာ ပြည်ပပို့ကုန်မှ ဝင်ငွေများစွာ ရရှိနိုင်မည်ဖြစ်သည်။ ရေထွက်ပစ္စည်း နှင့်ပ့တ်သက်၍ ရခိုင်ဒေသတွင် ငါး၊ ပုစွန် ဖမ်းဆီးရေး လုပ်ငန်းများနှင့် မွေးမြူရေး လုပ်ငန်းများ တိုးတက်လာနိုင် မည်ဖြစ်သည်။ စက်မှုစီးပွားဇုန်အတွင်း အအေးခန်း စက်ရုံများကိုလည်းတည် ဆောက်ဖို့ လိုအပ်ကြမည်ဖြစ်သည်။ ဖြစ်ပေါ်လာမည့် စီးပွားရေး အခွင့်အလမ်းများကို မျှော်လင့်ပြီး ဒေသနေပြည်သူတို့ ယခုမှစ၍ ပြင် ဆင်ထားကြဖို့ လိုအပ်ကြမည်ဖြစ် သည်။ ရေနက်ဆိပ်ကမ်းများ တည် ဆောက်ပြီးစီးခဲ့ပါက ပြည်ပနိုင်ငံများက အရင်းအနှီးမြှုပ်နှံသူတို့ဝင်ရောက် လာကြမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ကိုရီးယားနိုင်ငံများမှလုပ်ငန်းရှင်များ အနေနှင့် ရခိုင်ပြည်နယ်၏ စီးပွားရေး အခွင့်အလမ်းများကို လှမ်းမျှော် ကြည့်နေကြပြီ ဖြစ်သည်ကို သတင်း ဂျာနယ်များတွင် ဖတ်နေရ၊ တွေ့နေရသည်ဖြစ်ရာ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်တို့ မပေါ့မလျော့ဖို့ လိုအပ်ကြမည်။ ကြိုတင်ပြင်ဆင်ထားကြဖို့ လိုအပ်ကြမည်။ အကယ်၍ ကြိုတင်ပြင်ဆင်မှုများသာ မရှိပါက ပြည်ပနိုင်ငံသားတို့၏ ဝါးမြိုခြင်းကို မလွဲမသွေ ခံကြရပေလိမ့်မည်။ သူတို့က အတတ်ပညာနှင့် ငွေကြေးအရင်းအနှီး ရှိသူများ ဖြစ်ကြသည်။ အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်သူများအနေဖြင့် ပြည်ပပို့ကုန်ကို ဦးစားပေးပြီး လုပ်ကိုင်ဆောင်ရွက်ကြခြင်းဖြစ်သည့် အတွက် လုပ်ငန်းပမာဏမှာ ကြီးမားမှုရှိသည်။ ထို့ကြောင့်ပြည်တွင်းမှ လုပ်ငန်းရှင်များအနေဖြင့် တစ်ဦးတစ်ယောက်ပိုင် ကုမ္ပဏီငယ်များ၊ သုံးလေးဦး ပေါင်းထားသည့် လီမိတက် အဆင့်လောက်မျှဖြင့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံသည့် ကုမ္ပဏီများကို ယှဉ်ပြိုင်နိုင်ကြမည် မဟုတ်ကြောင်း လေ့လာ သုံးသပ်သူများကဆိုကြသည်။ လုပ်ငန်းရှင်များ အပါအဝင် အများပိုင် ကုမ္ပဏီများ ထူထောင်ပြီး ဝင်ရောက် လုပ်ကိုင်နိုင်ကြရန် လိုအပ်ကြောင်း လည်း ဆိုကြသည်။ အချုပ်အားဖြင့် ပြောရလျှင် ရခိုင်ကမ်းရိုးတန်း ဒေသအတွင်း ရေနက်ဆိပ်ကမ်းများ ရှိနေခြင်းမှာ ဒေသအတွင်း ပိုင်ဆိုင်ထားရှိသည့် သဘာဝ အရင်းအမြစ်များပင် ဖြစ်သည်။ နိုင်ငံတကာနှင့် ကူးလူးဆက်သွယ်ပြီးစီး ပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဖန်တီးပေးနိုင်သည့် ပင်လယ်ရေကြောင်း သွားလာရေးအတွက် စိတ်ချရသည့် လုပ်ငန်းကြီးလည်းဖြစ်သည်။ တည်ဆောက်ဖြစ်ပေါ်လာမည့် ရခိုင်ကမ်းရိုးတန်း ဒေသမှ ရေနက်ဆိပ်ကမ်း စီမံကိန်းများသည် ရခိုင်ပြည်နယ်၏ အနာဂတ် စီးပွားရေး ဖွံ့ဖြိုးမှု အလားအလာ ကောင်းများကို မျှော်မှန်းဖော်ထုတ်နိုင်လျက် ရှိနေပေသည်။ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက် ရေးသာမက မြန်မာနိုင်ငံနှင့်အဝန်း စီးပွားရေး လုပ်ငန်းများ ချိတ်ဆက်ကာ ဒေသနေပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာစေ မည်ဖြစ်ရာ စီးပွားရေး လုပ်ငန်းရှင်များ အလုပ်အကိုင်အခွင့်အလမ်းကို မျှော်မှန်းနေကြသည့် သူများအနေဖြင့် ကြိုတင်ပြင်ဆင် လုပ်ကိုင်ထားကြရန် လိုအပ်ကြပေလိမ့်မည်။ |
Thursday, December 30, 2010
နိုက်ကလပ်မှ မြတ်ဗုဒ္ဓ (၁) (၂) အရှင်ဧသက
အမေရိကန်နိုင်ငံ၊ လော့စ် အိမ်ဂျလိစ်မြို့ရဲ့ စားသောက်ဆိုင်ကြီးတစ်ဆိုင်မှာ မြန်မာအလုပ်သမားလေး ရန်မျိုးအောင်ဟာ ဆူရှီလိပ်ရင်း ဘုရားဂုဏ်တော်တွေ တတွတ်တွတ်ရွတ်နေရှာတယ်။
သူ့ဘ၀သူ့အခက်အခဲ သူ့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့အတွက် ဘုရားသာ အားကိုးရာရှိ တော့တယ်လို့ သူယုံ ကြည်ထားလို့ပါ။ သူ့ရည်ရွယ်ချက်ဆိုတာ ကြွယ်ဝချမ်းသာဖို့ သူဋ္ဌေးဖြစ်ဖို့ ဘ၀အောင်မြင်ဖို့ ချစ်တဲ့သူနဲ့အတူ လက်တွဲပြီး သာယာတဲ့ ဘ၀ခရီးလျှောက် လှမ်းနိုင်ဖို့ ဆိုတဲ့ လူငယ်တို့သဘာဝ ရှိတတ်တဲ့ မျှော်မှန်းချက်တွေတော့ မဟုတ်ပါဘူး၊ လူငယ်နဲ့ မလိုက်ကိုယ့် အခြေအနေနဲ့ မတတ်နိုင်တဲ့ မျှော်မှန်းချက်တစ်ခု သူ့မှာရှိနေလို့ပါ။ သူ့မျှော်မှန်းချက်ဆိုတာ ၂၀၁၀ခု၊ သြဂုတ်လက စတင်ခဲ့တာပါ။
သူအလုပ်လုပ်တဲ့ စားသောက်ဆိုင် ကလူသုံးရာကျော် စားနိုင်တဲ့ဆိုင်ကြီးပါ။
အာရှအစားအစာ မျိုးစုံရနိုင်ပါတယ်။ ဂျပန်စာဖြစ်တဲ့ ဆူရှီဌာနမှာ ရန်မျိုးအောင်က ဆူရှီလိပ်ရသူပါ။
ရန်မျိုးအောင်ဟာ တနေ့တော့အလုပ်က အပြန် ရေမိုးချိုးပြီး အနားယူနေချိန်မှာ နိုက်ကလပ်သွားချင်
တဲ့စိတ်တွေ ပေါ်လာခဲ့တယ်။ အသောက်အစား အပျော်အပါးလဲ ၀ါသနာ ပါသူမဟုတ်တော့လို့ သွားချင်တဲ့စိတ်တွေ မဖြစ်ခဲ့တာလည်း ကြာခဲ့ပါပြီ။ ဒီနေ့ တော့ ဘာကြောင့်လို့ရယ်မသိ သွားချင်တဲ့စိတ်တွေ ပြင်းပြင်းပြပြ ဖြစ်နေတယ်လေ။
မတော်ပါဘူးဆိုပြီး တီဗွီကြည့်လိုက် ပုတီးစိတ်လိုက်နဲ့ဖြေ ဖျောက်ဖို့ကြိုးစား ခဲ့တယ်။မရဘူး၊ မသွားရ မနေနိုင်လောက်အောင်ဖြစ်နေတယ်။ ကဲ ဒီလောက်တောင်ရှိရင်သွား မယ်ဆိုပြီး ဘယ်သူမှ မခေါ်ဘယ်သူမှ မတိုက်တွန်းပဲ သွားချင်လှတဲ့ဆန္ဒကို ရှေ့တန်းတင်ပြီး ထွက်ခဲ့တော့တယ်။
နိုက်ကလပ်ဆိုလို့  အခြားဆိုင်တော့ မဟုတ်ပါဘူး။ သူအလုပ်လုပ်တဲ့ဆိုင်ပါ။နေ့ခင်းမှာ စားသောက်ဆိုင် လုပ်ပြီး ည၁၀-နာရီကျော်မှ ၂-နာရီအထိ နိုက်ကလပ်အဖြစ် ဖန်တီးပြင်ဆင်လိုက်တာပါ။ ဆိုင်ထဲရောက်သွားရင်ပဲ “ဘုရား-- ဘုရား--”လို့ ရေရွတ်တမ်းတမိပြီး တအံ့တသြ ငေးမောကြည့်နေမိတယ်။ တဘက်နံရံမှာရှိနေတဲ့ (၁၀)ပေခန့်ရှိတဲ့ ဘုရားဆင်းတုတော်ကြီးကို သူအလုပ်လုပ်တိုင်းမြင်နေကျပါ။
ဆိုင်မှာ အလှအပ အဖြစ်ထားတယ်လို့ပဲ သူနားလည်ထားခဲ့ပါတယ်။ ဒီမြင်ကွင်းမျိုး မြင်ရလိမ့်မယ်လို့ သူမမျှော် လင့်ခဲ့ဘူး။ ခုတော့ ဘုရားခမျာဗယုတ်သုတ်ခနဲ့  လှုပ်လှုပ်ရွရွ မြူးတူးပျော်ပါးနေတဲ့ ကာမမှောင်တောထဲမှာ သီတင်းသုံး တော်မူနေရရှာတယ်။
လူငယ် လူရွယ် (၁၀၀)ခန့်တို့က ရုပ်ပွားတော် ကြီးဝန်းကျင်မှာ ဖိုမအစုံစုံ ယစ်မူးအဟုန်ဖြင့်အစွမ်း ကုန် မြူးတွန့်နေကြတယ်။ဘုရားရဲ့ရှေ့တည့်တည့် (၁၀)ပေခန့်အကွာမှ ခုံပေါ်မှာတော့ လက်တစ်ဝါးခန့် အ၀တ်လေးများဖုံးအုပ်ထားတဲ့ ညဥ့်ငှက်မလေးများက သူတို့ ကိုယ်အလှ သူ့တိုအကတွေနဲ့  ကာမမှောင်ကို မှောင်သည်ထက်မှောင်အောင် ဆွဲဆောင်နေပြန်တယ်၊၊
ဘုရားနောက်ကြောနံရံမှ ထွက်လာတဲ့မှိတ်ချီဖွင့်ချီရောင် စုံမီးဆလိုက်များက ဘုရားဦးခေါင်းတော်ဘေးဝန်းကျင် ကိုဖြတ်ကျော်ပြီး ညဥ့်ငှက်မလေးများရဲ့ကိုယ်အလှကို မြင်သာအောင်ထိုးပြနေပြန်တယ်လေ။ဘုရားက ရောင်ခြည်တော်ဖြင့်ထိုးပြနေသလို စီမံထားလေသလားတော့မသိ။
ဆင်းတုကိုယ်တော်မြတ်ကြီးက“ငါဘုရား အဇပါလညောင်ပင်အောက် သီတင်းသုံးစဉ်က မာရ်နတ်ရဲ့သ္မီးများ ဖြစ်တဲ့ တဏှာ၊ရတီ၊ရာဂါ တို့ညီမသုံးယောက်က ငါဘုရားကိုလာဖြားယောင်းဖူးတာ တစ်ခါပဲရှိခဲ့ဖူးတယ်။ ဒီအဖြူမ လေးတွေကညတိုင်းလာဖြားယောင်းနေပါလား ”လို့ တွေးထင်တော်မူလေမလားမသိ။ ရန်မျိုးအောင်တော့ ဘုရားကြီးအတွက် စိတ်မသက်မသာဖြစ်ခဲ့ရပြီ။ရန်မျိုးအောင်ဟာ မောင်မယ်အစုံများကို တိုးဝှေ့ပြီး ဘုရားအနီးချဉ်းကပ်သွားခဲ့တယ်။
အလား--လား-- ပိုဆိုး ပါလား။ စကပ်လေးတိုနန့်နန့်နဲ့မိန်းကလေးက ဘုရားခုံပေါ်ထိုင်ပြီး ဘုရားပေါင်တော်ကို သူ့ပေါင် နဲ့ထိထိုင်ကာ စတိုင်ကျကျနဲ့အရက်ခွက်ကိုကိုင်လို့၊တစ်ချို့က ဘုရားခြေတော် လက်တော်တွေပေါ်မှာ အရက်ခွက်တွေတင်ထား ပြန်တယ်။ ဒီထက်ဆိုးတာကမိန်းကလေးက ဘုရားကိုကျောမီနေပြီးသူ့တွဲဖက် ကောင်လေးက ဘုရားပေါ်လက် ထောက်ကာ ပူးကပ်ပွတ်သပ်လို့ ရစ်မူးနေပြန်တယ်။
ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော်ကြီးဝန်းကျင်မှာ ဖြစ်ပျက်နေပုံများကိုကြည့်ပြီး ဒေါသတွေချောင်းချောင်း ထွက်မိတယ် ၊ဖြစ်နိုင်ရင်ဝါးရင်းဒုတ်နဲ့ အားလုံးကို မောင်းထုတ်ပစ်လိုက်ချင်တယ်။ မပြုဝံ့ပါပေ၊“ခါကျဉ်ကောင်မာန်ကြီး ပေမဲ့ တောင်ကြီးကိုတဲ့ဖြိုမယ့်ကြံ ခါးကမသန်”ဆိုသလို သာမန်အလုပ်သ္မားလေး ရန်မျိုးအောင်ဘာတတ်နိုင်ပါမည်နည်း။
ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော်ကြီးကို ကြည့်ပြီးကြိတ် မနိုင်ခဲမရ ဖြစ်နေရတယ်၊ လှုပ်လှုပ်ရွရွ တွန့်လိမ်ပွတ်သပ် နေတဲ့မြင်ကွင်း၊ မြူးကြွဆူညံနေတဲ့ ဂီတသံ၊ ထောင်းထောင်း မွှန်နေတဲ့အရက်နံ့၊ မျက်နှာ တော်တည့်တည့်မှာတစ်ကိုယ် လုံးနီးပါးပေါ်နေတဲ့ ကခြေသည်မလေးတွေရဲ့ တုန်ကာလုပ်ကာ မြူဆွယ်ပြနေတဲ့အက၊ ဒီဝန်းကျင်မှာနေရရှာတဲ့ ဘုရားရုပ်ပွား တော်ကြီးခမျာ ဆင်းရဲရှာမှာပဲနော်လို့ သူ့အတွေး သူ့အမြင် နဲ့ ရုပ်ပွားတော်ကြီးကို သိပ်သနားနေမိတယ်။ ဘုရားဆိုတာ သနားစရာ မဟုတ်ပေမဲ့ သူ့ရင်ထဲမှာ တော့ တကယ်သနား နေမိတယ်။ ဘုရားနဲ့ ဒီဝန်းကျင်က လုံးဝဆန့်ကျင် နေတယ်လေ။ ဘုရားရုပ်ပွားတော်ရဲ့ မျက်နှာတော်ကိုစိုက်ကြည့်မိ ရာက သူ့ရင်ထဲမှာ “ဒါယကာလေး ရန်မျိုးအောင်၊ ငါဘုရားကို တစ်ခြားနေရာကို ပင့်နိုင်ရင် ပင့်စမ်းပါကွာ” လို့ မိန့်တော်မူနေသလို ခံစားမိပြန်တယ်။ဖြစ်နိုင်တယ်၊ ဒီနေ့ည ဒီနေရာကို ရောက်လာရခြင်းမှာ သာမန်ရောက် လာခြင်းမျိုးမဟုတ်၊ လာချင်တဲ့ဆန္ဒတွေ ပြင်းပြလွန်းလို့ အရောက်လာခဲ့ရတာ။
ဘုရားစောင့်နတ်တွေ ကများ ဒီမြင်ကွင်းကို ခေါ်ပြလေသလား မသိ။ မည်သို့ပင် ဖြစ်စေအခြေအနေ အရပ်ရပ်ကို သူသိလိုက်ရပြီ။ အမျိုးဘာသာသာသနာ အတွက်လူတိုင်းမှာ တာဝန်ရှိတယ်။ တာဝန် ရှိသူဟာ တာဝန်ကိုသိရမယ်။ သိသည့်အတိုင်းလဲ ဆောင်ရွက်ရမယ်။ ရန်မျိုး အောင်ဟာ လူငယ်ပေမဲ့ စိတ်ထားသေး ငယ်သူတော့မဟုတ်။ တာဝန်ရှိလာရင် ဆောင်ရွက်ရန်အဆင်သင့်၊ သာသနာအတွက်ဆိုရင် ပိုလို့ပင် ကြိုးစားချင်သူ။ ဒီကာမမှောင်အတွင်းက ဗုဒ္ဓရုပ်ပွားတော် ကြီးကို ပင့်ထုတ် ရမယ့်တာဝန်ဟာငါ့တာဝန်လို့ ဦးထိပ်မှာတင်ကာခံယူ လိုက်တော့တယ်။ “ဘုရားရုပ်ပွား တော်ကြီးကို ငါရအောင်ပင့်မယ်”လို့ သံဒိဋ္ဌာန်ချ ဆုံးဖြတ်လိုက်တယ်။ သူရဲ့ အဓိပတိစွမ်းအားရှိတဲ့ ဆန္ဒအလင်းရောင်ဟာ ဒီဝန်းကျင် ကာမမှောင် ကိုကျော်လွန်ကာ တောက်ပခဲ့ပေပြီ၊၊
ရန်မျိုးအောင်ဟာ နောက်နေ့မှာစောစောအလုပ်ဆင်းဖြစ်တယ်၊၊
ဆူရှီဘားမှာ အလုပ်လုပ်ရင်း ဆိုင်ရှင် သူဋ္ဌေးအလာကို စောင့်နေတယ်။သူဋ္ဌေးရောက်လာပြီးခဏမှာ ဘုရားအတွက်ဆန္ဒပြင်းပြနေတဲ့ ရန်မျိုးအောင်ဟာ ရဲရဲဝံ့ဝံ့ သူဋ္ဌေးရုံးခန်းထဲသို့ဝင်ခဲ့ရာ မခေါ်ပဲနဲ့ရောက်လာတဲ့ အလုပ်သ္မားကို သူဋ္ဌေးက ခပ်စိမ်းစိမ်းမော့ကြည့် တယ်။ “သူဋ္ဌေးကို ပြောစရာရှိလို့ပါ”။ “အေး-ပြော”။ “ဒီဆိုင်ထဲက ဗုဒ္ဓပုံတော်ကြီးကို ကျွန်တော့်ကို ရောင်းပါ၊ ဘယ်လောက်ပေးရမလဲ။ ဒါမှမဟုတ်ကျွန်တော်လုပ်ခမယူပဲ တနှစ်လုပ်ပေးပါ့မယ်”။
ရန်မျိုးအောင်ဟာ သူ့ကြံ စည်ထားတဲ့အတိုင်း ဟောဟောဒိုင်းဒိုင်းပြောချလိုက်တယ်။
သူဋ္ဌေးက ဒီကောင် မတန်မရာ ဘာတွေလာပြောနေ တာလဲဆိုတဲ့သဘောမျိုးနဲ့ လှောင်ပြုံးပြုံးလိုက်ပြီး ဦးခေါင်းကို ငြင်သာစွာရမ်းပြလိုက်တော့ ရန်မျိုးအောင်ခေါင်းငိုက် ဆိုက်ဖြင့် အခန်းထဲကထွက်ခဲ့ရရှာတော့တယ်။ ပြောဆိုမာန်မဲ မလွှတ်လိုက်သည်ကိုပင် ကျေးဇူးတင်ရမလို။ ရန်မျိုးအောင်ဟာ အလျှော့မပေးစိတ်ဓါတ်မကျခဲ့၊ ဆိုင်မန်နေဂျာအမျိုးသ္မီးထံချဉ်းကပ်ပြီး သူဋ္ဌေးကိုကူညီ ပြောပေးပါရန် အသနားခံခဲ့တယ်။ မန်နေဂျာကလဲမဖြစ် နိုင်ကြောင်း နှစ်သိမ့်စကားသာပြောတယ်။ရင်းနှီးနေလို့  မန်နေဂျာကိုတော့ အခွင့်သင့်တိုင်း အကူအညီတောင်း ဖြစ်တယ်။
ဘာမှတော့ အကြောင်းမထူးခဲ့။တနေ့တော့ မန်နေဂျာကိုပြောမိတယ် “ ဒီဗုဒ္ဓရုပ်ပုံတော်က ငါတို့ ဗုဒ္ဓဘာသာတွေအတွက် အထွတ်အမြတ်ကိုးကွယ်တဲ့ဗုဒ္ဓ၊ နင်တို့ ကိုးကွယ်တဲ့ ဘုရားကို အခုလိုမရိုမသေ မဖွယ် မရာတွေ ပြုလုပ်နေတာကို တွေ့ရင် နင်တို့ကြိုက်ပါ့ မလား။ ငါတို့ဗုဒ္ဓကို ဒီလိုပြုလုပ် နေတာကိုမြင်ရတော့ ငါသိပ်စိတ်ဆင်းရဲရတယ်။” လို့ မအောင့်ပဲခံစားမိတဲ့ အတိုင်းပြောချလိုက်မိတယ်။ သူတို့အားလုံးက ဗုဒ္ဓဘာသာ မဟုတ်ကြဘူးလေ။ ရန်မျိုးအောင် စကားကြောင့် မန်နေဂျာ ငိုင်ပြီး တွေဝေသွားတယ်။ သူပြောတာ အမှန်တရားပဲလို့ ယူဆသွားပုံရတယ်။ အသိတရားရှိသူတိုင်း အမှန်တရားကို လက္ခံကြမည်သာ…။ ပြောချင်တာတွေ ပြောလိုက်ရလို့ ရန်မျိုးအောင်ရင်ထဲမှာ အနည်းငယ်ပေါ့သွားတယ်။ သူဋ္ဌေးကိုလဲပြောပြလိမ့် မယ်လို့ မျှော်လင့်မိရင်း ကျေနပ်နေမိတယ်။
ရန်မျိုးအောင်မှာ သူဋ္ဌေးက မခန့်ပါပဲ အလုပ်တစ်ခုတိုးခဲ့ပြီ်၊ အလုပ်ကိုစောစောလာပြီး ညကမြူတူးပျော်ပါး သောက်စားကြရင်း ဗုဒ္ဓရုပ်ပွားတော်ကြီးပေါ်မှာ တင်ထားခဲ့တဲ့အရက်ခွက်တွေ၊ ပေကျန်နေတဲ့အရက်စက်တွေ၊ ဘုရားဝန်းကျင်မှာ စွန့်ပစ်သွားကြတဲ့အရက်ခွက်တွေကို သုတ်သင်ရှင်းလင်းတယ်။ ပြီးရင် သရဏဂုံသုံးပါးနဲ ဘုရားဂုဏ်တော်ကိုးပါးကို အခေါက်ခေါက်အခါခါရွတ်ဆိုပြီး ပူဇော်ကန်တော့တယ်၊ ဘုရားကြီးကိုပင့်နိုင်ရပါလို ၏လို့ လည်းအကြိမ်ကြိမ်ဆုတောင်းမိတယ်။ ဒါသည်ပင် သူ့ရဲ့နေ့စဉ်အလုပ်၊ နေ့စဉ်ကုသိုလ် တစ်ခုဖြစ်ခဲ့လေပြီ…။
ဒီလိုနဲ့ ရက်တွေ လတွေပြောင်းခဲ့ပေမဲ့ ရန်မျိုးအောင်မျှော်လင့်ချက်ကတော့ ဘာမှအကောင် အထည် ပေါ်မလာသေး။ “ဆန္ဒ၀တော ကိံနာမကိစ္စံ န သိဇ္ဈတိ” (ပြင်းထန်သောဆန္ဒရှိသူသည် ဘယ်ကိစ္စမဆို မပြီးသည် မည်သည်မရှိ)ဆိုသည့်အတိုင်း ဘုရားပင့်လိုတဲ့ဆန္ဒက ပိုလို့ ပိုလို့ ပင် တိုးလာမိတယ်။ ဒုတိယအကြိမ် သူဋ္ဌေးရုံးခန်း ထဲသို့ ၀င်ခဲ့မိပြန်တယ်။ “သူဋ္ဌေးကို ဒေါ်လာ ခြောက်ထောင်လဲပေးပါ့မယ်၊ ခြောက်လလဲ လုပ်အားခမယူပဲ အလုပ်လုပ်ပေးပါ့မယ်၊ ကျေးဇူးပြုပြီး ဗုဒ္ဓပုံတော်ကြီး ကျွန်တော့်ကို ရောင်းပေးပါ”၊ ရန်မျိုးအောင်က ဒီတခါတော့ ပုံစံတစ်မျိုးပြင်ပြီးတောင်း ဆိုလိုက်တယ်။ သူဋ္ဌေးရဲ့မျက်နှာဟာ ပထမအခါလိုမဟုတ်တော့လို့ ရန်မျိုးအောင်အားတက်မိ တယ်။မန်နေဂျာက လဲ ပြောထားလိမ့်မယ်လို့ သူထင်မြင်မိတယ်။ “မင်း ဒီလောက်တောင်လိုချင်နေရင် ဒီနေရာမှာ အစားထားဖို့ နဂါးကြီးတစ်ကောင်ရှာပေးပါ”။ ရန်မျိုးအောင် သိပ်ပျော်သွားတယ်၊ “ဟုတ်ကဲ့၊ ကျွန်တော် ရှာပေးပါ့မယ်”လို့ ၀မ်းမြောက်ဝမ်းသာ ကတိပေးလိုက်တယ်။ အလုပ်အားရက်တိုင်း ရန်မျိုးအောင် နဂါးရှာပုံတော်ဖွင့်လေပြီ။ သူငယ်ချင်း ကိုမိုးဝင်းတို့ဇနီးမောင်နှံကလည်းကူညီရှာပေးတယ်။ လော့စ် အိမ်ဂျ လိစ်မှာရှိတဲ့ ဆိုင်ပေါင်းစုံကို အနှံ့ရောက်ခဲ့ပြီ။ အသိမိတ်ဆွေများကိုလည်း ဖုံးဆက်စုံစမ်းတယ်။
စာရေးသူထံ ကိုလည်းဖုံးဆက်ခဲ့တယ် “ဆရာတော် နဂါးရုပ်ကြီးကြီး ဘယ်မှာရနိုင်မလဲဘုရား။” “တရုပ်ဆိုင်တွေမှာ ရှိမှာပေါ့ကွာ”လို့ လွယ်လွယ်ပဲ ဖြေလိုက်တယ်။ အကျိုးအကြောင်းလည်း မမေးလိုက်မိပါ။ နဂါးရှာရင်းငွေခြောက်ထောင်အတွက်လည်းရှာရသေး၊ တကယ်တော့သူ့မှာမရှိ၊ သိမ်းထားတာလေးတွေ တွက်ချက်ကြည့်လိုက်တော့ သုံးထောင်သာရှိပြီး သုံးထောင်လိုသေးတယ်။ ဘုရားပင့်ဖို့ သယ်ယူ စရိတ်ကလည်း တစ်ထောင်လောက်ကုန်လိမ့်မယ်။ လေးထောင်ပင်လိုသေး၊ ဘယ်လိုလုပ်ရပါ့။ ခေါင်းကုတ်လို့ကြံသော်လည်းအကြံ က မထွက်။ ချေးးဖို့ငှါးဖို့ဆိုတာလဲမလွယ်ကူလှ။ ရှိတဲ့ပစ္စည်းကြည့်ပြန်တော့လဲ ဆွဲကြိုးတစ်ကုံးနဲ့ မော်တော်ကားသာ ရှိရဲ့ ။ ကားကလဲ အလုပ်သွားဖို့အတွက် မရှိမဖြစ်ပြန်။ ကြံရာမရနိုင်ခဲ့၊ မိမိငှါးရမ်းနေတဲ့ ၁၀-ပေ ၁၅-ပေအခန်းလေး ထဲမှာ ငွေလေးများ တွေ့လိုတွေ့ငြား လှန်လှောမွှေနှောက် ရှာမိပြန်တယ်။ ဗလာနတ္ထိ ဘာတစ်ခုမှ မရှိပါပေ။ ရန်မျိုးအောင် ဇွဲမလျှော့ ဆန္ဒမပျက်၊ ဘုရားအတွက် ဘ၀ကိုပင် ပေးဆပ်ချင်ပေးဆပ်ရပါစေ၊ ငါဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားပြီး ဖြစ်ရာ ကားကိုရောင်းမယ်၊ အိမ်နဲ့ အလုပ်က လေးမိုင်ပဲဝေးတာ၊ လမ်း လျှောက်သွားမယ်။ ဘုရားအတွက်ပဲ ဒီလောက်တော့ ဒုက္ခခံရမှာပေါ့။ ရန်မျိုးအောင် ကိုယ့်ဆုံးဖြတ်ချက်ကိုယ် သိပ်ကျေနပ်မိတယ်၊ ပီတိဖြစ် မိတယ်။ ခက်ခက်ခဲခဲ အိပ်သွန်ဖာမှောက် ဒါနမြောက်အောင် လှူဒါန်း တဲ့ စေတနာဟာ အလွန်အကျိုးကြီးတယ်လို့ မြန်မာပြည်မှာကထဲက ကြားခဲ့ဖူး နာခဲ့ဖူးတယ်။ ဒါပေမဲ့ အကျိုးကိုသူမမျှော်၊ကာမမှောင်အတွင်း က ဘုရားရုပ်ပွားတော်ကြီး ပင့်ထုတ်နိုင်ဘို့သာ အဓိကမျှော်မှန်းချက်။ အလုပ်အားရက်မှာ နဂါးရှာထွက်ရင်း ကားအဟောင်းရောင်းဝယ် တဲ့ ဆိုင်တွေကို သူ့ကားဈေးနှုန်းစုံစမ်းတယ်။ ရွှေဆိုင်မှာ သူ့အမေပေး ထားတဲ့ အမြတ်တနိုး ဆွဲကြိုးကိုလဲ ဈေးစုံစမ်းလိုက်တယ်၊ နှစ်ခုပေါင်း လိုက်တော့ လေးထောင်ကျော်လောက်ရမယ်လေ။ ဟုတ်ပြီ၊ ရန်မျိုးအောင်သိပ်ပျော်သွားပြီ၊ ဘာမှပူစရာမလိုတော့။ ဟန်ကျလိုက်ပုံက နဂါးကိုလဲ တွေ့လိုက်ပြန်သေး၊ ၇-ပေခန့်ရှိတဲ့နဂါးကြီး တောင်ပံကြီးနဲ့ လှမှလှ၊ သူဋ္ဌေးတော့ သိပ် သဘောကျလိမ့်မည်။ ရန်မျိုးအောင်ပျော်မဆုံးတော့၊ သူငယ်ချင်းကို မိုးဝင်းကို ပုခုံးကိုလက်သီးနဲ့ထိုးပြီး“အောင်ပြီကွ” လို့ ကြွေးကြော်မိတယ်။
နောက်ရက် အလုပ်ဆင်းတော့ ၀တ္တရားမပျက် ဘုရားကြီးကို သန့်ရှင်းပူဇော်ပြီး ဘုရားရဲ့လက်တော်ကို လက်နှစ် ဖက်နဲ့ တင်းကျပ်စွာကိုင်ကာ “အရှင်ဘုရားကို ပင့်နိုင်တော့မည်ဘုရား”လို့ အားပါးတရလျှောက် ထားလိုက်မိတယ်။ သူဋ္ဌေးလာတော့ သူဋ္ဌေးရုံးခန်းထဲကို အောင်လံကိုင်သွားသူလို ရွှင်လန်းတက်ကြွစွာ ၀င်ခဲ့ပြန်တယ်။တတိယအကြိမ် ၀င်ခဲ့ခြင်းပေါ့။ “ ရန်- မင်းနဂါးတွေ့ပြီလား။” “ဟုတ်ကဲ့၊ တွေ့ခဲ့ပြီ၊နဂါးကြီးက သိပ်လှတာပဲဗျာ။” “မင်း နဂါးက ဘယ်နှစ် ပေလောက်ရှိလဲ။” “၇-ပေရှိပါတယ် ခင်ဗျာ။” “ငယ်တယ်ကွာ၊ ငါက ၁၀ ပေအထက်နဂါးပဲလိုချင်တယ်”။ရန်မျိုးအောင် ရဲ့အောင်လံကို အချိုးခံလိုက်ရပြီ။ ခေါင်းငိုက်ဆိုက်ဖြင့်ထွက်ခဲ့ရပြန်ပြီ။ခဲလေသမျှ သဲရေကျပြီထင့်…။ ရန်မျိုးအောင်ဟာ ဆူရှီဘားမှာထိုင်ကာ ငိုင်နေမိတယ်၊ဘာလုပ်ရမလဲလို့ စဉ်းစားနေမိတယ်။ဆိုင်ပေါင်းစုံရောက် ခဲ့ပြီးဖြစ်လို့ ၁၀-ပေလောက်ကြီးတဲ့နဂါး မရှိဘူးဆိုတာလဲ သူသိထားပြီးဖြစ်သား။ ဇာတ်လမ်းကတော့ပြီးလေပြီ.. ။ ဒါပေမဲ့ ရန်မျိုးအောင် အရှုံးမပေးချင် ဆက်လက်ကြိုးစားချင်တယ်။လမ်းစလဲမမြင်။ အဖန်ဖန်အထပ်ထပ် ရှာကြံ စဉ်းစားဆင်ချင်မိပြန်တယ်။ ခေါင်းထဲမှာ ဉာဏ်အလင်းရောင်ပေါ်လာတယ် “ဟုတ်ပြီ - ဘုရားမှ တစ်ပါး အားကိုးရာ မရှိဘူး၊ ဘုရားဂုဏ်တော်တွေကို ရွတ်ပွားပြီး သစ္စာဆိုမယ်”လို့  မျက်စိလယ် လမ်းပျောက်နေသူ လမ်းမှန်တွေ့သလို အရမ်းအားတက်သွားတယ်၊ ဘုရားဂုဏ်တော်တွေ ရွတ်ဆိုရင်း ဆူရှီလိပ် လေတော့တယ်။
ပထမပိုင်းပြီး ဒုတိယပိုင်း ဆက်ဖတ်ရန် --------------------------------------------------------------------------
ရန်မျိုးအောင်တစ်ယောက် ဂုဏ်တော်ပေါက်လေမလား၊ လူပေါက်နေသူလို့ ထင်ကြလေမလား မသိ၊ တချိန်လုံးဂုဏ်တော်တွေကိုသာရွတ်နေတော့တယ်။ အလုပ်သွားအလုပ်ပြန် ကားမောင်းရင်းလဲ ဂုဏ်တော်ရွတ်၊ ဈေးသွား ဈေးဝယ်ပြန်ရင်လဲ ဂုဏ်တော်ရွတ်၊ ချက်ရင်းပြုတ်ရင်း အိမ်မှာနေရင်းလဲ ဂုဏ်တော်ရွတ၊် တစ်ခါတရံ အာခေါင်တွေခြောက်ပြီး လျှာပင်ပူလာတဲ့ အထိဖြစ်ခဲ့ရတယ်။ ဒီအထဲ အလုပ်ကလဲ ပူလာပေပြီ၊ သူ့ဆူရှီဘားတွင် အလုပ်သ္မားသုံးယောက်လုပ်နေရာမှ အခြားနှစ်ယောက် ကို စီးပွားရေးမကောင်းဟုဆိုကာ ရှေ့ဆင့်နောက်ဆင့် ဖြုတ်ပစ်လိုက်ရာ၊ သုံးယောက်တာဝန်ကို တစ်ယောက်တည်း လုပ်နေရတော့တယ်။ မပြီးသေးဘူးလား၊ ကြာလှချည့်လားလို့လဲ မကြာမကြာ အအော်ခံရ၊အဆူခံရပြန်တယ်။ ရန်မျိုး အောင်စိတ်ညစ်လာပြီ၊ အလုပ်က နှစ်ဆလောက်ပိုပင်ပမ်း၊ ဟောက်လိုက် ဆူလိုက်တာကလဲ နေ့စဉ်လိုဖြစ်နေတော့ အလုပ်ထွက်တော့မယ်လို့စိတ်ကူးမိတယ်၊ မဖြစ်သေးပါ၊ ဘုရားကြီးကိုထားခဲ့လို့ မဖြစ်သေးပါ၊ ဘုရားကြီးကို တစ်ပါ တည်းပင့်နိုင်မှ ငါထွက်တော့ မယ်လို့ စိတ်ဒုန်းဒုန်းချကာ ပင်ပမ်းသမျှ၊ ဆူသမျှတွေကို သည်းခံပြီး ဂုဏ်တော်တွေကို သာအဖန်ဖန်ရွတ်ပွားနေတော့တယ်။ တရွေ့ရွေ့ဖြင့် အောက်တိုဘာလ နောက်ပိုင်းသို့ ပင်ရောက်ခဲ့ပေပြီ။ ဘုရားကြီးဝန်းကျင်မှာ မြူးတူးပျော်ပါး ကနေကြဆဲ၊ ရန်မျိုးအောင်လည်း ဘာရန်မှ မအောင်နိုင်ရှာ ဂုဏ်တော်သာ ရွတ်နေဆဲပင်။ တနေ့တွင် သူဋ္ဌေးရဲ့ ဖခင် အဖိုးကြီး ဆိုင်ကိုရောက် လာတယ်၊ ရန်မျိုးအောင် အလုပ်လုပ်နေရာမှထွက်လာပြီး အဖိုးကြီးကို ရိုရိုသေသေ ပြင်ဆင်ကျွေးမွေး ပြုစုတယ်။ အဖိုးကြီးကို မေတ္တာပို့ တယ်၊ အဖိုးကြီး မပြန်မချင်း စူးစူး စိုက်စိုက်ပို့နေမိတယ်။ ဂုဏ်တော်အစွမ်း မေတ္တာပန်းတို့က အချည်းအနှီးမဖြစ်ပါပေ။ဗုဒ္ဓဘာသာဝင်တို့ရဲ့ အားအကောင်းဆုံးလက်နက်များပင်မဟုတ်ပါလား။လက်နက်ကောင်း တွေရှိပါလျှက် မသုံးတတ်လျှင် အောင်ပွဲဆင်နိုင်မည် မဟုတ်ပေ။ ရန်မျိုးအောင်ကတော့ သူပိုင်လက်နှက်များဖြင့် ဒလပ်စပ် ပစ်ခတ်နေပေပြီ။ နောက်တစ်ပတ်လောက်မှာရန်မျိုးအောင်ရဲ့မွေးနေ့ရောက်လာတယ်၊ နိုဝင်္ဘာလ ၂ ရက်နေ့ပေါ့၊ ဆိုင်ကိုစောစော လာပြီး ပြုလုပ်နေကြဖြစ်တဲ့ ဘုရားဆင်းတုတော်ကြီးကို သန့်ရှင်းရေးလုပ်တယ်။ပါလာတဲ့ ပန်းစည်းကို မွေးနေ့ကုသိုလ် အဖြစ် ဘုရားရဲ့လက်တော်ထဲကပ်လှူပြီး ၀တ်ပြု ဂုဏ်တော်ပွား ဆုတောင်းပါ တယ်၊ ဆုတောင်းရပေမဲ့ အားသိပ်မရှိ လှပါဘူး၊ သူ့ခံစားချက်အတိုင်း ဘုရားကြီးကို သနားစိတ်တွေဖြစ်နေမိတယ်။ ဒါပေမဲ့ ဆင်းတုတော်ကြီးရဲ့ မျက်နှာတော် မှာ ခါတိုင်းနေ့ထက် ကြည်လင်တောက်ပနေတယ်လို့  ရန်မျိုးအောင် ထင်နေမိတယ်.. ။ ဘုရားဝတ်ပြုပြီးအလုပ်လုပ်နေစဉ် သူဋ္ဌေးခေါ်တယ်ဆိုလို့ ရန်မျိုးအောင် လန့်သွားတယ်။ငါ့များအလုပ်ဖြုတ်တော့ မှာလားဆိုတဲ့အတွေးက ပဌမဆုံးဝင်လာခဲ့တယ်၊ ဖြစ်နိုင်တယ်၊ သူတို့ဆိုင်မှာ စီ်းပွားရေးအရ အဓိကထားတဲ့ဘုရားရုပ် ပွားတော်ကြီးကို ရန်မျိုးအောင် ထုတ်ယူဖို့ကြိုးစားခဲ့ပြီ။ ဘာသာရေးပြဿနာများဖြစ်ပေါ်လာအောင် ဖန်တီးသူလို့လဲ ထင်မြင်နိုင်တယ်။ ဓါတ်ပုံရိုက်ခွင့်မရှိတဲ့ နိုက်ကလပ်အချိန်မှာလဲ ရန်မျိုးအောင် ဓါတ်ပုံတွေခိုးရိုက်ခဲ့ပြီ။ သူရည်ရွယ်တာ က ဘုရားကြီးကို ငါပင့်လို့မရနိုင်ခဲ့ရင် ဓါတ်ပုံတွေပြပြီးအကူအညီတောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရိုက်နေတာပါ။ ဒါကို အစောင့်တွေမြင်ပြီး သူဋ္ဌေးအား တိုင်ကောင်းတိုင်ပေလိမ့်မယ်။ သူတို့အမြင်တော့ ရန်မျိုးအောင်ဟာအပြစ်ရှိသူ တယောက်ပါ။ ဒီဆိုင်မှာ မရှိသင့်သူတစ်ယောက်ပါ။ ဒါကို ရန်မျိုးအောင်အသိ၊ သိလို့လည်း မာဖီးယားလိုအင်အားကြီးတဲ့ သူတွေမို့ ငါ့ကိုရန်ပြုလေမလားဆိုပြီး သတိကြီးစွာနဲ့နေခဲ့ရတယ်။ တစ်ချိန်ချိန်မှာ အလုပ်ဖြုတ်ပစ်နိုင်တယ်လို့ မျှော်လင့် ထားပြီးသား.. ။ ဒီမျှော်လင့်ချက်နဲ့ သူဋ္ဌေးရုံးခန်းထဲဝင်ခဲ့ရပြန်တယ်။ ဒါစတုတ္ထအကြိမ်ပါ၊ ဒီတစ်ခါတော့ သူတောင်းဆို ဖို့ ၀င်လာခြင်းမဟုတ်၊ အမိန့်နာခံဖို့ ၀င်လာခြင်းပါ၊ နောက်ဆုံးစီရင်ချက်များဖြစ်လေမလား။ ရင်တထိတ်ထိတ်နဲ့ပေါ့။ သူဋ္ဌေးက ချိုသာသောမျက်နှာနဲ့ “ရန်-လာ၊ ထိုင်” လို့ ကြိုဆိုနှုတ်ဆက်တော့ ရန်မျိုးအောင် အနည်းငယ် စိတ်သက်သာသွားတယ်။ သူဋ္ဌေးက သူ့ကို ပြုံးရွှင်စွာ ကြည့်ပြီး “ရန်- မင်းလိုချင်တဲ့ ဗုဒ္ဓကြီးကို မင်း ယူလို့ရပြီ။” “ဟာ-တကယ်လား” ရန်မျိုးအောင် အရမ်းဝမ်းသာသွား ကာ၊ ထခုန်ချင်လောက်အောင်ပင်ဖြစ်ခဲ့ရတယ်။ သူဋ္ဌေး အားလက်အုပ်ချီကာ “ကျေးဇူးတင်လိုက်တာဗျာ”လို့ လှိုက်လှိုက်လှဲလှဲဆိုမိတယ်။ သူဋ္ဌေးကဆက်ပြောတယ် “ဒီကောင်လေးဆိုရင် ပေးလိုက်ပါလို့ ငါ့အဖေက ပေးခိုင်းတာကြောင့်ပေးတာပါ။” လို့ သူ့ဖခင်ရဲ့သဘောထားကိုပါရှင်းပြတော့။“အော်- ဟုတ် လား၊ အန်ကယ်ကိုလဲ ကျေးဇူးတင်ကြောင်းပြောပေးပါဗျာ။ အရမ်းကို ကျေးဇူးတင်ပါတယ်။” ရန်မျိုးအောင်သိလိုက်ပါပြီ၊ဂုဏ်တော်များနဲ့ထုံမွှန်းထားတဲ့ မေတ္တာစွမ်းဟာ အဖိုးကြီးရဲ့ နှလုံးသားကိုထိမှန်ခဲ့ပေပြီ။ ဘုရားဂုဏ်တော်တို့ ရဲ့  အစွမ်းအာနိသင်ကိုလဲ လေးလေးနက်နက် ယုံကြည်မဆုံးတော့..။ သဗ္ဗညုတ ဘုရားရှင်သည် သုံးလောကတွင် အအောင်မြင်ဆုံး အမြတ်ဆုံး။ ဗုဒ္ဓ၏ဂုဏ်တော်များ ထုံမွှန်းထားသူမှာလည်း ကိုယ့်ပမာဏအလိုက် အောင်မြင်ရမည်မှာမုချ..။ရန်မျိုးအောင်ဟာ မိမိဘ၀တိုးတက်ရေးအတွက် ထိုအားကိုးရာ လက်နှက်ကောင်းတစ်ခုကို ယုံကြည်ချက် အပြည့်ဖြင့် လက္ခံ ရရှိလိုက်ပေပြီ။ ၀မ်းသာလွန်း၍ သူငယ်ချင်း ကိုမိုးဝင်းကိုလဲ အကြောင်းစုံဖုန်းဆက်ကာ ရည်မှန်းထားသည့်အတိုင်း ကားနှင့် ဆွဲကြိုးကို အတူသွားရောင်းရန် ရက်ချိန်းလိုက်တော့တယ်။ ရန်မျိုးအောင်ဟာ အလုပ်သွားအလုပ်ပြန် ခြေလျှင်သွားရမည့် ဒုက္ခကို သူမမြင်၊ ဘုရားကြီးပင့်နိုင်ရေး ကသာ အဓိကမျှော်မှန်းချက်။ ကိုမိုးဝင်းကမူ ရန်မျိုးအောင်ရဲ့ဒုက္ခကိုမြင်ကာ သနားကရုဏာဖြစ်နေတယ်။ရန်မျိုးအောင်ရဲ့ စေတနာ သဒ္ဓါတွေကိုလည်း လေးစားနေမိတယ်။ ချိန်းတဲ့ရက်မှာ ကိုမိုးဝင်းအိမ်မှာ ဆုံကြတယ်။ ရန်မျိုးအောင်က ဖြစ်ခဲ့တာတွေ၊ ကားရောင်းမဲ့ အစီအစဉ်တွေကို အားရ၀မ်းသာနဲ့ ပြောပြတယ်။ ကိုမိုးဝင်းက မှတ်ချက်ပေးတယ် “ရန်မျိုးအောင်-မင်းမှာလည်း ဘာမှမကျန်တော့ဘူး၊ လူပဲကျန်တော့တာပါလား”။ ရန်မျိုးအောင် အားရပါးရရယ်လိုက် တယ်၊ ဒီစကားကို သိပ်သဘောကျသွားပုံရကာ“ဟုတ်တယ် ကိုမိုးဝင်း၊ လူပဲကျန်တော့တယ်၊ လူလဲ ဘုရားကျွန်ဖြစ်ချင် ဖြစ်ပါစေ၊ ကျွန်တော်တို့က တစ်သံသရာလုံး သားကျွန် မယားကျွန်ဖြစ်ခဲ့ရတာဗျ၊ ဘုရားကျွန်ဖြစ်ခွင့် ရခဲပါတယ်ဗျာ။” အရွယ်နဲ့မလိုက်တဲ့ ရန်မျိုးအောင်စကားကြောင့် ကိုမိုးဝင်းအံ့သြသွားကာ “ကောင်းပါတယ်ကွာ၊ မင့် စိတ် ဓါတ်ကိုချီးကျူးပါတယ်၊ လေးစားပါတယ်။မင်းကို သနားလဲ သနားမိပါတယ်။ ဒို့လင်မယား မင့်ကို ကူညီဖို့ တိုင်ပင်ထား တယ်။ ကားလဲသွားမရောင်းပါနဲ့၊ မင်းလိုတဲ့ငွေကို ငါတို့ချေး ပေးပါ့မယ်။” “ဟာ- တကယ်။ ၀မ်းသာလိုက်တာဗျာ” ဟု ပြောပြောဆိုဆို ကိုမိုးဝင်းကိုဖက်ကာ ဝှေ့ရမ်းလိုက်မိတယ်။ ဇနီးဖြစ်သူ မဘေဘီကအသင့်ပြင်ထားတဲ့ ဒေါ်လာလေး ထောင်ကိုထုတ်ပေးတဲ့အခါမှာတော့ “အဆင်ပြေချင်တော့လဲ ချောလို့ပါလား”လို့ ရန်မျိုးအောင်ပီတိဖြစ်မဆုံးတော့။
ငွေထုပ်ပိုက်ပြီး သူဋ္ဌေးရုံခမ်းထဲကို ရောက်ခဲ့ပြီ၊ “ငွေခြောက်ထောင်ပေးပါ့မယ်၊ ခြောက်လလည်း အခမဲ့အလုပ်လုပ်ပေးပါမယ်” ဆိုတဲ့ ကတိစကားအရ သူဋ္ဌေးအား ခြောက်ထောင်ပေးချေလိုက်တယ်။ “မင်းမိုလို့ ဒီဗုဒ္ဓကြီးကို ရောင်းပေးတာပါ၊ အရင်ကလဲ ခဏခဏလာဝယ်ကြတယ်၊ ဒို့မရောင်းခဲ့ပါဘူး။ ဒီဗုဒ္ဓကို တရုပ်ပြည်ကမှာယူထားတာ၊ ဒေါ်လာ နှစ်သောင်းခွဲကျတယ်။ မင်းပေး တာက အစွန်းထွက် လောက်ပဲရှိပါတယ်။” “ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ၊ အခုလိုရောင်းပေးတဲ့ အတွက် ခင်ဗျားတို့မှာလည်း ကောင်း ကျိုးတွေဖြစ်မှာပါ။ ဖြစ်ပါစေလို့လည်း ကျွန်တော် ဆုတောင်းပါတယ်။” အလုပ်ကိစ္စအတွက် ဆက်လက်ဆွေးနွေးကြတယ်။ ခြောက်လအခမဲ့လုပ်ပေးရန် မလို၊ လုပ်ခ တစ်ဝက်ပေးမည်၊ တနှစ်တိတိလုပ်ပေးရမည်။ တစ်နာရီ ဆယ့်ငါးဒေါ်လာဖြင့်လုပ်နေရာမှ ကိုးဒေါ်လာဖြင့်လုပ်ရန် နှစ်ဦးသဘောတူလိုက် ကြတယ်။ ဘုရားကျွန်ဖြစ်လိုသော ရန်မျိုးအောင်.. ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဘုရားအတွက်ဆို လုပ်မယ်လို့ဆုံးဖြတ် ပြီးသားဖြစ်လို့ ဘာမျှအခက်အခဲမရှိ။ ရန်မျိုးအောင်က ကတိတစ်ခုတောင်းဆိုလိုက်တယ်။ “နောင်ကို ဒီနေရာမှာ ဗုဒ္ဓရုပ်ပုံတော်တွေ ဘယ်တော့မှ မထားပါနဲ့ခင်ဗျာ၊ ဒီကတိလေးတစ်ခုတော့ ကျွန်တော့ကို ပေးပါဗျာ။”သူဋ္ဌေးကပြုံးပြုံးကြီး ကြည့်ပြီး ကတိပေးတယ်။ ရန်မျိုးအောင်ရဲ့သဘောထားကို သူဋ္ဌေးသိနေပြီးဖြစ်ပေ လိမ့်မယ်..။ ရန်မျိုးအောင်ဟာ ယခု ဘုရားဆင်းတုတော် ကြီးကို နိုက်ကလပ်မှ ပင့်ယူကယ်တင်လိုက်နိုင်သလို နောက်နောင် ဘုရားဆင်းတုတော်များအတွက်လည်း ကာကွယ် ပူဇော်နိုင်ခဲ့ပြီကော… ။ ဗုဒ္ဓဘာသာဝင်တိုင်း ရှိသင့်တဲ့ စိတ်ဓါတ်ပါပေ။
ရန်မျိုးအောင် ဘုရားကြီးအတွက် ပေးဆပ်လိုက်ရတဲ့ တန်ကြေးမှာ နည်းလှသည်မဟုတ်။ ငွေကြေး ပမာဏဘက်ကကြည့်ရင် လက်ငင်းခြောက်ထောင်ပေးဆပ်ရသည့်အပြင် တစ်နှစ်လုံးအတွက် လုပ်အားများ ပေးဆပ်ရသေး.. ။ တစ်နှာရီ $ 15 နှုန်းဖြင့် တနှစ်မှာ $ 28,800 ရရှိရာမှ တစ်နှာရီ $ 9 နှုန်းဖြင့်ဆိုရင် တနှစ်မှာ $17,280 သာရရှိတော့မည်။ တနှစ်လုံးအတွက် ပေးဆပ်ရမည့် ငွေမှာ $ 11,520 ရှိပြီ၊ လက်ငင်းပေးရတဲ့ ငွေပါဆိုရင် $ 17,520 ပင်.. ။
ဒါ့အပြင် ဆူရီ Menu အသစ်ပြောင်းတိုင်းရမည့် $ 3,000 ကိုလည်း ထပ်ဆောင်းရပြန်သေး၊၊
လူမှုရေးဘက်ကကြည့်ရင် တစ်နှစ်လုံး ခြေချုပ်မိရပြီ၊ ဒီထက် ၀င်ငွေကောင်းတဲ့အလုပ်မျိုးပြောင်းရွှေ့ လုပ်ကိုင်ခွင့် မရနိုင်တော့ပေ။
ဒီထက်ဆိုးသည်မှာ မိဘများနှင့်တွေ့ခွင့်မရခြင်းပင်၊ ရန်မျိုးအောင် အမေရိကန်နိုင်ငံ ရောက်နေတာ (၁၅)နှစ်ရှိခဲ့ပြီ၊ ပြန်ခွင့်မရတဲ့အခြေအနေမို့ မိဘများထံမပြန်နိုင်ခဲ့။
အတွယ်အတာလည်း မရှိတော့ မိဘများကိုပိုလွမ်း နေမိတယ်၊ သိပ်တွေ့ချင်နေပြီ။ ပြန်ခွင့်ရရခြင်းပြန်မယ်လို့ မျှော်လင့်ချက်ကြီးလည်း ဘယ်တော့ပြည့်မည် မမှန်းသာခဲ့…။
ကံများကလဲဆန်းပါဘိ၊ ဘုရားကြီးအတွက် သဲသဲမဲမဲ အားခဲကြိုးစားနေတဲ့ အောက်တိုဘာလကမှပြန်ခွင့်ရခဲ့တယ်။ အမေရိကန်ရောက်စကထဲက အားထုတ်ခဲ့ရတဲ့ အခွင့်အရေးကြီး ဂုဏ်တော်များ ပွားနေတဲ့အချိန်မှ ရခဲ့လို့ ဂုဏ်တော် အစွမ်းကို ပိုလို့ ပိုလို့ ယုံကြည်ခဲ့ပြီ၊၊
မိဘနဲ့တွေ့လိုရေးထက် ဘုရားကြီးပင့်လိုရေးက ပိုအရေးကြီးနေချိန်မို့ ဘုရားကြီးပင့်ပြီးမှ ပြန်တော့မယ် လို့ မိဘတွေ့လိုစိတ်ကို မျိုသိပ်ထားခဲ့ရပြန်တယ်။ ဘုရားကြီးပင့်ပြီးမှပြန်မယ်ပေါ့။ခုတော့ ဘုရားကြီးပင့် နိုင်ခဲ့ပါပြီ။ မိဘနဲ့တွေ့ဘို့အရေးကတော့ ဝေးခဲ့ပြန်ပြီ။ တနှစ်အတွင်း မိဘများနဲ့မတွေ့နိုင်လေပြီ။ ဒီအတွက် ရန်မျိုးအောင်စိတ်မကောင်းပေမယ့်၊ဘုရားကြီးကြည် ညိုစိတ်နဲ့ ဖြေသိမ့်နေရပေတော့မယ်…။ နိုဝင်္ဘာလ (၆)ရက်နေ့က အဇူဇာ-ဗြဟ္မ၀ိဟာရ ကျောင်းသို့ ရန်မျိုးအောင် ဘုရားကြီးပင့်လာခဲ့တယ်။ ကိုမိုးဝင်းတို့မိသားစုနဲ့ အလုပ်သ္မားများလဲ ပါလာကြ တယ်။ အရက်စက်တွေ ပေကြံနေတဲ့ ဘုရားကြီးကို ရေသပ္ပါယ်တယ်။“ကမ္ဘာပေါ်မှာ အလုပ်ချင်ဆုံးအလုပ်ခုမှလုပ်ရတော့တယ်” လို့ပြောလိုက်သေးတယ်။ဘုရားကြီး နေရာတကျ သီတင်းသုံးပြီးတော့ ရန်မျိုးအောင်က စာရေးသူကို လျှောက်ထားတယ် “ဆရာတော် ဟိုတစ်ချိန်က တပည့်တော်ဟာ ဆေးသ္မားအဖြစ်နဲ့ ကျောင်းကိုရောက်လာခဲ့တယ်၊ ခုတစ်ခါတော့ ဘုရားဒါယကာအဖြစ်နဲ့ ရောက်လာတာပါဘုရား” တဲ့။ သူအတိတ်ကို သတိရမိပြီး အတိတ်သမိုင်းကို ပြင်လိုက်ပေပြီ။
မှန်တယ် တစ်ချိန်က သူဟာဆေးစွဲခဲ့ဖူးသူ၊၊
ဆူရှီဆိုင်ရလို့ ကိုယ်တိုင်ဆိုင်ဖွင့်သူ၊၊
အရွယ်က ငယ်ငယ်၊ ငွေကရွှင်ရွှင်၊ အပေါင်းအသင်းတွေက လဲများပါဘိ၊ အမေရိကန်မှာ လွတ်လပ်တယ်ဆိုပြီး လွတ်လပ်မှုတွေကိုအလွဲသုံးစားလုပ်၊
နောက်ဆုံးတော့ ဆေးသ္မားဖြစ် ကာ ဆိုင်လည်းမရှိ၊ ငွေလည်း ဗလာနတ္ထိ၊ အားကိုးစရာလည်း မရှိဖြစ်ကာမှစာရေးသူထံရောက်လာခဲ့တယ်။
သူ့ကိုစောင့် ရှောက်ပြီး ဆေးသ္မားဘ၀က လွတ်မြောက်အောင် ကယ်တင်ခဲ့ရတယ်၊
လမ်းမှန်ရောက်အောင် တင်ပေးခဲ့ရတယ်။ မူလ ဓါတ်ခံ စိတ်ရင်း ကောင်းသူမို့ ပြင်ရတာ သိပ်မခက်လှ၊၊
သူဟာ လူကောင်းပကတိဖြစ်ယုံမက မူးယစ်ဆေး၊ အရက် သေစာအားလုံးကို နာကျည်းစွာဖြင့်စွန့်ပယ်နိုင်ခဲ့တယ်။ ဒီဘ၀မှာ ဒီအမှားမျိုး ဒီတစ်ခါပဲအဖြစ်ခံမယ်၊ နောင်ဘယ်တော့မှ မဖြစ်စေရဘူးလို့ ခိုင်မာစွာ ဆုံးဖြတ်ထားသူလည်းဖြစ်နေပါပြီ။
ခုတော့ ဘုရားဒါယကာကြီး ကိုရန်မျိုးအောင် ဘုရားကြီးပင့်၍ ရောက်လာပေပြီ။
သူ့ကိုကြည့်ပြီး စာရေးသူ ပီတိတွေ တသိမ့်သိမ့်ဖြစ်ခဲ့ရပါပြီ။ ပိုးကင်းပြီး ဖူးပွင့်လာတဲ့ ပန်းပွင့်လေးကိုကြည့်ပြီး ပီတိဖြစ်နေတဲ့ ဥယျာဉ်မှူးလိုပင်၊၊
ဘုရားကြီးကလည်း ဘုန်းတော်ကြီးပါပေတယ်၊ ကျောင်းတော်က အဆင်သင့်ပဲ၊ ဒေါ်လာခြောက် သောင်းကျော် အကုန်အကျခံပြီးဆောက်လုပ်ထားတဲ့ မဏ္ဍပ်ကြီးက အောက်တိုဘာလကမှဆောက်ပြီးခဲ့ပါတယ်။ ကြေးညိုရောင်သန်းပြီး ဉာဏ်တော် ၈-ပေရှိတဲ့ ထိုင်တော်မူရုပ်ပွားတော်ကြီးဟာ ၆၃ ပေ၊ ၃၆ ပေ ကျယ်ဝန်းတဲ့မဏ္ဍပ်ကြီးအတွင်းမှာ တင့်တယ် သပ္ပါယ်စွာ သီတင်းသုံးတော်မူနေပါပြီ။
မာရ်နတ်ရဲ့ အသင်း အပင်း ကာမမှောင်အတွင်းမှ လွှတ်မြောက်တော်မူခဲ့ပြီး ဗောဓိအောင်မြေမှာ စံတော်မူလေသကဲ့သို့ အေးငြိမ်း တိတ်ဆိတ် အဇူဇာကျောင်းတော်ရိပ်မှာ နိဗ္ဗာနဓါတ် ချမ်းသာ မြတ်ကို ခံစားတော်မူလေပြီ။
ဘုရားဒါယကာ ကိုရန်မျိုးအောင်ရဲ့ စေတနာ သဒ္ဓါတရားများ၊အဓိပတိပစ္စည်းစွမ်းအားရှိသော ဆန္ဒ ၀ီရိယများနဲ့ဂုဏ်တော်စွမ်းအားများကိုလည်း ချီးမွှန်း လောက်ပါပေစွ၊၊
သာဓုခေါ်လောက်ပါပေစွ၊၊
ငွေမချမ်းသာသော်လည်း သဒ္ဓါစတဲ့ သူတော်ကောင်း တရားများ ချမ်းသာတဲ့သူမို့ တာဝန်ရှိရှိ တာဝန်သိသိ ဖြင့် ဆောင်ရွက်နိုင်ခဲ့ပေပြီ။
အမေရိကန်လိုပြည်ပနိုင်ငံများမှာ ကိုရန်မျိုးအောင် လို သာသနာပြုလိုသူများ လိုအပ်နေပါပြီ။
တစ်ချို့ နိုက်ကလပ်များမှာ ဘုရားရုပ်ပွားတော်များ ရှိနေပါ သေးတယ်။ ကမ္ဘာကျော်အပျော်အပါးမြို့ဖြစ်တဲ့ လပ်စ် ဗေးဂပ်စ်မြို့ရဲ့ နိုက်ကလာပ်တစ်ခုမှာ ရုပ်ပွားတော်ကြီးတစ်ဆူ အထက်ပါနည်းအတူ စံနေတော် မူရကြောင်း ကြားရပါတယ်။
ဗုဒ္ဓဆင်းတုတော်များကို မတော်တဲ့ နေရာဌာနတွေမှာ အသုံးပြုနေတာမျိုးတွေ ပပျောက် အောင် ဆောင်ရွက်ကြဖို့ ရန်မျိုးအောင်တွေ တစ်ရာမက ရှိစေချင်စမ်းပါဘိ၊၊
(မြတ်ပဋ္ဌာန်း) ၂၀၁၀ ခု၊ ဒီဇင်္ဘာလ ၂၈-ရက်
သာသနာတော်ကို စောင့်ရှောက်စေလိုတဲ့ ဆန္ဒနဲ့ မောင်ရန်မျိုးအောင်တွေ့ကြုံ ခံစားခဲ့ရတဲ့အတိုင်း တင်ဆက်လိုက်တာပါ။
သဒ္ဓါကြည်ဖြူ အတုယူကာ သာသနာပြုနိုင်ကြပါစေ၊၊
စာရေးသူ အရှင်ဧသကနှင့် ဘုရားဒါယကာ ကိုရန်မျိုးအောင်

အရှင်ဧသက
ဗြဟ္မ၀ိဟာရ (အဇူဇာကျောင်း)
လော့စ် အိမ်ဂျလိစ်မြို့၊ အမေရိကန်
www.ashinayethaka.com (မြတ်ပဋ္ဌာန်း)
(မြတ်ပဋ္ဌာန်း) ၂၀၁၀ ခု၊ ဒီဇင်္ဘာလ ၂၈-ရက်
သာသနာတော်ကို စောင့်ရှောက်စေလိုတဲ့ ဆန္ဒနဲ့ မောင်ရန်မျိုးအောင်တွေ့ကြုံ ခံစားခဲ့ရတဲ့အတိုင်း တင်ဆက်လိုက်တာပါ။
သဒ္ဓါကြည်ဖြူ အတုယူကာ သာသနာပြုနိုင်ကြပါစေ၊၊
စာရေးသူ အရှင်ဧသကနှင့် ဘုရားဒါယကာ ကိုရန်မျိုးအောင်
အရှင်ဧသက မှပေးပို့လိုက်ပါသည်။
မျှော်လင့်ချက်နဲ့ အသက်ရှင်မယ်
Dear friend,
I told GOD: Let all my friends be
healthy and happy forever…!
GOD said: But for 4 days only….!
I said: Yes, let them be
a Spring Day, Summer Day,
Autumn Day, and Winter Day.
GOD said: 3 days.
I said: Yes,
Yesterday,
Today and Tomorrow.
GOD said: No, 2 days!
I said: Yes,
a Bright Day (Daytime)
and Dark Day (Night-time).
GOD said: No, just 1 day!
I said: Yes!
GOD asked: Which day?
I said: Every Day in the living
years of all my friends!
GOD laughed, and said: All your friends
will be healthy and happy Every Day!
Send this to your friends and bless
them with good health and happiness…
Pass on the warmth despite
the ever-changing weather… !

Butterflies don't know the colour of their wings,but human eyes know how nice it is...like my friend u don't know how good you are,but i know how special you are….
Have a glorious 2010 year-end and a super glorious 2011 year!

ဒီအဖွဲ့ဝင်တွေအနေနှင့် စည်းကမ်းချက်တော့မဟုတ်ပါဖူး လိုက်နာစေချင်သော အချက် ၅ ချက်ရှိပါသည်။
၁။ IT နည်းပညာနှင့် သတ်ဆိုင်သော ကိစ္စများကိုသာ Post တင်ပေးကြပါရန်။
၂။ ကူးယူလာသော Post ဖြစ်ပါက မူရင်း URL ဖော်ပြပေးပါရန်။
၃။ မိမိနီးစပ်ရာ မိတ်ဆွေများထဲမှ IT နည်းပညာကို ကျွမ်းကျင်သူများ၊ လေ့လာနေသူများ နှင့် တက်ကျွမ်းလိုသူများအား ဒီ group ထဲမှာ add လုပ်ပေးကြပါရန်။
၎။ မိမိတက်ကျွမ်းထားသည်ကို ပြန်လည်မျှဝေပေးပါရန်။ (ကိုယ်တက်သလောက်တော့ သူလည်းတက်ပါတယ်လို့ မထင်ကြစေလိုပါ။ မည်သို့ပင်လွယ်ကူသည့် ကိစ္စဖြစ်ပါစေ မသိသေးသူအတွက် အခက်အခဲရှိနိုင်ပါတယ်။)
၅။ မိမိ IT နည်းပညာ အခက်အခဲများကို ချပြပေးပါ။ (ကိုယ့်အခက်ခဲကို တင်ပြပေးဖို့ကလည်း အရေးကြီးပါတယ်။ IT နည်းပညာဆိုဒ် သမားဆိုသိမှာပါ။ စာဖတ်သူရဲ့ အခက်အခဲကို ကြည့်ပြီးမှ ပြန်ရှယ်ယာလုပ်ပေးရတာဖြစ်ပါတယ်။ စာဖတ်သူရဲ့ အခက်အခဲကို ဝိုင်းဝန်းဆွေးနွေးအဖြေရှာသွား မှာဖြစ်ပါတယ်။)
Contact Us
Information & Technology Network
URL - http://www.facebook.com/home. php#!/home.php?sk=group_ 191007117581093&ap=1
Mail - itnetwork4burma@groups. facebook.com
I told GOD: Let all my friends be
healthy and happy forever…!
I said: Yes, let them be
a Spring Day, Summer Day,
Autumn Day, and Winter Day.
GOD said: 3 days.
I said: Yes,
Yesterday,
Today and Tomorrow.
GOD said: No, 2 days!
I said: Yes,
a Bright Day (Daytime)
and Dark Day (Night-time).
GOD said: No, just 1 day!
I said: Yes!
GOD asked: Which day?
I said: Every Day in the living
years of all my friends!
GOD laughed, and said: All your friends
will be healthy and happy Every Day!
Send this to your friends and bless
them with good health and happiness…
Pass on the warmth despite
the ever-changing weather… !
Butterflies don't know the colour of their wings,but human eyes know how nice it is...like my friend u don't know how good you are,but i know how special you are….
Have a glorious 2010 year-end and a super glorious 2011 year!
Posted: 02 Jan 2011 08:32 PM PST
နှစ်စဉ်လွတ်လပ်ရေးနေ့နီးလာတိုင်း ထွက်ပေါ်လာတတ်တဲ့ အကျဉ်းသားတွေလွတ်မယ်ဆိုတဲ့သတင်း ကြောင့် နိုင်ငံရေးအကျဉ်းသားမိသားစုဝင်ေ တွဟာ မျှော်လင့်နေကြပါတယ်။ ပူတာအိုအကျဉ်းထောင်မှာ ထောင်ဒဏ် ၆၅နှစ်ကျခံနေရတဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တဦးဖြစ် တဲ့ ကိုအောင်သူရဲ့ ဇနီးမမြတ်မြတ်ထွန်းက ဒီရက်ပိုင်းအကျဉ်းသားတွေလွတ်မယ် ဆိုတဲ့သတင်းကြောင့် မျှော်လင့်နေတာနဲ့ တပြိုင်နက် ကိုအောင်သူလေဖြတ်သလိုဖြစ်နေတယ် ဆိုတဲ့သတင်းကြောင့် လိုက်သွားဖို့ပြင်ဆင်နေတဲ့အကြော င်း ဘီဘီစီကို ပြောပြပါတယ်။
၃ ရက်နေ့လွတ်မှာလိုလို ဘာလိုလိုပေါ့ပြောသံကြားတယ်။ မျှော်လင့်တာပေါ့ လွတ်တာမလွတ်တာ တကဏ္ဍ ပြန်လာတဲ့သူတွေကပြောတော့ နည်းနည်းလေဖြန်းချင်သလိုဖြစ်ေ နတယ်ပြောလို့ ကျမအဲဒါကြားလို့စိတ်ပူနေတာ ဂွမ်းကပ်တွေတော့ယူသွားမလို့ စဉ်းစားနေတာ အနွေးထည်တို့ဘာတို့မလုံလောက်မှာ ကြောက်လို့ အအေးလှိုင်းဖြတ်မယ်လို့ပြောသြံ ကားနေတယ်။ လောလောဆယ်အေးနေတော့ အဲဒါတွေကာကွယ်ဖို့ ယူုသွားရမှာပေါ့
မိသားစုအနေနဲ့ ချက်ချင်းလိုက်သွားချင်ပေမယ့် လေယာဉ်လက်မှတ်ကလည်းမလွယ် ခရီးစရိတ်ကလည်း ၅သိန်းလောက်ကုန်မှာမို့ စီစဉ်နေရတဲ့အကြောင်း မမြတ်မြတ်ထွန်းကပြောပါတယ်။ မမြတ်ထွန်းထွန်းက မျှော်လင့်ပေမယ့် မြင်းခြံထောင်မှာ ထောင်ဒဏ် ၆၅ နှစ်ကျခံနေရတဲ့ ၈၈ ကျောင်းသူ မသက်သက်အောင်ရဲ့မိခင် ဒေါ်စုစုကြည်ကတော့ ခဏခဏ အကျဉ်းသားတွေ လွှတ်မယ်ဆိုတဲ့သတင်းတွေကြားပြီး တကယ်မလွတ်တာကြောင့် မမျှော်ရဲတော့ဘူးလို့ ပြောပါတယ်။
သူများတွေကတော့ ၃ ရက်နေ့ကို ထူးမယ်လို့ပြောတာပဲပေါ့လေ မျှော်လင့်ရတာတွေက မောလှပြီ ရွေးကောက်ပွဲမတိုင်မှီလွှတ်မယ် ရွေးကောက်ပွဲပြီးလွှတ်မယ်နဲ့ မျှော်ရင်းမျှော်ရင်းကနေ အန်တီလေ မျှော်တောင်မမျှော်ရဲတော့ဘူြး ဖစ်နေလေ လွှတ်မှသာလွှတ်တော့ ကိုယ့်လက်ထဲရောက်မှပဲ ကိုယ့်မိသားစုပြန်ဖြစ်မယ်ဆိုပြီး သဘောထားထားရတယ်။
မသက်သက်အောင်ရဲ့အမေ ဒေါ်စုစုကြည်ပါ။ ဒေါ်စုစုကြည်ဟာ မသက်သက်အောင်အပြင် မသက်သက်အောင်ခင်ပွန်းဖြစ် ပခုက္ကူထောင်ကကိုချစ်ကိုလင်း၊မိ တ္တိလာထောင်မှာရှိတဲ့ ဒေါ်စုစုကြည်ရဲအမ ဒေါ်စန်းစန်းတင်နဲ့ မအူပင်ထောင်မှာရှိတဲ့ တူမမနိုးနိုးတို့ကို အလှည့်ကျထောင်ဝင်စာသွားတွေ့ေ နရသူဖြစ်ပါတယ်။ တောင်ငူထောင်မှာ ထောင်ဒဏ်၆၅နှစ်ကျခံနေရတဲ့ ၈၈ကျောင်းသားခေါင်းဆောင်တဦြး ဖစ်တဲ့ ကိုဇော်ဇော်မင်းရဲ့ဇနီးလည်းဖြစ် မုံရွာထောင်မှာ ထောင်ဒဏ်ကျခံနေရတဲ့ ၂၀၀၇ ဗကသကျောင်းသားခေါင်းဆောင် ဒီငြိမ်းလင်းရဲ့မိခင်လည်းဖြစ် တဲ့ မဋ္ဌေးဋ္ဌေးဝင်းကတော့ သူ့ခင်ပွန်းနဲ့ သူ့သား အိမ်ပြန်ရောက်မှပဲ ရောက်ပြီလို့ မှတ်ယူထားတဲ့အကြောင်း ဘီဘီစီကို ပြောပြခဲ့ပါတယ်။
၃ ရက်နေ့လွတ်မှာလိုလို ဘာလိုလိုပေါ့ပြောသံကြားတယ်။ မျှော်လင့်တာပေါ့ လွတ်တာမလွတ်တာ တကဏ္ဍ ပြန်လာတဲ့သူတွေကပြောတော့ နည်းနည်းလေဖြန်းချင်သလိုဖြစ်ေ
မိသားစုအနေနဲ့ ချက်ချင်းလိုက်သွားချင်ပေမယ့် လေယာဉ်လက်မှတ်ကလည်းမလွယ် ခရီးစရိတ်ကလည်း ၅သိန်းလောက်ကုန်မှာမို့ စီစဉ်နေရတဲ့အကြောင်း မမြတ်မြတ်ထွန်းကပြောပါတယ်။ မမြတ်ထွန်းထွန်းက မျှော်လင့်ပေမယ့် မြင်းခြံထောင်မှာ ထောင်ဒဏ် ၆၅ နှစ်ကျခံနေရတဲ့ ၈၈ ကျောင်းသူ မသက်သက်အောင်ရဲ့မိခင် ဒေါ်စုစုကြည်ကတော့ ခဏခဏ အကျဉ်းသားတွေ လွှတ်မယ်ဆိုတဲ့သတင်းတွေကြားပြီး တကယ်မလွတ်တာကြောင့် မမျှော်ရဲတော့ဘူးလို့ ပြောပါတယ်။
သူများတွေကတော့ ၃ ရက်နေ့ကို ထူးမယ်လို့ပြောတာပဲပေါ့လေ မျှော်လင့်ရတာတွေက မောလှပြီ ရွေးကောက်ပွဲမတိုင်မှီလွှတ်မယ် ရွေးကောက်ပွဲပြီးလွှတ်မယ်နဲ့ မျှော်ရင်းမျှော်ရင်းကနေ အန်တီလေ မျှော်တောင်မမျှော်ရဲတော့ဘူြး
မသက်သက်အောင်ရဲ့အမေ ဒေါ်စုစုကြည်ပါ။ ဒေါ်စုစုကြည်ဟာ မသက်သက်အောင်အပြင် မသက်သက်အောင်ခင်ပွန်းဖြစ် ပခုက္ကူထောင်ကကိုချစ်ကိုလင်း၊မိ
Posted: 02 Jan 2011 01:36 AM PST
မန္တလေးဆေးတက္ကသိုလ်က ဒုတိယနှစ် ဆေးကျောင်းသား ၂၅ ယောက်ဟာ အောက်တိုဘာနဲ့ နိုဝင်ဘာလက စာမေးပွဲတွေအပြီးမှာ အဆင့်မမှီလို့ဆိုပြီး ကျောင်းကနေအပြီးအပိုင်ထုတ်ခံလို က်ရပါတယ်။ အခုထုတ်ခံရတဲ့ ဆေးကျောင်းသား ၂၀ ကျော်ဟာ ကျောင်းခေါ်ချိန်မပြည့်တာရော သုံးခါဖြေရတဲ့စာမေးပွဲမှာပါ မအောင်တာကြောင့် ပါမောက္ခချုပ် ဒေါက်တာသန်းဝင်းလက်မှတ်နဲ့ ကျောင်းကနေအပြီးအပိုင်ထုတ်ခံလို က်ရတာပါ။ မိဘတွေကတော့ မျှော်လင့်ချက်နဲ့ ပင်ပင်ပန်းပန်းကြိုးစားရုန်းကန် ထားရတဲ့ကြားက ခုလိုကျောင်းကနေအပြီးအပိုင်ထုတ် ခံလိုက်ရတဲ့အတွက် ဘယ်သူ့ကိုအကူအညီတောင်းရမှန်းမသိ ဖြစ်နေတဲ့ကြောင်း မိဘတဦးက ပြောပြပါတယ်။
အောက်တိုဘာ နိုဝင်ဘာစာမေးပွဲမှာ ဘာသာရပ်အားလုံးကျတယ်ဆိုပြီးတော့ ၂၅ယောက်ထုတ်လိုက်တာ ခုတော့ကျနော်တို့က ကိုယ်တိုင်ခံစားရပါတယ်။ ခုတော့ဘယ်တိုင်လို့တိုင်ရမှန်း လဲမသိ ဘာလုပ်လို့လုပ်ရမှန်းမသိ ကျနော်တို့လည်းမရှိမဲ့ရှိမဲ့ကြားကကျောင်းထားခဲ့ပြီး ဂုဏ်ယူနေတယ်။ ခုတော့ သောင်ပြင်လွှတ်တဲ့ခွေးလိုဖြစ်ေ နတယ်။ လူသေသလိုခံစားရတယ် တချို့ဆိုငိုနေတာ ခုထိတောင်ငိုလို့မပြီးသေးဘူး
မိဘတဦးပြောသွားတာပါ။ ကျောင်းသားတွေ ခုလိုကျောင်းထုတ်ခံရတာနဲ့ပတ်သက် ပြီး မန္တလေးဆေးတက္ကသိုလ်မှာ စာသင်ကြားပေးနေတဲ့ ကထိကဆရာတယောက် ရှင်းပြတာကတော့
အရည်အချင်းမြှင့်တဲ့ကာလဆိုတော့ ကျောင်းသားတွေကို ပိုတော်လာအောင်ဆရာတွေဘက်ကတော့ လုပ်နေကြတာပါပဲ စကန်းရီးယားကနေ ပတ်တူးထိက ၂ကြိမ်ထိကျခွင့်ရှိတယ် ၃ကြိမ်ကျရင်တော့ ထုတ်ပလိုက်တာပေါ့ ကျနော်တို့ခေတ်တုန်းက ဆေးတက္ကသိုလ်ကျောင်းသားနဲ့တော့လုံးဝမတူတော့ဘူး တချို့က ၀ါသနာမပါဘဲနဲ့ လာတက်ကြတာကိုး မိဘတွေရဲ့ ဘိုင်ဖိုစ်နဲ့တက်ရတော့ တက်ရင်းနဲ့ စာတွေကလည်းအရမ်းများတဲ့အခါကျတော့  ကျောင်းနဲ့ပိုပြီးအလှမ်းဝေးသွား တဲ့သဘော ဒါတွေကတော့ရှိပါတယ်။
ဆေးတက္ကသိုလ်က ဆရာတဦးပါ ဒီလိုဖြစ်တဲ့ကိစ္စဟာ ကျောင်းသားရော သက်ဆိုင်ရာဆေးတက္ကသိုလ်ရဲ့ အားနည်းမှုတွေကြာင့်ဖြစ်တယ်လို့ ကျောင်းပြီးကာစ ဆရာဝန်တယောက်က သူ့အတွေ့အကြုံကိုပြောပြပါတယ်။
စာတွေကတော့ခက်တယ် ခက်တာကိုမှကျောင်းသားတွေကလည်း ဂိမ်းဆိုင်တွေတော့ ကျူခုံတွေတို့ စင်တင်တို့မာဆတ်ရှ်တို့ အကုန်ရောက်နေတာကို ခုကစည်းကမ်းနဲ့ကိုင်မယ်ဆိုပြီး လုပ်လိုက်တာ ဒီဘက်ကလည်း အားနည်းချက်တွေရှိတာပဲ သင်တဲ့သူဘက်ကလည်းအားနည်းချက်ရှိ တာပဲ သင်ထောက်ကူပစ္စည်းဆို မိုက်ကရိုစကုပ်ဆို တယောက်တလုံးရှိရမှာ လူ လေးငါးဆယ်တလုံးကြည့်ရတယ်။ပြီးေ တာ့ အလောင်းတွေဘာတွေခွဲစိပ်လုပ်ရတာ လည်း အရင်တုန်းက လေးငါးယောက်တလောင်းပေါ့လေ ခုက ၁၀ချီ ရာချီမှတလောင်းဆိုတော့ ဘယ်သူမှလည်းဝင်မစမ်းဖြစ်တော့ဘူး စာကိုလည်းစိတ်ဝင်စားမှုမရှိဘူး အဲလိုဖြစ်နေတာ ကျောင်းသားဦးရေများပြီး သင်မယ့်ဆရာကလေးနည်း ကြပ်မှတ်မှုကလည်း အဲလိုဖြစ်နေတာ
ကျောင်းပြီးကာစ ဆရာဝန်တဦးပြောသွားတာပါ။ အခုလို ဆေးကျောင်းသားဘ၀ကနေ ရာသက်ပန်ထုတ်ခံလိုက်ရတာကြောင့် ကာယကံရှင်ကျောင်းသားတွေထက် မိဘတွေမှာ ရတက်ပွေပြီး သောကတွေပင်လယ်ဝေနေကြရတယ်လို့ သိရပါတယ်ဗျား
အောက်တိုဘာ နိုဝင်ဘာစာမေးပွဲမှာ ဘာသာရပ်အားလုံးကျတယ်ဆိုပြီးတော့ ၂၅ယောက်ထုတ်လိုက်တာ ခုတော့ကျနော်တို့က ကိုယ်တိုင်ခံစားရပါတယ်။ ခုတော့ဘယ်တိုင်လို့တိုင်ရမှန်း
မိဘတဦးပြောသွားတာပါ။ ကျောင်းသားတွေ ခုလိုကျောင်းထုတ်ခံရတာနဲ့ပတ်သက်
အရည်အချင်းမြှင့်တဲ့ကာလဆိုတော့ ကျောင်းသားတွေကို ပိုတော်လာအောင်ဆရာတွေဘက်ကတော့ လုပ်နေကြတာပါပဲ စကန်းရီးယားကနေ ပတ်တူးထိက ၂ကြိမ်ထိကျခွင့်ရှိတယ် ၃ကြိမ်ကျရင်တော့ ထုတ်ပလိုက်တာပေါ့ ကျနော်တို့ခေတ်တုန်းက ဆေးတက္ကသိုလ်ကျောင်းသားနဲ့တော့လံ
ဆေးတက္ကသိုလ်က ဆရာတဦးပါ ဒီလိုဖြစ်တဲ့ကိစ္စဟာ ကျောင်းသားရော သက်ဆိုင်ရာဆေးတက္ကသိုလ်ရဲ့ အားနည်းမှုတွေကြာင့်ဖြစ်တယ်လို့ ကျောင်းပြီးကာစ ဆရာဝန်တယောက်က သူ့အတွေ့အကြုံကိုပြောပြပါတယ်။
စာတွေကတော့ခက်တယ် ခက်တာကိုမှကျောင်းသားတွေကလည်း ဂိမ်းဆိုင်တွေတော့ ကျူခုံတွေတို့ စင်တင်တို့မာဆတ်ရှ်တို့ အကုန်ရောက်နေတာကို ခုကစည်းကမ်းနဲ့ကိုင်မယ်ဆိုပြီး
ကျောင်းပြီးကာစ ဆရာဝန်တဦးပြောသွားတာပါ။ အခုလို ဆေးကျောင်းသားဘ၀ကနေ ရာသက်ပန်ထုတ်ခံလိုက်ရတာကြောင့် ကာယကံရှင်ကျောင်းသားတွေထက် မိဘတွေမှာ ရတက်ပွေပြီး သောကတွေပင်လယ်ဝေနေကြရတယ်လို့ သိရပါတယ်ဗျား
Posted: 02 Jan 2011 04:43 AM PST
IT နည်းပညာကိုစိတ်ဝင်စားသော လူငယ်များစုပေါင်းတည်ထောင်ထား သည့် facebook group တစ်ခုဖြစ်သည်။ နိုင်ငံတကာကိုရောက်ရှိနေသာ မြန်မာလူငယ်များနှင့် ပြည်တွင်းရှိ မြန်မာလူငယ်များအတွက် တစ်နေရာတည်းတွင် IT နည်းပညာများ စုပေါင်းဆွေးနွေးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် စတင်တည်ထောင်သည်။ တစ်ဦးတစ်ယောက်က ဦးဆောင်ဖွဲ့စည်းထားခြင်းမျိုး မဟုတ်ပဲ အားလုံးစုပေါင်းထားသော Co-operation စနစ်ဖြင့် ရပ်တည်သွားမည့် Open Group ဖြစ်သည်။
ဒီအဖွဲ့ဝင်တွေအနေနှင့် စည်းကမ်းချက်တော့မဟုတ်ပါဖူး လိုက်နာစေချင်သော အချက် ၅ ချက်ရှိပါသည်။
၁။ IT နည်းပညာနှင့် သတ်ဆိုင်သော ကိစ္စများကိုသာ Post တင်ပေးကြပါရန်။
၂။ ကူးယူလာသော Post ဖြစ်ပါက မူရင်း URL ဖော်ပြပေးပါရန်။
၃။ မိမိနီးစပ်ရာ မိတ်ဆွေများထဲမှ IT နည်းပညာကို ကျွမ်းကျင်သူများ၊ လေ့လာနေသူများ နှင့် တက်ကျွမ်းလိုသူများအား ဒီ group ထဲမှာ add လုပ်ပေးကြပါရန်။
၎။ မိမိတက်ကျွမ်းထားသည်ကို ပြန်လည်မျှဝေပေးပါရန်။ (ကိုယ်တက်သလောက်တော့ သူလည်းတက်ပါတယ်လို့ မထင်ကြစေလိုပါ။ မည်သို့ပင်လွယ်ကူသည့် ကိစ္စဖြစ်ပါစေ မသိသေးသူအတွက် အခက်အခဲရှိနိုင်ပါတယ်။)
၅။ မိမိ IT နည်းပညာ အခက်အခဲများကို ချပြပေးပါ။ (ကိုယ့်အခက်ခဲကို တင်ပြပေးဖို့ကလည်း အရေးကြီးပါတယ်။ IT နည်းပညာဆိုဒ် သမားဆိုသိမှာပါ။ စာဖတ်သူရဲ့ အခက်အခဲကို ကြည့်ပြီးမှ ပြန်ရှယ်ယာလုပ်ပေးရတာဖြစ်ပါတယ်။ စာဖတ်သူရဲ့ အခက်အခဲကို ဝိုင်းဝန်းဆွေးနွေးအဖြေရှာသွား
Contact Us
Information & Technology Network
URL - http://www.facebook.com/home.
Mail - itnetwork4burma@groups.
ရနောင်မြို.(Ranong) ဘန်ကလင်စွယ်လေးလုံရပ်ကွက် (Bangring)မှာနေထိုင်သူ
ဒေါ်ဥမ္မာ (ခ) မမော်၏သားငယ် မောင်ဝင်းပိုင်းထွေး(ခ)ကိုထွေး အသက် ၂၁ နှစ်သည်
၃-၉-၂၀၀၉ ရက်နေ့မှာ ရနောင်မြို့  ပါကျန်ရပ်ကွက်မှပြောက်ကွယ်သွားသည်
တွေ့ ရှိပါကကျေးဇူးပြု၍အကြောင်ကြားပေးပါရန် မေတ္တာ၇ပ်ခံအပ်ပါသည်......
သားအမြန်ပြန်လာပါ အမေတို့စိတ်ပူနေတယ်....
ဆက်သယ်ရန်
ဒေါ်ဥမ္မာ
ဖုန်း ၀၀၆၆-၈၇၃၈၈၄၆၂၆
၀၀၆၆-၈၃၁၈၀၉၄၇၅

__._,_.___
Attachment(s) from win san
2 of 2 Photo(s)
Sunday, January 2, 2011
02 Jan 2011
Sangha Council warns monks, novices against using BB chat in public
The director of the Sangha Supreme Council Secretariat has warned Buddhist monks and novices against using BlackBerry mobile phones to perform message exchanging in public places.
Amnart Buasiri, the director of the secretariat of the Buddhist monk ruling body, said his office has received complaints from the public that it was improper for newly-ordained monks and novices to use the so-called BB chat in public.
"The secretariat has sent circulars to all levels of monastic chiefs to instruct and ensure that Buddhist monks and novices under their supervision will not act improperly in term of technology usage," Amnart said.
The Nation
| Posted: 02 Jan 2011 01:12 AM PST ဒီကနေ့ကျရောက်တဲ့ နှစ်ကူးအခါသမယကို ကမ္ဘာအရပ်ရပ်က ပုံစံမျိုးစုံနဲ့ ကြိုဆိုကြသလိုပဲ မြန်မာပြည်ထဲမှာလည်း ငွေကြေးတတ်နိုင်သူတွေက တတ်နိုင်သလို အလှူအတန်းတွေလုပ်ပြီး ကြိုဆိုကြပါတယ်။ လူငယ်ပိုင်းကလည်း သူငယ်ချင်းတွေစုပြီး နှစ်ကူးပြောင်းမယ့်အချိန်ကိုစော မန္တလေးတိုင်း အန်အယ်လ်ဒီအဖွဲ့ချုပ်ကတော့ စစ်ကိုင်းမိဘဂုဏ်ရည်ကျောင်းဆရာေ အပင်ပေါင်းက ၂၀၁၁ ပင်လောက် ရှိပါတယ် ဒီနှစ်သစ်နဲ့လည်း ကိုက်ညီပါတယ်။ အပင်က ကံ့ကော်ပင်တွေပါ။ အဲ့ဒါတွေကို ကျနော်တို့က သစ်ပင်စိုက်ပျိုးနေတဲ့အဖွဲ့အစည် မန္တလေးအန်အယ်လ်ဒီ ပြန်ကြားရေးတာဝန်ခံ ဦးမျိုးနိုင်ပါ။ နာရေးကူညီမှုအသင်းရန်ကုန်ရဲ့ ဥက္ကဋ္ဌ ဦးကျော်သူကတော့ ဒီကနေ့ကျရောက်တဲ့ သူ့ဇနီး ဒေါ်ရွှေဇီးကွက်ရဲ့ ၅၂ နှစ်ပြည့်မွေးနေ့နဲ့ သူတို့ရဲ့ မင်္ဂလာသက်တမ်း ၂၉ နှစ်ပြည့်ဖြစ်တာကြောင့် သူကိုယ်တိုင်ဆွဲတဲ့ပန်းချီကား ၃၀ ကျော်ကို ပြပွဲလုပ်ပြီး တက်ရောက်တဲ့ ပရိတ်သတ်တွေကို ကျွေးမွေးဧည့်ခံခဲ့ပါတယ်။ ဒီပွဲကို လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစြု |
| Posted: 02 Jan 2011 12:52 AM PST ၁.၁.၂၀၁၁ (စနေနေ့) သည် ကျွန်တော်အတွက် အဖိုးမဖြတ်နိုင်သောမင်္ဂလာတရားနှ ထိုနေ့ရက်သည် ကျွန်တော်၏ဘ၀၊ ကျွန်တော်၏ လျှောက်လှမ်းနေသော လူသားအကျိုးပြု လမ်းမပေါ်သို့ ဆွဲခေါ်လမ်းပြပေးခဲ့သော ကျွန်တော်၏ ဓူဝံကြယ်၊ ကျွန်တော်၏ မဟေသီဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၏ ကမ္ဘာမြေပြင်ပေါ်သို့ စတင်ရောက်ရှိလာသော နေ့တစ်နေ့လည်း ဖြစ်သည်။ နှစ်သစ်မင်္ဂလာနေ့ရက်တွင် မွေးဖွားခဲ့သော ကျွန်တော်ဘ၀ရဲ့ ကောင်းကျိုးအသစ် အသစ်တွေကို ဖန်တီးပေးခဲ့သော ရွှေဇီးကွက်တည်းဟူသော လူမှုအကျိုးဆောင် အမျိုးသမီးတစ်ဦး မွေးဖွားသန့်စင်လာသော နေ့ရက်တစ်ရက်လည်း ဖြစ်သည်။ နံနက်စောစောပိုင်း (၄း၀၀) နာရီတွင် အိပ်ယာမှထပြီးနောက် မေတ္တာပို့သ၊ ဘုရားရှစ်ခိုး၊ ပုတီးစိပ်အပြီး ကျွန်တော်ရဲ့ အိမ်ပြင်သို့ထွက်ကာ ပတ်ဝန်းကျင်ကို လေ့လာလိုက်သည့်အခါ အလွန်ကိုသာယာလှပ စိုပြေအေးချမ်းမှုကို ခံစားလိုက်မိသည်။ ကျေးငှက်များရဲ့ တေးသီသံကို ကြားလိုက်သည်။ မင်္ဂလာရှိသော အတိတ်နိမိတ်ပင် ဖြစ်တော့သည်။ နံနက် (၇း၃၀) နာရီအချိန်မှစ၍ တဖွဲဖွဲနှင့် ကြွရောက်လာကြသောဧည့်ပရိသတ်များ၊ အသင်းသူ/သားများနှင့် စိုပြေလာသည်။ မွေးနေ့ပွဲအခမ်းအနားစချိန်မှာနံ နံနက် (၈း၃၅) နာရီတွင် ကျွန်တော့်ဆီ တယ်လီဖုန်းသံ မြည်လာတော့သည်။ “ဒေါ်အောင်ဆန်းစုကြည် လာနေပြီတဲ့” အလွန်အံ့သြမိသည်။ ၀မ်းသာမိသည်။ ပရိသတ်အားလုံးလည်း အပြုံးမျက်နှာများ၊ ၀မ်းသာမှုများ၊ နွေးထွေးမှု မဟာအင်အားများ တိုးပွားလာခဲ့တော့သည်။ ဟုတ်သည် … အမေဒေါ်စု (၈း၅၀) နာရီတွင် ရောက်ရှိလာတော့သည်။ အမေစုကို မွေးနေ့ရှင် ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်နှင့် ကျွန်တော်ရဲ့ မိခင် ဖခင်၊ မိတ်ဆွေသင်္ဂဟများ၊ အမေစုကို လေးစားကြည်ညိုသူအားလုံး ၀မ်းမြောက်စွာ ကြိုဆို ဂါရ၀ပြုကြသည်။ အမေစုသည် ကျွန်တော်ရဲ့ ပိတ်ပင်ထားခံရသော အနုပညာလုပ်ငန်းရပ်များ၊ ဖန်တီးရိုက်ကူးထားမှုများ၊ ရေးဆွဲထားချက်များကို စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှု အားပေးခဲ့သည်။ အမေစုသည် ကျွန်တော်ဖန်တီး ပြသထားသော “တရံရောအခါက” ဟူသောရုပ်ရှင်နှင့် ပတ်သက်သည့် ပါဖော်မန့် သရုပ်ပြအခန်းကိုလည်း စိတ်ဝင်တစား ကြည့်ရှုအားပေးခဲ့သည်။ ကျွန်တော်ရဲ့ ငြိမ်သက်နေသောအနုပညာလုပ်ငန်းမျာ အမေ့ရဲ့ စွမ်းအား အမေ့ရဲ့ နွေးထွေးမှု အမေ့ရဲ့ ကြင်နာမှု အမေ့ရဲ့ အားပေးမှုတို့ကြောင့်ပင် ဖြစ်တော့သည်။ ကြွရောက်လာကြသော အနုပညာနှင့် ပါတ်သက်သောသင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများနှင့် ကျွန်တော်အားအားပေးသူ၊ ကြင်နာသူ၊ ဂရုပြုကြသူများ၊ ပရိသတ်များ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၊ လူမှုရေးသမားများ၊ ဂီတပညာရှင်ကြီးများနှင့် စာပေပညာရှင်များ အပါအ၀င် အသက် (၉၀) ကျော်ပြီဖြစ်သော်လည်း Kyaw Thu’s Art Zone ရှိလှေကားအတက်အဆင်းများတွင် ဖန်တီးပြသထားသော အနုပညာပြချက်များကို စိတ်ပါဝင်စားစွာ တက်ကြွစွာဖြင့် လာရောက်အားပေးသော ဆရာကြီးပါရဂူ၊ ပန်းချီပညာရှင်များနှင့် ဆရာကြီးမောင်ဒီ၊ ရုပ်ရှင်ပညာရှင်ကြီးများဖြစ်သော ဒါရိုက်တာကြီး ဦးအောင်မြင့်မြတ်နှင့်တကွ ကျွန်တော်၏ အနုပညာဖန်တီးမှု၊ ကျွန်တော်ရဲ့ လူမှုရေးစွမ်းဆောင်မှုတို့ကို လေးစားအားပေးမှုများကို ထပ်ဆင့် ထပ်ဆင့် အားပေးချီးမြှင့် အသိအမှတ်ပြုသော အမေဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သားများ၊ လူငယ်မျိုးဆက်သစ်များ၊ အနာဂတ်ခေါင်းဆောင် လူငယ် လူရွယ်များအားလုံးကိုအထူးလေးစား ဂါရ၀ဖြင့် နှလုံးသားထက်တွင် မှတ်တမ်းတင်လိုက်ရသော “တစ်လေးလုံး” မင်္ဂလာရှိသော နေ့မြတ် တစ်ရက်ပင် ဖြစ်ပါတော့သည်။ ကျော်သူ |
| Posted: 01 Jan 2011 06:14 PM PST |
Subscribe to:
Posts (Atom)