





သံမဏိနှင်းဆီဂျာနယ်ထုတ်ဝေသူ ဒီနေ့မနက် အသတ်ခံရတယ်တဲ့
မြန်မာပြည်မှာ သတ်ဖြတ်ခံရတဲ့လူတွေ
လုပ်ကြံခံရတဲ့လူတွေ ကြည့်လိုက်ရင်
ဒီမိုကရေစီလိုလားသူတို့
NLDဘက်တော်သားတို့
၂၀၀၈ခြေဥကို လက်မခံနိုင်တဲ့သူတို့တွေချည်းပဲဖြစ်နေတယ်
ကြံ့ဖွတ်ပါတီဝင်တို့
စစ်တပ်ထောက်ခံသူတို့
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကတို့ အသတ်ခံရတာ
အရိုက်ခံရတာ လုပ်ကြံခံရတာ တစ်ခါမှ
မကြားမိဘူး
မြန်မာပြည်မှာ
ကြံ့ဖွတ်ဘက်မှ နေရခြင်းသည်၎င်း
မဘသဘက်မှ နေရခြင်းသည်၎င်း
စစ်တပ်ဘက်မှ နေရခြင်းသည်၎င်း
အဟောဝတ ချမ်းသာပေစွ
ဘေးကင်းပေစွ လုံခြုံပေစွ
လုံခြုံမှာပေါ့
ဘေးကင်းမှာပေါ့
သူတို့လက်ထဲ သေနတ်ရှိတာကိုး
အန္တရာယ်များမှာပေါ့
လုပ်ကြံခံရမှာပေါ့
ဒီမိုကရေစီဘက်တော်သားတွေဘက်မှာ အပ်တိုတစ်ချောင်းတောင် မရှိဘူးကိုး
ဘယ်သူဘာပြောပြော
ဘယ်ခေတ်ရောက်လို့ ဘယ်အစိုးရပဲတက်တက် မြန်မာပြည်မှာ
နိုင်ရာစား တောရိုင်းဥပဒေက အသက်ဝင်ဆဲပါပဲကွယ်
PDF(သာဂိ)
.
.
'' ဘယ်ဘဝက ဝဋ်ကြွေးတွေလဲ ''
--------------------------------------------
ဒီမိုကရေစီ အတွက် ကျရာနေရာက တိုက်ပွဲဝင် နေပြီး အာဏာရှင် နဲ့ ခရိုနီတွေ ရဲ့ ဂုတ်သွေးစုပ်တာတွေကို ထောက်ပြရေး သားနေတဲ့ သံမဏိ နှင်းဆီဂျာနယ် ထုတ်ဝေသူ ဟာ မနက်က အသတ်ခံ လိုက်ရပါတယ်။
ဦးကိုနီ အမှု မပေါ်သေးပါဘူး။
မိသားစု တစ်စုလုံး အသတ်ခံလိုက်ရတဲ့ မင်္ဂလာဒုံက လေးလောင်းပြိုင်အမှု ပျောက်သွား ပါပြီ အစ ရှာမရတော့ပါ။
ရှင်းရှင်းပြောရရင်
မြန်မာပြည်မှာ ၂၀၀၈ ခြေ/ဥ မပြင်မချင်း သိကြားမင်း အသတ်ခံရရင် တောင် အမှုမှန် ပေါ်မှာမဟုတ်ပါဘူး။ တရားခံ ဖမ်းမိ ဖို့ဆို ဝေလာဝေး။
ပြည်သူပြည်သားတွေ ရဲ့ အသက်အိုးအိမ်ကို သူတို့ ကြိုက်သလို စီရင်ပိုင်ခွင့် ရှိနေတာ ဘယ်ဘဝက ဝဋ်ကြွေးတွေလဲ ..... ။
----------
မင်းရသ
.
Credit : PDF(သာဂိ) , မင်းရသ via လမ်းပြ ကြယ်ဖြူ
သံမဏိ နှင်းဆီ ဂျာနယ် ထုတ်ဝေသူ သတ်ခံရ
Image caption ကိုဝေယံဟိန်းကို သူနေထိုင်ရာ တိုက်ခန်း အတွင်းမှာ ထိုးသွင်း ဒဏ်ရာ တွေ နဲ့ သေဆုံး နေတာ ကို တွေ့ရှိရ
သံမဏိ နှင်းဆီ ဂျာနယ် အယ်ဒီတာ ကိုဝေယံဟိန်း ကို ဗိုလ်တထောင်ဈေးလမ်း က သူ့ရုံးခန်းမှာ ဧပြီလ ၁၆ ရက်နေ့ သင်္ကြန် အတက်နေ့ မနက်က ဝမ်းဗိုက်မှာ ဒဏ်ရာ တွေနဲ့ သေဆုံးနေတာ ကို တွေ့ရှိခဲ့ပါတယ်။
ပတ်ဝန်းကျင်မှာ အနံ့ တွေ ထွက် နေလို့ ဘေးအိမ်ကနေပြီး မိဘတွေ ကို အကြောင်းကြား တဲ့ အတွက် ဝင်ရောက် ရှာဖွေတဲ့ အခါမှာ သေဆုံး နေတာ ကို တွေ့ရှိခဲ့ရတာ ဖြစ်ကြောင်း ဖခင် ဖြစ်သူ ဦးစိန်အုပ် က ပြောပါတယ်။
ညာဘက် ဝမ်းဗိုက်မှာ ထိုးသွင်း ဒဏ်ရာ ၁၅ ချက်လောက် တွေ့ရှိရတယ်လို့ ဖခင် ဖြစ်သူ က ပြောပါတယ်။
လောလောဆယ်မှာ အလောင်းကို ရင်ခွဲ စစ်ဆေးဖို့ ဆေးရုံကြီး ကို ပို့ထားရပါတယ်။ ဆေးစာ ရမှ လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လက် ဆောင်ရွက်မယ်လို့ ရဲတပ်ဖွဲ့ က ပြောပါတယ်။
ကိုဝေယံဟိန်း က လူတိုင်းနဲ့ သင့်တင့်အောင် ပေါင်းသင်း တတ်သူ ဖြစ်ပြီး ရန်ငြိုးရန်စ ရှိတယ်လို့ မကြားဘူးကြောင်း ဖခင် ဖြစ်သူ ဦးစိန်အုပ် က ဘီဘီစီ ကို ပြောပါတယ်။
သံမဏီ နှင်းဆီ ဂျာနယ် ကို ထုတ်ဝေသူ အဖြစ်လုပ်ကိုင်ခဲ့တာ တစ်နှစ်ကျော်ခန့် ရှိပြီလို့ သိရပါတယ်။ ဂျာနယ်ပါ အရေးအသား တွေနဲ့ ပတ်သက်ပြီး ပြဿနာ တစုံတရာ ရှိတယ်လို့ မကြားဘူး ကြောင်းလည်း ဖခင် ဖြစ်သူက ပြောပါတယ်။
သေဆုံးတာ လေးငါးရက်ခန့် ကြာမြင့်နေပြီလို့ ခန့်မှန်း ရပြီး ပတ်ဝန်းကျင်က တဆင့် မိဘ တွေဆီကို အသိပေး အကြောင်းကြားမှ အလုပ်လုပ် နေထိုင် ရာ တိုက်ခန်း အတွင်းမှာ ထိုးသွင်း ဒဏ်ရာ တွေ နဲ့ သေဆုံး နေတာ ကို တွေ့ရှိရတာ ဖြစ်ပါတယ်။
ရုံးခန်း ထဲမှာ ကိုဝေယံဟိန်း ကိုင်ဆောင်နေကျ လက်ကိုင်ဖုန်း ကို ရှာဖွေ တွေ့ရှိရ ခြင်း မရှိဘူးလို့ ဦးစိန်အုပ် က ပြောပါတယ်။ ကိုဝေယံဟိန်း က သူရိယ နေဝန်း ဂျာနယ် နဲ့ စာနယ်ဇင်း အလုပ်တွေ စတင် ဆောင်ရွက်ခဲ့သူ ဖြစ်ပြီး သူရိယနေဝန်း ဂျာနယ် ထုတ်ဝေသူ ကိုမိုးဟိန်း ရဲ့ တူတော်စပ်သူပါ။
သင်္ကြန်ကာလ ဂျာနယ် အလုပ်ခန်း ပိတ်ထားတဲ့ အတွက် ကွန်ပျူတာ အသုံးပြုတာ၊ အီးမေးလ် ပို့တာတွေလည်း မတွေ့ရဘူးလို့ ဖခင် ဖြစ်သူက ပြောပါတယ်။ ဘာဖြစ်ခဲ့ တယ် ဆိုတဲ့ သဲလွန်စ ရနိုင်စရာ ကတော့ သူ့ရဲ့ ဖုန်းတစ်ခု ပဲ ရှိတယ်လို့ ဦးစိန်အုပ်က ပြောပါတယ်။
ဧပြီလ ၁၁ ရက်နေ့မှာ ကိုဝေယံဟိန်း နဲ့ မိသားစုဝင်တွေ နောက်ဆုံး အဆက် အသွယ် ရခဲ့ပြီး၊ ဧပြီလ ၁၆ ရက်နေ့မှာ သေဆုံး နေတာ ကို ရှာဖွေ တွေ့ ရှိခဲ့ရတာ ဖြစ်ပါတယ်။
လောလောဆယ်မှာ ဂျာနယ်တိုက် ဖွင့်လှစ် ထားတဲ့ တိုက်ခန်း ကို ရဲတပ်ဖွဲ့ က လုံခြုံရေး အစောင့်အရှောက် ပေးထားတယ်လို့ သိရပါတယ်။
အခု အမှုကို ပုဇွန်တောင် မြို့နယ် ရဲစခန်း က လူသတ်မှု ပုဒ်မ ၃၀၂ နဲ့ မြို့နယ် ရဲတပ်ဖွဲ့မှူး ကိုယ်တိုင် ဉီးဆောင်ပြီး စုံစမ်း စစ်ဆေး နေကြောင်း သိရှိရပါတယ်။
No comments:
Post a Comment