Showing posts with label မေတ္တာရပ်ခံခြင်း. Show all posts
Showing posts with label မေတ္တာရပ်ခံခြင်း. Show all posts

Friday, November 16, 2012

ဗိုက်ပေါက်ရဲ.အနာကို ဘယ်သူဆေးကုပေးမှာလဲ ( ဇော်သက်ထွေး )




ဗိုက်ပေါက်လို. နိုင်ငံရေးအသိုင်းအ၀န်းကခေါ်ကြတဲ့ ( ထွန်းလင်းကျော် ) နိုင်ငံရေးလုပ်ခဲ့တာ ၂၄ နှစ်ရှိ ခဲ့ပါပြီ။

အခုတော့ သူ.ကိုမြင်တွေ.ရသည်မှာ ခန္ဓာကိုယ်ပိန်လျလျ စကားပြောရင် လေဆက်ပြတ်မသွားအောင်
အားတင်းပြောရတယ်။ စကားတစ်ခါပြောပြီးရင် နားရတယ်။ ဒါမှသာ ဆက်ပြောလို.ရတယ်။

ဗိုက်ပေါက်ကစကားပြောရင်း အကျီချွတ်လိုက်တယ်။ သူ.ခန္ဓာကိုယ် ညာဘက်ချိုင်းအောက်နားမှာ ပလာစတာကပ်ထားတဲ့နေရာတစ်ခုကိုတွေ.ရတယ်။ သူက အားလုံးကိုခွင့်တောင်းပြီး ဆေးအိတ် ကလေးကိုလှမ်းယူလိုက်တယ်။

ပလာစတာကပ်ထားတဲ့ နေရာကို ဆွဲခွာလိုက်တော့ ၂ လက်မ ပတ်လည် အပေါက်ကြီးတစ်ခု ကို တွေ. ရတယ်။
ကျွန်တော့်ကျောထဲမှာ စိမ့်ကနဲဖြစ်သွားတယ်။ ဗိုက်ပေါက်ကတော့ အေးအေးဆေးဆေးပါပဲ။
ဆေးထည့်တဲ့ညှပ်ယူပြီး အပေါက်ထဲကနေ ပတ်တီးလိပ်တွေကို တစ်ခုချင်းဆွဲထုတ်နေတယ်။ သူ.ခန္ဓာကိုယ်ထဲက ပတ်တီးလိပ်(၅) လိပ်ထွက်လာတယ်။  ပြီးတော့ ယူဇောစိမ်ထားတဲ့ ပတ်တီးလိပ် အသစ် (၅) လိပ်ကို အဲဒီအပေါက်ထဲကနေ တစ်ခုချင်းပြန်ထည့်လိုက်တယ်။

သူ.အနာအ၀က ၂ လက်မကျော်၊ အနာရဲ.အတွင်းပိုင်းအကျယ်က ၄ လက်မလောက်ရှိပြီး ဖောက် တံအဆုံးဆိုရင် ၆ လက်မလောက်ရှည်တယ်။ သူ.ခန္ဓာကိုယ်အတွင်းပိုင်းကို သန်.ရှင်းရေးလုပ်ဖို. သူကိုယ်တိုင်ပဲ နိစ္စဒူဝလုပ်ရတာ ဖြစ်ပါတယ်။





ထွန်းလင်းကျော် (သို့မဟုတ်) အညတရ အလင်းတစက် from khun saing on Vimeo.

 ဗိုက်ပေါက်ဆိုတာ တကယ်တော့ ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်ရဲ. အနီးကပ်လုံခြုံရေးတစ်ယောက်၊
အမျိုးသားဒီမိုကရေစီ အဖွဲ.ချုပ်အပေါ် သစ္စာစောင့်သိခဲ့တဲ့ ပါတီဝင်တစ်ယောက် " နိုင်ငံရေးအကျဉ်း သားများ လွတ်မြောက်ရေး "ဆိုင်းဘုတ်ကိုင်ပြီး ၂၀၀၄ ခုနှစ်က မြို.တော်ခန်းမရှေ.မှာ တစ်ကိုယ်တော် ဆန္ဒပြခဲ့သူတစ်ယောက်။
သူဘာဖြစ်လို. ဒီရောဂါရခဲ့သလဲ။ သူ.ကျမှ ကံကြမ္မာက ဘာလို.မျက်နှာသာမပေးခဲ့တာလဲ။

ဗိုက်ပေါက်က ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံကြီးမှာ ပါဝင်ခဲ့ပြီးနောက် မြန်မာနိုင်ငံလုံးဆိုင် ရာ ကျောင်း သားသမဂ္ဂ (မ.က.သ)မှာစတင်လှုပ်ရှားခဲ့ပါတယ်။ အဲဒီနောက်မှာ ဗဟန်းမြို.နယ် NLD လူငယ်အဖြစ်ဝင်ရောက်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲ ကာလမှာပြည်သူတွေ မဲပေး ပုံ ပေးနည်းများကို လိုက်လံပြသပေးခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ.ချုပ်က ဦးကြည်မောင်ရဲ.မဲဆွယ်ဟောပြော ပွဲတစ်ချို.ကို လိုက်ပါဆောင်ရွက်ပေးခဲ့ရပြီး ၁၉၉၈ မှာ ဒဂုံမြို.နယ်လူငယ်တာဝန်ခံ (၃) အဖြစ် တာဝန်ပေး အပ်ခြင်းခံခဲ့ရပါတယ်။ ၁၉၉၈ ခုနှစ် ၉ လပိုင်းကစတင်ပြီး ၂၀၀၄ ခုနှစ် ၁၀လ ပိုင်း အထိ ဒေါ်အောင် ဆန်းစုကြည်နေအိမ်ခြံဝန်းအတွင်းလုံခြုံရေးတာ ၀န် နဲ. အခြားတာဝန်များကို (၆) နှစ်တာ ထမ်းဆောင်ခဲ့ ပါတယ်။ (၆) နှစ်တာ ကာလအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ.အတူနေအိမ်အကျယ်ချုပ် (၃) ကြိမ် ချမှတ်ခံရပြီး အခြားလူငယ်များနဲ. တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄) မှာ နေထိုင်ခဲ့ရပါတယ်။


၂၀၀၄ ခုနှစ် ကုန်ပိုင်းမှာ အာဏာပိုင်တွေက နေအိမ်ခြံဝန်းအတွင်းမှ NLD လူငယ်များအား ဆက်လက် ထားခွင့်မပြုတော့တဲ့အတွက်ထွက်ခွာခဲ့ရပါတယ်။ အပြင်ပြန်ရောက်ပြီး ၂လအကြာမှာ ဒေါ်အောင် ဆန်း စုကြည်နဲ. နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကိုတစ်ကိုယ်တော် ဆန္ဒပြတောင်း ဆိုတဲ့ အတွက် ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။ အဲဒီအချိန်မှာ ကြီးကြီးမားမား ဘာရောဂါမှမရှိခဲ့ပါဘူး။

သူယုံကြည်တဲ့နိုင်ငံရေးအလုပ်တွေကို ဘ၀ရော၊ အသက်ရောပုံအပ်ပြီး လုပ်နိုင်ခဲ့ပါတယ်။


သူအဖမ်းခံရပြီး အောင်သပြေစစ်ကြောရေးစခန်းရောက်တော့ ညှဉ်းပန်းနိုပ်စက်ခံရလို. နည်းနည်းတော့ အထိနာသွားတယ်။

ဒါပေမယ့် စစ်ကြောရေးမှာသိပ်မနေလိုက်ရဘူး။ သူ.ကို အမှုစွဲတင်ပြီး အင်းစိန်ထောင်ပို.လိုက်တယ်။
အင်းစိန်ထောင်ရောက်တော့ ၅ ဆောင်တိုက်မှာနေရတယ်။ ၃လလောက် အချုပ်ဘ၀နဲ.နေပြီးမှ ပုဒ်မ ၅(ည) နဲ.အထူးတရားရုံးကိုထုတ်ပါတယ်။
၂၅-၂-၂၀၀၅ ခုနှစ်မှာ ထောင်ဒဏ် (ရ) နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

ထောင်ကျပြီး ၆ လလောက်အကြာမှာ ဗိုက်ပေါက်ရောဂါစဖြစ်တော့တာပါပဲ။ အဆုတ်ကို အအေးပတ် သွားပြီးတဲ့နောက် အစာစားရင်အန်တယ်။

နောက်တော့ သွေးပါလာတယ်။ တစ်ခါတစ်ခါအန်ရင် သွေးက ရေသန်.ဗူး ၂ ဗူးစာလောက်အန်တယ်။ ဒီမှာ လူလည်းပိန်ကျသွားတယ်။
ဖြူဖျော့ပြီး ဆုတ်ယုတ်သွားတယ်။ ထောင်က စစ်ဆေးကြည့်ပြီး ထောင်ဆေးရုံတင်ပေးပါတယ်။ဒါပေမယ့် ဘာဆေးမှမရှိဘူး။
ဆေးရုံကဆင်းတော့ ၂ တိုက် (အတို) ရောက်သွားတယ်။ ဗိုက်ပေါက်အခြေအနေက ပိုဆိုးဝါးသွား တယ်။ သွေးတွေဆက်တိုက် အန်တယ်။
ထောင်ဆေးရုံပို.တယ်။ ကုပေမယ့် ရောဂါက မသက်သာဘူး။ အဆုတ်နာက တော်တော်ကြီးနေပြီ။ အဲဒီနောက် အခြေအနေမဟန်တော့တာနဲ.အပြင် အင်းစိန်ဆေးရုံကို ပို.လိုက်တယ်။ အင်းစိန်ဆေးရုံက အကျဉ်းသားတွေကိုထားတဲ့ Gward Ward က မြေအောက်ထပ်မှာ မှောင်မှောင်မဲမဲစိုစိုစွတ် စွတ်၊ ထိုင်းထိုင်းမှိုင်းမှိုင်း။ မီးချောင်းမှိန်မှိန်လေးအောက်မှာ သစ်သားကုတင်လေးတွေ ချခင်းပေးထားတယ်။
အကျဉ်းသားတွေအတွက် ဘာမှပေးမထားဘူး။ ကိုယ့်အိပ်ယာနဲ.ကိုယ် အိပ်ကြ။ ဒါပဲ။ အခန်းအပြင်ဖက်မှာ ရဲအစောင့်တွေချထားတယ်။
ကိုယ်လိုသူလိုဘ၀တူ ဆေးရုံတက်လာတဲ့ အကျဉ်းသားတွေကြည့်လိုက်တော့ ပိန်ခြောက်ကြုံလှီနေတဲ့ ခန္ဓာကိုယ်တွေနဲ. ပြူးကြောင်ပြီးကယ်သူမဲ့ ကူသူမဲ့ မျက်လုံးတွေနဲ. နာဇီအကျဉ်းထောင်ထဲက အကျဉ်း သားတွေလိုပါပဲ။




ဗိုက်ပေါက်ကို ဆေးရုံရောက်ရောက်ချင်း သွေးတိတ်ဆေးထိုးပြီး drip တွေ ဘာတွေချိတ်ပေးတယ်။ ဒါပေမယ့် ခြေထောက်ကို သံကြိုးခတ်လိုက်ပြီးကုတင်တိုင်နဲ.ချည် သော့ခတ်ထားတယ်။ သူ.ခမျာ သွေးအန်နေပါတယ်ဆိုမှ လှည့်လို.မရ၊ ပြုလို.မရ။ နိုင်ငံရေးအကျဉ်းသားက ထွက်မပြေးတတ်ဘူး

ဆိုတာ သူတို.မသိကြဘူး။ ဒီကြားထဲမှာ ဗိုက်ပေါက်က ကံဆိုးချင်တော့ VOA က သေသွားပြီလို. အသံလွှင့်ကြေညာသွားတယ်။
ဒီသတင်းလဲလွှင့်ပြီးရော ဗိုက်ပေါက်ကို ချက်ချင်းဆေးရုံကနေ ထောင်ထဲ ပြန်ထည့်လိုက်ကြတယ်။   ထောင်ဆေး ရုံပေါ်ကို ထောင်မှူးနဲ. SB (ထောက်လှမ်းရေး)တွေရောက်လာပြီး မေး ခွန်းတွေ မေးတော့ တာပါပဲ။ လူနာတစ်ယောက်က ဧည့်တွေ.လဲ မရှိဘဲနဲ. ဘယ်လိုလုပ်ပြီး VOA နဲ.ဆက်သွယ်နိုင်မှာလဲ။
သူတို. မကျေမနပ်နဲ. ပြန်သွားတယ်။

ဒါပေမယ့်နောက်တစ်နေ. အကျဉ်းဦးစီးဌာနညွှန်ချုပ်က ဆေးရုံကိုစစ်ဆေးတဲ့ အခါ သေကောင်ပေါင်း လဲဖြစ်နေတဲ့ ဗိုက်ပေါက်ကိုတွေ.သွားတယ်။

ချက်ချင်း ရန်ကုန်ဆေးရုံကြီးကို Refer လုပ်ခိုင်းတယ်။ ဧည့်တွေ.မပေးဖို.တော့ တားမြစ်လိုက် တယ်။ ဆေး ရုံကြီးရောက်မှ ဗိုက်ပေါက်ရဲ.ရောဂါကဆေးသေသေချာချာ ကုသပေးခြင်း ခံရတော့တယ်။ CD Scan ရိုက်တယ်။ ရင်ခေါင်းခွဲစိတ် အထူးကုဆရာဝန်ကြီး ဒေါက်တာခင်မောင်အေးကကိုယ်တိုင် ကု သပေး တယ်။ အဆုပ်ထဲက သွေးကြောကို စက်နဲ.ပိတ်ပေးဖို.အတွက် ပေါင်ကနေပိုက်ထည့်ပြီးလုပ်ကြတယ်။

ကံဆိုးချင်တော့ သွေးကြောကခေါက်နေလို. မအောင်မြင်ခဲ့ဘူး။ နောက်ဆုံးဆရာကြီးက ခွဲစိတ်ကုသဖို. သဘောတူရင် လက်မှတ်ထိုးခိုင်းတယ်။

သေမှာ နဲ. ရှင်မှာ နှစ်လမ်းဘဲရှိတဲ့အတွက် ဗိုက်ပေါက်က လက်မှတ်ထိုးပေးလိုက်တယ်။ ဒါကြောင့်ဆေးရုံကြီးက ၂ ပတ်ကြာရင် ခွဲဖို.ရက်ချိန်းပေးလိုက်ပြီးထောင်ကို ခဏပြန်ပို.လိုက်တယ်။

ထောင်ပြန်ရောက်ပြီး ၁ ပတ်အကြာမှာပဲ ဗိုက်ပေါက်ကို Medical Release နဲ. ထောင်ကနေ လွှတ်ပေး လိုက် တယ်။



ဗိုက်ပေါက် (ခေါ် ) ထွန်းလင်းကျော်၊ ကိုသက်နိုင်စိုး၊ ဖုန်းအောင်၊ ဒေါ်ရီရီဝင်း၊ ဒလကိုသိန်းနိုင်တို.နဲ. အတူတူ လွှတ်ပေးလိုက်တာပါ။

ဒီလိုနဲ.အပြင် ပြန်ရောက်တော့အဆုတ်နာကိုမခွဲဖြစ်ပြန်ဘူး။ သွေးတိတ်ဆေးလေး ထိုးရင်း ဆေးမြီး တိုတွေနဲ.ကုရင်း နိုင်ငံရေးကိုဆက်လုပ်တယ်။
ဒီလိုနဲ. ၂၀၀၈ ဧပြီလရောက်တော့ အကြီးအကျယ် သွေးအန်တယ်။ ရန်ကုန်ဆေးရုံကြီးကို ပို.လိုက် ရတယ်။ ဆေးရုံကြီးရောက်တော့ အောက်စီဂျင်ပေးနေရပြီ။
တစ်လလောက်ကြာမှ ခွဲစိတ်ရတယ်။ သူ.အဆုတ်တခြမ်းကမကောင်းတော့ဘူး။ ဒါကြောင့် လှီးထုတ် ပစ် လိုက် ရတယ်။ ခွဲစိတ်မှုအောင်မြင်ပါတယ်။

ဒါပေမယ့် အနာမကျက်သေးခင် သံငံရည်ထုတ်ဖို. ဗိုက်မှာပိုက်တပ်ထားရတယ်။ ပိုက်ဖြုတ်တဲ့နေ.က ဆရာဝန်က မလာဘူး။

ပိတ်ရက်ဖြစ်နေလို.ဆိုပြီး တာဝန်ကျသူနာပြုဆရာမကိုဖုန်းနဲ.လှမ်းပြောပြီး ဖြုတ်ခိုင်းလိုက်တယ်။ ဆရာမက ဗိုက်ထဲက သံငံရည်မကုန်သေးခင်မှာပိုက်ကိုဖြုတ်လိုက်တယ်။ ၂ ရက်ကြာတော့ ထွန်းလင်းကျော် အသည်း အသန်ဖျားပါလေရော။ ဗိုက်ကဖောင်းလာတယ်။
ကျောဘက်ချုပ်ရိုးကနေ သံငံရည်တွေ စိမ့်ထွက်လာတယ်။ အထဲမှာ သံငံရည်မကုန်ဘဲ ပိုက်ဖြုတ် လိုက်တော့ အထဲမှာလှိုက်ပြီး စားသွားတယ်။
ချောင်းဆိုးရင်လည်း သံငံရည်တွေပါနေပြီး နောက်ဆုံး ဒုတိယအကြိမ်ခွဲစိတ်ဖို. ဆုံးဖြတ်လိုက်ရတယ်။

ဒုတိယအကြိမ် ခွဲစိတ်တဲ့အခါ နံရိုးတစ်ချောင်းကို ၃ လက်မလောက်ဖြတ်ပြီး အပေါက်လုပ်လိုက် ရ တယ်။ နေ. တို င်းအဲဒီအပေါက်ကနေ ယူဇောစိမ်ထားတဲ့ပတ်တီးတွေနဲ. ဆေးထည့် ရတယ်။ အဲဒီအပေါက်နေရာက အဆုတ်ဘဲရှိတာ။ အသားရှိတာမဟုတ်တော့ အသားပြန်တက်ဖို.ဆိုတာ တော်တော်   မလွယ်ဘူး။


အကောင်းဆုံးအဖြေကတော့ ငွေကြေးထောက်ပံမှု၊ အကောင်းဆုံးဆရာဝန်၊ ကျွမ်းကျင်တဲ့နည်းပညာ၊ ပစ္စည်းကရိယာတွေရှိမှ ထွန်းလင်းကျော်ရဲ.ဗိုက်ပေါက်ကို ပြန်ပိတ်နိုင်လိမ့်မယ်။ ခုတော့ ၁ နှစ်ခွဲအရွယ် သားလေးနဲ. ဇနီးနဲ.သူ.ဘ၀ကို ချီတက်နေဆဲပါ။


( တကယ်တော့ ဗိုက်ပေါက် (ခေါ်) ထွန်းလင်းကျော်ရဲ. ကြေကွဲဖွယ်ဘ၀ဟာ အာဏာရှင် စံနစ်ဆိုးကိုဘဲ လက်ညှိးထိုးရမလား )


( တာဝန်မဲ့ တာဝန်ကျေလုပ်တတ်လွန်းတဲ့ လက်ညှိးထောင် ခေါင်းငြိမ့် ဆေးဝန်ထမ်းတွေကိုပဲ တရား ဆိုစွဲ ရမလား )


( ခေတ်ပြောင်းစံနစ်ပြောင်းချိန် ဒီမိုကရေစီလှုပ်ရှားမှုတွေ ခြိမ့်ခြိမ့်သဲသဲ ကျင်းပနေလို. ထွန်းလင်းကျော် ကိုလှည့်မကြည့်အားတဲ့  ဒီမိုကရေစီဘက်တော်သားတွေကိုပဲ အပြစ်ဆိုရမလား )


အဖြေမရှိတဲ့ စာတပုဒ်ကိုငေးကြည့်နေရင်း ထွန်းလင်းကျော် (ခေါ်) ဗိုက်ပေါက်ကို ဘယ်သူဆေးကုပေး မလဲဆိုတဲ့ မေးခွန်းကိုပဲ ထပ်ပြန်တလဲလဲရေရွတ်မြည်တမ်းမိပါတော့တယ်။


( ဇော်သက်ထွေး )


Monday, October 22, 2012

ပညာရေး အကူအညီ အမှန်တကယ် လိုအပ်နေသူ ကျောင်းသူလေးတစ်ဦးကို ကူညီပေးစေလိုပါတယ်။

http://niknayman-niknayman.blogspot.ca/2012/10/blog-post_9364.html

ပညာရေး အကူအညီ အမှန်တကယ် လိုအပ်နေသူ ကျောင်းသူလေးတစ်ဦးကို ကူညီပေးစေလိုပါတယ်။

အကြောင်းအရာ - ပညာသင်စရိတ်ထောက်ပံ့မှုပေးနိုင်ရန် လျှောက်ထားခြင်း။


ပညာသင်စရိတ်ခံစားလိုသူ အမည် - မသက်စုကို။

နိုင်ငံသားအမှတ် - ၈/တတက(နိုင်)၂၁၄၁၄၀။

အောင်မြင်သည့်အတန်း - အခြေခံပညာ အထက်တန်း။

အောင်မြင်သည့် ခုနှစ် - ၂၀၁၀/၂၀၁၁ပညာသင်နှစ်။

အောင်မြင်သည့် ကျောင်း - အမှတ်(၁)အထက်တန်းကျောင်း၊ တောင်တွင်းကြီးမြို့ ။

အောင်မြင်သည့် ဘာသာတွဲ - သိပ္ပံဘာသာတွဲ (BIO) တွဲ။

ရရှိသည့် အမှတ် - (၃၉၇) မှတ် (အမှတ်စာရင်းပူးတွဲပါ)။

အထက်ဖေါ်ပြပါ မသက်စုကို၏ မိခင်ဖြစ်သူ ဒေါ်အေးအေးခိုင်မှ ပညာသင်စရိတ်အား လျှောက်ထားခြင်းဖြစ်ပါသည်။

ကျွန်မ ဒေါ်အေးအေးခိုင်၏ ကိုယ်ရေးအကျဉ်းအား အောက်ပါအတိုင်း ဖေါ်ပြပါသည်။


အမည် - ဒေါ်အေးအေးခိုင် (၈/တတက(နိုင်) ၀၁၃၂၀၃)


ခင်ပွန်းမှာ (၂၀၀၃) ခုနှစ်က ကွယ်လွန်သွားခဲ့ ပြီး ဖြစ်ပါသည်။

အလုပ်အကိုင် - ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ လုပ်သားမှူး။

လစာစကေး - (၄၆၀၀၀) ကျပ် ဖြစ်ပါသည်။

အသက် - ၅၄ နှစ်။

ကျွန်မအနေဖြင့် ကျွန်မတို့ ငယ်စဉ်က စီးပွားရေးကြပ်တည်းခဲ့ သဖြင့် တက္ကသိုလ်ပညာရေးအား တက်ရောက်နှိုင်ခဲ့ ခြင်း မရှိခဲ့ သည့် အတွက် ကျွန်မ၏ တစ်ဦးတည်းသော ဖခင်မရှိသည့် သမီးအား တက္ကသိုလ်ပညာရေးကို သင်ယူတတ် မြောက်စေချင်ပါသည်။

ကျွန်မ၏ သမီးသည် နှစ်စဉ် မူလတန်းမှစ၍ အတန်းတွင်းဆုများ ရရှိခဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ ကျွန်မ၏ သမီးအား စီးပွားရေးတက္ကသိုလ်သို့  တက်ရောက်နှိုင်ပါက အောင်မြင်မှုများစွာ ရရှိလိမ့် မည်ဟု မျှော်လင့် ယုံကြည်ပါတယ်။

ကျွန်မအနေဖြင့်  ယခုလို မျှော်လင့် ယုံကြည်သော်လည်း လစာနဲဝန်ထမ်းတဦးဖြစ်သည့် အတွက် မိဘ၀တ္တရား မကျေပြွန်နှိုင်သည့် အတွက် များစွာ စိတ်မကောင်း ဖြစ်ရပါတယ်။

သို့ ဖြစ်ပါ၍ ကျွန်မ၏ သမီးအား မိထ္ထီလာစီးပွားရေးတက္ကသိုလ်သို့  တက်ရောက်ပညာသင်ကြားနှိင် ရေးအတွက် ပညာသင်စရိတ်ထောက်ပံ့ ကူညီပေးကြပါရန် မိခင်တစ်ဦးအနေနဲ့  အသနားခံလျှောက်ထားအပ်ပါတယ်။


Thursday, October 11, 2012

Peace Buddhists protest against attack on Buddhism ..

 
 
Hello everyone!
 
A peaceful Buddhists protest will be taking place against brutal attack on Buddhism.
 
When:  Saturday October 13, 2012;  
 
                            from 2pm to 4pm
 
 
Where: The Speaker's Corner located at Nathan Philip Square of the Toronto City Hall
 
 
Requested to arrive by 1:45pm.
Please find the attachd file for the flyer and see below email for more detail info.

Thanks.
 



 
 
 From: Bhante Saranapala
Date: Thu, Oct 11, 2012 at 1:37 AM
Subject: Peace Buddhist protest against Buddhism in Bangladesh - Finalized - This Saturday at 2pm
To:


Attached please find the poster for peaceful Buddhist protest taking place this Saturday from 2pm to 4pm at the Speaker's Corner located at Nathan Philip Square of the Toronto City Hall.

All Sangha Members together with lay devotees gathered today at the Burmese temple unanimously agreed to go with this peaceful demonstration on Saturday, October 13, 2012.


What can you do to make this peaceful Buddhist demonstration a great success?

1. Please be there with your devotee community at the Speaker's Corner by 1:45pm with Buddhist flags. Bring as many Buddhist flags as possible to show our Buddhist identity in solidarity with Bangladeshi Buddhists.


2. To avoid parking-worries, you may go there by rental school bus.


3. Feel free to make some placards with pictures and slogans attached herewith. Pictures can be downloaded from this site: http://muslim-terrorists-attacking-buddhists.blogspot.ca/

4. When you come to the protest take care of your own devotee community.


5. Absolutely no violent activities at all. We are followers of the Buddha who practice non-violence and we are peace-lovers.

6. No bad remarks on Islam at all

7. Please invite your own community news media - newspapers, TV, ect - to cover this event.


For more info, please call at 647-624-2694. We want to thank all our volunteers in advance for working hard to make this a great success.

Let's have our voice heard loud.


Thank you and many blessings !

Bhante Saranapala
Coordinator Officer
Peaceful Buddhist Protest in Toronto Against Attack on Buddhism
Director on Residence, West End Buddhist Temple - Halton Peel Buddhist Society
2 attachments — Download all attachments  
BuddhistProtestFlyer.pdfBuddhistProtestFlyer.pdf
621K   View   Download  
Slogans.pdfSlogans.pdf
31K   View   Download  

Monday, June 4, 2012

့မေတ္တာရပ်ခံခြင်း

မိတ်ဆွေများအားလုံးသို့ မေတ္တာရပ်ခံခြင်း

ခေတ်အဆက်ဆက် ဖိနှိပ်အုပ်စိုးသူတို့ ၏ လှည့်ကွက်ဖြစ်သော ဘာသာရေး လူမျိုးရေးအဓိကရုဏ်းတခုမြန်မာပြည်တွင် စတင်ဖြစ်ပွားနေကြောင်းသိရှိရပါသည်။ ထိုအဓိကရုဏ်းတွင် ရခိုင်လူမျီုးပဲသေသေ ထိုဒေသအတွင်းနေထိုင်ကြသော မွတ်စလင်မ်များပဲသေသေ ဘယ်သူ့ အတွက်မှအကျိုးမရှိပါ။
စစ်အုပ်စုအတွက်သာလျှင် အကျိုးဖြစ်ထွန်းစေပါမည်။
ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ်များထွက်ခွါချိန်နှင့် အချိန်ကိုက်ဖြစ်ပေါ်လာသော ဤအဖြစ်အပျက်သည် အများပြည်သူများအတွက်စဉ်းစားစရာဖြစ်ပေသည်။
တိုင်းပြည်မငြိမ်သက်မှုကိုအကြောင်းပြု၍စစ်အုပ်စု၏ အတွင်းကြိတ်ကောက်ကျစ်မှုများဖြစ်ပေါ်လာနိုင်သည်ကို
မျက်ချေမပြတ်သတိကြီးစွာ စောင့်ကြည့်၇န်လိုပါသည်။
အလ္လာဟ်အရှင်မြတ်ပေးသည့်အသက်ပဲဖြစ်ဖြစ် ဗုဒ္ဓဘုရားရှင်၏တရားတော်ဖြင့် ရှင်သန်ရသည့်အသက်ပဲဖြစ်ဖြစ် လူ့ အသက်တချောင်းရခဲကြောင်းကိုကျနော်တို့ အားလုံးသိရှိကြပါသည်။
ထို့ အတွက်ကြောင့် စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးတည်ဆောက်သည့်ခရီးတွင် ......

လူအချင်းချင်း နှိပ်စက်ခြင်းကင်းဝေးကြပါစေ။
တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်းငြိမ်းချမ်းကြပါစေ။
ပြည်တွင်းပြည်ပ ရခိုင်လူမျိုးများ မြန်မာနိုင်ငံသားမွတ်စလင်မ်များ
စည်းလုံးညီညွတ်ကြ။
ဘာသာရေး လူမျိုးရေးအဓိကရုဏ်းများ အခြားမြို့ ကြီးများ မကူးစက်နိုင်ရန်အတွက် သက်ဆိုင်ရာဘာသာအသီးသီး
တို့ ၏ခေါင်းဆောင်များ ရဟန်းသံဃာတော်များ အများကြည်ညိုလေးစားသောလူပုဂ္ဂိုလ်များ ဒေသအတွင်းရှိ ကျောင်းသားလူငယ်အဖွဲ့အစည်းများပူးပေါင်း၍ အဓိကရုဏ်းများ အခြားဒေသများသို့  ကူးဆက်ခြင်းမရှိရလေ
အောင် ဟန်ချက်ညီချိတ်ဆက်လှုပ်ရှားရန်။
ပြည်တွင်းပြည်ပရှိ ရခိုင်လူမျိုးများ မြန်မာနိုင်ငံသားမွတ်စလင်မ်များ စည်းလုံးညီညွတ်ကြ။
ပြည်တွင်းပြည်ပ မီဒီယာများသတင်းဌာနများမှ လက်လွတ်စပါယ် သတင်းထုတ်ပြန်ခြင်းများ
တဖက်(သို့ )အခြားတဖက်သို့ အငြိုးအတေးကြီးစွာ ဆူပူလှုံ့ ဆော်စေနိုင်သော အပြောအဆိုအရေးအသားများအား
ဂရုတစိုက် တည်းဖြတ် ထုတ်ဝေ အသံလွှင့်ပေးရေး ....................................စသည်စသည့်

လုပ်ငန်းစဉ်များအား ပြည်သူလူထုကြီးနှင့်တကွ သက်ဆိုင်ရာအစုအဖွဲ့ များသို့ လက်ဆင့်ကမ်းပေးကြပါရန်
လေးနက်စွာမေတ္တာရပ်ခံအပ်ပါသည်။

မြန်မာနိုင်ငံသား ကဗျာဆရာ
ရဲရင့်သက်ဇွဲ
၀၃၀၆၂၀၁၂