Monday, October 22, 2012

ပညာရေး အကူအညီ အမှန်တကယ် လိုအပ်နေသူ ကျောင်းသူလေးတစ်ဦးကို ကူညီပေးစေလိုပါတယ်။

http://niknayman-niknayman.blogspot.ca/2012/10/blog-post_9364.html

ပညာရေး အကူအညီ အမှန်တကယ် လိုအပ်နေသူ ကျောင်းသူလေးတစ်ဦးကို ကူညီပေးစေလိုပါတယ်။

အကြောင်းအရာ - ပညာသင်စရိတ်ထောက်ပံ့မှုပေးနိုင်ရန် လျှောက်ထားခြင်း။


ပညာသင်စရိတ်ခံစားလိုသူ အမည် - မသက်စုကို။

နိုင်ငံသားအမှတ် - ၈/တတက(နိုင်)၂၁၄၁၄၀။

အောင်မြင်သည့်အတန်း - အခြေခံပညာ အထက်တန်း။

အောင်မြင်သည့် ခုနှစ် - ၂၀၁၀/၂၀၁၁ပညာသင်နှစ်။

အောင်မြင်သည့် ကျောင်း - အမှတ်(၁)အထက်တန်းကျောင်း၊ တောင်တွင်းကြီးမြို့ ။

အောင်မြင်သည့် ဘာသာတွဲ - သိပ္ပံဘာသာတွဲ (BIO) တွဲ။

ရရှိသည့် အမှတ် - (၃၉၇) မှတ် (အမှတ်စာရင်းပူးတွဲပါ)။

အထက်ဖေါ်ပြပါ မသက်စုကို၏ မိခင်ဖြစ်သူ ဒေါ်အေးအေးခိုင်မှ ပညာသင်စရိတ်အား လျှောက်ထားခြင်းဖြစ်ပါသည်။

ကျွန်မ ဒေါ်အေးအေးခိုင်၏ ကိုယ်ရေးအကျဉ်းအား အောက်ပါအတိုင်း ဖေါ်ပြပါသည်။


အမည် - ဒေါ်အေးအေးခိုင် (၈/တတက(နိုင်) ၀၁၃၂၀၃)


ခင်ပွန်းမှာ (၂၀၀၃) ခုနှစ်က ကွယ်လွန်သွားခဲ့ ပြီး ဖြစ်ပါသည်။

အလုပ်အကိုင် - ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ လုပ်သားမှူး။

လစာစကေး - (၄၆၀၀၀) ကျပ် ဖြစ်ပါသည်။

အသက် - ၅၄ နှစ်။

ကျွန်မအနေဖြင့် ကျွန်မတို့ ငယ်စဉ်က စီးပွားရေးကြပ်တည်းခဲ့ သဖြင့် တက္ကသိုလ်ပညာရေးအား တက်ရောက်နှိုင်ခဲ့ ခြင်း မရှိခဲ့ သည့် အတွက် ကျွန်မ၏ တစ်ဦးတည်းသော ဖခင်မရှိသည့် သမီးအား တက္ကသိုလ်ပညာရေးကို သင်ယူတတ် မြောက်စေချင်ပါသည်။

ကျွန်မ၏ သမီးသည် နှစ်စဉ် မူလတန်းမှစ၍ အတန်းတွင်းဆုများ ရရှိခဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ ကျွန်မ၏ သမီးအား စီးပွားရေးတက္ကသိုလ်သို့  တက်ရောက်နှိုင်ပါက အောင်မြင်မှုများစွာ ရရှိလိမ့် မည်ဟု မျှော်လင့် ယုံကြည်ပါတယ်။

ကျွန်မအနေဖြင့်  ယခုလို မျှော်လင့် ယုံကြည်သော်လည်း လစာနဲဝန်ထမ်းတဦးဖြစ်သည့် အတွက် မိဘ၀တ္တရား မကျေပြွန်နှိုင်သည့် အတွက် များစွာ စိတ်မကောင်း ဖြစ်ရပါတယ်။

သို့ ဖြစ်ပါ၍ ကျွန်မ၏ သမီးအား မိထ္ထီလာစီးပွားရေးတက္ကသိုလ်သို့  တက်ရောက်ပညာသင်ကြားနှိင် ရေးအတွက် ပညာသင်စရိတ်ထောက်ပံ့ ကူညီပေးကြပါရန် မိခင်တစ်ဦးအနေနဲ့  အသနားခံလျှောက်ထားအပ်ပါတယ်။


No comments: