Monday, October 29, 2012

ဝန်းသိုမြို့ ၊ ဘူတာစုရပ်ကွက်တွင် ငွေကျပ်(၂၂၅) သိန်းပျောက်ဆုံးမှု ယခုအချိန်ထိ အမှုမပေါ်ပေါက်သေး၍အမှုမှန်ပေါ်ပေါက်ဖို့လိုလားလျက်ရှိ


October 29, 2012


စစ်ကိုင်းတိုင်းဒေသကြီး၊ ၀န်းသို့မြို့၊ ဘူတာစုရပ်ကွက်နေ ဒေါ်နှင်းရီနေအိမ်တွင် သြဂုတ်လ  (၃) ရက်နေ့က ငွေကျပ် (၂၂၅) သိန်းနှင့် ကျောက်ပြားလည်ဆွဲ (၁) ကုံး၊ ကလေးဝတ်ဆွဲကြိုး (၁) ကုံး၊ လက်စွပ် (၆) ကွင်းပျောက်ဆုံး  နေကြောင်း သိရသဖြင့် ၀န်းသို ရဲစခန်းသို့သွားရောက်တိုင်ကြားအမှု ဖွင့်လှစ်ခဲ့ရာ ယနေ့အချိန်အထိ မည်သည့်သတင်းမျှ မရရှိသည့် အပြင်ထူးခြားမှုလည်းမရှိခဲ့သော ကြောင့် အမှုမှန်ပေါ်ပေါက်ရေး အတွက် ရဲချုပ်၊ မြန်မာနိုင်ငံရဲတပ် ဖွဲ့ဌာနချုပ်၊ နေပြည်တော်သို့ ဆက်လက်တင်ပြသွားမည်ဖြစ် ကြောင်း ဒေါ်နှင်းရီ ပြောပြချက် အရ သိရသည်။
“ဖြစ်စဉ်အစအဆုံးပြောရမယ်  ဆိုရင်သြဂုတ်လ (၂) ရက်နေ့က ဈေးပိတ်တဲ့အတွက် ဘုန်းတော်ကြီး   ကျောင်းသွားသီလယူပြီး အိမ်မှာ  အနားယူခဲ့ပါတယ်။ အဲဒီနေ့မှာပဲ နေ့လည် (၁) နာရီခန့်မှာ ငွေထည့်   ထားတဲ့သံသေတ္တာကို သန့်ရှင်းရေး  ပြုလုပ်ပြီး (၅၀၀၀) တန် (၂၂၅) သိန်းနှင့် (၁၀၀၀) တန် (၁၈၈၉၀၀၀) ရေတွက်စစ်ဆေးခဲ့ပါတယ်။ သြဂုတ် လ (၃) ရက်နေ့မှာ ဆေးဆိုင်သို့ သွားပြီး ညနေ (၅း၃၀) အချိန် ဆိုင်ပိတ်ပြီး အိမ်သို့ပြန်လာ၍ တစ်နေ့တာရောင်းရငွေများအား သိမ်းရန်အတွက် ငွေသေတ္တာရှိရာ အိမ်အပေါ်ထပ်သို့တက်သွားလှန် ခွာထားသည်ကို တွေ့ရပါတယ်။ အဲဒီနောက်သေတ္တာအဖုံးကို လှန် ဖွင့်စစ်ဆေးကြည့်ရာမှာ ထည့်ထား  သော (၅၀၀၀)တန်ငွေစက္ကူ (၂၂၅)  သိန်းမှာ ပျောက်ဆုံးနေပြီး (၁၀၀၀)  တန် (၁၈၈၉၀၀၀)သာ ကျန်ရှိနေ ကြောင်းတွေ့ရှိရပြီး ရွှေထည့်ထား တဲ့အိတ်ကို စစ်ဆေးကြည့်ရှု့ရာမှာ  ကျောက်ပြားလည်ဆွဲ (၁) ကုံး၊ ကလေးဝတ်ဆွဲကြိုး (၁) ကုံးနှင့် လက်စွပ် (၆) ကွင်းပါ ပျောက်ဆုံး  နေတာတွေ့ရှိရလို့ချက်ချင်းဝန်းသို မြို့နယ်ရဲစခန်းသို့သွားရောက်တိုင် ကြားအမှုဖွင့်ခဲ့ပါတယ်”လို့ ဒေါ်နှင်းရီမှ ရှင်းလင်းပြောကြား သည်။
“အရင်က ကျွန်တော်တို့ မြို့ ပေါ်မှာ ပစ္စည်းပျောက်တယ်ဆို တာ မရှိသလောက်ပါဘဲ။ အခုဆို ရင်ပစ္စည်းတွေ မကြာခဏပျောက်  ဆုံးတာတွေ ကြားနေရပါတယ်။ ပြောရမယ်ဆိုရင် ရပ်ကွက်တွေမှာ   လောင်းကစား၊ ချိန်းရိုက်တဲ့ ဖဲဝိုင်း  တွေကလည်း ပေါလာသလို လောင်းကစား (၁) လုံး၊ ဘောလုံး   လောင်းကြေးပြုလုပ်သူတွေများလာ ပြီး ဘောလုံးလောင်းကြေးရှုံးလို့  ဘ၀ပျက်တဲ့လူတွေလည်း ရှိလာပါ တယ်။ အခုပိုဆိုးနေတာက မူးယစ်  ဆေးဝါးသုံးစွဲသူတွေများလာတာနဲ့ အမျှပစ်္စည်းတွေခဏခဏပျောက်  ကြတော့ ညဆိုရင်ခေါင်းပြားအောင် တောင်မအိပ်ရဲတဲ့ဘ၀ရောက်နေ  သလိုဖြစ်နေတာပေါ့ဖြစ်နိုင်ရင် ပြည်သူလူထုကလည်း ပူးပေါင်း ပါဝင်ပြီး လောင်းကစားနဲ့ မူးယစ် ဆေးဝါးပပျောက်ရေးအတွက် နယ်မြေခံတာဝန်ရှိသူတွေတားဆီး  ပိတ်ပင်ဖို့လိုအပ်ပါတယ်”ဟု မြို့ပေါ် စီးပွားရေးလုပ်ငန်းရှင်အများစုက သုံးသပ်ပြောဆိုကြသည်ကို သိရ သည်။


စိုင်းလူမင်း

No comments: