Monday, October 29, 2012

ဟာရီကိန်း မုန်တိုင်းကြီး Sandy အထူး သတိပေး ကြေညာချက်

အထူး သတိပေး ကြေညာချက်

ဟာရီကိန်း မုန်တိုင်းကြီး Sandy သည် အမေရိကန် ပြည်ထောင်စု အရှေ့ပိုင်း Delaware ပြည်နယ် ကမ်းရိုးတမ်းသို့ လာမည့် ၂ နာရီခန့် အချိန်အတွင်း ဖြတ်ကျော်ဝင်ရောက်မည် ဖြစ်သည်ဟု အမေရိကန် အမျိုးသား မိုးလေဝသဌာနက ထုတ်ဖော်ကြေညာခဲ့သည်။

လက်ရှိအချိန်တွင် Sandy သည် Category 1 အဆင့်ရှိ ဟာရီကိန်းမုန်တိုင်းအဖြစ် ဆက်လက်ရပ်တည်နေပြီး လေတိုက်နှုန်း တစ်နာရီ မိုင် ၉၀ ကျော်ရှိကာ အကျယ်အဝန်းအားဖြင့် စံချိန်တွင် မိုင် ၁၀၀၀ ခန့် ရှိသည်ဟု သိရှိရသည်။

အမေရိကန် အရှေ့ဖက် ကမ်းရိုးတမ်းရှိ ပြည
်နယ် ၂၃ ခုတွင် အရေးပေါ် အခြေအနေ ကြေညာထားပြီး အန္တရယ်ရှိ ဒေသများမှ လူ ထောင်ပေါင်းများစွာအားလည်း အရေးပေါ် ပြောင်းရွှေ့နေရာချပေး ထားရသည်။ ထို့အပြင် တပ်မတော်သား ၆၀၀၀၀ ကျော်အားလည်း မုန်းတိုင်းသင့် ဒေသများတွင် ကယ်ဆယ်ရေးများ ဆောင်ရွက်ရန် စေလွှတ်ထားပြီးဟု သိရှိရသည်။

အမေရိကန် အရှေ့ဖက် ကမ်းရိုးတန်းတစ်လျှောက် ပြည်နယ် ၇ ခုမှ လူပေါင်း ၃ သိန်းခန့်မှာ လျှပ်စစ်မီး ပြတ်တောက်မှုနှင့် ကြုံတွေ့နေရပြီး သမိုင်းတစ်လျှောက် အကြီးဆုံး (အပြင်းထန်ဆုံး မဟုတ်) နှင့် အကျယ်ပြန့်ဆုံး ဟာရီကိန်း ဖြစ်လာဖွယ် ရှိနေသည်။

သမ္မတအိုဘားမားနှင့် သက်ဆိုင်ရာ ပြည်နယ်များ၏ အုပ်ချုပ်ရေးမှူးများကလည်း အန္တရာယ်ရှိ ဒေသများမှ ပြည်သူများအား အမြန်ဆုံး ထွက်ခွာကြရန် အမိန့်ကြေညာစာများ ထုတ်ပြန်ထားသည်။

နူးယောက်ခ်မြို့၌လည်း Zone A ခေါ် မြေနိမ့်ကမ်းရိုးတန်း ဒေသများတွင် နေထိုင်ကြသည့် ပြည်သူများအား Mandatory Evacuation အဖြစ် ထွက်ခွာကြရန် အမိန့်ထုတ်ပြန်ထားသည်။ အခြားမြို့များတွင်လည်း ညမထွက်ရအမိန့် ထုန်ပြန်ထားပြီး ဖြစ်သည်။

ရွှေလုံး ပရိသတ်ကြီး အနေဖြင့်လည်း သက်ဆိုင်ရာ အာဏာပိုင်များက ထုတ်ပြန်ထားသည့် အရေးပေါ် အမိန့်ကြေညာချက်များအား တသွေမတိမ်း လိုက်နာကြရန် တိုက်တွန်းလိုက်ရပါသည်။
15Like · ·
 

Breaking News - နူးယောက်ခ်မြို့မှ ဇိမ်ခံမိုးမျှော်တိုက် ဆောက်လုပ်ရေးမှ ကရိန်းကြီး ဟာရီကိန်း Sandy ကြောင့် ကျိုးကျ

ဟာရီကိန်း မုန်တိုင်းကြီး Sandy နူးယောက်ခ်မြို့သို့ မရောက်ရှိမီ နာရီပိုင်းအလိုတွင်အဆင့်မြင့်ဇိမ်ခံ မိုးမျှော်တိုက်ကြီး ဆောက်လု

ပ်ရေးမှ ကရိန်းကြီးမှာ ကျိုးကျခဲ့ရသည့် ဖြစ်ရပ်တစ်ခု ပြီးခဲ့သည့် မိနစ်ပိုင်းက ဖြစ်ပွားခဲ့သည်။

လက်ရှိအချိန်တွင် မြေပြင်လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ ခန့် ရှိလာခဲ့ရာ Manhattan ၅၇ လမ်း၊ အမှတ် ၆ နှင့် အမှတ် ၇ ရိပ်သာလမ်းမကြီးများ အကြားရှိ ဆောက်လုပ်ရေးမှ ကရိန်းကြီးသည် ကျိုးကျခဲ့ရကာ လေထဲ၌ တွဲလောင်းအနေအထား ဖြစ်နေခဲ့ပြီး လွန်စွာမှ အန္တရာယ်ရှိသည့် အနေအထားသို့ ရောက်ရှိခဲ့ရသည်။


ယင်းတိုက်ကြီးသည် အထပ် ၇၀ ခန့် မြင့်မားပြီး ဆောက်လုပ်ပြီးစီးပါက နူးယောက်ခ်မြို့၏ အမြင့်ဆုံး ဇိမ်ခံမိုးမျှော်တိုက်ကြီး ဖြစ်လာမည်ဟု သိရှိရသည်။


လက်ရှိအချိန်၌ နူးယောက်ခ် မီးသတ်တပ်ဖွဲ့ (FDNY) နှင့် ရဲတပ်ဖွဲ့ (NYPD) တို့မှ အရေးပေါ် အခြေအနေအတွက် တုန့်ပြန်ဆောင်ရွက်နေသည်။
 
 
 
 

ယနေ့ Hurricane Sandy မုန်တို်င်းတွင် လူအများ မျှဝေနေသည့် ဤပုံသည် ၂၀၁၀ ကတည်းက online တွင် ပျံ့နှံ့နေသည့် ပုံတစ်ပုံဖြစ်ပြီး၊ Photoshop နှင့် ပြုလုပ်ထားသည့် ပုံဖြစ်ကြောင်း သိရှိရသည်။

အသေးစိတ်ကို အောက်ပါလင့်ခ်တွင် ဖတ်ရှုပါ။

Link: http://urbanlegends.about.com/od/naturalwonders/ss/New-York-City-Tornado-Picture.htm
 
 
ဤပုံပါ လှိုင်းလုံးကြီးများအကြား တွေ့ရသည့် The Statue of Liberty ပုံ သည် မဟုတ်မမှန် လုပ်ကြံထားသည့် ပုံဖြစ်ကြောင်း Hurricane Sandy Updates ၏ Facebook တွင် ရေးသားထားသည့် Post သိရှိရသည်။ ၎င်း၏ Post တွင် အောက်ပါအတိုင်းရေးသားထားသည် ကို တွေ့ရှိရမည်ဖြစ်သည်။

- "The Statue of Liberty juxtaposed to the storm is fake! Sorry about that, it came up on Google Alerts. Should have verified it first. We will be more
vigilant with the future pictures."


Link:
https://www.facebook.com/hurricanesandyNY
 
 

No comments: