Monday, October 29, 2012

"'' သူတို့  နဲ့ ကျနော်တို့ ကွာခြားမှု ''


Moethee Zun
Moethee Zun updated his status: "'' သူတို့  နဲ့ ကျနော်တို့ ကွာခြားမှု '' ကျနော် အနောက်တိုင်းသားတွေ ရဲ့ ထူးခြားတဲ့အကျင့်တွေကို လေ့လာကြည့်တဲ့အခါမှာ ထူးခြားတာတခုတွေ့ ရတယ်။ ဒါတော့ ခေတ်တွေ ဘယ်လိုပဲပြောင်းပြောင်း သူတို့ မပြောင်းလဲပဲတည်တံနေတဲ့ အကျင့်ကောင်းတခုကတော့ ၁- စာအလွန်ဖတ်ကြတယ်။ ၂- ပြဇတ် တွေကို အလွန်ကြိုက်ကြတယ်။ ၃- ပန်းချီနဲ့  ဂီတ တွေကိုလဲ အလွန်ကြိုက်ကြတယ်။ ၄-ကျမာရေးလိုက်စားတယ်။ ( ကာယဗလ သန်မာထွားကြိုင်းမှုကို အားပေးတယ်။ ) ၅- အများစုက ဘာသာရေး ကို သိပ်မလိုက်စားကြဘူး။ ၆-လွတ်လပ်စွာတွေးခေါ်တယ်။ သူတို့ ဟာ စာကိုတော်တော်ဖတ်ကြတယ်။ စာအုပ်တွေဟာလည်း နေစဉ်လို ထွက်နေတယ်။ ခေတ်တွေဘယ်လိုပဲပြောင်းပြောင်း စာဖတ်တဲ့အလေ့မပြောင်းဘူး။ စာရေးဆရာတွေလျော့မသွားဘူး။ စာအုပ်ထုတ်ဝေရေး လုပ်ငန်းမကျသွားဘူး။ စာဖတ်သူလျော့မသွားဘူး။ စာကြည့်တိုက်တွေခေတ်နောက်မကျသွားဘူး။ ခေတ်မှီလာတာပဲရှိတယ်။ စာအုပ်ဖြန့် ဖြူးရေးလုပ်ငန်းတွေ ဟာ ခေတ်နဲ့အညီတိုးတက်လာတယ်။ ဥပမာ E-book, Amazon, Kendle လို အီလက်ထရောနစ် ကရိယာတွေနဲ့ စာအုပ်တွေကို ဖတ်နိင်တာတွေသာ တိုးလာတယ်။လျော့မသွားဘူး။ စာဖတ်တဲ့နေရာမှာ လူကြီး လူငယ်မခွဲဘူး။ အရွယ်တိုင်း ဖတ်တယ်။ ဖတ်တဲ့စာအုပ်တွေကလဲ ရှေ့  တုံးက စာအုပ်ရော ခုခေတ်ပေါ်စာအုပ်ပါဖတ်ကြတယ်။ ရထားပေါ်မှာဖတ်တယ်။ ကားစီးရင်ဖတ်တယ်။ ခရီးထွက်ရင်လည်းဖတ်တယ်။ ရီးစားနဲ့  သွား အိပ် တဲ့အချိန်မှာလဲ ဖတ်တယ်။ မြန်မာ ပြည်ကိုကျနော်ရောက်တော့ ဝေမှုးသွင်နဲ့စာအုပ်ဆိုင်တွေသွားကြည့်တယ်။ အဟောင်းဆိုင်တွေကို လျောက်မွေတယ်။ မြန်မာ ပြည်ရဲ့ ပညာရေးစနစ်က တော်တော်ကျသွားတော့ ဖတ်စရာတွေနည်းသွားလို့  လဲ ကျနော်ထင်မိတယ်။ စာအုပ်ဆိုင်တွေေ၇ာက်သွားတဲ့အခါမှာ တော့ ဖတ်ကိုဖတ်ရမဲ့ စာအုပ်တွေအတော်များများ ကို စာအုပ်ဆိုင်တွေမှာ ရှိနေတာကို အသြစရာ တွေ့ ရတယ်။ စာအုပ်အဟောင်းတွေကို ပြန်ထုတ်တာတွေကလဲ အားရစရာတွေ့ ခဲ့ရတယ်။ ဒီတော့မှ လူတွေဟာ စာအုပ်တွေမရှိလို့  မဖတ်ကြတာမဟုတ်ပဲ ဖတ်တဲ့အလေ့အထ တော်တော်နည်းနေတာကို သတိပြုမိတယ်။ နောက်တခုက ဘယ်စာအုပ်ကို ဖတ်ရမယ်။ စာရေးဆရာက ဘာကိုဆိုလိုတာလဲ။ ဘယ်လို ကောက်ချက်ချရမယ်လဲ။ ဒီစာ အုပ်ရဲ့  အားကောင်းချက်ကဘာလဲ အားနည်းချက်ကဘာလဲ စတဲ့ ဝေဖန် မှုတွေ ညွန် ကြားပေးမဲ့သူတွေလဲ မရှိသလောက်ဖြစ်နေတာကို တွေ့ ရတယ်။ အနောက်နိင်ငံတွေနဲ့ရင်ဘောင်တန်း စာဖတ်မဲ့ အာရှ က လူမျိုးတွေကတော့ ဂျပန် တရုတ်န့ဲ အိနယ လူမျိုးတွေဖြစ်တယ်။ မြန်မာလူငယ် တွေ စာဖတ်အား တော်တော်ကျသွားတယ်။ ပြဇတ်။ မြန်မာ ပြည်မှာ ပြဇတ်မရှိတော့တာ ဟာ မြန်မာ ပြည်ကို ကျဆုံးဖို့ အချက်တခုဖြစ်တယ်။ ပြဇတ်လည်းမရှိတော့ဘူး။ပြဇတ်ရုံလဲမရှိတော့ဘူး။ ကျနော်တို့  ငယ်ငယ်က ဦးပုညပြဇတ်ကို ကျနော်တို့ ဖတ်ကြတယ်။ ကြိုက်ကြတယ်။ ရေသည်ပြဇတ်ကို ကျနော်အကြိုက်ဆုံးပဲ။ နောက်ကြီးတော့ ပြဇတ် စာပေတွေကိုဖတ်ကြတယ်။ အစုံဖတ်ဘူးတယ်။ ရွှေမန်းတင်မောင်၊ မြိုတော်သိန်းအောင်တို့ ကအစ ပြဇတ် နာမည်ကြီးတဲ့ လူငယ်တင်ဌေးတို့ ၊ မောင်ကြေးမှုံတို့  ပြဇတ်တွေကြည့်ခဲ့တယ်။ အနောက်နိင်ငံတွေရောက်တော့ ပြဇတ်ရုံတွေ၊ ပြဇတ်တွေဟာခေတ်အဆက်ဆက် က ပြနေတုန်းဖြစ်တယ်။ နယူးယောက်မြို့မှာ ဘရော့ ဝေး ပြဇတ်ရုံကြီး က ကိုကြည့်ရင် ရုံအမြဲပြည့်နေတယ်။ တခါမှာ နားတယ်မရှိဘူး။ ဟောလီဝုဒ်က နာမည်ကြီး ကားတော်များများဟာ ပြဇတ်တွေကို ပြန်ရိုက်ကြတယ်။ ပြဇတ်မင်းသားတွေထဲက အတော်များများဟာ ကမ္ဘာကျော်မင်းသားတွေဖြစ်လာကြတယ်။ မြနိမာ ပြည်မှာ စစ်အစိုးရအဆက်ဆက်ကြောင့် ပြဇတ်လုပ်ငန်းဟာ လုံးဝသေဆုံးသွားတယ်။ ပြဇတ် တွေဟာ လိုအပ်သလား။ လိုအပ်တယ်ယျဉ်ကျေးမှုကို မြင့်တင်ဖို့ နဲ့ စီးပွားရေးကို မြင့်တင်ဖို့ ပြဇတ်တွေ ပြန်ကကြဖို့ လိုတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ပြဇတ်လုပ်ငန်းဟာ လူအတော်များများကို အလုပ်ပေးလာနိင်လို့ ဖြစ်တယ်။ ၀င်ငွေဖန်တီးပေးနိင်လို့ ဖြစ်တယ်။ ပြဇတ်ရုံတွေ ပြန်မကပဲ။ ပြဇတ်ရုံတွေပြန်မဖွင့်ပဲနဲ့ မြန်မာ့ စီးပွားရေးကို ပြန်မြှင့်တင်အောင် လုပ်မယ်ဆိုရင် ဒီ စီးပွားရေးပညာရှင်နဲ့  စီးပွားရေးဝန်ကြီးတွေဟာ ရူးနေလို့ ပဲဖြစ်မယ်။ ဂီတ နဲ့ ပန်းချီ ၊ကာတွန်း အနောက်နိင်ငံသားလူငယ်တယောက်ရဲ့ အခန်းကိုသွားရင် သီချင်းနားထောင်တဲ့ကရိယာမျိုးစုံတွေ့ ပါလိမ့်မယ်။ ကျနော်တို့ ဆီက လူငယ်တွေလိုကလဲ ခေတ်ပေါ်ကရိယာတွေသုံးပြီး ဂီတတွေကိုခံစားကြသလိုပေါ့။ မတူတာကတော့ သူတို့  ရဲ့  အခန်းမှာ နားထောင်နေတဲ့စီဒီတွေကိုကြည့်ရင် အမျိုးစားပေါင်းစုံ ခေတ်ပေါင်းစုံက တေးသီးချင်တွေ ကို နားထောင်နေတုန်း ဖြစ်တယ်။ ( ဂျပန်၊တရုပ်၊ အိနယနဲ့ ထိုင်းလူငယ်တွေလဲဒီအချက်ကို တွေ့ ရတယ်။ ) ဥပမာ Jazz , Blues, Rock , County , Disco , Hit-pot စသဖြင့်အမျိုးစုံကို သူတို့  နားထောင်နေတာကိုတွေ့ ရတယ်။ ပန်းချီနဲ့ ကာတွန်းတွေမှာလဲ အလားတူပဲ။ သူတို့  ရှေးဟောင်ရော ၊ ခေတ်ပြိုင်ရော သူတို့  ခံစားနေတုန်းဖြစ်တယ်။ ကာတွန်း မှာထူးခြားတာကတော့ သူတို့ ဆီမှာ ကာတွန်းဇတ်လိုက်တွေက သေဆုံးမသွားဘူး။ ကာတွန်းဇတ်လိုက်တွေဖြစ်တဲ့ စနိုးဝိုက်၊ တွန်နဲ့ဂျယ်ရီ၊ တက်ဒီဘဲ၊ူဆူပါမင်း၊ စပိုက်ဒါမင်းတို့ ဟာ အမြဲတန်းရှင်သန်နေတယ်။ ဒီတော့သူတို ငယ်စဉ်ကတည်းက ကာတွန်းဟီရိုးတွေဟာ သေဆုံးမသွားဘူး။ သူတို့ အဖိုးအဖွားလက်ထက်ကတည်း က ကြိုက်ခဲ့တဲ့ကာတွန်းဇတ်လိုက်တွေဟာ သူတို့ မြေးတွေအထိ ရှင်သန်နေတယ်။ ကျနော်တို့ ငယ်ငယ်က နှစ်သက်ခဲ့တဲ့ ဦးဘကြည်၊သန်းကြွယ်တို့ ရဲ့  လက်ရာကာတွန်းတွေ၊ နောက်တော့ မောင်ကမ္ဘာ၊ မိမော်မေမ၊ မောင်တီထွင်၊ စံရွှေမြင့်၊ ရွှေေ၈ါင်းပြောင် ၊ သမိန်ပေါသွပ် စတဲ့ ကာတွန်းဇတ်လိုက်တွေဟာ ဖန်တီးသူ မရှိတဲ့နောက် ကွယ်လွန်သွားကြတယ်။ ကျနော်တို့ လွမ်းဆွေးကျန်ခဲ့တယ်။ သူတို့ ဆီမှာ ကာတွန်းဇတ်လိုက်တွေကို ဖန်တီးခဲ့တဲ့သူတွေသေဆုံးသော်ငြားလဲ သူတို့ ကာတွန်းဇတ်လိုက်တွေကရှင်သန် ခွင့်ရပြီး ကျနော်တို့ ကာတွန်းဇတ်လိုက်လေးတွေက ဘာကြောင့်သေဆုံးသွားရပါသလဲ။ အဖြေကတော့ သူတို့ ဟာ Institutionalize လုပ်ထားနိင်ကြလို့ ဖြစ်တယ်။ လူကြိုက် ပြီးသားဖြစ်တဲ့ကာတွန်းဇတ်လိုက်ကို အသေမခံဘူး။ ဒီဟန် ကို ဆက်ပြီး တူအောင်ရေးတယ်။ အသက်ဆက်ပေးတယ်။ ဒီတော့ သူရဲကောင်းတွေမသေဘူး။ ယျဉ်ကျေးမှုလည်းမသေဘူး။ စီးပွားရေး လည်း ကျဆင်းမသွားတော့ဘူးပေါ့။ ဒီကာတွန်းဇတ်လိုက်ကိုမှီပြီး ရေးတဲ့သူတွေ ထုတ်ဝေသူတွေ ဖြန် ချီသူတွေစသဖြင့်လူတွေအများကြီး အလုပ်ကိုင်မပျက်ကြဘူးပေါ့။ မြန်မာ ပြည်မှာ ဦးဘကြည်ရဲ့ ကာတွန်းလက်ရာ၊ ကိုဝင်းမောင်ရဲ့ ကာတွန်းလက်ရာ သမိန်ပေါသွပ်ကာတွန်းလက်ရာတွေကို ရေးနိင်တဲ့သူတွေရှိတယ်။ ဆွဲနိင်သူတွေရှိပါတယ်။ ဒီလက်ရာတွေကိုဆက်ြ့ပီး ထိမ်းသိန်းသင့်တယ်။ ဇတ်လမ်းတွေကို ဆက်ဖန်တီးသင့်တယ်။ သူရဲကောင်းတွေကို ဆက်ပြီး မွေးပေးဖို့ လိုတယ်။ ဒါက ဘာကို အကျိုးရလဒ်ဖြစ်စေသလဲ။ ဒါက မျိုးဆက်ကွာခြားမှု မရှိတော့ပဲ။ မျိုးဆက်တခုနဲ့တခုကြားမှာ စည်းနှောင်မှု တွေရှိနေတယ်။ နားလည်နေကြတယ်။ လက်ဆင့်ကမ်းနေကြတယ်။ ဒါကိုစာပေ၊ ဂီတ၊ ပန်းချီ၊ ကာတွန်းလေးတွေနဲ့  သူတို့  အသိပညာနဲ့ တာဝန်ယူမှုကိုလက်ဆင့်ကမ်းနေနိင်ကြတယ်။ တိုးတက်တဲ့လူအဖွဲ့ စည်းကို မျိုးဆက်တွေ တဆင့်ပြီးတဆင့်လက်ဆင့်ကမ်းနေကြတယ်။ ဘာသာရေး အနောက်တိုင်းသားတွေ ဟာ တချိန်က ဘာသာရေးအစွန်းရောက်ခဲ့တဲ့ကာလကိုဖြတ်သန်းခဲ့ရတယ်။ အထူးသဖြင့် ဥရောပ အလယ်ခေတ်ပေါ့။ ဘာသာရေးအတွက် စစ်တွေခင်းခဲ့တယ်။ နောက်တော့သူတို့ အမြင်ပြောင်းလာကြတယ်။ အင်္ဂလန်နိင်ငံကအစ၊ ပြင်သစ်တော်လှန်ရေးကအလယ်၊အမေရိကန်အဆုံး သူတို့ ဟာ ဘာသာရေးအစွန်းရောက်တွေကို တွန်းလှန်ပြီးမှ လွတ်လပ်မှု ကိုဦးတည်ခုတ်မောင်းလာနိင်ခဲ့ကြတယ်။ တနည်းအားဖြင့်ပြောရင် နိင်ငံရေး မှာဘာသာရေး မစွက်ဖပ်ဖို့ အနေက်တိုင်းကစတင်ခဲ့တာဖြစ်တယ်။ ၂၁ ရာစုမှာတော့ အာရပ်စပရင်းဟာ အာရပ်ကမ္ဘာကို လှုပ်နိုးခဲ့ပြီဖြစ်တယ်။ နိင်ငံရေးကနေ ဘာသာရေး ပတ်သက်နေမှု တွေကို အာရပ်လူငယ်တွေကခွဲထွက်လာကြပြီဖြစ်တယ်။ အာရပ်ကမ္ဘာ အုပ်စိုးသူတွေ၊ ငွေကြေးရှိသူတွေဖြစ်တဲ့ မူစလင်ရှေးရိုးစွဲဝါဒီတွေက ဘာသာရေးကိုခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာခဲ့ကြတယ်။ အာရပ်ကမ္ဘာဟာ မူအရ ဘာသာရေးကိုအခြေခံတဲ့နိင်ငံရေးစနစ်ကနေ ဒီမိုကရေစီကိုအခြေခံတဲ့နိင်ငံရေးစနစ်ကိုရှေ့ ရှု လာတာဟာ ကောင်းတဲ့အချက်ဖြစ်တယ်။ ဒီလိုပြောင်းလဲမှုကို အနောက်တိုင်းသားတွေလဲဖြတ်သန်းခဲ့ကြရတယ်။ အရှေ့ တိုင်းမှာ အထူးခြားဆုံး နိင်ငံ ၂ ခုကတော့ တရုပ်နဲ့ဂျပန်ဖြစ်တယ်။ သူတို့ ရဲ့ နိင်ငံရေး ဖြစ်စဉ်မှာ ယျဉ်ကျေးမှု ဖြစ်ပေါ်တိုးတက်မှုမှာ ဘာသာရေးဟာသိပ် ရှေ့ တန်းမရောက်ခဲ့ဘူး။ ရီနေဆန့် ခေတ်ကလာကတည်းက ဘာသာရေးဟာ နိင်ငံရေးနဲ့ ပညာရေးက ကင်းလွတ်သွားတဲ့အတွက် အနောက်နိင်ငံသားတွေရဲ့ တွေးခေါ်မှုဟာ လွတ်လွတ်လပ်လပ်ရှိလာကြတယ်။ မိုးသီးဇွန် ( မုန်တိုင်း စင်ဒီ အပြင်မှာဝုန်းဒိုင်းကြဲနေချိန်မှာ ပျင်းတာ နဲ့  ဒီဆောင်းပါးကိုရေးလိုက်ပါတယ်။ ဒီစာရေးဖို့  လှုံ့ ဆော်ပေးတဲ ကိုပီတာအောင်ကို ကျေးဇူးတင်ပါတယ်။ Positive Energy ပေါ့။ )"

"( ကျနော်တို့ နဲ့သူတို့ ကွာခြားမှု ဆိုတဲ့ဆောင်းပါးမှာ အနောက်တိုင်းသားတွေကျမ္မာရေးလု
ိက်စား မှု အခန်းကိုရေးဖို့ ကျန် ခဲ့တယ်။ ဒါကြောင့်ဒီအခန်း ကို ဖြည့်စွက်ဖတ်ပေးဖို့ မေတ္တာရပ်ခံတယ်။ ) ဗလ ကြီးအောင်လုပ်ကြပါစို့ ။ ကျနော်ငယ်တို့ ငယ်ငယ် ဟောလီဝုဒ်ဇတ်ကားတွေဖြစ်တဲ့ ဆမ်ဆမ် ဇတ်ကား နဲ့ ရောမခေတ်ကျွန်တော်လှန်ရေးဇတ်ကားဖြစ်တဲ့စပါတာကဒ် ဇတ်ကားကိုကြည့်ရဘူးတယ်။ နောက်တော့ ဟောလီဝုဒ်ထွက်တဲ့ဇတ်ကားတွေကို ရန်ကုန်ရုံတင်သမျှ မလွတ်တန်းကြည့်သပေါ့။ ဟောလီဝုဒ်ဇတ်ကားအများစုဟာ မြန်မာ အစိုးရအဆက်ဆက်နဲ့  ဘာသာရေးအစွန်းရောက်တွေ ( အင်္ဂလိပ်စာနည်းမလည်လို့ လားမသိ) ၀ါဒဖြန့် နေသလို့  အကြမ်းဖက်မှုနဲ့လိင် တွေခြည်းပဲဆိုတာမဟုတ်ပါဘူး။ ရုပ်ရှင်ကား အများစုက နေ ကျနော်ရလာတဲ့သခန်းစာကတော့ ၁။ကာယဗလ ( Strength) ကိုတန်ဖိုးထားရမယ်။ ၂။ တရားမျှတမှု ( Justice) ၃။ကျင့်ဝတ် ( Morality) ၄။ တာဝန်ယူမှု ( Responsibility) ၅။ တခြားသူကိုလေးစားရမယ်။ ( Respect) ၆။ မိန်းမနဲ့ ကလေးတွေကို ငဲ့ညှာရမယ်။ ( Priority on Weaker) တုပလို့ မရတဲ့ အမေရိကန် ရဲ့ အာဏာ ( Power) ကို နိင်ငံရေးပညာရှင်တွေက သုံးသပ်တဲ့နေရာမှာ စစ်ရေး၊ စီးပွားရေး၊ နည်းပညာနဲ့  ဟောလီးဝုဒ် လို့ ပါထည့်သွင်းသုံးသပ်ရတယ်။ ဆိုလိုတာက ဟောလီဝုဒ်ဟာ သြဇာသိပ်ကိုကြီးမားလာတယ်။ ဒါကြောင့်မင်းသားတွေကိုရွေးတဲ့နေရာမှာ ဟိုးခေတ်ကနေ ခုထိ ဗလ ဟာ တန်ဖိုးတခုအနေနဲ့ ပါနေတယ်။ အချစ်မင်းသား၊အကြမ်းမင်းသား ၊အလွမ်းမင်းသား အများတကာအများစုဟာ ဗလ ရှိကြတယ်။ မင်းသားဗလ ရှိအောင်၊ ကျမာရေးလိုက်စားတယ်။ မင်းသားဗလ ရှိတဲ့အတွက် ပရိပ်သာပ်လူငယ်တွေကလဲ မင်းသားတွေလိုပဲ ကျမားရေးလိုက်စားကြတယ်။ ဗလ တွေကြီးအောင်လုပ်နေကြတာ ဟာ ရီဂင်ခေတ်ကနေ ဘရက်ပစ်တို့ အထိ ဗလ ကြီးအောင် ကြိုးပန်းလုပ်ဆောင်နေကြတယ်။ ကျနော်တို့ ဆီမှာတော့ ကျနော်တို့ အဖေခေတ် က မင်းသားကြီးတွေဖြစ်တဲ့ ရွှေဘ၊ ကျော်ဆွေ ၊ ၀င်းဦးတို့ ဟာ ဗလ မောင်ကြီးတွေဖြစ်တယ်။ ဒီတော့ သူတို့ ခေတ်က လူငယ်တွေဟာ ဗလ ရှိကြတယ်။ ဗလ ရှိအောင်ကျမာရေးလိုက်စားတယ်။ ကျနော်တို့ ခေတ်ကကျတော့မင်းသားဟာ ကျော်ဟိန်းနဲ့ဇော်ဝမ်း ဖြစ်လာတယ်။ စစ်အစိုးရတွေကလဲ ဆင်ဆာတွေနဲ့နိပ်ကွက် သူတို့ ခမြာ လွတ်လပ်စွာမဖန်တိးနိင်ကြဘူး။ ဒီတော့ မင်းသား တွေရဲ စွမ်းရည်တွေပြနိင်တဲ့ လူငယ်တွေကိုအားကျစေနိင်တဲ့ လူမှုဝန်းကျင်မှာ ပုန်ကန်မှုဆန်ဆန် အခြေခံတဲ့ဇတ်လမ်းတွေကို မရိုက်နိင်ဘူး။ ဒီရုမ်းကန်မှုတွေမှ မင်းသား ဟာ အနည်းနဲ့အများ ဇတ်ရုတ်ထွက်အောင် ဗလ ဟာ မရှိမဖြစ်လိုသပေါ့။ ဒီလိုဇတ်ကားတွေကို မရိုက်ရတော့သူတို့ က အချစ်လိုအိမ်ထောင်ရေးလို လူမှုဆက်ဆံရေးဇတ်ကားတွေကို အခြေခံပြီ ရိုက်ကြရတော့ ဗလ ဟာ လူသားတယောက်မှာလိုအပ်တယ်ဆိုတဲ့ လောကပါလာ သင်ကြားချက် ( ကာယဗလ၊ ညာဏဗလ၊ စာရိတဗလ၊ေ ဘာဂဗလ၊ မိတ္တ ဗလ ) ကို ပရိတ်သပ်အာရုံနည်းလာတယ်။ ဗလ ကြီးဖို့ အတွက် ကျမာရေးလိုက်စားမှုနည်းလာတယ်။ မီဒီယာက လူထု ဆက်ဆံရေးမှာ သိပ်ကို အရေးပါတယ်။ မီဒီယာမှာမင်းသားဟာ ရူနာရိုက်ကုန်းဖြစ်နေရင် ပရိတ်သပ်( လူထု) ဟာ ရှုနာရိုက်ကုန်ဖြစ်လာတယ်။ ကျနော်တို့ ခေတ်မှာလူငယ်တွေဟာ ကျော်ဟိန်စတိုင်း ရှုနာရှိုက်ကုန်း တွေဖြစ်နေကြတာ ဟာ မဆန်းတော့ဘူးပေါ့။ ဇော်ဝမ်းလို့  ဗိုက်ရွှဲရွှဲ ဘီယာဗိုက်ဖြစ်နေတာ မဆန်းတော့ဘူးပေါ့။ ကျနော်အဖေခေတ်က လူကြီးတွေ အသက် ၅၀ ခန့် မှာ လျောလျဲလာတဲ့သူဗလ တွေကို ပြန်မာလာအောင် ဟိုဟာ မ ဒီဟာမ လုပ်နေချိန်မှာ ကျနော်တို့ ခေတ်က ဗလ ထွက်အောင်လုပ်နေတာဟာ ခေတ်နောက်ကျသူလို့ မြင်ခဲ့ဘူးတယ်။ ရွှေဘ ခေတ်မဟုတ်ဘူး။ ကျော်ဟိန်းခေတ်လို့ ကျနော်တို့ အယူမှားခဲ့ကြတယ်။ ချုပ်ပြောရရင်တော့ သူတို့ ဆီကလူငယ်တွေဟာ မင်းသား ဘရက်ပစ်လို၊ စတောလုန်းလို့  ဗလ တွေထုတ်ဖို့ ကြိုးပန်းနေချိန်။ ဗလ ဟာ လူငယ်တယောက်အတွက် လိုကိုလိုအပ်တယ်ဆိုတာ အခိုင်မာယုံကြည်ထားချိန်မှာ ကျနော်တို့ ခေတ်၊ နောက်ခုခေတ်လူငယ်တွေက ဗလ အတွက် ဘယ်လိုခံယူနေကြပါသလဲ။ သူတို့ ဆီက လူငယ်တွေဟာ တောင်တက်၊ ရေကူး၊ အပြေးကျင့် ကျမာရေးကောင်းအောင်လုပ်နေကြချိန်မှာ ကျနော်တို့  ဆီက ဘာတွေ လုပ်နေကြပါသလဲ။ မိုးသီး"

No comments: