Sunday, October 28, 2012

အဘိဓမ္မာအခါတော်နေ့ နဲ့  သက်ကြီးပူဇော်ပွဲ အခမ်းအနား (၂၈-၁၀-၂၈) နေ့ မဟာဓမ္မိကကျောင်းတိုက် တိုရန်တိုမြို့  ကနေဒါ တွင် ကျင်းပ။ —

အဘိဓမ္မာအခါတော်နေ့ နဲ့  သက်ကြီးပူဇော်ပွဲ အခမ်းအနား
(၂၈-၁၀-၂၈) နေ့ မဟာဓမ္မိကကျောင်းတိုက် တိုရန်တိုမြို့  ကနေဒါ တွင် ကျင်းပ။
ဝါလကင်းလွတ် သီတင်းကျွတ်

Monday, October 29, 2012 အိမ့်သံစဉ်

မြတ်စွာဘုရားရှင်ဟာ တာဝတိံသာ နတ်ပြည်မှာ နိမ္မိတ ရုပ်ပွားတော် မိမိကိုယ်စား ထားခဲ့ပြီး အဘိဓမ္မာ တရားတော် အကျယ်ကို ၀ါတွင်း သုံးလ ပတ် လုံး ဟောကြားတော် မူပြီး ပညာအရာမှာ ဧတဒဂ်ရ ရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးကို အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို တချိန် တည်းမှာ
ဟောကြား သင်ပြတော် မူပြီး သီတင်းကျွတ် လပြည့်နေ့မှာ လူ့ ပြည်ကို ပြန်လည်းဆင်းသက် ကြွမြန်းခဲ့တဲ့ အထိမ်းအမှတ် အနေနဲ့ နက်ဖြန် ကျရောက်တော့မယ့် သီတင်းကျွတ် လပြည့်နေ့ကို အဘိဓမ္မာ အခါတော်နေ့အဖြစ် သတ်မှတ် ခေါ်ဝေါ် ခဲ့ကြပါတယ်။

အဘိဓမ္မာ တရားတော် အကျယ်ဟာ အလွန် ရှည်လျား များပြားတဲ့ အတွက် ၀ါတွင်း သုံးလ ပတ်လုံး မရပ်မနား ဟောကြားမှ ပြီးပြည့်စုံ အောင် ဟောကြားနိုင်မှာ ဖြစ်လို့ လူ့ပြည်မှာ တထိုင်တည်း တနေရာ တည်း ဆက်တိုက် နာကြား နိုင်တဲ့သူ မရှိလို့ နတ်ပြည်မှာ နိမ္မိတ ရုပ်ပွားတော် ကိုယ်စားထား ဟောကြား ရတာ ဖြစ်ပြီး လူသား ဖြစ်တဲ့ မြတ်စွာဘုရား ကိုယ်တော်တိုင် ကတော့ လူ့ပြည်ဆင်းပြီး က္ကရိယာပုဒ်
လေးပါး ညီညွတ် မျှတအောင် တရား စစ်သူကြီး ဖြစ်ရုံမက အဘိဓမ္မာ တရားတော်မှာ အထုံ ပါရမီ ပါသူ လက်ယာတော်ရံ ရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးကို အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို
ဟောပြတော် မူခဲ့ပါတယ်။

ရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးက တဆင့် တခြား သာဝက ငါးရာကို မကျဉ်း မကျယ် ပြန်လည်
ဟောပြ သင်ကြား ပေးခဲ့ ပါတယ်။ သင်ကြားပေးတဲ့ အထိမ်းအမှတ် အနေနဲ့ သီတင်းကျွတ် လပြည့်နေ့ကို အဘိဓမ္မာ အခါတော် နေ့လို့ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

သီတင်းကျွတ် လပြည့်နေ့မှာ ကျင်းပလေ့ ရှိတဲ့ ပွဲများ ကတော့

ပ၀ါရဏာပွဲ။ ။ ပ၀ါရဏာရဲ့ အဓိပ္ပာယ်မှာ ဖိတ်ကြားခြင်း၊ တိုက်တွန်းခြင်း၊ တောင်းပန်ခြင်း တို့ ဖြစ်လေ သည်။ သာသနာ့ ၀န်ဆောင် ရဟန်းတော် များဟာ ၀ါကျွတ်တာနဲ့ သီတင်းကျွတ် လပြည့်နေ့မှာ “အရှင် ဘုရားတို့ တပည့်တော်သည် သံဃာကို ဖိတ်ကြားပါ၏ တပည့်တော်၏ အပြစ်ကို မြင်သော်လည်းကောင်း၊ ကြားသော် လည်းကောင်း၊ သံသယ ရှိလျှင် သော်လည်းကောင်း တပည့်တော်အား ပြောဆိုသတိ
သတိပေးကြပါ အပြစ်ကို ကုစား ပါ မည်" ဟု ဖိတ်ကြား တိုက်တွန်းပြီး ရဟန်းများက မိမိရဲ့ အပြစ်များကို အခြား တစ်ပါး ထံမှာ မိမိ ရဲ့ သဘောဆန္ဒအလျောက် ဖွင့်ဟ ပြောဆိုပြီး ၀န်ချ တောင်းပန် ကြသလို သာသနာတော် သန့်ရှင်း တိုးတက်ရေးအတွက် အပြုသဘော ဆောင်ပြီး ဝေဖန် သုံးသပ် ကြသည့် ပွဲလဲ ဖြစ်ပါတယ်။

မီးမြင့်မိုရ်ပွဲ။ ။ သီတင်းကျွတ် လပြည့်နေ့ ညနေမှာ နတ်ပြည် ကနေ လူ့ပြည်ကို ဆင်းအလာ လပြည့်ဝန်း နဲ့အတူ ကောင်းကင်မှာ တင့်တယ်စွာ ဖူးမြင်ရတဲ့ မြတ်စွာဘုရားကို နတ်လူ အများက ပူဇော်တဲ့ အနေနဲ့ ဆီမီးများနဲ့ ပူဇော် ကြတဲ့အထိမ်းအမှတ် အနေနဲ့ အိမ်၊ ကျောင်း၊ တန်ဆောင်း များမှာ ဆီမီး၊ မီးပုံးများ ထွန်းညှိ ပူဇော်ကြသလို ဘုရားစေတီ များမှာလဲ ပွဲများ ပြုလုပ်ပြီး မီးမြင့်မိုရ်ပွဲများ ပြုလုပ် ပူဇော်ကြပါတယ်။

ပုဂံမြို့ မြင်းကပါ ဂူပြောက်ကြီး ဘုရားက ပန်းချီ ကားတွင် ဗုဒ္ဓ မြတ်စွာ ဘုရားတာဝတိသာမှ သင်္ကသနဂိုရ်ပြည်သို့ သက်ဆင်းပုံ ပန်းချီကို တွေ့ရတဲ့အတွက် မီးမြင့်မိုရ်ပွဲကို ပုဂံခေတ် ကတည်းက ကျင်းပခဲ့သည်ဟု ယူဆ နိုင်ပါတယ်။ ဘုရားပွဲတော်၊ နိဗ္ဗာန်ဈေးပွဲတော်များ၊ သက်ကြီး ပူဇော်ပွဲနှင့် ဆရာ ကန်တော့ပွဲများ စသည်တို့ကိုလည်း မြန်မာနိုင်ငံ တ၀ှမ်း ကျင်းပလေ့ ရှိကြသည်မှာ ယနေ့တိုင် ဖြစ်ပါတယ်။

သီတင်းကျွတ်လကို တူရာသီဟု ခေါ်ပြီး ချိန်ခွင်ရုပ်သဏ္ဍာန် နက္ခတ် ထွန်းပလေသည်။ ထိုမျှ မက ၁၂လ ရာသီတွင် နေ့တာနဲ့ ညတာ တူညီသော တခုတည်းသော လလဲ ဖြစ်ပေတယ်။ ဒါကြောင့် ကင်းဝန် မင်းကြီးက “ သီတင်းကျွတ်ပြီ တူရာသီ အာသ၀ဏီ ရှိန်ဝါရွှန်း၊ ကြာမျိုးလည်းစို မီးမြင်းမိုရ် ဗဟိုအချာထွန်း” ဟု ဖွဲ့ဆို ခဲပါတယ်။

ခွန်မြလှိုင်
 

အဘိဓမ္မာအခါတော်နေ့ နဲ့  သက်ကြီးပူဇော်ပွဲ အခမ်းအနား
(၂၈-၁၀-၂၈) နေ့ မဟာဓမ္မိကကျောင်းတိုက် တိုရန်တိုမြို့  ကနေဒါ တွင် ကျင်းပ။

No comments: