Tuesday, October 30, 2012

"ရက်စက်ပါစန္ဒီ"

မဟာဓမ္မိကကျောင်း 

အခု - အမေရိကန် အရှေ့ဖက်ခြမ်း စံတော်ချိန် ည ၉း ၂၅ ရှိပါပြီ ။

ည ၉း၁၀ = စန္ဒီမုန်တိုင်းကြောင့် လူ(၅)ဦး သေသွားပါပြီ။ (၃)ဦးက နယူးယောက် Westchester မြို့နယ်ခွဲက ကလေးတွေဖြစ်ပါတယ်။ တဦးက Ulster မြို့နယ်ခွဲ ၊ နောက်တဦးက အသက်(၂၉)အရွယ်Queens မြို့နယ်ခွဲမှာ သစ်ပင်ကျိုးကျပြီး ပထမဥိးဆုံး သေသွားတာလို့ အာဏာပိုင်တွေက သတင်းထုတ်ပြန် ပါတယ်။


 

နယူးယောက် စံတော်ချိန် ည ၉း၄၈

နယူးယောက် ဘရွတ်ကလင်အရပ်က ကားသွားလာတဲ့ Battery Tunnel လှိုဏ်ခေါင်းကို ရေတွေဝင်လာတဲ့အတွက် ပိတ်ထားလိုက်ပါပြီ။ နယူးယောက် မြေနိမ့်ပိုင်းဖြစ်တဲ့ မဲန်ဟမ်တန် (တရုတ်တန်းရှိတဲ့နေရာ တ၀ိုက်) ရေလွှမ်း ၊ မီးပြတ်နေပါပြီ ။ မိနစ်ပိုင်းအတွင်း နယူးယောက် မြို့တော်ဝန် မိုက်ကယ် ဘလွန်းဘတ် သတင်းစာရှင်းပွဲ လုပ်ပါမည် ။


 
စန္ဒီကို အမည် ပြောင်းပြီ =

စန္ဒီ ဟာရီကိန်းမုန်တိုင်းကို " Post-Tropical " ဆူပါ စန္ဒီမုန်တိုင်းအဖြစ် အမည်ပြောင်းလိုက်ပြီဟု အာဏာပိုင်မျာကပြောသည်။ စန္ဒီမုန်တိုင်း ကြောင့် အမေရိကန် အရှေ့တောင်ဖက်ခြမ်း မြောက်ကယ်ရိုလိုင်းနား ပြည်နယ်မှ ဗာဂျီးနီးယား နယူးယောက် နယူဂျာစီပြည်နယ်များအထိ ယ္ခုအချိန် ထိ သေဆုံးသူ အနည်းဆုံး(၁၀)ဦး ရှိသွားပြီဟု သိရသည်။ အခု မြင်ရသည့် ပုံမှာ နယူးဂျာစီပြည်နယ် အက်တလန်းတစ်မြို့က ရေကြီး နေသည့်ပုံ။

နယူးယောက်မှာ လူသုံးများတဲ့ John F Kennedy Intn airport (JFK) ကို ပိတ်ထားလိုက်ပြီဖြစ်သည်။ အခြေနေကောင်းမှ နက်ဖြန် မွန်းလွဲ ၂ နာရီတွင် ပြန်ဖွင့်ဖို့ရှိသည်။


 
စန္ဒီသတ်လို့ (၂၈)ဦးလောက် သေ။

စန္ဒီ မုန်တိုင်းကြောင့် အခုချိန်ထိ အနည်းဆုံးလူ(၂၈)ဦး သေဆုံးသွားပြီလို့ MSNBC သတင်းဌာန သတင်းအရ သိရ။ သဘာဝဘေးအန္တရာယ်အဆင့် အဖြစ် သတ်မှတ်ကြောင်း သမ္မတ အိုဘာမား ကြေညာ ။

Sandy leaves at least 28 dead; Obama declares disaster in N.Y.




စန္ဒီမုန်တိုင်းကြောင့် တနင်္လာနေ့ညက ပြိုကျ ကြေမွသွားသော နယူးယောက်မြို့က အိမ်တအိမ်



သေးဆုံး ဦးရေ တက်လာ-

စန္ဒီ စူပါမုန်တိုင်းကြောင့် MSNBC နောက်ဆုံးသတင်းအရ သေဆုံးသူ (၃၄)ဦး ရှိသွားပြီလို့ သိရ ။ နယူးယောက်နဲ့ နယူးဂျာစီပြည်နယ်တွေကို သဘာဝ အန္တရယ်ကျနေတဲ့ ပြည်နယ်အဖြစ် အိုဘားမား ကြေညာထား ။



အင်္ဂါ ဒီနေ့မြင်ကွင်း -

စန္ဒီကြောင့် နယူးဂျာစီပြည်နယ် တောင်ဖက် အိမ်တွေ ရေမြုပ်နေ။ ဒီမုန်တိုင်းကြောင့် စီးပွါးရေးအရ စုစုပေါင်းဆုံးရှုံးမှု အမေရိကန်ဒေါ်လာ ဘီလျံ (၂၀)လောက် ရှိမယ် ခန့်မှန်းထား။

 
 Lady Liberty is standing her ground! Stay safe, East Coast FBeeps!


ဒီနေ့ သီတင်းကျွတ်လည့်နေ့ တိုရန်တိုမြို့ က မဟာဓမ္မိကကျောင်းမှာ သံဃပ၀ါရဏာပွဲနဲ့  သိမ်ထပ်ပွဲပြုလုပ်ပါတယ်၊ သီရိလင်္ကာကျောင်း (၂) ကျောင်းက သံဃာတော် (၁၀) ပါးနဲ့ မိမိတို့  ကျောင်းက (၂) ပါး စုစုပေါင်း သံဃာတော် (၁၂) ပါးတို့ ပ၀ါရဏာပြုကြပြီးတော့ ထိုင်ဝမ်မှ ဦးပညာဇောတကို ဒေါ်ခင်သိန်း၊ မအေးအေးဝင်း နဲ့  မထားထားကန်တို့ က သိပ်ထပ် အလှူမင်္ဂလာ ပြုလုပ်ကြပါတယ်....ညက စန္ဒီလေမုန်တိုင်းဒဏ်ကြောင့် ကျောင်းနောက်ပါကင်လော့မှာ ရှိတဲ့ ဝင်းထရံ (၄) ကန့် လဲ ပြိုလဲခဲ့ရပါတယ်....
 
 
 မနေ့ ညက(၂၉၊၁၀၊၂၀၁၂ တနင်္လာ) တိုက်သွားတဲ့ စန္ဒီမုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံကျန်ခဲ့တဲ့ မေပယ်ပင်လေး (၂) ပင်
 
 
စန္ဒီမုန်တိုင်းဒဏ်ကိုခံလိုက်ရတဲ့ မဟာဓမ္မိကကျောင်းက ၀င်းထရံ (၄) ကန့် ...


 
ပ၀ါရဏာပြုပွဲနှင့်သိမ်ထပ်ပွဲသို့ လာရောက်ကြသော သီရိလင်္ကာ (၂) ကျောင်းမှ သံဃာတော်များနှင့် တကာ တကာမများ

No comments: