Sunday, October 28, 2012

သီလ၀ါအထူးစီးပွားရေးဇုန်စီမံကိန်းအား ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် အများပါဝင်မှုရှိစေရန် ဦးတည်လုပ်ဆောင်သွားမည်



သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းလုပ်ငန်းများအား ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် အများပါဝင်မှုရှိစေရန် ဦးတည်လုပ်ဆောင်သွားမည်ဖြစ်ကြော
င်း သီလ၀ါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးဆက်အောင်၏ ပြောကြားချက်အရ သိရပါသည်။

''သီလ၀ါအထူးစီးပွားရေးဇုန်အတွက် လေ့လာမှုနှင့် Master plan ကို ရေးဆွဲနေဆဲပဲရှိသေးတဲ့အတွက် နေရာအတည်တကျကို မပြောနိုင်သေးပါဘူး။ ဧက ၅၀၀၀ခန့်ရှိမယ်လို့ မျှော်မှန်းထားပြီး၊ ဒီ့ထက်လျော့နည်းဖို့ပဲရှိပါတယ်။ လက်ရှိမှာ အစိုးရပိုင်နယ်မြေတွေလည်း ပါဝင်နေတဲ့အတွက် သီလ၀ါအထူးစီးပွားရေးဇုန် မြေနေရာကဧက ၅၀၀၀အောက် လျော့နည်းဖို့ပဲရှိပါတယ်။ လုပ်ငန်းအစီအစဉ်တွေကို ပထမဆုံး ပြည်သူကိုချပြပြီးနောက်မှာ လွှတ်တော်ကိုတင်ပြပြီး ပွင့်လင်း မြင်သာမှုရှိဖို့နဲ့ အများပါဝင်နိုင်တဲ့လုပ်ငန်းတစ်
ခုဖြစ်အောင် ဦးတည်လုပ်ဆောင်သွားမှာပါ'' ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီးဦးဆက်အောင်က ပြောကြားခဲ့သည်။

သီလ၀ါအထူးစီးပွားရေးဇုန်စီ မံကိန်းအား မြန်မာနိုင်ငံသားရင်းနှီးမြုပ်န
ှံသူများမှ ၅၁ ရာခိုင်နှုန်းနှင့် ဂျပန်နိုင်ငံသားရင်းနှီးမြုပ်နှံသူများမှ ၄၉ ရာခိုင်နှုန်းစီ အချိုးကျပါဝင်ပြီး၊ နှစ်နိုင်ငံအစိုးရများမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်မည့်စီမံကိန်းတစ်ခုဖြစ်ကာ၂၀၁၅ခုနှစ်တွင်အပြီး တည်ဆောက်သွားမည်ဟု သိရသည်။

No comments: