Sunday, October 28, 2012

မြန်မာပြည်ကိုဆင်းရဲတွင်းကထွက်စေဖို့ လုပ်စရာတွေ ၁


မြန်မာပြည်ကိုဆင်းရဲတွင်းကထွက်စေဖို့ လုပ်စရာတွေ

(၁) တရားဥပဒေစိုးမိုးဖို့  



အားလုံးနီးပါး ငတ်ပြတ်နေတော့ ဘယ်လောက်ကောင်းတဲ့ ကျင့်စဉ်လာပြောပြော ဘယ်သူ လုပ်မှာလဲ။ အိမ်ကမိန်းမနဲ့ ခလေးတွေ ပါးစပ်ကို ခွန့် ဖို့ ကပိုအရေးကြီးနေတယ်။
ဒီတော့ ရရာအလုပ် (တရား တယ် မတရားတယ် သိပ်မကြည့်နိုင်တော့ဘူး၊ ) လေးလုပ်ပြီး တစ် နပ်စာ လေးရဖို့ ပိုအရေးကြီးတယ်။ အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား အများမိုးခါးရေ  သောက်နေတော့ ကိုယ်လည်းသောက်တာပေါ့ ဆိုတဲ့ ကျဉ်းမြောင်းတဲ့အတွေးအခေါ် လေးနဲ့ လူ့ ဘ၀ ရှင်သန်ဖို့ ရုန်းကန်နေရတဲ့ မြန်မာပြည်သူတွေ ဘယ်လောက်ရှိတယ်ဆိုတာစာရင်း ဇယားတွေ မရှိတော့ အတိအကျမပြောနိုင်ပါဘူး၊ တနိုင်ငံလုံးအတိုင်းအတာ နဲ့ ရှိမှာပါ၊

ဒီနေရာမှာ အောက်ခြေကဆင်းရဲသားတွေချည်းပဲ မိုးခါးရေသောက်မတရားလုပ် နေကြတာ မဟုတ်ပါဘူး၊ ကုန်သည်လူလတ်တန်း စား၊ အစိုးရ ၀န်ထမ်း၊ ကျောင်းဆရာ/ဆရာမ၊ အာဏာပိုင်၊ ပညာတတ်လူတန်းစား တွေဖြစ်တဲ့ အထူးကု ဆရာဝန်ကြီးတွေ၊ တရားသူကြီးတွေ၊ ဗိုလ်ချုပ်တွေ နဲ့ တစ်ချို့ ဆရာတော်ကြီးတွေ တောင်ပါပါတယ်။

ကနေ့ မြန်မာပြည်မှာ တကူးတကပဲ ဖြစ်ဖြစ်၊ သိသိကြီးနဲ့ ဖြစ်ဖြစ်၊ မသိမသာပဲဖြစ်ဖြစ်၊ တိုက်ရိုက်ပဲဖြစ် ဖြစ် သွယ်ဝိုက်လို့ ပဲဖြစ်ဖြစ်၊ လာတ်ပေးလာတ်ယူတာတို့ ၊ အလွဲသုံးစားပြုတာတို့ ၊ အာဏာကိုမတရားသုံးတာတို့ ၊ အားနည်းသူကိုဖိနှိပ်တာတို့ ၊ စတဲ့ ရှက်စရာအောက်တန်းကျ တဲ့ လုပ်ရပ်တွေ မပတ်သက်ခဲ့ ကင်းရှင်းခဲ့  မလုပ်ခဲ့သူတွေ မရှိသလောက်ပါပဲ။




ဒါတွေကို ရှင်းပြစ်ဖို့ ကတော့ ဥပဒေကို ကျောသားရင်သားမခွဲခြားပဲ စီရင်ဖို့ နည်းလမ်းတခုပဲ ရှိပါတယ်။ ဒါကလည်းနေ့ ချင်းညချင်းပျောက်သွားမှာမဟုတ်ပါဘူး၊ ဥပဒေတွေ ရှိပါတယ်။ဒါပေမဲ့ တရားဥပဒေ တွေက မထိရောက်ခဲ့ပါဘူး၊ မထိ ရောက်ရခြင်းကလည်း တရားဥပဒေရဲ့ သြဇာအာ ဏာစက်မသက်ရောက် မစိုးမိုး လို့ သာဖြစ်တယ်၊

အဲဒီလို မစိုးမိုးရခြင်းကလည်း နိုင်ငံတော်ရဲ့ဥပဒေ ကို ထိမ်းသိမ်းကာကွယ်ဖို့ နိုင်ငံတော်က ခန့် ထားတဲ့ လူတွေ က ဥပဒေကို မထီမဲ့မြင်လုပ် ပြီး လက်တလုံးခြားလှည့်ပြီး အကျင့်ပျက် လာတ်စားနေလို့ သာဖြစ်တယ်၊

ဒါကြောင့် ဥပဒေကို ထိမ်းသိမ်း ကာကွယ်စောင့်ရှောက်မဲ့အစား ဖျက်ဆီးနေတဲ့ ဥပဒေ ၀န်ထမ်းတွေအားလုံး ကို နိုင်ငံတော်မှ ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် မှတ်လောက်သားလောက်အလဲထိုး အရေးယူဖို့ လိုအပ်နေ ပါပြီ၊




မြန်မာပြည်မှာလည်း ထမင်း အငတ်ခံ ပြီး ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကို ထိမ်းသိမ်းပြီး တိုင်းပြည်ရဲ့ တရားဥပဒေစိုးမိုး ဖို့ အတွက် လုပ်မဲ့ သူတွေ နည်းနည်းပါးပါး မြန်မာပြည်မှာ ကျန်ရှိပါသေးတယ်၊ 

ရခိုင်အရေးစုံးစမ်းဖို့ ဖွဲ့ တဲ့ ကော်မရှင်လို လူဒါဇင်ပေါင်းများစွာမလိုပါဘူး၊ ကော်မရှင်မှာ လူများလေတစ်ယောက်တစ်ပေါက်နဲ့  အလုပ်မ ဖြစ် လေပါပဲ၊

ဦးနှောက်ရှိတဲ့ ပညာရှင် ကော်မရှင် အဖွဲ့ ဝင်နည်းနည်းပါးပါး ပဲလိုပါတယ်၊ ဒါပေမဲ့ နိုင်ငံတော်အစိုးရက သူတို့ နောက်မှာ ခိုင်ခိုင်မြဲမြဲ ထောက်ခံ ရပ်တည်နေဖို့ တော့ လိုတာပေါ့၊

နိုင်ငံရေးသမားလိုလို အနုပညာရှင်တွေ တော့မပါ ပါစေနဲ့ ပေါ့ဗျာ၊ သူတို့အလုပ်မဟုတ် ပါဘူး၊


လေးစားထိုက်သူအားလုံးကို လေးစားလျှက်
M.O. Maung
Oct. 25, 2012

No comments: