Sunday, October 28, 2012

RFA ဌာနတွင်း ဖြုတ်ထုတ်ရှင်းပွဲ ပြီးပြီလား


ဒီရက်ပိုင်း ဘီဘီစီမှာ သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ် ။ 


သတင်းက ဒီလိုပါ။ ဘီဘီစီ ရုပ်သံလွှင့်ဌာနမှာ Top of the Pops နဲ့ Jim’ll Fix It ဆိုတဲ့ နာမည်ကြီး အစီအစဉ်တွေကို တင်ဆက်ခဲ့သူ Mr. Jimmy Savile ဆိုသူဟာ သူမသေခင်တုန်းက ကလေးတွေနဲ့ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေပေါ် လိင်ပိုင်းဆိုင်ရာ မတရားကျူးလွန်မှုတွေ ၊ ဘီဘီစီဌာနတွင်း ဝန်ထမ်း အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ရှိခဲ့တယ်။ 



အကျူးလွန် အစော်ကားခံရ သူတွေက ဘီဘီစီ အထက်အာဏာပိုင်တွေကို တိုင်ကြားခဲ့ကြပေမယ့် ဘီဘီစီကတော့ Jimmy Savile ရဲ့ကျော်ကြားမှုကို အကြောင်းပြုပြီး တိုင်ကြားသူတွေရဲ့အမှုကို အဲဒီ အချိန်တုန်းက လျှစ်လျူရှုခဲ့တယ်။ 


အခုတော့ Jimmy Savile ဆိုသူ အသက်(၈၄)နှစ်အရွယ်မှာ သေဆုံးသွားပါပြီ။ သူသေပြီးမှ ပြိုင်ဖက် တီဗွီတစ်ခုက ဒါကိုဖေါ်ထုတ်လိုက်တဲ့အခါ ဗြိတိန်နိုင်ငံနဲ့ ကမ္ဘာမှာပါ သူ့အမှုက ဥသြသောင်းနင်းဖြစ်သွား ပါတယ်။ 


သူကျူးလွန်ခဲ့တာတွေကို ဗြိတိန်ပါလီမာန်က အခုအချိန်ကျမှ စုံစမ်းစစ်ဆေးမှုတွေ လုပ်လာရပါပြီ။ မတရား ကျူးလွန်မှုဆိုတာ နှစ်တွေဘယ်လောက်ကြာအောင် ဖုံးကွယ်ထားဦးတော့ နောင်မှာ ထုတ်ဖေါ်ကြတာပါပဲ ။ ဒီလိုဆိုရင် RFA ဌာနတွင်း အခုဖြစ်ပျက်နေတာတွေကရော ဘယ်လိုဖြစ်လာမှာလဲလို့ တွေးမိတယ်။

ပြောချင်တာက ဘီဘီစီ Jimmy အကြောင်းက အဓိကမဟုတ်ပါဘူး။ RFA အကြောင်းပါ။ ဘီဘီစီက Jimmy လို ဇာတ်လမ်းမျိုး RFA ထဲမှာ လက်ရှိဖြစ်နေတဲ့အကြောင်းပါ။ အင်တာနက် သတင်းတွေမှာ ဖတ်ရ နားထောင် ရတဲ့အတိုင်းပဲ RFAမှာ လိင်သောင်းကျန်းသူအဖြစ် နာမည်ကြီးတဲ့ ဦးခင်မောင်စိုးနဲ့ မခင်ခင်အိ မသင်းသီရိတို့ရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းက ခုချိန်မှာ ဘယ်လိုဆက်ဖြစ်နေလဲ အဆုံးသတ်သွားပြီလား ဘာ လား ။ ဘာသံမှလည်း ထပ်မကြားရတော့လို့ပါ။

ဒါပေမယ့် ဖဘ သတင်းတွေအရ ကြားလိုက်ရတာကတော့ အောက်တိုဘာ ၁၈ ရက်နဲ့ ၁၉ ၊ နှစ်ရက် ဆက်တိုက် အတွင်း အမြဲတမ်းဝန်ထမ်း(၅)ယောက်ကို RFA ကဖြုတ်ပစ်လိုက်တဲ့ အကြောင်းပါ ။ 


၁၈ ရက်နေ့ မှာ ဦးဇော်မိုးကျော် ၊ ဦးကိုကိုအောင်နဲ့ ဒေါ်အင်ကြင်းနိုင်တို့ကို ထုတ်ပစ်လိုက်ပြီး ၊ ၁၉ရက်နေ့ မှာတော့ ဒေါ်ခင်မေဇော် (နမ်းခမ်းထွေး)နဲ့ ဦးဥာဏ်ဝင်းအောင်တို့ကို ထပ်ပြီးထုတ်ပစ်လိုက်တယ်လို့ ဖဘ သတင်းတွေမှာ တွေ့ပါတယ်။ 


အဲဒီမတိုင်ခင် ရက်ပိုင်းတုန်းကလည်း နော်ဝေအခြေစိုက် RFAသတင်းထောက်ကိုညိုကို ဖြုတ်လိုက်တာ ၊ အချိန်ပိုင်း ဝန်ထမ်းတွေဖြစ်တဲ့ ဒေါ်ညိုညို ဒေါ်ထားထားမြင့်တို့လည်း အဖြုတ်ခံလိုက်ရတယ်ဆိုတာကို ဖဘ-တွေကတဆင့် သိခွင့်ရလိုက်ပါတယ်။  


ကျွန်တော်တို့ သိထားသလောက် အခု အထုတ်ခံလိုက်ရတဲ့ အမြဲတမ်းဝန်ထမ်း ၅ ဦးထဲမှာ မြန်မာ့ ဒီမိုကရေစီ တော်လှန်ရေး အတွက် ဘ၀တွေမြှုပ်နှံပြီး လုပ်လာသူတွေ ၊ စစ်အစိုးရလက်ထက် တလျှောက် လုံး အစိုးရက ပြည်သူတွေပေါ် မတရားအနိုင်ကျင့်မှုတွေ ကို ဖေါ်ထုတ်ပြောဆိုလာသူတွေ ဆိုတာ ရေဒီယို နားထောင်တဲ့ ပရိသတ်တစ်ဦးအနေနနဲ့ သတိထားမိပါတယ်။ 


အဖြုတ်ခံရသူတွေထဲမှာ သတင်းလုပ်သက် ၁၃နှစ် ၁၄နှစ်ရှိတဲ့ သူတွေတောင်ပါတယ်လို့ ဖဘသတင်း တစ်ခု မှာတွေ့လိုက်မိပါတယ်။ 


RFA၀န်ထမ်း ၇ ယောက်ကို တပြိုင်နက်ထဲ အခုလို ထုတ်ပစ်လိုက်တာကိုတော့ အံ့သြမိပါတယ်။ သူတို့တွေကပဲ တခုခု မမှန်တာ လုပ်ထားမိလို့များလားဆိုပြီး တွေးမိတာရှိတယ်။ ဒါက အတွေး သက်သက်ပါ။ ဘာမှတော့ အချက်အလက် မရှိပါဘူး။ 


တဖက်မှာကျတော့ RFAနဲ့ပတ်သက်ပြီး သတင်းထွက်နေတာက လိင်သောင်းကျန်းတဲ့ အသက် ၆၀ ဦးခင်မောင်စိုးနဲ့ ဟို အသက် ၄၀ ကျော် ကလေးအမေ RFA အမျိုးသမီးဝန်ထမ်းနှစ်ယောက်နဲ့ တပြိုင်နက် ထဲ လိင်အရှုပ်တော်ပုံ ဇာတ်လမ်း ဖုံးထားမရပဲ အသံဖိုင်တွေ ဘွားကနဲ အင်တာနက်ပေါ် ပျံ့လာတာပါပဲ။ 


ဒီလို လိင်အရှုပ်တော်ပုံကို အခြေခံပြီး RFA ရုံးချုပ်မှာ ၀န်ထမ်းတွေကို ဦးခင်မောင်စိုးက သိသိသာသာတမျိုး မသိမသာတမျိုး ဟိုအရင်ထဲက ခွဲခြားဆက်ဆံဖိနှိပ်နေတာကို တိုင်မိတဲ့အတွက် အခုလို RFA၀န်ထမ်းတွေ အလုပ်ဖြုတ်ခံလိုက်ရတယ်ဆိုတဲ့သတင်းလည်း ကြားမိပါတယ်။

မှတ်မိတာ တခုက ဒီလို RFA ဌာနတွင်း ဖြုတ်ထုတ်သတ်ပွဲ မတိုင်ခင်မှာ RFAရဲ့ ဖဘကို ပိတ်ပစ်လိုက်တာ ၊ RFAကို စာရေးသားပေးပို့ကြပါဦးဆိုတဲ့ burmese@rfa.org အီးမေလ် လိပ်စာကို ပိတ်ပစ်လိုက်တယ်ဆိုတဲ့ သတင်းတစ်ခုလည်း ဖဘပေါ် ပျံ့လွင့်လာတာ ဖတ်မိပါတယ်။ 


အဲဒီလို ဖဘနဲ့ အီးမေလ်တွေကို ပိတ်ပစ်တာကလည်း  လမ်းဆုံကဂျမ်းဘုံလို့ လူသိများတဲ့ RFA ဌာန မှူး ဒေါ်ငြိမ်းရွှေ လက်ချက်ဆိုပြီး ဖဘတွေက ထပ်ရေးပါတယ်။ ဒေါ်ငြိမ်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို TV အင်တာဗျူးလုပ်ထားတာ ကြည့်ရသလို ၊ VOA ဦးကျော်ဇံသာနဲ့ ဒေါ်အောင်ဆန်းစုကြည် TV အင်တာဗျူး လုပ်ထားတာလည်း ကြည့်ရတော့ ယှဉ်ကြည့်ရင် နံ့သာဆီနဲ့ အီးလောက်ကွာနေတာ သတိထားမိတယ်။


ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကို အဆီအငေါ်မတဲ့ တောင်ရောက်မြောက်ရော မေးခွန်း 

တွေ လျှောက်မေး ထားတာ ၊ ကိုယ်မေးမယ့်မေးခွန်း ဘယ်ရောက်လို့ ရောက်မှန်း မသိပဲ မေးနေ တာ၊ ဒေါ်ငြိမ်းရွှေ ကိုယ်တိုင် သူမေးချင်တဲ့မေးခွန်းကို အစဖေါ်မရဖြစ်နေလို့ `ကျွတ်စ်` `ကျပ်စ်`ဆိုတဲ့ တက်ခေါက်သံတွေ လုပ်နေတာကြားရတော့ စာနယ်ဇင်းလုပ်ငန်း မကျွမ်းကျင်ဘူးဆိုတာ သတိထားလိုက်မိပါတယ်။  


အဲဒီတုန်းက ဒေါ်ငြိမ်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် TV အင်တာဗျူးကို စကြည့်မိတာနဲ့ ချက်ချင်း ပိတ်ပစ်ချင်စိတ်ပေါက်တယ်။ မြန်မာဌာနရဲ့ ဌာနမှူးတယောက်လုပ်နေပြီး ဒီအဒေါ်ကြီး ဗမာလို ကောင်းကောင်းမတတ်ပါလားလို့ သတိထားမိတယ် ။


ဒေါ်အောင်ဆန်းစုကြည်က လက်နှစ်ဖက် ပေါင်ပေါ်အသာတင်ပြီး ကောင်းကောင်း မွန်မွန် ပြောဆို ဆက်ဆံနေချိန်မှာ ဒေါ်ငြိမ်းရွှေကတော့ RFA ကိုလာပြီး အလုပ်လျှောက်တဲ့သူ တယောက်ကို ဘော့စ် တယောက်က စစ်ဆေးအင်တာဗျူးနေပုံမျိုး မလေးမခန့်နဲ့ လက်ကြီးပိုက်ပြီး မေးခွန်းထုတ်နေတာ အားလုံးတွေ့ကြမှာပါ ။ 


ဒေါ်အောင်ဆန်းစုကြည်ကလဲ ဒေါ်ငြိမ်းရွှေမေးနေတာကို စိတ်ရှည်တဲ့ပုံ မပြပါဘူး ။ မေးခွန်းတွေကို ကြားဖြတ်ပြီး အမြန်ပြန်ဖြေနေတာတွေ့ရမှာပါ။ 


အကင်းပါးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒေါ်ငြိမ်းရွှေတယောက် ဘာမှကြိုတင်ပြင်ဆင် မထားပဲ ငါ့ကိုလာမေးနေတာပဲဆိုတဲ့ စိတ်တိုနေတဲ့ပုံပါပဲ ။ အဲဒီလို ဒေါ်ငြိမ်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး ကို RFA ဖဘပေါ် တင်လိုက်တော့ လူတွေက ဝေဖန်သရော်စာတွေရေးပြီး မှတ်ချက်ပေးကြပြန်ပါတယ်။ 


ဒါကို မခံနိုင်လို့ ဒေါ်ငြိမ်းရွှေက RFA ဖဘကို ပိတ်ချလိုက်တယ်လို့ သတင်းက တခါထပ်ထွက်ပြန်တယ် ။ အဲဒီနောက်ပိုင်း YPI သတင်းဌာနက ဖဘပေါ်တင်တဲ့သတင်းမှာ burmese@rfa.org အီးမေလ် လိပ်စာကို ဆက်သွယ်လို့မရတော့ဘူးဆိုတာ ပါလာပြန်တယ် ။


နောက်တခုကလည်း ကိုAUNG PAN ဆိုတဲ့ ဖဘမှာလဲ လွတ်လပ်တဲ့အာရှအသံက သူတို့သတင်းဌာနက လုပ်ပုံကိုင်ပုံကို ဝေဖန်တာ မခံနိုင်လို့ ဂျမ်းဘုံငြိမ်းရွှေက ရှိရှိသမျှ အကုန်လိုက်ပိတ်နေတယ်ဆိုပြီး တခါ ရေးပြန်ပါတယ်။ 


ဒေါ်အောင်ဆန်းစုကြည် RFA ရုံးချုပ်ကို သွားလည်ချိန်မှာ ၀န်ထမ်းတွေအားလုံးနဲ့တွဲရိုက်ထားတဲ့ ဓါတ်ပုံကို RFA ဖဘပေါ် တင်ပြန်တော့လည်း မသင်းသီရိကို ရည်ရွယ်ပြီး ၀က်ဆီဖတ်မလို့ နောက်ပြောင်တာ မခင်ခင်အိ ကိုရည်ရွယ်ပြီး အန်တီစု ညာဖက်မှာ မေးတင်ထားတာက ဟိုကုတင်ဇာတ်လမ်းထဲက မမ မဟုတ်လားလို့ သရော်ထားတာ တွေ့ရပြန်ပါတယ်။ 



ဒီဝေဖန်ချက်တွေကို မခံနိုင်လို့ ဒေါ်ငြိမ်းရွှေက အကုန်လျှောက်ပိတ်နေတယ်လို့ပဲ ထင်ပါတယ်။ ကျွန်တော် ဖတ်မိသမျှ လက်လှမ်းမီသမျှ သတင်းတွေကို ဆက်စပ်တွေးနေမိတာပါ။

အဲဒီနောက်ပိုင်းမှာတော့ RFAဌာနတွင်း လိင်အရှုပ်ကိုရှင်းပေးဖို့နဲ့ ၊ မတရား မျက်နှသာပေးနေတာကို

ဖြေရှင်းပေးဖို့ တိုင်တန်းကြတဲ့ ၀န်ထမ်းတွေကို အရေးယူတော့မယ်ဆိုတဲ့ သတင်းလဲ ဖဘပေါ် မှာ တွေ့ လာရပါတယ် ။ 


အခုတော့ သတင်းတွေ ထွက်ခဲ့တဲ့အတိုင်း RFA ၀န်ထမ်းတွေကို တကယ်ပဲထုတ်ပစ်တဲ့အထိ အရေးယူ လိုက်တော့ သိပ်ပြီး လက်ရဲဇက်ရဲ နိုင်ပါလားလို့ တွေးမိပြန်ပါတယ်။ 


အားလုံးဆက်စပ် တွေးကြည့်တော့ RFA ရုံးချုပ်မှာ လိင်အရှုပ်လုပ်သူတွေကို ဒေါ်ငြိမ်းရွှေက အကာအကွယ် ပေးလိုက်ပြီး  တိုင်တန်းတဲ့အုပ်စုကို အလုပ်ကဖြုတ်ပစ်တဲ့သဘော ဖြစ်သွားတယ် လို့ပဲ တွေးမိပါတယ်။ 


ကျွန်တော်တွေးသလိုသာ မှန်ခဲ့ရင် ဒေါ်ငြိမ်းရွှေက ဘာ့ကြောင့် ဟိုသုံးယောက် (ဦးခင်မောင်စိုး ၊ မခင်ခင်အိ ၊ မသင်းသီရိ)တို့ကို အကာအကွယ် ပေးနေတာလဲ ။ ဘာမှန်းမသိရပေမဲ့ အကြောင်းတခုခုတော့ ရှိမယ်ထင်ပါတယ် ။ 


( သိသူများ ဖေါ်ထုတ်ကြပါ )။ 


အလုပ်ဖြုတ်ခံလိုက်ရသူတွေကို ဂရုဏာဖြစ်မိပေမယ့် ဥပဒေ စိုးမိုးပါတယ်ဆိုတဲ့ အမေရိကားလို နိုင်ငံမျိုးမှာ အဲဒီလူတွေ ဘာဆက်လုပ်နေကြမလဲ မေးခွန်းထုတ်လိုက်ပါတယ် ။ 


ကျွန်တော်တို့လို RFA ပရိတ်သတ်တွေကတော့ အာဏာရှင်ဆန်ဆန် လုပ်တဲ့ RFAဌာနမှူး ဒေါ်ငြိမ်းရွှေတို့ရဲ့ လုပ်ရပ်တွေကို ရှုပ်ချလိုက်ပါတယ် ။

မခင်ခင်အိပြောထားတဲ့ အသံဖိုင်တွေမှာ ဦးခင်မောင်စိုးနဲ့ မခင်ခင်အိတို့ ညိနေကြတာ သိသာလှပါတယ်။ မခင်ခင်အိတို့၊ မသင်းသီရိတို့ ၊ ဦးခင်မောင်စိုးတို့ တီဗွီထဲကနေ ကိုယ်ရောင်ထင်ရှား ထွက်ပြနေတာကိုကြည့် ရင် ဒီလူတွေဟာ ဘယ်လောက်ထိ အရှက်ကင်းမဲ့တဲ့လူတွေလဲဆိုတာ တွက်ဆလို့ရပါတယ်။


မြန်မာ့လူ့အဖွဲ့အစည်းမှာ သာမန်ပြည်သူတွေ လိင်ဖေါက်ပြန်နေတာကို လျှစ်လျူရှုထားလို့ ရနိုင်ပေမဲ့  အထူး သဖြင့် တိုင်းပြည်ကို မျက်လုံးဖွင့်ပေးနေတဲ့အလုပ်မျိုး လုပ်နေပါတယ်ဆိုတဲ့  RFA လိုရုံးမှာ လိင် အရှုပ် အထွေး ဖြစ်နေတာကို ရှင်းရမယ့်အစား ဒါကိုတိုင်မိတဲ့ သူတွေကတော့ ဖြုတ်ထုတ်သတ်ခံလိုက်ရပါပြီ ။ 


တိုင်တဲ့သူတွေက လူများစုလို့ ကြားမိတော့ RFA ဌာနတွင်း ဖြုတ်ထုတ်သတ်ပွဲ ဒီမှာတင်ပြီးသွားပြီလား ဆိုတာ သံသယဖြစ်စရာပါ ။

ကိုထွန်းဝေ
26.10.2012
__._,_.___

No comments: