Tuesday, October 30, 2012

သီတင်းကျွတ် လ ပြည့် အဘိဓမ္မာ အခါ တော် နေ့ မှာ ကုသိုလ်ယူ နိုင် ရန်


သီတင်းကျွတ် လ ပြည့် အဘိဓမ္မာ အခါ တော် နေ့ မှာ ကုသိုလ်ယူ နိုင် ရန်

ရွှေတိဂုံ စေတီတော်


 

သီတင်းကျွတ် လပြည့် " အဘိဓမ္မာအခါတော်နေ့ " ၏ ကျိုက်ထီးရိုး ဆံတော်ရှင်ဘုရားရင်ပြင်တော်....


 

ရင်ပြင်တော် ပေါ်က ကောင်းနမိတ်တွေနဲ့  ဖယောင်းဆီမီး ဒေါင်းအလံ


 

လပြည့်ည ဘုရားကြီး ရင်ပြင်တော်မှာ ..


 
ထားဝယ်ဘိမျှောပွဲ....။
ရှမ်းကာလ...မိုးသာထမှာ..
လဂီးက..ထိန်ထိန်သာ..
ရှင်ဥပဂုတ်...ဘိမျှောပွဲ....
ထားဝယ်မြို့မှာ..ခြိမ့်ခြိမ့်သဲ...
...
...

ရှိုယှဉ်စောင်လင်..ဘိထဲပြင်..
တံခွန်..ကောက်ကား...ထိုးကာထား..
ဖြွန်းတိုင်..မွီးတိုင်...ထွန်းကာကိုင်..

ထားဝယ်ပျို...ချော။
ဘိကိုမျှော
လိုက်ကေ့ဇား...ကွန်းဇမား။

ခုတန်ဒဲ့ပေါင်...နင်သိလား...
ပိုင်ရှင်ပြောဒယ်ဝါး...
မြောဂန်းခါးဘေးက..ဖေါင်းဂီးကလောင်း...
ဘိမျှောလို့....ရရာကွန်း။

(စကားပြန်)
ထားဝယ်သပိတ်မျှောပွဲ
မိုးသောက်ဦးယံကာလမှာ...လမင်းကြီးကထိန်ထိန်သာ
ရှင်ဥပဂုတသပိတ်မျှောပွဲ...ထားဝယ်မြို့မှာ..ခြိမ့်ခြိမ့်သဲ

အချိုအချဉ်..ဆွမ်းစုံလင်ဖြင့်...သိပိတ်ထဲမှာပြင်ဆင်။
တံခွန်တိုင်တွေနဲ့အမွှေးတိုင်အလင်းတိုင်အစုံအလင်နဲ့
ထွန်းလင်းကာ..သပိတ်လေးကိုကိုင်...

ထားဝယ်သူအပျိုချော...သပိတ်ကိုမျှော
လိုက်ကြည့်လို့..အလွန်ကောင်းတယ်လေး။

အခုတင်တဲ့ပုံ...သင်သိလားလို
ပုံလေးတင်ထားတဲ့ပိုင်ရှင်ကမေးလာပါတယ်။
သူကပြောပါတယ်။
ကမြောကင်းတံတားဘေးနားက..
ဘုန်းတော်ကြီးကျောင်းက
နေရာလေးဟာသပိတ်မျှောလို့အလွန်ကောင်းတယ်လို့ဆိုပါတယ်။

သီတင်းကျွတ် လပြည့် " အဘိဓမ္မာအခါတော်နေ့ " ၏ ကြည်ညိုဖွယ်ရာ
မြင်ကွင်း

Post By အေးချမ်းမွန်
 
  
 
သီတင်းကျွတ် လပြည့် " အဘိဓမ္မာအခါတော်နေ့ " ၏ ကြည်ညိုဖွယ်ရာ
မြင်ကွင်း

Post By အေးချမ်းမွန်
 
 
မီးမြင့်မိုရ်ပွဲ

မြတ်စွာဘုရားရှင် ဘုရားဖြစ်တော်မူပြီး ခုနှစ်ဝါမြောက်တွင် တာဝတိံသာ နတ်ပြည်သို့ ကြွရောက်တော်မူကာ
ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူခဲ့ပြီးနောက် သီတင်းကျွတ်လပြည့်
နေ့ ညမှောင်စပျိုးသည့် အချိန်တွင် လူ့ပြည် သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်း ဆင်းသက်တော်မူလာသည်ကို မြို့သူမြို့သားတို့က
ဆီးမီးထိန်ထိန် ထွန်းညှိပူဇော်ကြသည် ။ အိမ်၊ ကျောင်း၊ တန်ဆောင်း များမှာ ဆီမီး၊ မီးပုံးများ
ထွန်းညှိ ပူဇော်ကြသလို ဘုရားစေတီ များမှာလဲ ပွဲများ ပြုလုပ်ပြီး မီးမြင့်မိုရ်ပွဲများ ပြုလုပ် ကြပါသည်။
တာဝတိံသာဘုရားပွဲဟုလည်း ခေါ်ကြပါသည်။

ဓါတ်ပုံမူရင်း-မြန်မာဟာသနှင့် သတင်းများ

အေးချမ်းမွန်မှ မြန်မာ တို့ ရဲ ယဉ်ကျေးမူ အမွေ့ အနှစ်များ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြန်မာ တို့ ရဲ ယဉ်ကျေးမူ အမွေ့ အနှစ်များ

မိတ်ဆွေများအားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံသောနံနက်ခင်းပါ

သာသနာတော်သက္ကရာဇ်၂၅၅၆- ခုနှစ်၊မြန်မာနှစ် ၁၃၇၄- ခု၊သီတင်းကျွတ်

လပြည့် " အဘိဓမ္မာအခါတော်နေ့ " ဖြစ်သည်နှင့်အညီ နံနက်ခင်းအိပ်ယာမှ

နိုးထသည့်အချိန်တွင် ရွေတိဂုံ စေတီတော်မြတ်ကြီး၏ ပုံတော် အားဖူးမျော်

ကန်တော့ရင်း-- မိတ်ဆွေများအားလုံး ယနေ့သီတင်းလပြည့်နေ့အခါသာမယ

တွင် ဘေးဘယာဝေးကွာပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့

နှင့်ပြည့်စုံကာ လိုရာဆန္ဒ များ ဘ၀နှင့် တထပ်တည်းကြနိုင်ကြပါစေကြောင်း

ဆုမွန်ကောင်းတောင်းအပ်ပါသည်--

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေ
 
 
 

No comments: