Tuesday, October 30, 2012

""၀န်ကြီး ဦးစိုးသိန်းနဲ့  ကျွန်တော်တို့ ရဲ့  နယူးယောက်က အကြွေးဂတိများ""


30 October 2012
ခုတော့လည်း အောက်တိုဘာလ-၂၉-ရက်-၂၀၁၂-ဖြစ်ြ
ပီမို့  တစ်လ
တိတိပြည့်ခဲ့ ပြီ ။လွန်ခဲ့ သော စက်တင်ဘာလ-၂၉-ရက်နေ့ မှ ဆိုလျှင်
တစ်လပြည့်သောနေ့ မို့  ယနေ့ တွင် ကျွန်တော့်မှာ ရေးစရာဖြစ်လာရပြီ ။ယခုလအတွင်း ဝေဖန်ရှုတ်ချသံများ ၊ဂတိမတည်သောအစိုးရအကြောင်းကို ပြောဆိုလာသူများသည် ကျွန်တော့်အားမီးမောင်း
ထိုးပြလာကြသည် ။ ကျွန်တော်ကမူ တစ်လလောက်တော့စောင့်ကြည့်ပါရေ
စဆိုပြီး ပြောဆိုထားရသည် ။
အဘယ့်ကြောင့်ဆိုသော်ဝေဖန်ပြောဆိ
ုသော သူများမှာ ဂုဏ်သိက္ခာရှိကြသောနိုင်ငံရေးခေါင်းဆောင်ကြီးများဖြစ်၍ သူတို့ အား ယင်းကဲ့ သို့  မေတ္တာရပ်ခံထားခြင်းဖြစ်သည် ။
ပြည်တွင်းပြည်ပမှ နိုင်ငံရေးခေါင်းဆောင်များတို့ သည်လည်း မျော်လင့်ချက်ကြီးစွာဖြင့် ရှိနေခဲ့ သည်မှန်သော်လည်းကျွန်တော်၏ မေတ္တာရပ်ခံချက်ဖြစ်သည့်တစ်လပြည်
့သောနေ့ ကို စောင့်စားတော်မူခဲ့ကြတော့သည် ။

လွန်ခဲ့ သော စက်တင်ဘာလ-၂၉-ရက်နေ့ က သမ္မတကြီးဦးသိန်းစိန်နှင့်အတူနိ
ုင်ငံတော် သမ္မတရုံးမှ ၀န်ကြီးဦးစိုးသိန်းတို့  လိုက်ပါလာကြသည် ။နယူးယောက်မြို့ မှာ မြန်မာ့ကွန်မြူနီတီတို့ နှင့် ၀န်ကြီးဦးစိုးသိန်းကတွေ့ ဆုံပွဲ လုပ်ခဲ့ သည် ။
၎င်းတွေ့ ဆုံပွဲတွင် ဒီမိုကရေစီအတိုက်အခံအဖွဲ့ အစည်းများမှ မည်သူမျှ မတက်ရောက်သော်လည်းမြန်မာနိုင်ငံ
အမျိုးသားကောင်စီ-NCUB-မှာ ဦးမိုးချမ်းနှင့် ကျွန်တော်က
တက်ရောက်ဖြစ်အောင် တက်ရောက်ခဲ့ သည် ။
( တက်ရောက်ခဲ့ သောကြောင့်အတိုက်အခံများမှ ဝေဖန်ကြသေးသည် ) ယင်းသို့  တက်ရောက်ရန်အတွက်ကဗျာဆရာကြီးဦး
မောင်စွမ်းရည်အိမ်မှာ သမ္မတအကြံပေးအဖွဲ့ ဝင်ဦးလှမောင်ရွှေနှင့် ဒေါက်တာကျော်ရင်လှိုင်တို့ နှင့် တွေ့ ဆုံဖြစ်ခဲ့ သည်။

သူတို့ နှင့် တွေ့ ဆုံချိန်မှာ ယခင်က မျှဉ်းပြိုင်ဖြစ်နေသော်လည်းယခု
အချိန်မှာ မျက်နာချင်းဆိုင်စကားပြောရန်လိုအပ်နေပြီမို့  ယခုလိုလက်ခံစကားပြောဖြစ်ကြောင်း ကိုကျွန်တော်က ပြောဖြစ်အောင် ပြောထားခဲ့ သည်။သမ္မတအကြံပေးအဖွဲ့ ဝင် နှစ်ဦးတို့ နှင့် တွေ့ ဖြစ်၍လည်းဝန်ကြီးဦးစိုးသိန်း၏ လူထုတွေ့ ဆုံပွဲတွင် တက်ရောက်ခြင်းလည်း ဖြစ်သည် ။

ဝန်ကြီးဦးစိုးသိန်းနှင့် ကျွန်တော်၏ အမေးအဖြေ မေတ္တာရပ်ခံချက်များကိုနားထောင်ြ
ကည့် လျှင်သိနိုင်ပါသည် ။ခုတော့ ကျွန်တော့်မှာ တစ်လပြည့်ပြီမို့  မောင်လင်္ကျာထွန်း၏ မိခင်ဒေါ်ရီကို မည်သို့  ပြန်ပြောရမည် မသိဖြစ်နေသည် ။

အမေအိုသည် အသက်-၈၅-နှစ်ရှိပြီဖြစ်ရာ အကယ်၍ ကျွန်တော်က မြန်မာနိုင်ငံကို အလည်သွားဖြစ်မည်ဆိုလျှင်ပင် တွေ့ ချင်တွေ့ လိုလှသော အမေအိုဖြစ်သည် ။


သို့ သော် သင်္ခါရတရားကို အစိုးမရသောကြောင့် မောင်လင်္ကျာထွန်းမလွပ်မြောက်မှီ မှာပင် အမေအိုခမြာ တိမ်းပါးသွားလေမည်လားကျွန်တော်
အထူးစိုးရိမ်မိနေဖြစ်သည် ။ ကျွန်တော်တွေ့ လိုသော အမေအိုကိုအမှန်ပင် သားနှင့်အတူ တွေ့ လိုမြင်လိုလှပါသည် ။

ဝန်ကြီးဦးစိုးသိန်းက ဂတိတွေ ပေးသွားသည် ။ ကျွန်တော့်ကို သူတို့ တွေ့  မြန်မာနိုင်ငံ ကို ပြန်မရောက်ခင် ဘာဆောင်းပါးမှ မရေးပါနဲ့ အုံးဆိုပြီးမေတ္တာရပ်ခံပါသေးသည် ။

ကျွန်တော်ကလည်း မရေးပါဟု ပြောပြသည် ။ သို့ သော်အသံဖမ်းထားသော မီဒီယာသမားများ၏ ထုတ်လွှင့်မှုကြောင့် ကမ္ဘာသိဖြစ်သွားရသည် ။

ဝန်ကြီးဦးစိုးသိန်းက မြန်မာနိုင်ငံမရောက်ခင် ကျွန်တော်ကဆောင်းပါးတွေရေးပြီး လုပ်လိုက်လျှင် လွှတ်ပေးမည့်သူတွေကမလွှတ်ပေးထားလိ
ုက်လျှင် ပြသနာတက်သွားနိုင်သည်ဟု ဆိုရှာသည် ။ သူကသမ္မတဦးသိန်းစိန်ကို ပြောဆိုပြီး လွှတ်ပေးမည့်သူကအခြားသူတယောက်ဖြစ်နေကြောင်းကို ရိုးသားပွင့်လင်းစွာ ပြောပြသည် ။

ဒေါက်တာကျော်ရင်လှိုင်ကလည်း ယင်းသို့ အတိုင်း ပြောပြသေးသည် ။သို့ သော် ယခုမြန်မာနိုင်ငံသို့  ပြန်ရောက်သွားချိန်မှာ တစ်လပြည့်သွားပြီဖြစ်သည် ။


လွန်ခဲ့ သောအပါတ်က သမ္မတကြီးဦးသိန်းစိန်မှ မီဒီယာသမားများနှင့် တွေ့ ဆုံရာတွင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးမည်ဟု ပြောဆိုသွားသည်ကိုတွေ့ ရသည် ။ ၀န်ကြီးဦးစိုးသိန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုပင်လျှင်
လွှတ်ပေးလိုက်ပြီဖြစ်ရာအခြားမည်သူ့ ကို မှ မလွှတ်ပေးစရာမရှိ ။
မည်သူ့ ကိုမျှ အချုပ်ထဲမှာ ဖမ်းဆီးမထားချင်ပါဟု မေတ္တာစေတနာကြီးမားစွာဖြင့်အမေရိ
ကပြည်ထောင်စု နယူးယောက်မြို့ မှာ အာဘောင်အာရင်းသန်သန် ပြောသွားတော့ကျွန်တော် က- Face Book -မှာ ဒါရိုက်တာချိုတူးဇေါ်ကို အသိပေးစာတကြောင်းဝမ်းသာစွာဖြင့် ရေးသားပေးလိုက်၏ ။ ချိုတူးဇေါ်က ဧ၀ံမေသုတံဤသို့ ကြားရပါလေ၏ ဆိုပြီး ကျွန်တော်ရေးသောစာကို တကြောင်းထဲ ပြန်ကြား
လေတော့သည်

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို စတင်တည်ထောင်ခဲ့ သော ရှေ့နေကြီးဒေါ်မြင့်မြင့်ခင်နှင်
့ ဖုံးဖြင့် ပြောဖြစ်ရာ အန်တီဒေါ်မြင့်မြင့်ခင်ကဘယ်တော့မှ လွှတ်မှာ မဟုတ်ပါဘူး ဆိုသောစကားကို တခွန်းထဲနှင့်ဝေဖန်ပြောဆိုပါလေသည် ။
သို့ လင့်ကစား ဒေါ်အောင်ဆန်းစုကြည်လိုကြောက်စရာ
ကောင်းသော နိုင်ငံရေးသမားတစ်ယောက်ကို လွှတ်ပေးပြီးနောက် အခြားမည်သူ့ ကို မဆို လွှတ်ပေးရဲသည်ဟု ၀န်ကြီးဦးစိုးသိန်း ပြောသွားတာကို ကျွန်တော်သဘောကျနေသည် ။

အဘယ့်ကြောင့်ဆိုသော် သူသည် သမ္မတကြီး ဦးသိန်းစိန်အနီးမှာရှိနေသော ၀န်ကြီးတဦးဖြစ်ရာ နယူးယောက်မြို့ မှာ ကျွန်တော်တောင်းဆိုသောနိုင်ငံေ
ရးအကျဉ်းသားများ လွပ်မြောက်ရေးကို တလုံးတပါဒတော့ ပြောမိမှာသေချာသည် ။
သူသည် နယူးယောက်မြို့ မှ မြန်မာ့ကွန်မြူနီတီနှင့် တွေ့ ဆုံချိန်တွင် လူထုအကြိုက်လိုက်အောင် ပြောဆိုခဲ့ သော ၀န်ကြီးဖြစ်၍ သူ့ မှာ ပြောဆိုနိုင် လုပ်ကိုင်နိုင်သော ပါဝါ
ရှိနေမည်ဟု ထင်ရသည် ။

သို့ မဟုတ်က သူသည် နယူးယောက်မြို့ မှာ လူပျက်လာလုပ်သော အစိုးရ၏ ပေါကြောင်ကြောင် အူကြောင်ကြား တယောက်ဖြစ်သွားလိမ့်မည်ဖြစ်သည် ။

ကျွန်တော်ကမူ ယခုတစ်လပြည့်ပြီဖြစ်ရာ ရခိုင်ကျောင်းသားနှစ်ဦးဖြစ်သော
ရဲထက်စိုး နှင့်ကိုနိုင်စိုး၊ မောင်တောမြို့ မှအမေအို ဒေါ်မသိန်းနှင့်တသက်တကျွန်းအကျဉ်းကျခံနေရသော
မောင်လင်္ကျာထွန်းတို့ ကို လွှတ်ပေးစေချင်သည် ။

အဘယ့်ကြောင့်ဆိုသော် သမ္မတကြီးဦးသိန်းစိန်ကလည်း မီဒီယာသမားများနှင့် တွေ့  ဆုံချိန်တွင် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးမည်ဟု ပြောဆိုထားပြီ ။

ဝန်ကြီးဦးစိုးသိန်းနှင့် ကျွန်တော်၏ အကြွေးဂတိထားခြင်းမှ လူ့ ဂုဏ်သိက္ခာများနှင့် ပတ်သက်နေသည် ။

တစ်ဦးအပေါ် တဦး ယုံကြည်မှုတည်ဆောက်နေကြချိန်တွ
င် တိတိကျကျပြောရလျှင် အကြွေးဂတိကို ကျွန်တော်ပြန်ရချင်ပါသည် ။

ခိုင်အောင်ကျော် ( နယူးယောက် )
New Generations: ""၀န်ကြီး ဦးစိုးသိန်းနဲ့  ကျွန်တော်တို့ ရဲ့  နယူးယောက်က အကြွေးဂတိများ""
8888new

No comments: