Sunday, October 28, 2012

လူတိုင်းမသိသေးတဲ့ သမိုင်းထဲက ဖြစ်ရပ်မှန်တစ်ပုဒ်....

Khin Nway Nway Aung
လူတိုင်းမသိသေးတဲ့ သမိုင်းထဲက ဖြစ်ရပ်မှန်တစ်ပုဒ်....
Aung Zaw Bo
၉-၉- ၁၉၈၈ မှာ ဦးနုက ကျနော်သာလျှင် ၀န်ကြီးချုပ်ဖြစ်ကြောင်းကြေညာတယ
် ။ အဲဒီနေ့မှာ ဦးနုက ဒေါ်စုကို လာဖို့ ဦးအောင်ကြီး နဲ့ မှာလိုက်တယ် ဦးအောင်ကြီးက ဒေါ်စုကို ဘာမှမပြောခဲ့ဘူး ၊ ကြေညာတဲ့အချိန်မှာ ဒေါ်စုမရှိခဲ့ဘူး ၊ နေရာကတော့ ၁၀ ( ခ ) ၀င်္ကဘာလမ်
း ၊ ဗဟန်း ( စာပေစီစစ်ရုံအနီး ) ၊ အားလုံးကဇဝေဇ၀ါဖြစ်ကြတယ် ဘာလုပ်ရမှန်းလည်းမသိကြဘူး ၊
ပွဲလန့်တုန်းဖျာခင်းတယ်လည်းပြော
ကုန်ကြပြီ ၊ ဒါပေမဲ့ ဦးနုကတော့ အဲဒီနေ့မှာ အစိုးရဖွဲ့တယ် ။ နောက်နေ့ မှ ဦးနုက ဒေါ်စုနဲ့ တွေပြီး အကျိုးအကြောင်းပြောပြတယ် မဟာဗျူဟာ နည်းဗျူဟာတွေကို ၊ အဲဒီတော့မှ ဒေါ်စုလည်း အဲဒီနေ့ကိစ္စကို သဘောပေါက်တယ် ။ ဦးနုခင်းတဲ့ ဖျာက သူကိုယ်တိုင်ထိုင်ဖို့ မဟုတ်ဘူး သူ့ အသက်လည်း ၁၉၈၈ မှ ၈၁ နှစ်ဖြစ်နေပြီ ၊ အဲဒီအစိုးရအဖွဲ့ကို ၂၀-၉-၁၉၈၈ မှာပြန်လုပ်ဖို့စီစဉ်ကြတယ် ၊ ပထစ ၀န်ကြီးတွေတင်မဟုတ်ဘူး ၊ အားလုံးပါဝင်ကြတယ်( ကြီးငယ်ဦးဗိုလ်သခင်ကို) ၊ အဲဒီကိစ္စကို စစ်ထောက်လှမ်းရေးက သိတယ် ၊ ခင်ညွန်နဲ့စောမောင်က ဦးနေ၀င်းကို စစ်တပ်က အာဏာသိမ်းဖို့ပြောတယ် ၊ အဲဒီအချိန်က သမ္မတ က ဒေါက်တာမောင်မောင် ၊ သမ္မတကို ပြောပြီးလုပ်လို့ ဦးနေ၀င်းကပြောလိုက်တော့ ၂၀ ရက်နေ့ အရမ်းနီးနေတော့ မဖြစ်မနေ ၁၈-၉- ၁၉၈၈ မှာ စစ်တပ်က အာဏာသိမ်းတယ် ။ တကယ်မသိမ်းခဲ့ရင် ၂၀ ရက်နေ့မှာ အဖြေတမျိုးပေါ်မှာပါ ၊ အဲဒီနေ့အကြောင်းကို ဗိုလ်ချုပ်မှူးကြီးစောမောင်က ၇-၉-၁၉၈၉ နေ့ မိန့်ခွန်းမှာ အပြည့်အစုံထည့်ပြောသွားပါတယ် ။ ကျနော်တို့ ၂ ရက်နောက်ကျတာနဲ့ ကျနော်တို့ တိုင်းပြည်ကို လုံးဝ ထိန်းချုပ်လို့ မရတော့ပါဘူးတဲ့ လက်မတင်လေးပါတဲ့ ၊ အမေရိကန် စစ်သင်္ဘောကြီး ၂ စီးကလည်း မြန်မာ့ရေပိုင်နက် အစပ်နားထိရောက်နေပါပြီတဲ့ ၊ ၂၀ ရက်အစိုးရအဖွဲ့ ကမ္ဘာ သိကြေညာရင် ဥရောပနဲ့ အမေရိကက နိုင်ငံတွေကလည်း ထောက်ခံဖို့ အသင့်ဖြစ်နေပါပြီတဲ့ ။ တစ်ခုခုတော့ ဖြစ်မှာပေါ့ဗျာ သေချာတာတော့ ခုလိုအခြေအနေမျိုးတော့မဟုတ်ဘူး ။ ( ၉-၉-၁၉၈၈ နေ့မှာဖွဲ့ခဲ့တဲ့ ဦးနုရဲ့ အစိုးရအဖွဲ့ကိုလည်း သေတဲ့အထိဖျက်မသွားဘူး အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေလည်း သေတဲ့အထိအကျယ်ချုပ်နဲ့နေသွားကြရတယ် ) ။ သမိုင်း အမှန်တွေပါ ..

credit: Maung Tharbaoo

No comments: