Sunday, October 28, 2012

ကျွန်တော်တို့အနေဖြင့်ဒီအရေးကိုအောင်မြင်လိုလျှင်….

ရခိုင်အရေး နှင့် ရိုဟင်ဂျာပြဿနာ အတွေးစများ…..

1. အန်တီစုပြောသော ဥပဒေဖြင့်အုပ်ချုပ်ခြင်းး

အန်တီစုကသတင်းတစ်ခုမှာရခိုင်အေ
ရးနဲ့ရိုဟင်ဂျာပြဿနာဟာ ဥပဒေဖြင့်အုပ်ချုပ်ခြင်းကင်းမဲ့မှူ့ လို့ပြောခဲ့တာကိုတစ်နေရာဖတ်လိုက်ရပါတယ်။ အလွန်ဆီလျှော်အကျိုးအကြောင်းသင့်မြတ်သော သုံးသတ်ချက်တစ်ခုပါ။ ပြည်သူအကြိုက်လိုက်မပြောပဲ အမှန်တရားကိုအမျှော်အမြှင်နဲ့ပြောခဲ့တဲ့အန်တီစုကိုပို၍လေးစားမိပါသည်။

ဆိုတော့ကာ..ဥပဒေဖြင့်အုပ်ချုပ်ရေးမှာဘာတွေလုပ်ဖို့လိုအပ်လဲ….

နံပါတ် ၁။ အရင်ဆုံးက အစိုးရဌာနများ လာဘ်စားမှု့ကင်းမဲ့အောင်လုပ်ရေး။ ဥပဒေတွေဘယ်လောက်ကောင်းကောင်းလာဘ်စားမှူ့တွေရှိနေရင် ဘာမှထိရောက်အောင်လုပ်လို့ရမှာမဟုတ်ပါဘူး။

၂။ ရှင်းလင်းပြတ်သားသော လက်ရှိနိုင်ငံတစ်ကာမှစံနုန်းများဖြင့်ကိုက်ညီသော နိုင်ငံသားဥပဒေ လိုအပ်နေခြင်း။

၃။ တရားမဝင်ဝင်ရောက်လာသော သူများ (အထူးသဖြင့် ဘင်္ဂါဒေ့ရှ်မှ ရိုဟင်ဂျာအသစ်များ) အားကိုင်တွယ် ဖြေရှင်းသည့ှ်ုခိုင်မာသောဥပဒေများလစ်ဟင်းနေခြင်း။

၎။ ဘာသာရေး၊ လူမျိုးရေးခွဲခြားနှိမ့်ချဆက်ဆံမှု့များကိုတရားဥပဒေအရ တားဆီးပိတ်ပင်သည့်ဥပဒေများပြဠာန်းခြင်း။

၅။ ရပ်ရွာအေးချမ်း သာယာရေးအတွက် လုံလောက်သော တရားဥပဒေစိုးမိုးရေးဝန်ထမ်းများ ဖြန့်ကျက်ချထားပေးခြင်း။

2. ရန်သူ့ဆင်ကွက်

လက်ရှိဖြစ်နေတာဟာ၇ိုဟင်ဂျာပြဿနာသာဖြစ်ပါတယ်။ ဘာသာရေးအထိကရုဏ်းမဟုတ်ပါဘူး။
မနက်ဖြန်မြန်မာပြည်မှာရှိတဲ့၇ိုဟင်ဂျာတွေအားလုံး ဗုဒ္ဓဘာသာ (သို့) ခရစ်ယာန်ဘာသာဝင်တွေ အဖြစ်ပြောင်းလို့ အခုလက်၇ှိဖြစ်နေတဲ့ပြဿနာတွေအားလုံးငြိမ်းချမ်းမသွားပါဘူး။

ရိုဟင်ဂျာတွေအနေနဲ့အနုနည်းပဲဖြစ်ဖြစ်၊ အကြမ်းနည်းနဲ့ပဲဖြစ်ဖြစ် မြန်မာပြည်မှာ ရိုဟင်ဂျာအခွင့်အရေးတွေရအောင် တိုက်လို့ရမှာမဟုတ်ပါဘူး။ ဆိုတော့ကာသူတို့အနေနဲ့တစ်ခုတည်းသော အောင်နိုင်ခြေက သူတို့ရိုဟင်ဂျာအရေးတစ်ခုလုံးကို မွတ်ဆလင်အရေးလို့ အရေခြုံပြီး ကမ္ဘာ့မွတ်ဆလင်နိုင်ငံတွေဝင်ပါလာအောင် လုပ်မှသာအောင်နိုင်ခြေရှိပါတယ်။

အခုလက်ရှိမှာသူတို့ရဲမဟာဗျူဟာအောင်မြင်နေတယ်လို့ပြောလို့ရပါတယ်။ အခုလက်ရှိမှာတစ်ကမ္ဘာလုံးကရိုဟင်ဂျာပြဿနာကို တစ်ကမ္ဘာလုံးက မွတ်ဆလင်နဲ့ ဗုဒ္ဓဘာသာအထိကရုဏ်းလို့မြင်နေကြပါပြီ။ မြန်မာတွေ (ရခိုင်၊ဗမာ နှင့်တိုင်းရင်းသားအားလုံး) ကလည်းသူတို့ဆင်တဲ့အကွက်နောက်ကိုကောက်ကောက်ပါအောင်လိုက်ခါ ဘာသာရေးအထိကရုဏ်းသဏ္ဍန်သံယောင်လိုက်ပြီးသတင်းတွေ SOCIAL MEDIA ဖြစ်တဲ့ဖေ့စ်ဘွတ်ခ် တွေမှာလိုက်လံရေးနေကြတာကိုတွေ့ရပါတယ်။

ကျွန်တော်တို့အနေဖြင့်ဒီအရေးကိုအောင်မြင်လိုလျှင်….

က။ အထက်ပါဥပဒေတွေပြဠာန်းခြင်းနှင့် ဥပဒေကြောင်းအရထိရောက်စွာအရေးယူခြင်း။

ခ။ ရန်သူ့ဆင်ကွက်ကိုရှောင်ပြီး ဒီကိစ္စတွေဟာ ဘာသာရေးလူမျိုးရေးမဟုတ်ပဲ လူဝင်မှူ့ကြီးကြပ်ရေးကိစ္စသာဖြစ်ကြောင်း ကမ္ဘာကနားလည်အောင်လုပ်ရေးတို့ လုပ်ရန်လိုပါသည်။

No comments: