Monday, October 29, 2012

မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံသည် ကျေးဇူးရှိခဲ့ဖူးကြောင်း သမ္မတကြီးက ပြောကြား


မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံသည် ကျေးဇူးရှိခဲ့ဖူးကြောင်း သမ္မတကြီးက ပြောကြား

 

( အတော့်ကိုမှားယွင်းတဲ့ အတွေးအခေါ်ပါ၊ ဦးတိန်းရှိန်ခင်ညား။

ဆန်ပေးလို့ ဆီရတာ၊ သူတို့ အကျိုးစီးပွါးအတွက် မျှော်ပြီးလုပ့်ခဲ့တာတွေဘဲ့ရှိတာပါ။

 

 ဦးတိန်းရှိန် အပါအဝင် အာဏာရှင်တွေအပေါ်မှာတော့...သေချာတယ်ဗျ..ဟဟဟ..

 

တရုတ်နိုင်ငံသည်

 ဦးတိန်းရှိန် အပါအဝင် အာဏာရှင်တွေအပေါ်မှာတော့.

ကျေးဇူးရှိခဲ့ဖူးကြောင်း သမ္မတကြီးက ပြောကြား

ဘလော့ဂါ။  )

  ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၀


မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံသည် ကျေးဇူးရှိခဲ့ဖူးကြောင်း ယနေ့ ပြုလုပ် သည့် ပြည်တွင်း မီဒီယာများနှင့်တွေ့ဆုံပွဲ တွင် မြန်မာအင်ဒီပဲန်ဒင့်သို့ သမ္မတကြီး ဦးသိန်းစိန်က ပြောကြားလိုက်သည်။ ပြည်တွင်း သတင်းထောက် များနှင့်တွေ့ဆုံပွဲ ကို သမ္မတနေအိမ် တွင် ကျင်းပပြုလုပ်ခဲ့ရာ မီဒီယာများ၏ မေးမြန်းချက်များကို သမ္မတကြီးက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ရာတွင် မြန်မာအင်ဒီပဲန်ဒန့်မှ မေးမြန်းသည့် တရုတ်ပြည်နှင့် အနာဂတ် ဆက်ဆံရေးမေးခွန်း နှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောကြား လိုက်ခြင်း ဖြစ်သည်။
ထို့အပြင် ယင်းနှင့်စပ်လျဉ်း၍ “ တရုတ်ပြည်က မြန်မာနိုင်ငံ ပိတ်ဆို့ခံခဲ့ရစဉ် တလျှောက်လုံး အိမ်နီးနားချင်းကောင်း ပီသစွာ ဖေးမကူညီခဲ့ပါတယ်။ ကမ္ဘာ့အရေး မှာလည်း မြန်မာနိုင်ငံ ဘက်က အစစအရာ ရပ်တည်ခဲ့ပါတယ်။ တစ်ချို့အခြေအနေတွေမှာ ဗီတိုအာဏာ သုံးပြီး ပယ်ချခဲ့တဲ့အထိ လုပ်ဆောင်ပေးခဲ့ပါတယ်၊ ကျွန်တော်တို့ မြန်မာလူမျိုး ဆိုတာကလည်း ကျေးဇူးသိတတ်တဲ့ လူမျိုးတွေပါ။ ဒါကြောင့် အနာဂတ်မှာ တရုတ်ပြည်နဲ့ ပိုမိုနွေးထွေးစွာ ဆက်ဆံသွားမှာပါ။ ဒါပေမယ့် တိုင်းပြည်ရဲ့ သယံဇာတတွေ ထုတ်ယူတဲ့နေရာ မှာတော့ သားစဉ် မြေးဆက် စားလို့ရအောင် စနစ်တကျလုပ်သွားမှာပါ” ဟု သမ္မတကြီး ဦးသိန်းစိန် က ပြန်လည်ဖြေကြား ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်တွင်း အခြေဆိုက် သတင်းနှင့် စာနယ်ဇင်း မီဒီယာပေါင်း ၂၀၀ကျော် တက်ရောက်ခဲ့ သည်။

၀၃၂ ၊ ၀၆၁

No comments: