|
|
| Monday, 29 October 2012 11:36 |
မြန်မာအလှမယ် နန်းခင်ဇေယျာအား Brand Ambassador အဖြစ် လွယ်ဟိန်းကုမ္ပဏီမှ
အောက်တိုဘာလ ၂၆ ရက်နေ့တွင် စာချုပ် ချုပ်ဆိုလိုက်သည်ဟု သတင်းရရှိသည်။
အဆိုပါစာချုပ်မှာ တစ်နှစ်သက်တမ်းဖြစ်ပြီး လွယ်ဟိန်းကုမ္ပဏီမှ ထုတ်လုပ်သည့်
Blue Mountain အချိုရည် နှင့် Alpine သောက်ရေသန့်များ၏ ကြော်ငြာများ၊
Billboard များနှင့် အခြားအနုပညာဆိုင်ရာ လှုပ်ရှားမှုများတွင် Brand
ambassador အဖြစ် ပါဝင်စေမည်ဟု သိရှိရသည်။“လွယ်ဟိန်းကုမ္ပဏီရဲ့ Brand ambassador အဖြစ်နန်းခင်ဇေယျာကို တစ်နှစ်သက်တမ်း စာချုပ်ချုပ်ဆို လိုက်ပါတယ်။ လွယ်ဟိန်းကုမ္ပဏီက ထုတ်လုပ်တဲ့ Blue Mountain အချိုရည်နဲ့ Alpine သောက်ရေသန့်တို့ ရဲ့ ကြော်ငြာရိုက်ကူးမှုတွေ၊ Billboard တွေမှာ သူနဲ့ပဲအသုံးပြုမှာပါ။ ပထမဆုံးအနေနဲ့ Blue Mountain အချိုရည်ကြော်ငြာ ရိုက်ကူးမှာပါ”ဟု အဆိုပါစာချုပ်ချုပ်ဆိုမှုတွင် ပါဝင် ခဲ့သည့် ဒါရိုက်တာစင်ရော်မောင်မောင် က ရှင်းပြခဲ့သည်။ Blue Mountain အချိုရည် ကြော်ငြာကို အောက်တိုဘာလ ၃၁ ရက်နေ့တွင် စတင်ရိုက်ကူးရန် စီစဉ် ထားကြောင်း၊ ထို့အပြင် ကြော်ငြာ Billboard များကိုလည်း နန်းခင်ဇေယျာ၏ အလှဓာတ်ပုံများနှင့် လဲလှယ် သွားရန်စီစဉ်ထားကြောင်း သိရသည်။ နန်းခင်ဇေယျာသည် Miss International ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု အလှမယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Miss Internet ဆုနှင့် Popular Choice Award များရရှိခဲ့သူဖြစ်သည်။ |



No comments:
Post a Comment