MOETHIHAAUNG
မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
မည်သူမဆိုလွတ်လပ့်စွာကူးယူနှိင်သည်။
Members of the Burmese community protest outside the Toronto Star office
Fear, loathing and lies in Rakhine state
This is racism, not Buddhism
Shedding light on Myanmar’s sectarian strife
Wednesday, October 31, 2012
အသေကောင်တွေ ... ထလာကုန်ပြီ ...
အောက်တိုဘာလ 31 ရက်နေ့ တိုင်းသည် အနောက်နိုင်ငံအယူအဆများအရထိုနေ့ သည် Halloween ပွဲတော်နေ့ ဟုသတ်မှတ်ကာထိုနေ့ သည် ကွယ်လွန်သူတို့ ၏ ဝိညာဉ်များ ယင်းတို့၏ သင်္ချိုင်းဂူများမှ နိုးထကြသည်ဟု အဆိုရှိသည် ဟုသတ်မှတ်ကာ ထို နေ့ တွင် သရဲ ၊ တစ္ဆေ ၊ ၀ိညာဉ်များ ၊ မကောင်းဆိုး
ဝါး ပုံသဏ္ဍန်များကိုပြုလုပ်ကာ Halloween ပွဲတော်နေ့ တွင် လမ်းများပေါ်တွင် ကလေးသူငယ် လူကြီးများပါမကျန် ပါဝင်ဆင်နွဲကြပါသည်.။ထို သို့ ပြုလုပ်ခြင်းကို ၄င်းတို့ အစိုးရအနေနှင့် ဓလေ့ရိုးရာ ထုံးတမ်းတစ်ခု အနေဖြင့် လွပ်လပ်စွာ ပြုလုပ်ခွင့်ပြုထားပါသည်။ စိတ်လှုပ်ရှားစရာ ၊ စိတ်ချောက်ခြားစရာလဲ ကောင်းသလို ပျော်စရာလဲ အင်မတန်ကောင်းလှပါသည်.။ ထိုပွဲတော်ကို ယခုနှစ်တွင်လဲ အနောက်နိုင်ငံမြို့ တော်ကြီးများနှင့် မြို့ ပေါင်းများစွာတွင် အစဉ်အလာမပျက် စည်ကားသိုက် မြိုက်စွာကျင်းပခဲ့ပါသည်။ မြို့တော်များရဲ့ လမ်းမတွေပေါ်မှာ လူများအုပ်စုလိုက် လမ်းမတွေပေါ်စီတန်း ပြီးထွက်လာတာဟာဖြင့် စစ်ရေးပြခြင်းတစ်ခုအလားပါပဲ အရမ်းကိုစည်းကားသိုက်မြိုက်ပါသည်။လူကြီး၊လူငယ် ၊ ကလေးအို ဆိုဒ်စုံပါပဲ အားလုံးရဲ့မျက်နှာ တွေကိုကြည့်လိုက်ရင်လဲ တကယ့်ကိုထိတ် လန့် စရာပါပဲ။ ထိုပွဲရောက်ပြီဆိုလျှင် ထိုပွဲနေ့ တွင်ဝတ်ဆင်ရန်အတွက် မိမိဝတ်စုံကိုလဲ အများသူများတွေ့ မြင်လျှင် လန့် သွားစေ၇န်အတွက် အလန်းစားများနှင့် ဒီဇိုင်းများထွင်တတ်ကြပါသည်.။မျက်နှာကိုလဲ တကယ့်ကို ဇာတ်လမ်းတွေထဲက သရဲတွေအတိုင်းပါပဲ အင်မတန်ကိုထိတ်လန့် စရာကောင်းနေပါသည်.။ညဘက်တွေဆိုလျှင် ဖရုံသီးများထဲတွင် မီးများထွန်းကာ ထားတတ်ကြပါသည် သရဲမျက်နှာများဖြင့်ပုံဖော်ထားတတ်ပါသည်။ကဲအားလုံးပဲ ကျွှန်တော်၏လေ့လာသိရှိချက် တစ်ချို့ အရ Halloween ပွဲအကြောင်းကိုသိသင့်သလောက်တော့သိကြပြီလို့ ထင်ပါသည်.။ကျွှန်တော်လဲ ထိုပွဲတော် နဲ့ မကြုံဖူးသေးပါဘူး ဖတ်ဖူးသမျှသိသမျှ မှတ်မိ ကြားဖူးဖတ်ဖူးတာလေးတွေကိုပြောပြတာပါ အားလုံးကို ဗဟုသုတအသိတွေတိုးပွားနိုင်ကြပါစေ။ဓါတ်ပုံလေးတွေကို အပြည့်အစုံတင်ချင်ပေမယ့် အဓိကကျမယ့် မျက်နှာပြင်ဆင်မှုပုံလေးတွေနဲ့ သူတို့ ရဲ့ တကယ်မိုက်တဲ့ပုံစံလေးတွေကိုပဲတင်လိုက်ပါသည်နော်။ Google ကနေ Image မှာဝင်ပြီး Halloween လို့ ၇ိုက်ပြီး ဓါတ်ပုံတွေအများကြီးကိုကြည့်နိုင်ပါသေးတယ်လို့ သတင်းပေးလိုက်ပါသည်။credit: Mc w@i y@n !
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment