Wednesday, October 31, 2012

ရင်ကိုထိတဲ့ ကဗျာလေးပါ

 
ရင်ကိုထိတဲ့ ကဗျာလေးပါ

( ပုဂံပြည် မှ သူရဲကောင်း ထံမှ ကူးယူပါသည် )

သွေးချင်းနှောတဲ့မောင်နှမအရင်းပါ

×××××××××××××××××××

ငါ....ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ငိုသံတောင်ပါတယ်မှတ်..
အဖြစ်ပျက်က ဆိုးလွန်းလို့
ငါ့ရင်တွေဆို့ အောင် ခံစားရတယ်.....။

ငါ...ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ဝေးကွာနေရပေမယ့်
အတွေးကမ္ဘာမှာ မောင်နှမ ညီကို
သီတာထွေးလို အဖြစ်ဆိုးက
ငါ့ခေါင်းကို မိုးကြိုးပစ်သလိုခံစားရတယ်..။

ငါ..ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ကိုယ်ချင်းစာ သနားစိတ်နဲ့
နှလုံးသွေးက ပြောတဲ့ စကား
ငါကိုယ်တိုင်ပြန်ကြားရဲ့
နင်တို့တွေရဲ့ ဒုက္ခ ငါလည်း ထပ်တူခံစားရတယ်...။

ငါ...ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ကမ္ဘာဆိုတာရှိနေသ၍
မေ့မထားဘူးဆိုတာမှတ်ထား
အသွေးအသားထဲက သံယောဇဉ်
မြင်ချင်စမ်းပါဘိ
ငါခုထိခံစားဆဲ
ရခိုင်လည်း ဗမာ ..ဗမာလည်းရခိုင်မို့
ငါ့သွေးထိ ငါမခံနိုင်..
လက်သဲဆိတ်တော့ လက်ထိပ်နာသလိုခံစားရတယ်...။

ငါ....ရခိုင်မဟုတ်ဘူးနော်..ဗမာ....
နေသာသလို မနေချင်ပါဘူး
မြင်နေတာတွေက တို့သွေးမို့
တို့အရေးလို့ အခိုင်မာဆို
နင်တို့ စိတ်မာလို့ မငိုကြလည်း
ငါ့နှသားထဲမှာတော့ မျက်ရည်စက်လက်
ငါ့အသက်တစ်မျှ ခံစားရတယ်...။

ငါ..ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ကမ္ဘာတည်သရွေ့ ရခိုင်တည်
မြန်မာပြည်ထဲက မောင်နှမအရင်း
မြန်မာပြည်ထဲက ညီကိုအရင်း
သွေးချင်း မရောပေမယ့်
သွေးနှောတဲ့ နှမ ညီနောင်
္ဒဓားသွားထက်က ပျားရည်စက်တောင်
ခေါင်းမရှောင် အတူလျှက်မယ် လို့ငါခံစားရတယ်...။ ။

ကိုလေး(ထီလာမြေ)

No comments: