Wednesday, October 31, 2012

တော်ဝင် သစ်အချောထည် လုပ်သားများ အစာအငတ်ခံ ဆန္ဒပြမည်



ရန်ကုန်၊ အောက်တိုဘာ ၃၁


ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာ မြို့နယ် ဝါးတစ်ရာ စက်မှုဇုန်ရှိ တော်ဝင် မိသားစု သစ် အချောထည် စက်ရုံတွင် အလုပ်သမား ၂ဝဝကျော် က အလုပ် လုပ်ခွင့် ပြန်လည် ရရှိရေး အတွက် ခြောက်ည နှင့် ခုနှစ်ရက် ဆက်တိုက် ဆန္ဒပြ တောင်း ဆို နေသော်လည်း ပြေလည်မှု မရရှိ သေးသဖြင့် နိုဝင်ဘာ လ ၁၇က် နေ့မှ စတင်ကာ အစာအငတ်ခံ ဆန္ဒပြမည် ဖြစ်ကြောင်း အဆိုပါ အလုပ်သမား များနှင့် Action Labour Right မှ ရွှေပြည်သာ တာဝန်ခံ ဦးကျော်မင်းက ပြောကြားသည်။


အောက်တိုဘာ ၂၅ရက် တွင် အလုပ်သမား ၂ဝဝ ကျော်၏ သဘော ဆန္ဒ မပါပဲ အပြင် ဆောက်လုပ် ရေး လုပ်ငန်း များတွင် လုပ်ကိုင် ခိုင်း၍ စက်ရုံတွင် ပြန်လည် ဝင်ရောက် လုပ်ကိုင်ရန် ယင်းနေ့ နံနက် ၇နာရီမှ စတင်ကာ တောင်းဆို ကြခြင်းပြီး အောက်တိုဘာ ၃၁ ရက်နေ့ အထိ တောင်းဆိုမှု များ တစ်စုံတစ်ရာ မရရှိ သေးကြောင်း ၄င်းတို့က ဆိုသည်။


အလုပ်သမား များနှင့် ယနေ့ နံနက် ၁ဝနာရီတွင် ညှိနှိုင်းရန် အလုပ်ရှင် က စတင် ချိန်းဆို ခဲ့သော်လည်း အလုပ်ရှင် ဖက် မစောင့်ဆိုင်း ခဲ့သဖြင့် ညှိနှိုင်းခွင့် မရရှိ ခဲ့ကြောင်း၊ ယင်း အလုပ်သမား ပြဿနာ ကို ခုံသမာဓိ အဆင့်တွင် ဖြေရှင်းမည် ဖြစ်ကြောင်း ဦးကျော်မင်းက ရှင်းပြသည်။


အဆိုပါ အလုပ်သမား များက မိမိတို့ သဘော မတူပဲ အခြား အပြင် အလုပ်သို့ မပြောင်းရွှေ့ ရန်၊ အလုပ်ရှင် အလုပ်သမား သဘော တူစာချုပ် (EC) စာချုပ် ကို ချုပ်ဆို ပေးရန်၊ လူမှု ဖူလုံရေး ကတ်ပေးရန်၊ စက်ရုံတွင် စည်းကမ်း ချက်များ ထုတ်ပြန် ရာတွင် အလုပ်သမား များ သဘောတူခြင်း မရှိပဲ တစ်ဖက်သတ် မလုပ်ရန် နှင့် ဆန္ဒပြ ကာလကို On Duty သတ်မှတ်၍ လုပ်ခ ပေးရန် စသည့် အချက် များကို တောင်းဆို နေကြခြင်း ဖြစ်ကြောင်း အလုပ်သမား များ ထံမှ သိရှိ ရသည်။


အဆိုပါ ကိစ္စရပ်နှင့် ပက်သတ်၍ တောင်ဝင် မိသားစု သစ်အချောထည် စက်ရုံမှ စက်ရုံမှူး ဦးညွှန့်သိန်း ကမှု အလုပ်သမား များ တောင်းဆိုမှု များ ကို အလုပ်ရှင် နှင့် အလုပ်သမား များ အောက်တိုဘာ လ ၈ရက်နေ့ က ညှိနှိုင်းပြီး အလုပ်သမား တောင်းဆိုချက် များကို လိုက်လျော ထားပြီး ဖြစ်သဖြင့် ထပ်မံ တိုးပေးရန် အစီစဉ် မရှိကြောင်း အောက်တိုဘာလ ၂၆ရက်နေ့ တွင် ပြောကြားသည်။


အဆိုပါ အလုပ်သမား များသည် မုဒိတာ (၂) ဆောက်လုပ်ရေး လုပ်ငန်းတို့ လာသူများ ဖြစ်ပြီး အလုပ် ယာယီ ရပ်နား ထားသဖြင့် စက်ရုံတွင် အလုပ် လုပ်ကိုင်ခွင့် ပေးထားခြင်း ဖြစ်ကာ အလုပ် သက်တမ်း မှာလည်း ၄လ ခန့်သာ ရှိပြီး ယခု ဆောက်လုပ်ရေး လုပ်ငန်းတွင် ပြန်လုပ်ခိုင်း သည်ကို ငြင်းဆို၍ ဆန္ဒ ပြနေ ကြခြင်း ဖြစ်ကြောင်း ဦးညွန့်သိန်း က ဆိုသော်လည်း လက်ရှိ တောင်းဆို နေသောအ လုပ်သမား များမှာ အနည်ဆုံး လုပ်သက် တစ်နှစ်မှ ၁ဝ အထက် ရှိသူများ ဖြစ်ကြောင်း အလုပ်သမား များက ဆိုသည်။
တော်ဝင် သစ်အချောထည် လုပ်သားများ အစာအငတ်ခံ ဆန္ဒပြမည်

ရန်ကုန်၊ အောက်တိုဘာ ၃၁


ရန်ကုန်တိုင်း ဒေသကြီး ရေ...

No comments: