Monday, October 29, 2012

စစ်မှုထမ်းဟောင်း ဦးစိုးမိုးအောင်မှ သမ္မတကြီးထံ တိုင်ကြားစာပေးပို့ ...........



ဦးစိုးမိုးအောင်(ဘ) ဦးသင်း

မှတ်ပုံတင်နံပါတ် ၇/အဖန(နိုင်)၀၆၉၃၃၁
တပ်ထဲစ၀င်သည့်ခုနှစ် ၁၅.၁၂.၁၉၇၁
တပ်မှထွက်သည့် ခုနှစ် ၁၅.၁၁. ၁၉၈၇

သို့ /

ဦးသိန်းစီန်(နိုင်ငံတော်သမ္မတ)
ပြည်တောင်စုသမ္မတမြန်မာနိုင်ငံေ
တ်ာအစိုး
နေပြည်တော်
၂၈.၁၀.၂၀၁၂

အကြောင်းအရာ။ ။ ရပ်ကွက်အတည်တကျဖြစ်နေသော နိုင်ငံတော်မြေလွတ်မြေရိုင်းမျာ
းပေါ်တွင် စစ်မှု ထမ်းဟောင်းများနှင့် ဘုန်းကြီးကျောင်းဖြင့်အတည်တကျနေထိုင်ခဲ့သော မြေကို ဂေါက်ကွင်းပိုင်း မြေဟု သတ်မှတ်ပြီး တရားစွဲဆိုခြင်း ပေါ်တိုင်ကြားခြင်း။

၁။ မြ၀တီမြို့  အမှတ်(၄) ရပ်ကွက် သုစိတ္တာလမ်း ၊ဗမာစုရပ်ကွက်အောင်ဆုပန် ဘုန်းကြီးကျောင်း အပါအ၀င်လမ်းမြေများစွာ ပါဝင်လျှက်တည်ရှိသော မြေသည် လွန်ခဲ့သော (၁၂)နှစ် ခန့် က မြေ လွတ်မြေရိုင်း ဖြစ်ပါသည်။


ဂေါက်ကွင်းဆိုသည်မှာ ကျွန်တော်တို့  ရပ်ကွပ်နားတွင် ထိုအချိန်တည်းက ဖောက်လုပ်ပြီးစီးလျှက် ယနေ့ တိုင်ဂေါက်ရိုက်နေပါသည်။


၂။ ထိုသို့ ဂေါက်ကွင်းဖောက်ပြီး နောက်ပိုင်းဂေါက်ကွင်း၏ ရှေ့ မျက်နှာစာတွင် ရာမည ဟုခေါ်သော ဓါတ်ဆီ ဆိုင်ကို သိန်း(၁၂၀) ဖြင့်ရောင်းချလိုက်ကြောင်း အထင်အရှား တည်ရှိပါသည်။ ထိုပြင် ဓါတ်ဆီဆိုင်နှင့်ကပ်လျှက် (၁)ခန်းလျှင် (၁၀)ပေ စုစုပေါင်း (၁၁)ခန်း ပေ(၁၁၀)ကိုလည်းဂေါက်ကွင်းမှ တာဝန်ရှိသူမှရောင်းစားခဲ့ပြီး ဖြစ်ပါသည်။ ယခုဖော်ပြချက်သည် မျက်မြင်ဖော်ပြချက်ဖြစ်ပါသည်။


၃။ ယခုအခါဂေါက်ကွင်းကော်မတီများသည် သက်ဆိုင်ရာခရိုင် အုပ်ချုပ်ရေးမှူး ၊မြို့ နယ်အုပ်ချုပ်ရေးမှူးတို့  ၏ အင်အားကိုရယူလျှက် ပြည်နယ်ဝန်ကြီးချုပ်(ယခင် ပယက ဥက္ကဌ) အား အာဏာနှင့်လုပ်ပိုင်ခွင့်ကို အကူအညီရယူကာ၎င်းတို့ လုပ်ပိုင်ခွင့်ရရှိသော လန(၃၉) ချပေးရန် အမိန့် ကို လုပ်ပိုင်ခွင့် အရပြုလုပ်နိုင်သည် ဖြစ်ရာ မသေ၍ ကျန်နေသော ကျွန်တော်တို့ စစ်မှုထမ်းဟောင်းများကို အခြေမဲ့အနေမဲ့ ဖြစ်အောင် ခဲတံတစ် တစ်ချောင်းဖြင့် မြေပုံဆွဲရ်ျ သတ်မှတ်ခဲ့ခြင်းမှာ တရားမျှတမှုမရှိပါ။ အဘယ်ကြောင့်ဆိုသော် ကျူးကျော်နေထိုင် နေသော လူနေအိမ်ခြေ(၂၀) သည် ကျွန်တော်တို့  ကွန်ကရစ်လမ်းဖောက်လုပ်ထားသော မျက်နှာစာပေ(၆၀) ခန့် ကို သာ (အနားသတ်) ပြီး သတ်မှတ်ခြင်းသည် ရပ်ကွပ်ပေါ်ပေါက်ပြီး ကွန်ကရစ်လမ်းအဖြစ်ပေါ်ပေါက်ပြီး အခြေအနေရောက်မှ ထိုသို့သတ်မှတ် ခြင်းဖြစ်ပါသည်။ ကွန်ကရစ်လမ်းခင်းစဉ်အခါက ဂေါက်ကွင်းပိုင်မြေဖြစ် ကြောင်း တာဝန်ရှိသူများမည်သူကမှ လာရောက်ကန့် ကွက်ခြင်းလည်းမရှိပါ။ ကျွန်တော်တို့ ရပ်ကွပ်သည် သန်းခေါင်စာရင်းဖြင့်အတည်တကျေ
နထိုင်သော စစ်မှုးထမ်းဟောင်းများဖြစ်ကြပါသည်။

၎။ ကျွန်တော်တို့ ရပ်ကွက်အတိုင်းအတာအရ နောက်ထပ်ဂေါက်ကွင်းတစ်ကွင်းတည်ေ
ဆာက်ရန် မြေအကျယ်အ၀န်းလည်းမရှိပါ။ ယခုကဲ့သို့  ကျွန်တော်တို့ အား တရားစွဲဆိုဖယ်ခိုင်းခြင်းသည်(သက်ဆိုင်ရာတာ ၀န်ရှိသူအာဏာပိုင်ဟု ဆိုသော အဖွဲ့ အစည်း ) က မတရားသိမ်းယူပြီး တစ်ဆင့် ပြန်လည်ရောင်းချရန်တမင် ရယ်ရွယ်၍ ဆောင်ရွက်ခြင်းသာဖြစ်ပါသ်ည။ ထိုကိစ္စမှန် ကန်ကြောင်းကို ယခင်ရောင်းချထားသော မြေနေရာများ က သက်သေခံနေ့ပါသည်။ ယခုလည်း မသေ၍ကျန်နေသော စစ်မှုထမ်းဟောင်းများက၊ဓါးမဥိးချ ခုတ်ထွင်ရှင်း လင်း နေထိုင်သော မြေနေရာကို အခွင့်အလန်းသာပါမှ သိမ်းယူပြီးရောင်းစားရန် ရည်ရွယ်ချက်ဖြင့် ကျွန်တော် တို့ အား တရားစွဲ ဆိုခြင်းသည် တပ်မတော်သားအချင်းချင်း အနိုင်ကျင့် သည်ဟု ကျွန်တော်တို့ ယူဆပါသည်။

၅။ ကျွန်တော်တို့ ဝန်းကျင်တွင် ယခင်ကဂေါက်ကွင်းပိုင်မြေဟုဖော်ြ
ပထားခြင်းမှာ ဧက(၂၀၀) ရှိပြီးယခင် ခယက ဥက္ကဌဗိုလ်မှုးကြီးဟောင်း ထွန်းထွန်းဝင်းလက်ထက်က မြို့ မြေကွက်ဖော်ဆောင်စဉ် ပိုက်ဆံရ မည်ကို သိပြီး ဂေါက်ကွင်းမြေထဲမှ(၃၄-၄၅) ဧကကို ထုတ်နှုတ်ပြီး မြို့  မြေကွက်အဖြစ်ထုတ်နှုတ်သိမ်းယူခဲ့ပါသည်။

၆။ ယ ခုအခါ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့ များက အကွက်ရိုက်ရာ၊ မြေမရှိတော့သဖြင့် ဂေါက်ကွင်းကော် မတီဂေါက်ရိုက်ဖော်ရိုက်ဖက် ဒေသဆိုင်ရာအာဏာပိုင် အဖွဲ့ နှင့် ဒေသဆိုင်ရာအရာရှိများကို စည်းရုံးပြီး လွန်ခဲ့ သော(၁၂)နှစ် တာကာလတည်းက မြေလွတ်မြေရိုင်းကို ခုတ်ထွင်ရှင်းလင်းကာနေထိုင်ချိ
န်၊ ထိုစဉ်က (ခယက) အတွင်းရေးမှူး ဗိုလ်မှူးသန်းတင်၊ ရဲမင်းကြီးဦးတင်မြင့်၊ လ၀က စိုးပိုင်မြင့်၊ (ခရိုင်မှူး) တို့ လာရောက်စစ်ဆေး ကာ ရဲဘော်ဟောင်းများဖြစ်ရ်ျ တစ်စုံတစ်ရာ ကန့် ကွက်ခြင်း မရှိဘဲ နေထိုင်ခဲ့ခြင်းဖြစ်ပါသည်။ ယခုအချိန်ထိ လည်း နှစ်တိုနှစ်ရှည် သီးနှံပင်များ စိုက်ပျိုးလုပ်ကိုင် လျှက်ရှိပါသည်။

၇။ ရပ်ကွက် စတင်လူနေထိုင်သည့် ဘုန်းကြီးကျောင်းအပါအ၀င် လယ်ကွင်းပါဝင်လျှက်ရှိသော မြေကို ယခင် ဂေါက်ကွင်မြေဟု ကန့် ကွက်ပြောဆိုခြင်းတစ်စုံတစ်ရာ
မရှိဘဲ၊ ကိုးကွယ်ရာ ဘုန်းကြီးကျောင်းနှင့် ကွန်ကရစ်လမ်း ဖော်ပြီး၊ သုစိတ္တာလမ်း ဗမာစုရပ်ကွက်ဟု အမည်တွင်ပြီး၊ သန်းခေါင်စာရင်းဖြင့် အတည်တကျနေထိုင်ပြီး ဖြစ်ကာမှ ဂေါက်ကွင်းအနားသတ် အိမ်ခြေ(၂၀) ကို ဂေါက်ကွင်းပိုင်မြေဟု သတ်မှတ် ကာအာလုံးကိုတရားစွဲဆိုခြင်းမပြုဘဲ ကျွန်တော်တစ်ဦးတည်းကိုသာ (၁၉.၆.၂၀၁၂) ရက်နေ့ တွင် တရားစွဲခြင်း သည် တမင်မုန်းထားရ်ျ ဥပဒေနှင့် မညီသော ဆောင်ရွက်မှုသာဖြစ်ပါကြောင်းတိုင်ကြားအပ်ပါသည်။

မှတ်ချက်။ ။ ယခုကျွန်တော်နေထိုင်သောမြေနေရာ
ကို နိုင်ငံတော်အတွက် အမှန်တကယ် အကျိုးရှိမည်ဆို ပါက ကျွန်တော်တို့ ဘ၀အပျက်ခံပြီးဖယ်ရှားပေးရန် အဆင်သင့် ရှိနေပါသည်။

မိတ္တူကို-

(၁) ဒုတိယသမ္မတ(၁) ၊နေပြည်တော်
၂။ ကာကွယ်ရေးဦးစီးချုပ်၊ ဒုဗိုလ်ချုပ်မှုးကြီးမင်းအောင်
လှိုင်
၃။ ဒုဗိုလ်ချုပ်ကြီးဝေလွင်၊ (ကာကွယ်ရေးဝန်ကြီး)
ပြည်ထောင်စုလွတ်တော် နေပြ ည်တော်
၎။ ဦးအောင်ငြိမ်း(ဥက္ကဌ) ပြည်သူ့ တို့ ၏ တိုင်ကြားစာနှင့် အသနားခံစာကော်မတီ အမျိုးသားလွတ်တော် နေပြည်တော်
၅။ ဗဟုစစ်မှုထမ်းဟောင်းအဖွဲ့ ချုပ် ရုံးနေပြည်တော်
၆။ ဦးဌေးဦး (ဥက္ကဌ) နိုင်ငံသားများ ၏ မူလအခွင့်အရေးကော်မရှင်
၇။ ဥက္ကဌ လယ်ယာမြေမှုခင်းများစုံစမ်းရေးေ
က်ာမရှင် (ပြည်ထောင်စုလွတ်တော်)

ဦးစိုးမိုးအောင်

(၃၇၂၉၇၂) တကက/စရ(ငြိမ်း)

(ပေးပို့ သူ( သားစိုးလေး )


Posted in:
စစ်မှုထမ်းဟောင်း တစ်ဦးမှ သမ္မထံ တိုင်ကြားစာပို ~ ဒီမိုဝေယံ
www.demowaiyan.org
ညီနေမင်း ( နည်းပညာ ) ရန်ကုန်၊ နေပြည်တော် နှင့် အထက်မြန်မာပြည်တွင် သွားရောက်၍ နည်းပညာ ဟောပြောပွဲမျာြး...

No comments: