Monday, October 29, 2012

သက်တမ်းအရှည်ဆုံး ကမ္ဘာ့အစာငတ်ခံတိုက်ပွဲဝင်သူ မဏီပူရီအမျိုးသမီး အီရွမ်း ရှမီလာက ချီးမြင့်ဆုတံဆိပ်အားငြင်းပယ်


Irom Sharmila refuses award

သက်တမ်းအရှည်ဆုံး ကမ္ဘာ့အစာငတ်ခံတိုက်ပွဲဝင်သူ မဏီပူရီအမျိုးသမီးအီရွမ်း ရှမီလာ (Irom Sharmila )က ချီးမြင့်လာသည့်ဆုတံဆိပ်အားလောလောဆယ်လက်ခံရန်ငြင်းပယ်လိုက်ပြီး ၎င်းဆုတံဆိပ်အားတိုက်ပွဲအောင်မြင်ပြီးမှသာလက်ခံနိုင်မည်ဖြစ်ကြောင်း ဆုချီးမြင့်ပွဲကို ရှမီလာ ၏ကိုယ်စားတက်ရောက်လာသည့်၎င်း၏အကိုဖြစ်သူမှပြောကြားသွားသည်။
အိန္ဒိယပြည်အရှေ့မြောက်ဒေသ မဏီပူရပြည်နယ်မှ မဏီပူရီအမျိုးသမီး အီရွမ်း ရှမီလာသည် ၎င်းဒပြည်နယ်တွင်ပြဌာန်းထားသော လက်နက်ကိုင်တပ်ဖွဲ့များအား မသင်္ကာသူများအားပစ်ခတ်ဖမ်းဆီးနိုင်သည်အထိခွင့်ပြုအာဏာအပ်နှင်းထားသည့် မတရားဥပဒေ (Armed Forces Special Powers Act-(AFSPA) အားရုတ်သိမ်းရန် အစာငတ်ခံတောင်ဆိုတိုက်ပွဲဝင်နေသည်မှာ (၁၂) နှစ်ရှိပြီဖြစ်သည်။ စနေနေ့က ကိုလ်ကတ္တားမြို့တွင်ပြုလုပ်သည့်၎င်းအားပေးအပ်သည့်ဆုချီးမြင့်အခန်းအနားသို့တက်ရောက်လာသည့်အကိုဖြစ်သူ အီရွမ် ဆင်ကာဂျစ် (Irom Singhajit ) ကယခုလိုပြောကြားသွားခြင်းဖြစ်သည်။ အီရွမ် ဆင်ကာဂျစ်ကဆုတံဆိပ်အား ရှမီလာ ကိုယ်စားအသိအမှတ်သဘောယာယီလက်ခံပြီးနောက် ဆုပေးအဖွဲ့သို့ပြန်လည်အပ်နှင်းကာ..ဒီဆုကိုသင့်တော်ရာဖြစ်တဲ့ဆုပေးအဖွဲ့မှာပဲဆက်ထိန်းသိမ်းထားပြီး သူရဲ့တောင်းဆိုတောင်ပွဲအောင်မြင်ပြီးမြောက်လာတဲ့အခါ ရှမီလာကိုယ်တိုင်ပဲ လက်ခံပါလိမ့်မယ်၊ ဒါဟာ ပြီးခဲ့တဲ့လက ရှမီလာကိုယ်တိုင်ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်..လို့ဆက်လက်ပြောာကားသွားသည်။ ပုံမှန်ဖြစ်နေသည့် ရှမီလာအားဖမ်းဆီးချုပ်နှောင်ထားရေး အမိန့်သက်တမ်းတိုးမြှင့်ရန် တရားရုံးထုတ်စဉ် သတင်းစာရှင်းလင်းပွဲလုပ်ခွင့်ကို အာဏာပိုင်များကပိတ်ပင်ခဲ့ခြင်းကြောင်ယခုကဲ့သို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
 မာလာယလမ်ကဗျာဆရာကြီး အာယပန်အထိမ်းအမှတ်၏ ပထမဆုံးဆမရကာ(Smaraka )ဆုတံဆိပ်အား ရှမီလာအားပေးအပ်ရန်ဆုပေးအဖွဲ့ ကိုဗီလန်ထရတ် (Kovilan Trust )ကအောက်တိုဘာ (၉) ရက်နေ့ဆုံးဖြတ်ခဲ့အပေါ် ကျနော်တို့အများကြီး ကျေးဇူးတင်ဝမ်းသာအားရဖြစ်ရပါတယ်၊ ဒါပေမယ့် ရှမီလာရဲ့ဆုံးဖြတ်ချက်ကြောင့် သူကိုယ်စားကျနော်ပဲတက်ရောက်ခဲ့ရတာဖြစ်ပါတယ် ဟု အီရွမ် ဆင်ကာဂျစ် ကပြောကြားခဲ့သည်။
 
ထိုစဉ်ကသာမာန်ကျောင်းသူလေးတဦးသာဖြစ်တဲ့ရှမီလာဟာသူနေထိုင်ရာအရပ်မှာ မာလွန်းသတ်ဖြတ်မှု Malom Massacre” ဟုလူသိများသည့်မာလွန်းအရပ်မှာအိန္ဒိယစစ်တပ် အာသံသေနတ်တပ်ရင်းက အပစ်မဲ့သူ(၁၀)ဦးအားအားအဆင်ခြငိမဲ့ပစ်ခတ်သတ်ခဲ့သည် ကိုမျက်မြင်တွေ့ခဲ့ရသည့် ၂၀၀၀ ခုနှစ်နိုဝင်ဘာလမှစ၍ မတရားဥပဒေအားရုတ်သိမ်းရန် အစာငတ်ခံတိုက်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။
ကျန်းမာရေးအခြေနေဆိုးဝါးလာတာကြောင့် ဖမ်းဆီးပြီး ပိုက်ဖြင့် အဓမ္မအစာကြွေးကာ ဆေးရုံအချုပ်ဖြင် ထိန်းသိမ်းထားခဲ့သည်။ ဥပဒေကြောင်းအရထိန်းသိမ်းရန်ခွင့်ပြုကာလ တနှစ်ပြည့်မြောက်၍ လွတ်ပေးခဲ့သော်လည်း ရှမီလာကသူရဲ့တိုက်ပွဲကိုနောက်မဆုတ်ပဲ အစာစားရန်ဆက်လက်ငြင်းဆန်နေမှုကြောင့် တရားရုံးအထူးအမိန့်ဖြင့် ပြန်လည်ဖမ်းဆီးကာ (၁၅)ရက်တကြိမ် ထိန်းသိမ်းအာဏာအမိန့်ကို သက်တမ်းတိုးနေရသည်။ ရှမီလာ၏အစာငတ်ခံတိုက်ပွဲဝင်မှုသည် ကမ္ဘာ့ ကာလအရှည်ဆုံးအစာငတ်ခံတိုက်ပွဲအဖြစ်မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်သည်။ ၎င်းအား ကိုးရီးယားမှ ဂွမ်ဂျုးလူ့အခွင့်အရေးဆု (Gwangju Prize for Human Rights in 2007) နှင့် ရာဘင်ဒြာနာ့တဂိုးငြိမ်းချမ်းရေးဆု (Rabindranath Tagore Peace Prize in 2010) များချီးမြှင့်ခဲ့ပြီးဖြစ်သည်။
 
http://www.bbc.co.uk/news/world-asia-india-18002009

No comments: