Tuesday, October 30, 2012

ရခိုင်များ ရန်သူမျိုးငါးပါးမှကင်းဝေးနိုင်ကြပါစေ။

မြေပုံဘင်္ဂလီများက မီးရှို့တိုက်ခိုက်မှုကို စတင်ခဲ့သည်ဟုဝန်ခံ

မြေပုံမြို့ဘင်္ဂလီခေါင်းဆောင်တို့က
 ယနေ့နံနက်၈နာရီခွဲခန့်ကမြို့
မိမြို့ဘများ၊ဒေသဆိုင်ရာအာဏာပိုင်
များနှင့် တွေ့ဆုံစဉ် မီးရှို့တိုက်


ခိုက်မှုကို မိမိတို့စတင်ခဲ့သည်ဟု ၀န်ခံပြောကြားလိုက်သည်။


မြို့မိမြို့ဘများ၊ဒေသဆိုင်ရာအာဏာပိုင်များနှင့် ဘင်္ဂလီလူမျိုးခေါင်းဆောင်များဖြစ်ကြသော
 (၁)စံသိန်း(၂)ကျော်သိန်း(၃)တင်ရွှေ(၄)အောင်လွင်(၅)ဘကျော်တို့နှင့်တွေ့ဆုံစဉ်ထိုသို့
ဝန်ခံပြောကြားလိုက်ခြင်းဖြစ်သည်။

ယခုကဲ့သို့ဝန်ခံ ပြောကြားခြင်းကို ရခိုင်ပြည်နယ် အစိုးရ၀န်ကြီးတဦးဖြစ်သူ ဦးကျော်သိန်း၊
 မြေပုံမြို့ရှိ ရခိုင်ခေါင်းဆောင်များ နှင့် တွေ့ဆုံစဉ်ကလည်း ၀န်ခံခဲဖူးသည်ဟု ယင်းတွေ့ဆုံပွဲကို တက်ရောက်ခဲသူတဦးကCoral Arakan အားပြောကြားခဲ့သည်။ ဘင်္ဂလီခေါင်းဆောင်တွေက “ကျွန်တော်တို့တားခဲပါသေးတယ်” ဟုပြောကြောင်း အဆိုပါပုဂ္ဂိုလ်ကပြောသည်။

(၂၅အောက်တိုဘာ) နေ့တွင် ဘင်္ဂလီများက ကံသာရပ်ရှိ ရခိုင်လူမျိုး တဦးဖြစ်သူ ဦးသိန်းမောင် (ခ) ဇော်ဇော်၏ အိမ်ကို စ၍မီးရှို့ရန် ကြိုးစားရာ ရခိုင်လူမျိုးများက ၀ိုင်းဝန်းငြိမ်းသတ်နေစဉ်
 ယင်းနေရာနှင့် အလှမ်းဝေးကွာသော မြို့ဈေးတန်းရှိ မောင်ဆန်းဝင်းနှင့် မောင်ဘုကြီး
တို့၏နေအိမ်ကိုမီးရှို့ ခဲ့ကြသည်။ ထို့နောက် အပြန်အလှန် မီးရှို့မှုများဖြစ်ပွားပြီး
ရခိုင်လူမျိုးပိုင်အိမ် ၄၂ ဆောင်မီးလောင်ခဲ့ပြီး မီးဘေးသင့်အိမ်ထောင်စုပေါင်း ၄၄စု
(ကျား၁၂၀၊ မ ၁၄၇)ရှိခဲသည်။

ယခုအခါ ဘင်္ဂလီဒုက္ခသည် လေးထောင်ခန့်ရှိနေပြီး ၄င်းတို့က စစ်တွေ
သဲချောင်းရှိ ဒုက္ခသည်စခန်းသို့ ပြောင်းရွေ့ပေးရန် အာဏာပိုင်များအား တင်ပြတောင်းဆိုလျက်ရှိရာ ပြောင်းရွေ့ရန်ညှိနိုင်းလျက်ရှိကြောင်းသိရသည်။


Arakan Times သတင်းဌာန
 

ကျောက်နီမော်လူထု တောင်းဆိုချက်(၃)ချက် အာဏာပိုင်တို့လိုက်လျော

ယနေ့ ကျောက်ဖြူမြို့နယ်၊ ကျောက်နီမော်
လူထုနှင့် ကျောက်နီမော် တစ်ဖက်ကမ်း
 စကုကျွန်းတို့မှ လူထုတောင်းဆိုချက် (၄)
ချက်အနက် (၃)ချက်ကို ဒေသလုံခြုံရေး
တာဝန်ယူထားသော အာဏာပိုင်တို့မှ


ယနေ့ညနေ (၄)နာရီအချိန်တွင် သဘောတူလိုက်လျောလိုက်ပြီဖြစ်သည်။

ကျောက်နီမော်ဒေသခံ ကိုသိန်းဇော်က အာဏာပိုင်တို့ သဘောတူသည့်အချက်များကို "၁။ ကျောက်နီမော်ဒေသတွင် တရားမဝင် လာရောက်နေထိုင်သူ ဘင်္ဂလီများအား(၇)ရက်အတွင်း ပြောင်းရွှေ့နေရာချထားရန်


၂။ မတရားပစ်သတ်ခံခဲ့ရသူ ဦးဟန်တင်သေဆုံးခဲ့ရမှုအတွက် တရားခံဖြစ်သူ

 ကျောက်နီမော် ရဲစခန်းမှ ဒုရဲအုပ် သန်းတင့်ကို ဥပဒေကြောင်းအရ အရေးယူရန်

၃။ ဒဏ်ရာရရှိသူ ဦးမောင်သန်းရွှေအတွက် အစိုးရဖက်မှ အပြည့်အဝ တာဝန်ယူရန်

" တို့ဖြစ်ပါတယ်ဟု  Arakantimes သတင်းဌာနသို့ ပြောကြားသွားသည်။

ယနေ့နံနက်(၈)နာရီအချိန်မှစ၍ ကျောက်နီမော်လူထု တစ်သောင်းကျော်ပါဝင်သော

 ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲကိုပြုလုပ်နေစဉ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျောက်နီမော် ရဲစခန်းမှ ပစ်ခတ်နှိမ်နင်းခဲ့မှုကြောင့် ဦးဟန်တင်(ဘ)ဦးကျော်ဟန် အသက်(၅၇)နှစ်မှာ ပွဲချင်းပြီးသေ
ဆုံးခဲ့ရပြီး ဦးမောင်သန်းရွှေ(ဘ)ဦးချမ်းတင် အသက်(၄၂)နှစ်မှာ သေနတ်ဒဏ်ရာ
 ပြင်းထန်စွာ ရရှိသွားခဲ့သဖြင့် ရမ်းဗြဲမြို့နယ် ပြည်သူ့ဆေးရုံတွင်
 ဆေးကုသမှုခံယူ နေရသည်။

အစိုးရ ရဲတပ်ဖွဲ့မှ သေနတ်ပစ်လူစုခွဲသော်လည်း လူစုမကွဲသွားဘဲ လူအင်အား ပိုမိုများပြားလာသည့်အတွက် ဒေသလုံခြုံရေး တာဝန်ယူထားသူ ခမရ(၃၂၆)မှ

ဗိုလ်မှူးကျော်မင်းယု က ဆန္ဒပြသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပြီး ယခုလိုသဘော
တူညီခဲ့ကြကြောင်း သိရသည်။
 တောင်းဆိုချက်များကို အမြန်ဆုံးလိုက်လျောနိုင်စေရန်အတွက် သပိတ်စခန်းအဖြစ် ဆက်လက်ထားရှိရေးကိုမူ သဘောတူညီမှုမရရှိခဲ့ကြောင်း Arakantimes သတင်းဌာနမှ
စုံစမ်းသိရှိရသည်။
 

၎း၄၅ နာရီ ရမ်းဗြဲမြို့နယ် ကျောက်နီမော်သတင်း

၃၀.၁၀.၂၀၁၂ ရက် နံနက် (၈)နာရီ
လောက်မှ စတင်သော ရမ်းဗြဲမြို့နယ်
 ကျောက်နီမော်ကျေးရွာ ဆန္ဒဖော်ထုတ်မှုမှ ဆက်လက်ဖြစ်ပွါးလျှက်ရှိနေပါသည်။

 ဆန္ဒပြလူအုပ်သည် တဖြည်းဖြည်း တိုးလာလျှက်ရှိပြီး လုံခြုံရေးဖက်မှာလည်း တပ်ရင်း
တစ်ရင်းတိုးချပြီး အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားနေကြောင်းကို
စုံစမ်းသိရှိရပါသည်။



 အခင်းဖြစ်ပွါးရခြင်းမှာ ရဲလုံခြုံရေးမှ မလိုလားအပ်ဘဲ လူအုပ်ထဲသို့ သေနပ်ပစ်ဖောက်
မှုကြောင်း ရခိုင်တိုင်းရင်းသား (၁) ယောက်သေဆုံးပြီး (၂) ယောက်မှာ ဒဏ်ရာရရှိကာ
 ကျောက်နီမော်ဆေးရုံးသို့ တင်ထားရပါသည်။
 ထိုပစ်ခတ်မှုကို ဒေသခံများမှ မကျေမနပ်ဖြစ်ပွါးလျှက်ရှိပြီး ယခုအခါ ကျောက်နီမော် ဘင်္ဂလီကျေးရွာနှင့် ကျောက်ထရံ ဘင်္ဂလီကျေးရွာနှစ်ရွာကို ရခိုင်များနှင့် ဝေးရာသို့
 ရွေ့ပြောင်းပေးရန် ညအိပ် သပိတ်ဆင်းနွှဲသွားမည်ဟု သိရှိရပါသည်။
 ကျောက်နီမော် ကျေးရွာတွင် ဘင်္ဂလီရွာတ၀က်နှင့် ရခိုင်ရွာတ၀က် တခြမ်းစီနေထိုင်
လျှက်ရှိကြပါသည်။ ၂၀၁၂ ခုနှစ် မေ ၂၈ ရက်နေ့က ဘင်္ဂလီမူဆလင်သုံးယောက်မှ
 မြန်မာတိုင်းရင်းသူ ကျောက်နီမော်ကျေးရွာ အုပ်စု၊ သပြေတော ကျေးရွာမှ မသီတာထွေး
ကို မုဒိန်းကျင့်၊ ပစ္စည်းလု၊ လူသတ်မှုဖြင့် ရခိုင်အရေးကို စတင်ခဲ့သည် နေရာတခုဖြစ်ပါသည်။
 ယခုအခါ ရမ်းဗြဲမြို့နယ်တွင် ညမထွက်ရ အမိန့် ပုဒ်မ-၁၄၄ ကို ထုတ်ပြန်ထားလျှက်ရှိပါသည်။

Rakhine Straight Views

No comments: