Monday, October 29, 2012

စိတ်ဖောက်ပြန်တဲ့အခါ…


October 22


စိတ်ဖောက်ပြန်မှုကတော့ သတ္တ၀ါ အသီးသီးမှာ ရှိနေကြတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန စတဲ့ ကိလေသာ တရားတွေ ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီစိတ်ဖောက်ပြန်မှုကိုလည်း သမထ ဘာဝနာ၊ ၀ိပဿနာ ဘာဝနာ တရားများကို ကြိုးစား အားထုတ်ပေးခြင်းဖြင့် ထိန်းသိမ်းပြုပြင် ပေးလို့ရပါတယ်။ တရားအားထုတ်တဲ့ အလုပ်ဟာ ကြိုးစားအားထုတ် နိုင်ရင် အားထုတ် နိုင်သလောက် စိတ်ဖောက်ပြန်မှုကို ပြုပြင် ထိန်းသိမ်း ပေးနိုင်ပြီး နောက်ဆုံး ဉာဏ်စဉ်အမြင့်ဆုံးဖြစ်တဲ့ အရဟတ္တ မဂ်ဉာဏ်အထိ ရောက်ရှိခဲ့ပြီ ဆိုရင်တော့ ဘယ် တော့မှ ဖောက်ပြန်ခြင်း မရှိတော့တဲ့ သန္တိသုခကို ရရှိကြမှာ ဖြစ်ပါတယ်။ အဲဒီလို အဆုံးပန်းတိုင်အထိ မရောက်နိုင်သေး ပေမယ့် တရားအားထုတ်ခြင်းဖြင့် ဒီဘ၀မှာလည်း စိတ် ဖောက်ပြန်မှု သက်သာအောင် လုပ်နိုင်သလို သံသရာမှာ လည်း ချမ်းသာသုခကို ဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။

No comments: