Monday, October 29, 2012

စင်ဒီ

Moethee Zun updated his status: "မြန်မာ ပြည်က မိတ်ဆွေ က မုန်တိုင်း အကြောင်းကို ပြောပြပါဆိုလို ဒီမှာမုန်တိုင်း ဒေါ်သတကြီး ဟစ်ကြွေးနေတာကို ပြောပြရဦးမယ်။ မုန်းတိုင်းနာမည် စင်ဒီ၊ နာမည်လေးလှသလောက်ဒေါသကြီးပုံ
ရသဗျ။ မနေ က ဒီစီ ကနေ နယူးယောက်ကို ပြန်လာရတယ်။ မိုင် ၄၀၀ ဝေးတဲ့ ဒီခရီးမှာ အမြဲကြပ်နေတဲ့ ကားတွေဟာရှင်းနေတယ်။ ကျနော်စီးလာတဲ့ ဘစ်စကားက ၄ နာရီထွက်တယ်။ ညနေ ၈ နာရီလောက်မှာ နယူးယောက်ကို ၀င်တယ်။လင်ကွန်း မြေအောက်လှိုင် ဟာ ကားရှင်းနေတယ်။ မြေအောက်ရထားလမ်းပိတ်လိုက်တဲ့အတွက် တက်စ်နဲ့ ကျနော်ပြန်လာတယ်။ မုန်းတီုင်းသတင်းကို အဆက်မပြတ်ကြေညာပေးနေနိင်တာက ချီးကြူးစရာပဲ။ မီဒီယာတွေက ပင်လယ်ကမ်းစပ်ကနေ ကိုယ်တိုင်ကြေညာနေတာပါ။ ကျနော်နေတဲ့ တိုက်က ၁၅ ထပ်ဆိုတော့ လေက တ၀ုန်းဝုန်းထနေတယ်။ လေက လှိုင်း လုံး တလုံး ခြင်း တလုံးခြင်းတိုက်နေတဲ့အတွက် တိုက်ကြီးဟာ မြည်ဟီးနေတယ်။ မနပုလော၊ ကောမူးရာ၊ နော်တ တိုက်ပွဲတွေကို သွားသတိရတယ်။ သံလွင်မြစ်ရေကြီးခဲ့တဲ့ နစ်ကို သွာသတိရတယ်။ ၉ ၆ ခုနစ်လောက်က သံလွင်မြစ်ရေကြီးတယ်။ ပင်လယ်ပြင်လိုဖြစ်သွားတယ် ကျန်ာတို့ နေတဲ့စခန်း ကုန်းအထိရေရောက်လာတယ်။ မိုးကောင်ကောင်တခုလုံးခဲသားလိုမဲမှောင်နေတယ်။ မြစ်ရေတရိတ်တရိတ်တက်လာတာကို ပတ်ဝန်ကျင်တခုလုံး ရေပြင်ကျယ်အတိဖြစ်ခဲ့တယ်။ အမေရိကန်မှာတော့ နယူးဂျာစီနဲ့နယူးယောက်မှာတော့ ပြည်နယ်အစိုးရတွေက အရေးပေါ်ကြေညာထားတယ်။ ရေက၈ ပေအထိတက်လာမယ်လို့ ဆိုတယ်။ မုန်တိုင်းက ဒီည မှလာမှာ ။ မုန်တိုင်းအကြို ရှေ့ ပြေးကတောင်ပြင်းထန်နေရင် တကယ် ဗဟိုအားပြင်းတဲ့ မုန်တိုင်းဟာ ဘယ်လို ရှိမလဲ။ စောင့်ကြည့်ရတာပေါ့။""မုန်တိုင်း စင်ဒီရဲ့  နောက်ဆက်တွဲ သတင်းပါ။ ခုပဲ စီအန်အန် ကကြေညာတာပါ။ လူဦးရေ သန်း ၆၀ ခန့်  ခံစားရမယ်။ နယူးယောက်နေ မိုင် ၂၆၀ အကွာကိုရောက်လာပြီ။ အိုဘားမား က ကယ်တင်ရေး အစီအစဉ်လုပ်ထားပြီ။ အပျက်အစီးရှိနိင်လို့ မြို ၀န် ပြောတယ်။ လျပ်စစ်မီးတွေပြတ်တောက်နိင်တယ်။ 60 million in path of Hurricane Sandy Storm 260 miles from New York Obama: Heed evacuation plans Sandy 'catastrophic' governor warns Massive power outages expected"       

No comments: