Monday, June 4, 2012

့မေတ္တာရပ်ခံခြင်း

မိတ်ဆွေများအားလုံးသို့ မေတ္တာရပ်ခံခြင်း

ခေတ်အဆက်ဆက် ဖိနှိပ်အုပ်စိုးသူတို့ ၏ လှည့်ကွက်ဖြစ်သော ဘာသာရေး လူမျိုးရေးအဓိကရုဏ်းတခုမြန်မာပြည်တွင် စတင်ဖြစ်ပွားနေကြောင်းသိရှိရပါသည်။ ထိုအဓိကရုဏ်းတွင် ရခိုင်လူမျီုးပဲသေသေ ထိုဒေသအတွင်းနေထိုင်ကြသော မွတ်စလင်မ်များပဲသေသေ ဘယ်သူ့ အတွက်မှအကျိုးမရှိပါ။
စစ်အုပ်စုအတွက်သာလျှင် အကျိုးဖြစ်ထွန်းစေပါမည်။
ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ်များထွက်ခွါချိန်နှင့် အချိန်ကိုက်ဖြစ်ပေါ်လာသော ဤအဖြစ်အပျက်သည် အများပြည်သူများအတွက်စဉ်းစားစရာဖြစ်ပေသည်။
တိုင်းပြည်မငြိမ်သက်မှုကိုအကြောင်းပြု၍စစ်အုပ်စု၏ အတွင်းကြိတ်ကောက်ကျစ်မှုများဖြစ်ပေါ်လာနိုင်သည်ကို
မျက်ချေမပြတ်သတိကြီးစွာ စောင့်ကြည့်၇န်လိုပါသည်။
အလ္လာဟ်အရှင်မြတ်ပေးသည့်အသက်ပဲဖြစ်ဖြစ် ဗုဒ္ဓဘုရားရှင်၏တရားတော်ဖြင့် ရှင်သန်ရသည့်အသက်ပဲဖြစ်ဖြစ် လူ့ အသက်တချောင်းရခဲကြောင်းကိုကျနော်တို့ အားလုံးသိရှိကြပါသည်။
ထို့ အတွက်ကြောင့် စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးတည်ဆောက်သည့်ခရီးတွင် ......

လူအချင်းချင်း နှိပ်စက်ခြင်းကင်းဝေးကြပါစေ။
တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်းငြိမ်းချမ်းကြပါစေ။
ပြည်တွင်းပြည်ပ ရခိုင်လူမျိုးများ မြန်မာနိုင်ငံသားမွတ်စလင်မ်များ
စည်းလုံးညီညွတ်ကြ။
ဘာသာရေး လူမျိုးရေးအဓိကရုဏ်းများ အခြားမြို့ ကြီးများ မကူးစက်နိုင်ရန်အတွက် သက်ဆိုင်ရာဘာသာအသီးသီး
တို့ ၏ခေါင်းဆောင်များ ရဟန်းသံဃာတော်များ အများကြည်ညိုလေးစားသောလူပုဂ္ဂိုလ်များ ဒေသအတွင်းရှိ ကျောင်းသားလူငယ်အဖွဲ့အစည်းများပူးပေါင်း၍ အဓိကရုဏ်းများ အခြားဒေသများသို့  ကူးဆက်ခြင်းမရှိရလေ
အောင် ဟန်ချက်ညီချိတ်ဆက်လှုပ်ရှားရန်။
ပြည်တွင်းပြည်ပရှိ ရခိုင်လူမျိုးများ မြန်မာနိုင်ငံသားမွတ်စလင်မ်များ စည်းလုံးညီညွတ်ကြ။
ပြည်တွင်းပြည်ပ မီဒီယာများသတင်းဌာနများမှ လက်လွတ်စပါယ် သတင်းထုတ်ပြန်ခြင်းများ
တဖက်(သို့ )အခြားတဖက်သို့ အငြိုးအတေးကြီးစွာ ဆူပူလှုံ့ ဆော်စေနိုင်သော အပြောအဆိုအရေးအသားများအား
ဂရုတစိုက် တည်းဖြတ် ထုတ်ဝေ အသံလွှင့်ပေးရေး ....................................စသည်စသည့်

လုပ်ငန်းစဉ်များအား ပြည်သူလူထုကြီးနှင့်တကွ သက်ဆိုင်ရာအစုအဖွဲ့ များသို့ လက်ဆင့်ကမ်းပေးကြပါရန်
လေးနက်စွာမေတ္တာရပ်ခံအပ်ပါသည်။

မြန်မာနိုင်ငံသား ကဗျာဆရာ
ရဲရင့်သက်ဇွဲ
၀၃၀၆၂၀၁၂

No comments: