Tuesday, January 31, 2012

ဟာဗဲလ် ရေးပို့ခဲ့တဲ့စာ





ဒေါ်အောင်ဆန်းစုကြည်က ဂျပန်သတင်းစာ http://mdn.mainichi.jp/perspectives/news/20120130p2a00m0na001000c.html မှာ ဒီတပတ် ရေးခဲ့တဲ့ ဆောင်းပါးက ကွယ်လွန်သူ ချက်သမ္မတဟောင်း ဟာဗဲလ် အကြောင်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟာဗဲလ်တို့ဟာ လူချင်းမတွေ့ဖူးကြဘဲ စာအဆက်အသွယ်ပဲရှိခဲ့တဲ့ သူငယ်ချင်းတွေပါ။
Letter from Burma: Vaclav Havel လို့ အမည်ပေးထားတဲ့ ဆောင်းပါး နိဂုံးကို ဟာဗဲလ်ဆီက လာတဲ့စာနဲ့ ဒီလို အဆုံးသတ်ပါတယ်။


သူငယ်ချင်းရေ
ပြီးခဲ့တဲ့နှစ်တွေအတွင်း ငါစီစဉ်တဲ့ နိုင်ငံတကာညီလာခံတွေ၊ တခြားအခမ်းအနားတွေကို မင်း တက်နိုင်ဖို့ စာအတော်များများ ပေးပို့ခဲ့တယ်။
မင်းတက်နိုင်ဖို့အခြေအနေရှိမယ်မဟုတ်မှန်း သိပါလျက်နဲ့ ဖိတ်ခဲ့တာပါ။

မင်းကို ငါတို့ အားပေးထောက်ခံကြတယ် ဆိုတာ အာဏာပိုင်တွေ သိအောင်လို့ စာတွေ ဆက်ပို့ခဲ့တာပါ။ ...

မင်းတို့နိုင်ငံမှာ မကြာသေးခင် ပေါ်ပေါက်လာတဲ့ ဖြစ်ထွန်းမှုတွေကို အင်မတန် သတိထားပြီး အကောင်းမြင်မိပါတယ်။

ငါတို့မင်းကိုကူညီဖို့လိုမယ်၊ ဥပမာ ငါတို့ဆီက အသွင်ကူးပြောင်းရေး အတွေ့အကြုံတချို့ ဝေမျှတာမျိုးလိုပေါ့၊ မင်းကလည်း လုပ်ပေးစေချင်တယ် ဆိုရင် ငါတို့ ၀မ်းမြောက်ဝမ်းသာ ကူညီကြမှာပါ။


Letter from Burma: Vaclav Havel

When I decided that the first Letter from Burma of 2012 should be about the late Vaclav Havel, I wondered how I should entitle the article. My thoughts immediately went to the little red heart he usually drew as part of his signature. Perhaps I should write about him as "The Heart President" or "The Heart Leader" or "The Dissident with A Heart" or "The Intellectual with A Heart?" In the end I decided that the name Vaclav Havel alone was more potent and meaningful than any fancy title I could think up.

It was during the first year of my house arrest, 1989, that the name of Vaclav Havel became familiar to me. The Velvet Revolution, the Civic Forum, the electoral victory that turned the premier dissident of Czechoslovakia into the first President of the newly democratic republic: I learnt about it all from my small portable radio and shared in the euphoria of political transformation in that far off land. However, I did not realize at that time that Vaclav Havel would become a personal friend.

It is a little strange to speak of a man I had never met and with whom I had barely corresponded as a personal friend. It was his vigorous and warm personality and his total commitment to the support of movements for democracy and human rights the world over that made his friendship so real and vibrant and made me feel we were linked to one another by close ties of understanding. He nominated me for the Nobel Peace Prize in 1991 because he believed it would help to focus international attention on our struggle. Had he allowed his name to be put forward as a candidate that year I am convinced he would have been the chosen laureate. He surely valued the Nobel Peace Prize, for he would not have wanted to give to the cause of democracy and human rights something on which he did not value himself. But it was a matter of chivalry: "Their need is greater than mine."

When my family were permitted to visit me in 1992, my husband brought me a copy of The Power of the Powerless. I have just flicked quickly through the pages of this now shabby, well-thumbed volume and reread some of the phrases I underlined in the book. "... an examination of the potential of the 'powerless' -- can only begin with an examination of the nature of power in the circumstances in which these powerless people operate ..." "... freedom is indivisible ..." "... not standing up for the freedom of others, regardless of how remote their means of creativity or their attitude to life, meant surrendering one's own freedom ..." "A better system will not automatically create a better life. In fact the opposite is true: only by creating a better life can a better system be developed ..." Ideas that seem simple yet which enmesh with basic human aspirations only when formulated with clarity by an exceptional mind.

A high intellect is no substitute for a generous heart, and it is the latter that I appreciate most in Vaclav Havel. He was a rare dissident, one who did not forget fellow dissidents in remote parts of the world even after he became the Head of State of his own country. His heart was not only generous but appealingly light, expressing its solidarity with ordinary people everywhere in the simplest way. His To the Castle and Back begins with the words: "I've run away. I've run away to America. I've run away for two months with the whole family; that is, with Dasa and our two boxers, Sugar and her daughter Madlenka." The gleeful declaration of flight and the place (right at the heart of the family) that he accorded to his dogs drew me across miles and years into the warm circle of his home. How did a man so far from ordinary manage to retain the common touch?

Vaclav Havel spoke to me once on the telephone, about a year ago. He was already in poor health and his voice was weak but he managed to convey his joy at my release from house arrest and his concern for all of us who were still far from our democratic goal. Even in his final illness he did not forget us. The last letter he wrote to me was placed in my hands a few days after his death by one of his old friends, Mr. Sasakawa Yohei.

"Dear Friend," the letter began, "Over the years I sent you a number of letters inviting you to attend various international conferences and other events that I organized. I did it being perfectly aware that the chances of you attending are non-existent but I still did it out of principle and to remind the authorities that confiscated my letters to you that we constantly think of you and support you." The spirit with which he championed the cause of the oppressed had remained intact. His interest in our struggle, too, had continued strong: "Dear friend, I am following the recent developments in your country with a very, very cautious optimism." He ended his letter on a practical, modest note. "... if there is anything we can do to help -- for example -- and only if you wish -- to share some of our transformational experience with you we shall gladly do it."

I will feel the absence of my friend as we continue along the road he walked before us. (By Aung San Suu Kyi)

(Mainichi Japan) January 30, 2012

ပစ္စက္ခမြန်မာ့နိုင်ငံရေးမှာ လမ်းစဉ် (၂) ရပ်အားပြိုင်ဆဲ


ပစ္စုပ္ပန်မြန်မာ့နိုင်ငံရေးဆိုတာက၂၀၁၀ ပြည့်နှစ်နဲ့ ၂၀၁၁ ခုနှစ် ကာလ အပိုင်းအခြားကို ဆိုလိုတာဖြစ်ပါတယ်။ ဒီ (၂) နှစ်အတွင်းမှာ မြန်မာ့နိုင်ငံရေးမှာ ထူးခြားချက်တွေ ရှိခဲ့ပါတယ်။
၁/ ရွေးကောက်ပွဲ ကော်မရှင်ဥပဒေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင် ဥပဒေတို့ကို ပြဌာန်းပေးခဲ့တယ်။ ဒါ့ကြောင့်မို့ ဦးသုဝေ ဒေါ်သန်းသန်းနုတို့ ခေါင်းဆောင်တဲ့ ဒီမိုကရေစီပါတီ (မြန်မာပြည်) နဲ့ ဒေါက်တာသန်းငြိမ်း ဦးခင်မောင်ဆွေတို့ ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီတို့ဖွဲ့စည်း ပေါ်ပေါက်လာကြတယ်။ ၂၀၁၀နိုဝင်ဘာ (၇) ရက် အထွေထွေ ရွေးကောက်ပွဲ မှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြတယ်။ ကြံ့ဖွံ့ပါတီကို အကြောင်းမျိုးစုံကြောင့် အပြတ်အသတ် ရှုံးသွားပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဒီ/ချုပ်ပါတီ) က ပါတီ မှတ်ပုံတင်ခြင်းကို ငြင်းပယ်လိုက်သလို ရွေးကောက်ပွဲ ကိုလဲ သပိတ်မှောက်လိုက်ပါတယ်။ ရွေးကောက်ပွဲ အပြီးမှာ ဦးတင်ဦးနဲ့ဒေါ်စုတို့ကို အကျယ်ချုပ်ကနေ လွှတ်ပေးလိုက်ပါတယ်။
၂/ (၃၀.၃.၁၁) နေ့မှာ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ ကြံ့ဖွံ့အစိုးရ အာဏာရပါတယ်။ လွတ်ငြိမ်းခွင့် အမိန့်နဲ့ ရာဇ၀တ် အကျဉ်းသားတချို့နဲ့ နိုင်ငံရေးအကျဉ်းသား အနည်းငယ်တို့ကို လွှတ်ပေးခဲ့တယ်။
၃/အစိုးရ သစ်ကကုလသမဂ္ဂအပါအ၀င်နိုင်ငံတကာ သံတမန် ဆက်ဆံရေးတွေ တိုးချဲ့လိုက်ပါတယ်။ နိုင်ငံတကာ အစိုးရ တစ်ချို့ကလဲ အပြုသဘော ချဉ်းကပ်ပြီး ထောက်ခံခဲ့ကြတယ်။
၎/စာနယ်ဇင်းလွတ်လပ်ခွင့်တစ်ချို့ကိုလဲ ဖြေလျှော့ပေးခဲ့ပါတယ်။ ပြည်တွင်း ပြည်ပ မီဒီယာ လွတ်လပ်မှု တစ်ချို့ ရလာတာကြောင့် ဒေါ်စုကလဲ သူမရဲ့ မူဝါဒ လမ်းစဉ်သစ်ကိုကမ္ဘာသိ ကျေညာခဲ့ပါတယ်။ အစိုးရသစ်နဲ့ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်မှာ ဖြစ်သလို ပြုပြင်ပြောင်းလဲမှုတွေ သွက်လက်စွာ ဖေါ်ဆောင်ပေးဖို့ တောင်းဆို တိုက်တွန်းသွားမယ်လို့ ကျေညာခဲ့ပါတယ်။

နှစ်နှစ်တာအတွင်းမြန်မာ့နိုင်ငံရေးရဲ့ ထူးခြားချက်များကို ဖေါ်ပြလိုက်ခြင်း ဖြစ်ပါတယ်။

၂၀၁၀နှစ်လည်ပိုင်းရောက်တော့ ဒေါ်စုဟာ သမတကြီးနဲ့ နေပြည်တော်မှာ တစ်ကြိမ် တွေ့ဆုံခဲ့တယ်။ ရန်ကုန်မှာ ၀န်ကြီး ဦးအောင်ကြည်နဲ့ (၄) ကြီမ် တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက်မှာ ဒေါ်စုကသူမရဲ့ မူလ နိုင်ငံရေး သဘောထား (၂) မျိုးကိုစွန့်ပစ် လိုက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မှတ်ပုံပြန်တင်ရမယ်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ မှာ ၀င်ရောက် ယှဉ်ပြိုင်မယ်လို့ ကျေညာလိုက်ပါတယ်။ သူမရဲ့ သဘောထားသစ်က နည်းဗျူဟာ လမ်းစဉ်သစ် ပြောင်းလဲမှုလို့ အကဲဖြတ်နိုင်ပါလိမ့်မယ်။

ဆိုခဲ့ပါထူးခြားချက်တွေအပြောင်းအလဲတွေကြောင့်၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခဲ့သူတွေ မှားသလား? မှန်သလား? အမေးပုစ္ဆာ ပေါ်ထွက်လာပါတယ်။

ထို့အတူ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ပါဝင် ဆင်နွှဲလိုသူတွေကကော မှားသလား? မှန်သလား? ဒုတိယပုစ္ဆာ ထွက်လာပါတယ်။ အမှန်အတိုင်း သုံးသပ်ရရင် ရွေးကောက်ပွဲတွေ ဆိုတာ ပါတီစုံ ဒီမိုကရေစီစနစ် နိုင်ငံတွေမှာ အခြေခံကျတဲ့ နိုင်ငံရေး စင်မြင့် တစ်ခု ဖြစ်ပါတယ်။ တစ်နည်းပြောရရင် နည်းဗျူဟာ လမ်းစဉ် မူဘောင် အတွင်းမှာ ရှိပါတယ်။

ဒီကနေ့မြန်မာ့နိုင်ငံရေးမှာဖြစ်နိုင်ခြေ (၃) မျိုး ရှိနေပါတယ်။
၁/ဒေါ်စုရဲ့ လွှတ်တော်နိုင်ငံရေးမှ ၂၀၀၈ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်နိုင်တယ်။ ဥပဒေသစ်တွေကို တင်သွင်းရာမှာ အောင်မြင်မှုတွေ ရလာတယ်။ ဆိုရင်တော့ နည်းဗျူဟာလမ်းစဉ်သစ် အောင်မြင်တယ်လို့ လက်ခံကြရမှာဖြစ်ပါတယ်။
၂/ဒေါ်စုဟာ ကြံ့ဖွံ့အစိုးရ ရဲ့ လိုလားချက်တွေကို လိုက်လံ အကောင်အထည် ဖေါ်နေရင်း ဦးသိန်းစိန်ရဲ့ နောက်လိုက် နောက်မြီးဆွဲ ဖြစ်သွားနိုင်ပါတယ်။ အဲဒီလို ဖြစ်သွားခဲ့ရင်တော့ လူထုကြီးနဲ့ ကင်းကွာသွားနိုင်ပါတယ်။ ဒါပေမဲ့ ဒေါ်စု ဆိုတာက သခင်အောင်ဆန်းရဲ့ သမီး ဖြစ်ပါတယ်။ ဒီအချက်ကိုလဲ သတိချပ်စေလိုပါတယ်။
၃/သမတ၊ ဒုတိယသမတ (၂) ဦးနဲ့လွှတ်တော်ဥက္ကဋ္ဌ (၂) ဦးတို့ရဲ့ အခွင့် အာဏာတွေကို ကြည်းတပ်မတော် ဗိုလ်ချုပ်ကြီးများက သိမ်းပိုက်လိုက်ရင် လောလောဆယ် ဖေါ်ဆောင်နေတဲ့ ဒီမိုကရေစီ ပြုင်ပြောင်းလဲမှုတွေ ရပ်စဲသွားနိုင်ပါတယ်။ အာဏာရှင်စနစ် ပြန်လည် ရှင်သန်လာနိုင်ပါတယ်။ ဒီမိုကရေစီ နောက်ကြောင်းပြန်ခရီး ဖြစ်ပါလိမ့်မယ်။ ဖိနှိပ်မှုတွေ ပြင်းထန်လာရင် မြန်မာနိုင်ငံရေးဟာ အဆိုး သံသရာ လည်သွားပါလိမ့်မယ်။ ဖြစ်နိုင်ခြေများကို ခန့်မှန်းကြည့်ခြင်းမျှသာ ဖြစ်ပါတယ်။

သမတဦးသိန်းစိန်အစိုးရ သစ်ကလောလောဆယ် အကောင်အထည် ဖေါ်ပေးရမဲ့ ရှေ့တန်းရောက် ပြဿနာကြီး (၂) မျိုးလဲ ရှိနေပါသေးတယ်။ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့် ထုတ်ပြန်ပြီး နိုင်ငံရေး အကျဉ်းသား အားလုံးတို့ကို လွှတ်ပေးဖို့ ဖြစ်ပါတယ်။ ဒုတိယပြဿနာကြီးကတော့ တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်အခပ် ရပ်စဲလိုက်ပြီး စားပွဲဝိုင်း ဆွေးနွေးပွဲတွေ ဆက်တိုက် ကျင်းပဖို့ ဖြစ်ပါတယ်။ အဲဒီ (၂) ချက်ကို ခြေမြန် လက်မြန် ဆောင်ရွက်နိုင်ခဲ့ရင် လာမဲ့ (၂) နှစ်တာ အတွင်းမှာ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ် တို့က မြန်မာ့ စီးပွားရေးမှာ ပါဝင် ကူညီပေးနိုင်ပါတယ်။ နိုင်ငံတကာ ရင်းနှီးမြှတ်နှံမှုတွေလဲ အမေရိကန်ဒေါ်လာဘီလီယံ တချို့ ၀င်ရောက်နိုင်ပါတယ်။ ဆိုခဲ့ပါ အရေး ကိစ္စတွေကို လက်တွေ့ဖေါ်ဆောင်ရမှာက ကြံ့ဖွံ့အစိုးရသာ ဖြစ်ပါတယ်။ အာဏာ (၃) ရပ်ကို ဆုတ်ကိုင်ထားတဲ့ လက်ရှိအစိုးရ မှာ အဓိက တာဝန်ရှိပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဦးသုဝေ ဒေါက်တာသန်းငြိမ်း ဦးခင်မောင်ဆွေတို့ရဲ့ လမ်းစဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဝင်းတင်တို့ရဲ့ ရွေးကောက်ပွဲ သပိတ်မှောက်ရေး လမ်းစဉ်တို့ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆို တာလောလောဆယ် အဖြေ မထွက်သေးဘူးလို့ ယူဆနိုင်ပါတယ်။ ဒုတိယ လမ်းစဉ်ကတော့ ရွေးကောက်ပွဲကို သပိတ်မှောက် ပြီးနောက် တက်ရောက်လာတဲ့ အစိုးရသစ်နဲ့သာ စားပွဲဝိုင်း ဆွေးနွေးပွဲတွေကို ခေါ်ဆောင်နိုင်တယ် ဆိုတဲ့ လမ်းစဉ် ဖြစ်ပါတယ်။ စားပွဲဝိုင်း ဆွေးနွေးပွဲတွေက အတုအယောင်လား အစစ်အမှန်လား ဆိုတာလဲ လူထုထဲမှာ ငြင်းခုံနေကြဆဲ ဖြစ်ပါတယ်။

(၁၃.၁.၁၂) နေ့မှာနိုင်ငံရေးအကျဉ်းသား အများစုကြီးကို လွှတ်ပေးလိုက်တဲ့ အတွက် မြန်မာ့ နိုင်ငံရေး အကောင်း ဘက်ကို အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။ နောက်ထပ် ဖြေရှင်းရမဲ့ ပြဿနာကတော့ ကချင်ပြည်နယ်က ထိုးစစ်တွေ လုံးဝ ရပ်စဲပေးဖို့ ဖြစ်ပါတယ်။ စားပွဲဝိုင်း ဆွေးနွေးပွဲတွေကနေ နောက်ထပ် နိုင်ငံရေး ပြဿနာတွေကို ဆက်တိုက် ဖြေရှင်းသင့်ကြပါတယ်။

ကိုးကိုးကျွန်းပြန်တစ်ဦး
၁၈.၁.၁၂

Aung San Suu Kyi campaigns in Dawei mp4

ပြည်သူ့လက်ခုပ်သံ




ပြည်သူတီးတဲ့လက်ခုပ်သံ
မိုးဘ၀ဂ်ထိဆူဆူညံ
လူထုအော်သံ အမှန်ထုတ်
တိုင်းပြည်ရဲ့ပြယုဂ်။

အုပ်ချုပ်ရမယ့်အစိုးရဟာ
မည်သူမည်ဝါ ဖြစ်သင့်တာ
မဖေါ်ပါဘဲ မြင်ရင်ပဲ
သိသာနေပြီပဲ။

ဇွဲနဲ့လာတဲ့အမေစုကို
လူထုအများကဆီးလို့ကြို
ဘယ်ကိုသွားသွားမရပ်မနား
အားအင်နဲ့ပါလား။

အားဆေးပေးတဲ့ တို့အမေ
တို့တိုင်းပြည်ကို ကြည့်ရှုပေ
လူနေအမှုမြင့်စေဖို့
လူထုအားနဲ့ အမှန်ပို့။

ဒို့များဒုက္ခ မြင်တဲ့အခါ
အမေစိတ်မချမ်းသာ
စေတနာ မေတ္တာပွား
မှန်ကန်တဲ့စိတ်ထား။

ကြွားလောက်ပါရဲ့ အမေရေ
သက်တော်ရာကျော်ရှည်ပါစေ
အမေရှိက အားရှိလှ
ပြည်သူအားကိုးရ။

တက္ကသိုလ်ဘုန်းကြွယ် (ဇန္န၀ါရီ ၃၁ ၁၂)



7Day News Journal


ညောင်ဦးမြို့တွင် ကြိုဆိုနေကြသော ဒေသခံများကို ကားပေါ်မှ နှုတ်ဆက်နေသော ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ညနေ ၅ နာရီခွဲခန့်က တွေ့ရစဉ်။

7Day News Journal

ပေပင်တိုက်ကျေးရွာတွင် ဒေသခံလူထုသို့ အမှာစကားပြောကြားနေသော ဒေါ်အောင်ဆန်းစုကြည်။



7Day News Journal





အစိုးရ နှင့် SSA တို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်


by Burma VJ Media Network on Sunday, January 29, 2012 at 11:01am
By ဇာဏီ ၊ ဇန္နဝါရီလ ၂၉ ရက်နေ့၊ ၂၀၁၂ ခုနှစ်။

ဇန္နဝါရီလ၂၈ရက်နေ့ နံနက်၁၀နာရီအချိန်ခန့်မှ စတင်၍ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ပြည်နယ်အစိုးရရုံးမှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်လာတဲ့  SSPP (ရှမ်းပြည် တိုးတက်ရေးပါတီ)၊ SSA (ရှမ်းပြည် တပ်မတော်)မှ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် အစိုးရဘက်မှ  ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အစိုးရဘက်မှ  ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ကို ဦးဆောင်လာတဲ့ တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းမှ အဖွင့်စကားကို အခုလိုပြောကြားသွားပါတယ်။

"ကျနော်တို့ ဒီနေ့ ရှမ်းပြည်နယ် အစိုးရရုံး ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ SSPP၊ နောက် SSA  တပ်မတော်မှ ဦးခေတိုင်း ဦးစီးသော ကိုယ်စားလှယ်အဖွဲ့ကို  ကျနော်တို့  ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆွေးနွေးမည့်အဖွဲ့က လှိုက်လှဲစွာ ကြိုဆိုပါတယ်။ အခုလို ကြွရောက်လာတဲ့အတွက်လည်းပဲ အထူးပဲ ကျေးဇူးလဲ တင်ပါတယ်။ လေးစားပါတယ်လို့ ပဏာမ ကျနော် ပြောလိုပါတယ်။ ဒီဆွေးနွေးပွဲ တက်ရောက်လာတဲ့ ဦးခေတိုင်းနဲ့ အဖွဲ့ကို ကျနော်တို့ နိုင်ငံတော် သမ္မတကြီးကလဲ ကျန်းမာချမ်းသာစေကြောင်း ဆုမွန်ကောင်း တောင်းပါတယ်။ ဗိုလ်ချုပ် ပန်ဖနှင့် အဖွဲ့လည်းပဲ ကျန်းမာ ချမ်းသာစေကြောင်း ဆုမွန်ကောင်းတဲ့ အကြောင်း ပြောကြားပေးဖို့ ကျနော့ကို မှာကြားပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလည်းပဲ အောင်မြင်ပါစေလို့ မျှော်လင့်ထားကြောင်းလည်းပဲ မှာကြားပါတယ်။ ဒီကနေ့ လမ်းပန်းဆက်သွယ်ရေး အရ ပင်ပင်ပန်းပန်း လာခဲ့ရတာလည်းပဲ ကျနော်တို့အနေနဲ့ သိရှိပြီးတော့ အားနာပါတယ်၊ကိုယ်ချင်းစာမိပါတယ်လို့ ပြောလိုပါတယ်။ အဲတော့ ဒီဆွေးနွေးပွဲ အောင်မြင်ဖို့လည်းပဲ နိုင်ငံတော် သမ္မတကြီး အနေနဲ့လည်းပဲ အထူးပဲ စိတ်ဝင်စားပါကြောင်း မှာကြားပြောတာလေးကို ကျနော်တဆင့် ပြန်လည်ပြီးတော့ တင်ပြပါတယ်။ အလားတူပဲ ကျနော်တို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ကလည်းပဲ ဒီဆွေးနွေးပွဲမှာ တက်ရောက်လာတဲ့ လူတွေအားလုံး ကျန်းမာချမ်းသာစေကြောင်း ၊ ဒီမြေ ဒီဒေသမှာ သူကလည်းပဲ အချိန်ကြာမြင့်စွာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့အတွက် ဒေသ သံယောဇဉ်အရ ကြွရောက်လာတဲ့ ပုဂ္ဂိုလ်တွေကိုလည်းပဲ အထူးပဲ ကျနော်တို့ လေးစားပါကြောင်းနဲ့ ဒီမြေဒေသအပေါ်မှာလည်းပဲ သူ့အနေနဲ့ ခင်တွယ်မှုရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်စေချင်ကြောင်း၊ ငြိမ်းချမ်းစေချင်ကြောင်း၊ ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့လည်း မှာကြားတာကို ကျနော့ကိုပြောပေးဖို့ ဖြစ်ပါတယ်။ နောက် ဒီလိုဆွေးနွေးတဲ့နေရာမှာလဲ တယောက်နဲ့တယောက် ယုံကြည်မှု တည်ဆောက်ရန် လိုအပ်တယ်လို့ ပြောကြားပေးဖို့ မှာကြားပါတယ်။ နောက် SSA ဝမ်ဟိုင်း အဖွဲ့အနေဖြင့်လည်းပဲ ဝမ်ဟိုင်းမှာ အခြေပြုပြီးတော့မှ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်သွားစေလိုကြောင်းလည်း မှာကြားပါတယ်။ နောက် ဒီကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ တပ်မတော် အနေနဲ့ စစ်ရေးအရ ဆောင်ရွက်မှာ မဟုတ်ကြောင်း နဲ့ စစ်ရေးအရ ဆောင်ရွက်ဖြေရှင်းမှုကို မလုပ်ကြောင်း ၊ နောက် ဒီ SSPP ၊ SSA အဖွဲ့တွေရဲ့ လုံခြုံရေးကိုလည်းပဲ တာဝန်ယူမှာ ဖြစ်ကြောင်း ၊ နောက် ဒီဒေသမှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဇုံတွေ တည်ဆောက်မယ် ဆိုရင်လည်းပဲ ကာကွယ်ရေး ဦးစီးချုပ်က ကူညီဆောင်ရွက်သွားမှာ ဖြစ်ကြောင်း မှာကြားပါတယ်။ ဒါတွေလည်းပဲ ကျနော့အနေနဲ့ တဆင့် တင်ပြလိုပါတယ်။ " ဟု ဦးအောင်သောင်းမှ အဖွင့်စကားပြောကြားခဲ့ပါသည်။

အဲဒီနောက်မှာ နှစ်ဖက် အဖွဲ့ဝင်များ မိတ်ဆက်စကားများ ပြောကြားခဲ့ပါတယ်။

"ကျနော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအစီအစဉ်မှာ ပဏာမ ပြည်နယ်အဆင့် သဘောတူညီမှု ရရှိအောင် ဆွေးနွေးဖို့ ဖြစ်ပါတယ်။ ဒီအချက်နဲ့ ပတ်သတ်ပြီးတော့ ကျနော်တို့လည်းပဲ ကြိုတင်ပေးပို့ထားတာ ရှိပါတယ်။ ဒါနဲ့ ပတ်သတ်ပြီးတော့မှ ဦးခေတိုင်းတို့ ဘက်မှ စတင်ဆွေးနွေးပေးဖို့ ကျနော် မေတ္တာရပ်ခံပါတယ်။"လို့ အစိုးရဘက်မှ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ကို ဦးဆောင်လာတဲ့ တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းက ဆက်လက်ပြောဆိုခဲ့ပါတယ်။

SSPP (ရှမ်းပြည် တိုးတက်ရေးပါတီ) နှင့် SSA (ရှမ်းပြည် တပ်မတော်)မှ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့က ပဏာမအဆင့်ဖြစ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် ဟူ၍ အချက် ၇ ချက်စီ ခွဲခြား တောင်းဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ပဏာမအဆင့်ဖြစ်တဲ့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ  SSPP (ရှမ်းပြည် တိုးတက်ရေးပါတီ) နှင့် SSA (ရှမ်းပြည် တပ်မတော်)မှ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့က အောက်ဖော်ပြပါ အချက်(၇)ချက်ကို တောင်းဆိုသွားခဲ့ပါတယ်။

(၁) စစ်ရပ်စဲရန် ( နိုင်ငံတော်အစိုးရမှ တပြည်လုံး အတိုင်းအတာအရ စစ်ရပ်စဲရေး ကြေငြာပေးရန်၊ တချို့အဖွဲ့ကို စစ်ရပ်စဲပြီး၊ တချို့အဖွဲ့ကို တိုက်ခိုက်နေခြင်းမျိုး မပြုလုပ်ရန်)

(၂) လိုအပ်သည့် နေရာများတွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၊ ရှမ်းပြည် တပ်မတော်(SSA)၏ ဆက်ဆံရေး ရုံးများ ဖွင့်လှစ်ခွင့် ပြုသွားနိုင်ရန် ( စစ်ရပ်စဲ ပြီးတဲ့နောက်မှာ နိုင်ငံရေး ပြဿနာများကို ဆက်လက်ဆွေးနွေးနိုင်ရန် ဆက်ဆံရေးရုံးများကို ဖွင့်လှစ်မှသာ ဖြစ်နိုင်တဲ့အတွက်ကြောင့် ဖွင့်လှစ်ခွင့် ပြုရေး)

(၃) တပြည်လုံးသို့ လွတ်လပ်စွာ သွားလာလှုပ်ရှား ဆောင်ရွက်နိုင်ခွင့် ရှိရေး ( အဲတာမှလည်း ကျနော်တို့ဟာ မိသားစု စားဝတ်နေရေး ပြဿနာတွေ၊စီးပွားရေး လုပ်ငန်းတွေ၊ မိမိအဖွဲ့အစည်း ရပ်တည်နိုင်ရေးအတွက် လှုပ်ရှားသွားလာနိုင်ခွင့် ပြုမှသာလျှင် ဖြစ်မှာပါ။)

(၄) နိုင်ငံရေးကိစ္စရပ်များကို ကျနော်တို့ ဆက်လက်ဆွေးနွေးသွားရန် (နိုင်ငံရေး ကိစ္စများကို ဆွေးနွေးတဲ့နေရာမှာလဲ ကျနော်တို့ဟာ ညီရင်းအကိုတွေ ဖြစ်တဲ့အတိုင်း တဦးနဲ့တဦး၊ တဖွဲ့နဲ့တဖွဲ့ အပြန်အလှန် လေးစား၊ တန်းတူ၊ မျှတ ပွင့်လင်းစွာဖြင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေးနိုင်ရေးကို ဒါအကောင်အထည်ဖော်သွားနိုင်ရမယ်)

(၅) ဘက်ပေါင်းစုံ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားရန် ( ဒါကလဲ ကျနော်တို့နိုင်ငံတော်ကနေပြီးတော့ ပံ့ပိုးကူညီမှုအောက်မှာ ဆောင်ရွက်သွားရန်ဖြစ်ပါတယ်)

(၆) တပြည်လုံးရှိ ဒီမိုကရေစီပါတီ အဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ ၊ လူမှုရေးအဖွဲ့အစည်းများနဲ့ ပြည်သူလူထုများအား လွတ်လွတ်လပ်လပ် ဆက်သွယ်ဆွေးနွေးသွားနိုင်ရန် ( ဒါကလဲ နိုင်ငံရေးကိစ္စနဲ့ ပတ်သတ်တဲ့ ကိစ္စများကို ကျနော်တို့ အားလုံးနဲ့ ပြေပြေလည်လည် ကျေကျေလည်လည် ဖြစ်သွားဖို့ ရည်ရွယ်ပြီးတော့ တောင်းဆိုခြင်းဖြစ်ပါတယ်)

(၇) စစ်ဒဏ်ကြောင့် အလဟဿ မြေဇာပင် ဖြစ်ပြီးတော့မှ သေကြေဒဏ်ရာရ ၊ပစ္စည်းဥစ္စာ ပျက်စီးဆုံးရှုံးသွားရသည့် ရဟန်းရှင်လူ မိဘ ပြည်သူလူထုများနှင့် စစ်ပြေးဒုက္ခသည်များအား လူသားချင်းစာနာမှုဖြင့် နိုင်ငံတော် အစိုးရမှ ပြန်လည်ကူညီ ပံ့ပိုးပေးသွားရန်  တောင်းဆိုသွားပါတယ်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရာမှာတော့

(၁) ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံအတွင်းရှိ လူတန်းစား လူ့အလွှာ အသီးသီးမှ တိုင်းရင်းသား လူမျိုးပေါင်းစုံကို ကိုယ်စားပြုနိုင်သော ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရေး ကော်မတီအား ကျယ်ပြန့်စွာဖွဲ့စည်း၍ တွေ့ဆုံဆွေးနွေးအကောင်အထည်ဖော်သွားရန်၊

(၂) အနာဂတ် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြည့်ဝစွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အကျဉ်းကျ ခံနေရဆဲ နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရန်၊

(၃)  မြန်မာနိုင်ငံတွင် ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် တရားဥပဒေ စိုးမိုးရေးသည် မရှိမဖြစ် လိုအပ်သဖြင့် တရားဥပဒေ စိုးမိုးရေးအတွက် လွတ်လပ်ပြီး တရားမျှတသော တရားရေးမဏ္ဍိုင် တည်ဆောက် အကောင်အထည်ဖော်သွားရန် ၊

(၄) မြန်မာနိုင်ငံအတွင်း အမျိုးသား သွေးစည်းညီညွတ်ရေး တည်ဆောက်နိုင်ရန်အတွက် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်သော စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို တည်ဆောက်သွားရန် ၊

(၅)  မြန်မာနိုင်ငံတွင် ဒီမိုကရေစီအခွင့်အရေးများနှင့် အခြေခံလူ့အခွင့်အရေးများကို အပြည့်အဝ ခံစားခွင့်ရရေးအတွက် လုပ်ဆောင်သွားရန် ၊

(၆) နိုင်ငံရေး ကိစ္စကို တွေ့ဆုံဆွေးနွေးရာတွင် အပြန်အလှန်လေးစား တန်းတူမျှတ ပွင့်လင်းစွာနဲ့ ဆွေးနွေးပြီး တူတာကို တွဲလုပ် ၊ မတူတာကို အချိန်ယူပြီး ပြန်လည်ဆွေးနွေးကာ တူအောင် တဖြေးဖြေး ညှိနှိုင်းသွားပြီး ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်သွားရန်

(၇) နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ဖြစ်ရပ်မှန်များကို ရဟန်းရှင်လူ ပြည်သူလူထုများ သိရှိနိုင်ရန်အတွက် ထုတ်ပြန်ကြေငြာသွားရန် တောင်းဆိုသွားခဲ့ပါတယ်။

အစိုးရဘက်မှ  ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့မှာ အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း (တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ၊ ဒုတိယ အဖွဲ့ခေါင်းဆောင် - ဦးသိန်းဇော် (မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)နှင့် အဖွဲ့ဝင်များ အဖြစ် ဦးအုန်းမြင့် (သမဝါယမ နှင့် မွေးမြူရေး၊ရေလုပ်ငန်း ဝန်ကြီး)၊ ဦးဝင်းထွန်း (ပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ သစ်တောရေးရာ ဝန်ကြီး) ၊ ဦးမောင်မောင်သိမ်း (ခရမ်းမြို့နယ် မဲဆန္ဒနယ်မြေမှ လွှတ်တော်ကိုယ်စားလှယ်)၊ စပ်အောင်မြတ် (ရှမ်းပြည်နယ် ဝန်ကြီးချုပ်)၊ ဗိုလ်ချုပ် အောင်ကျော်ဇော (အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)၊ ဗိုလ်ချုပ် မြတ်ထွန်းဦး (အရှေ့အလယ်ပိုင်း စစ်ဌာနချုပ်)၊ ဗိုလ်ချုပ် ဇော်ဝင်း ( နယ်စပ်ရေးရာ ဒု-ဝန်ကြီး)၊ ဦးထွန်းထွန်းဦး (ဒု-ရှေ့နေချုပ်)၊ ဦးစိုးတင့် (ဆောက်လုပ်ရေး ဒု-ဝန်ကြီး) (ဆောက်လုပ်ရေး ဝန်ကြီး ဦးခင်မောင်မြင့် ကိုယ်စားတက်ရောက်)၊ ဗိုလ်ချုပ် အောင်မင်း ( ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး)၊ ဒုတိယ ဗိုလ်မှူးကြီး ဇော်နိုင်ဦး (တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး) (ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စားတက်ရောက်) တို့ ဖြစ်ပါတယ်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ SSPP (ရှမ်းပြည် တိုးတက်ရေးပါတီ) နှင့် SSA (ရှမ်းပြည် တပ်မတော်)မှ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့မှာတော့ ဗိုလ်ချုပ်ဆေထင် ( ရှမ်းပြည် တိုးတက်ရေးပါတီ နာယက) ၊ စ၀်ထီးတိုင်း (ရှမ်းပြည် တိုးတက်ရေးပါတီ ဒုတိယ အထွေထွေအတွင်းရေးမှူး - ၁ ) နှင့် ဦးခေတိုင်း (ရှမ်းပြည် တပ်မတော်)တို့က ရှမ်းပြည် တိုးတက်ရေးပါတီ နှင့် ရှမ်းပြည်နယ် တပ်မတော်မှ အဆင့်မြင့်အရာရှိများ ပါဝင်တဲ့အဖွဲ့ကို ဦးဆောင်လာခဲ့ပါတယ်။

 ဇန္နဝါရီလ ၂၈ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် အစိုးရဘက်မှ  ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ နှင့် SSPP (ရှမ်းပြည် တိုးတက်ရေးပါတီ) နှင့် SSA (ရှမ်းပြည် တပ်မတော်)မှ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့၏ တာဝန်ရှိသူများက အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါတယ်။



Photo Credit and Thank to Messenger News Journal
အစိုးရ နှင့် SSA တို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်နေစဉ်

ပြုပြင် ပြောင်းလဲမှုတွေ ဆက်လုပ်ဖို့ EU အဖွဲ့ မြန်မာကို တိုက်တွန်း


2012-01-31
မြန်မာနိုင်ငံမှာ အရေးပါတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ထွန်းလာတဲ့အပေါ် EU ခေါ် ဥရောပသမဂ္ဂ ခေါင်းဆောင်တွေက ကြိုဆိုလိုက်ပြီး ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့လည်း မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
AFP PHOTO / GEORGES GOBET
ဘယ်လဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ကျင်းပသည့် ဥရောပ ထိပ်သီးညီလာခံတွင် ဥရောပသမဂ္ဂ ဥက္ကဋ္ဌ မစ္စတာ ဟာမဲန် ဗွန် ရောမ်ပေ (ယာ) နှင့် ဥရောပ ကော်မရှင် ဥက္ကဋ္ဌ မစ္စတာ ဟိုဆေး ဘာရိုဆို တို့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့က ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
ဘယ်လဂျီယန်နိုင်ငံ ဘရပ်ဆဲလ်မြို့မှာ မနေ့က ပြုလုပ်တဲ့ ထိပ်သီး ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဥရောပသမဂ္ဂ ဥက္ကဋ္ဌ မစ္စတာ ဟာမဲန် ဗွန် ရောမ်ပေက တိုက်တွန်း လိုက်တာဖြစ်တယ်လို့ ဥရောပသမဂ္ဂ နိုင်ငံတကာ ဆက်ဆံရေး အကြီးအကဲ Catherine Ashton ရဲ့ ပြောခွင့်ရ အမျိုးသမီး Maja Kocijancic က အာအက်ဖ်အေကို ပြောပါတယ်။ မြန်မာနိုင်ငံမှာ နောက်ထပ် အပြောင်းအလဲတွေ ဖြစ်လာဖို့ အီးယူ ဥက္ကဋ္ဌအနေနဲ့ အဓိက တိုက်တွန်းတဲ့ အချက်သုံးချက် ရှိကြောင်း၊ အဲဒါတွေကတော့ နိုင်ငံရေး အကျဉ်းသားတွေ ထပ်ပြီးလွှတ်ပေးဖို့၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့နဲ့ တိုင်းရင်းသား လူမျိုးစုတွေနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်တန့်ဖို့ အချက်တွေ ဖြစ်ကြောင်း ပြောပါတယ်။ မြန်မာနိုင်ငံက လက်ရှိ အပြောင်းအလဲတွေဟာ ဥရောပသမဂ္ဂနဲ့ ဆက်ဆံရေးမှာ အရေးပါပြီး အလားအလာသစ်တွေကို ပွင့်လင်း လာစေတယ်လို့ မစ္စတာ ဟာမဲန်က သူရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါအပြင် မြန်မာအစိုးရရဲ့ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ချက်တွေ မိမိတို့ မျှော်မှန်းထားတဲ့အတိုင်း ပြည့်မီမယ်ဆိုရင် မြန်မာအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို လျှော့ချသွားမှာ ဖြစ်တယ်လို့လည်း ဥရောပသမဂ္ဂ ဥက္ကဋ္ဌ မစ္စတာ ဟာမဲန်က ဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကလည်း သူ့အနေနဲ့ မကြာခင် မြန်မာနိုင်ငံကို အလည်အပတ် သွားရောက်နိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။ လောလောဆယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲကိစ္စ အပါအဝင် အလုပ်တာဝန်တွေနဲ့ အင်မတန် အလုပ်များနေကြောင်း၊ မိမိတို့အနေနဲ့ မြန်မာနိုင်ငံက ဖြစ်ပေါ်တိုးတက်မှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေသလို မြန်မာနိုင်ငံကို အကူအညီပေးဖို့ မိမိတို့ လုပ်နိုင်တာမှန်သမျှ လုပ်ဆောင်နေကြောင်းလည်း ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြောဆိုသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မြိုင်မြို့နယ်အတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လေ့လာ


2012-01-31
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်း ကျေးရွာနှစ်ရွာမှာ ဗြိတိန်နိုင်ငံ ပင်လယ်ရပ်ခြား ဖွံ့ဖြိုးရေးဌာန အထောက်အပံ့နဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို သွားရောက် လေ့လာခဲ့ပါတယ်။
AFP PHOTO/Soe Than WIN
ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်း ဗြိတိန်နိုင်ငံ ပင်လယ်ရပ်ခြား ဖွံ့ဖြိုးရေးဌာန အထောက်အပံ့နဲ့ ဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် သွားရောက်လေ့လာချိန် အတွင်း ရပ်ရွာလူထုကို မိန့်ခွန်း ပြောကြားနေစဉ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးနဲ့ သံရုံးဝန်ထမ်းတွေ လိုက်ပါကာ ရန်ကုန်မြို့ကနေ လေကြောင်းခရီးနဲ့ ဒီကနေ့ မနက်အစောပိုင်းက ထွက်ခွာပြီး ညောင်ဦးလေဆိပ်ကို နံနက် ၉ နာရီခန့်မှာ ရောက်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာတဲ့ ကားတန်းကို ဒေသခံတွေက ဆိုင်ကယ်များ၊ ကားများနဲ့ ညောင်ဦးလေဆိပ်မှာ အသွားအပြန် ကြိုဆို လိုက်ပါ ပို့ဆောင်ကြပါတယ်။ ပခုက္ကူမြို့တွင်း ဖြတ်သန်းချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အမိုးဖွင့်ကားပေါ်က မတ်တတ်ရပ်ပြီး လူထုကို နှုတ်ဆက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လမ်းခရီး တစ်လျှောက်မှာ မိန့်ခွန်း ပြောကြားခြင်းမရှိဘဲ ခရီးစဉ်ဦးတည်ရာ ကျေးရွာနှစ်ရွာမှာသာ ရပ်ရွာလူထုကို စကားပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သွားရောက် ကြည့်ရှုခဲ့တဲ့ ပယ်ပင်တိုက် ကျေးရွာနဲ့ ကျစ်သီးကျေးရွာတို့က စီမံကိန်းတွေကို ဗြိတိန်နိုင်ငံ နိုင်ငံတကာ ဖွံဖြိုး တိုးတက်ရေးဌာန DFID ရဲ့ အထောက်အပံ့နဲ့ အပြည်ပြည်ဆိုင်ရာ NGO တစ်ခုဖြစ်တဲ့ အာဒရာ ADRA အဖွဲ့က အကောင်အထည်ဖော်နေတာလို့ သိရပါတယ်။

တိုင်းပြည် တည်ငြိမ်မှုရအောင် ကြိုးပမ်းနေတယ်လို့ ဦးသိန်းစိန်ပြော


2012-01-31
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်သွားဖို့ သန္နိဋ္ဌာန် ချမှတ်ထားပြီး စီးပွားရေး ဖွံ့ဖြိုးမှုမရှိခင်မှာ တိုင်းပြည် တည်ငြိမ်မှုရှိအောင် ကြိုးပမ်း ဆောင်ရွက်နေတယ်လို့ သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
Credit: AFP Photo/Roslan Rahman
သမ္မတ ဦးသိန်းစိန် (၀ဲ) နှင့် စင်္ကာပူ သမ္မတ တိုနီတန် (ယာ) တို့ကို စင်္ကာပူ သမ္မတအိမ်တော်တွင် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့က တွေ့ရစဉ်။
စင်္ကာပူနိုင်ငံမှာ ၄ ရက်ကြာ ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်က Straits Times သတင်းစာနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ အခုလို ပြောကြား ခဲ့တာပါ။ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း နိုင်ငံရေး အကျဉ်းသားတွေ ရာနဲ့ချီလွှတ်ပေးခဲ့တာ၊ သတင်းမီဒီယာ ထိန်းချုပ်မှု လျှော့ချပေးခဲ့တာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာတွေ အပါအ၀င် ပြုပြင် ပြောင်းလဲမှုတွေ သိသိသာသာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဦးသိန်းစိန်က ပြောပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံ အနေနဲ့ မြောက်ကိုရီးယားထံက နျူကလီးယား လက်နက်ရရှိဖို့ ကြိုးပမ်းနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေဟာ မဟုတ်မှန်ဘူးလို့လည်း ဦးသိန်းစိန်က ငြင်းဆိုခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့ Mt. Elizabeth ဆေးရုံမှာ ကျန်းမာရေး စစ်ဆေးမှု ခံယူခဲ့တယ်လို့ သိရပါတယ်။ အသက် ၆၆ နှစ်ရှိပြီ ဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်မှာ နှလုံးရောဂါရှိပြီး ၂၀၀၄ ခုနှစ်ကစလို့ နှလုံးခုန်စက် တပ်ဆင် ထားရတယ်လို့ ဆိုပါတယ်။

အကောက်အခွန် ဥပဒေ အသစ်တွေကို မကြာခင် အတည်ပြုနိုင်ဖို့ မျှော်လင့်


2012-01-30
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်မယ့် အကောက်အခွန်ဆိုင်ရာ ဥပဒေ အသစ်တွေကို ဖေဖော်ဝါရီလကုန်ပိုင်း လောက်မှာ လွှတ်တော်ကနေ အတည်ပြု ပြဋ္ဌာန်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဆွစ်ဇာလန်နိုင်ငံ ဒါဘို့စ်မြို့မှာ နိုင်ငံတကာ စီးပွားရေး ညီလာခံ တက်ရောက်နေတဲ့ မြန်မာ စက်မှုဝန်ကြီး ဦးစိုးသိန်းက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာကျပ်ငွေ ကိုလည်း နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်တွေအကြား ယုံကြည် လက်ခံလာနိုင်အောင် IMF နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ကြီးရဲ့ အကြံပေးချက်တွေကို ရယူပြီး လုပ်ဆောင်နေကြောင်း၊ ကောင်းမွန်တဲ့ ဘဏ္ဍာရေးစနစ်နဲ့ ဘဏ္ဍာရေး ဆိုင်ရာ မူဝါဒတွေ ချမှတ်နိုင်ရေးကိုလည်း ဆောင်ရွက်နေကြောင်း၊ ဗဟိုဘဏ် ကိုလည်း အဆင့်မီအောင် ပြုပြင် ပြောင်းလဲနေပြီး ဘဏ္ဍာရေး ၀န်ကြီးဌာနအောက်မှာ မထားတော့ဘဲ လွတ်လွတ်လပ်လပ် ရပ်တည်နိုင်ရေး ကြိုးပမ်း နေကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါဘို့စ် အစည်းအဝေးကို တက်ရောက်ရတဲ့အတွက် အများကြီး အကျိုးရှိတယ်လို့ စက်မှုဝန်ကြီး ဦးစိုးသိန်းက ပြောပါတယ်။ အလုပ်အကိုင် ရရှိရေး၊ စဉ်ဆက်မပြတ် လောင်စာစနစ်၊ အရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲမှု၊ ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ ဒုက္ခသည်နဲ့ အိုးမဲ့အိမ်မဲ့ ပြဿနာ၊ အမျိုးသမီးနဲ့ ကလေးသူငယ်ဆိုင်ရာ ပြဿနာတို့လို မြန်မာပြည်မှာ လုပ်ဆောင်သင့်တဲ့ ကိစ္စရပ် အတော်များများကို လေ့လာခွင့် ရခဲ့တယ်လို့ ဦးစိုးသိန်းက ပြောပါတယ်။

အချင်းချင်း ရိုင်းပင်းကူညီဖို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ တွေ့ဆုံ


2012-01-31
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ တခြား နိုင်ငံရေး အကျဉ်းသားဟောင်းများ တွေ့ဆုံပွဲ အခမ်းအနားကို ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့ စိမ်းလန်းစိုပြည် စားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။
ဒီပွဲကို အမေရိကန်စင်တာမှာ အင်္ဂလိပ် စာသင်ယူနေတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ဦးဆောင် စီစဉ်တာပါ။ နိုင်ငံရေး အကျဉ်းသားဟောင်းတွေအတွက် အနာဂတ်ဘ၀ ထူထောင်ရေးနဲ့ပတ်သက်လို့ အချင်းချင်း ကူညီ အားပေးနိုင်အောင် အခုလို တွေ့ဆုံပွဲ လုပ်တာလို့ ဒီပွဲကို စီစဉ်သူတစ်ဦးဖြစ်တဲ့ အမေရိကန်စင်တာမှာ ပညာသင်ယူနေသူ နိုင်ငံရေး အကျဉ်းသူဟောင်း မဇင်မာအောင်က ပြောပါတယ်။ ပြန်လွတ်လာစမှာ မိသားစု အပါအဝင် အသိုင်းအဝိုင်းနဲ့ အစပ်အဟပ်မတည့်တာတွေ ကြုံတတ်ကြပြီး ဖြတ်သန်းမှုတူတဲ့ လွတ်လာသူ အချင်းချင်း ရင်ဖွင့်ပြောဆိုတဲ့အခါ နားလည်မှုရှိလို့ ပိုအဆင်ပြေကြောင်း ပြောပါတယ်။ တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကတော့ စစ်အာဏာရှင်စနစ်ကြောင့် နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ ဘ၀တွေ ပျက်ခဲ့ရတယ်လို့ ပြောပါတယ်။ “တစ်ယောက်နဲ့ တစ်ယောက် အရင်ဆုံး လိပ်စာတွေ ဖလှယ်ကြမယ်ဗျာ။ တစ်ယောက် လိုအပ်ချက်တွေ တစ်ယောက် ကြည့်ကြမယ်။ သူ့ကွက်လပ်ကို ကိုယ်ဖြည့်နိုင်ရင်လည်း ဖြည့်၊ ကိုယ့်ကွက်လပ်ကို သူဖြည့်နိုင်ရင်လည်း ဖြည့်ပေါ့။ ကျွန်တော်တို့က ကွက်လပ်တွေကို အရင်ဆုံး ရှင်းပြကြရမှာပဲ။ ပြီးရင် ကိုယ်ဖြည့်နိုင်တဲ့ အပိုင်းကို ဖြည့်ကြမယ်။ နောက်တစ်ခါကျတော့ ဘဝတွေ အတူတွဲပြီးတော့ ပြန်လည် တည်ဆောက်နိုင်ဖို့ ကျွန်တော်တို့ တိုင်ပင်ကြရပါလိမ့်မယ်” ဒီတွေ့ဆုံပွဲကို ကိုမင်းကိုနိုင်၊ ကိုကိုကြီးအပါအ၀င် တခြား ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ၊ ကျောင်းသား သမဂ္ဂခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ပါတယ်။ ဒီကနေ့ တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ထားဖို့ KNU ခေါင်းဆောင် သတိပေး


2012-01-31
မြန်မာအစိုးရနဲ့ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအပေါ် မျှော်လင့်ချက် ထားဖို့လိုအပ်သလို အဆိုးဆုံး အခြေအနေအတွက်လည်း ပြင်ဆင်ထားကြဖို့ လိုအပ်တယ်လို့ ကေအန်ယူ အကြီးအကဲက ဒီကနေ့ ပြောကြား လိုက်ပါတယ်။
အစိုးရနဲ့ လက်ရ ငြိမ်းချမ်းရေး ဆွေးနွေးမှုဟာ ခိုင်မာမှု မရှိသေးကြောင်း၊ ငြိမ်းချမ်းရေးမရရင် ဆက်လက် တိုက်ပွဲဝင်ရမှာ ဖြစ်ကြောင်း ဒီကနေ့ ကျရောက်တဲ့ ၆၃ နှစ်မြောက် ကရင့် တော်လှန်ရေးနေ့မှာ ကေအန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောတာမလာဘောက ကေအန်ယူ တပ်ဖွဲ့ဝင်တွေကို တိုက်တွန်း ပြောကြားလိုက်ပါတယ်။ ကေအန်ယူနဲ့ ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ဟာ အခုလ ၁၂ ရက်က ကရင်ပြည်နယ် ဘားအံမြို့မှာ အပစ်အခတ် ရပ်စဲရေးအတွက် ပဏာမ သဘောတူညီချက် နှစ်ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီသဘောတူညီချက်တွေဟာ အပစ်အခတ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ စစ်မှန်တဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ရေးတို့အတွက် အစပျိုးတဲ့ ခြေလှမ်းလေးတွေ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ကြီး စောတာမလာဘောက ပြောပါတယ်။ ကရင်ပြည်နယ် ဦးကရေခီး ကျေးရွာမှာ ဒီကနေ့ ပြုလုပ်တဲ့ တော်လှန်ရေးနေ့ နှစ်ပတ်လည် အခမ်းအနားကို ကေအန်ယူ တပ်ဖွဲ့ဝင် ၂၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ ကေအန်ယူအဖွဲ့ဟာ ၁၉၄၉ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်မှာ မြန်မာအစိုးရကို စတင် လက်နက်စွဲကိုင် တော်လှန်ခဲ့ပြီး ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံး လက်နက်ကိုင်အဖွဲ့လည်း ဖြစ်ပါတယ်။

ကချင် ဒုက္ခသည်တွေ ကျန်းမာရေး စိုးရိမ်စရာဖြစ်နေ


2012-01-31
အစိုးရနဲ့ ကချင် လွတ်မြောက်ရေးအဖွဲ့ KIO တို့ ဖြစ်ပွားနေတဲ့ စစ်ကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ပြေး ဒုက္ခသည်တွေဟာ ရာသီဥတု ဆိုးရွားတာကြောင့် ကျန်းမာရေး အခြေအနေ စိုးရိမ်စရာ ရှိနေတယ်လို့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။
Photo courtesy of WPN
တရုတ် မြန်မာနယ်စပ်ရှိ ကချင်ဒုက္ခသည် စခန်းတစ်ခုအား ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် တွေ့ရစဉ်
တရုတ် မြန်မာနယ်စပ်မှာ ထွက်ပြေး တိမ်းရှောင်နေတဲ့ ဒုက္ခသည် ငါးသောင်းခန့်ရှိပြီး နယ်စပ်တလျှောက် စခန်းပေါင်း သုံးဆယ်ကျော် ရှိနေပါတယ်။ ပတ်ဝန်းကျင် ညစ်ညမ်းတဲ့အပြင် လက်ရှိ ရာသီဥတု အေးလွန်းတာကြောင့် အဖျားအနာ များလာနေတယ်လို့ ကချင် ကယ်ဆယ်ရေးအဖွဲ့ WPN အဖွဲ့ဝင် ဒေါ်မေရီအောင်က ပြောပါတယ်။ လောလောဆယ် ကလေးသူငယ်နဲ့ သက်ကြီး ရွယ်အိုတွေ အအေးမိ ဖျားနာကြသလို လေဖြတ်ပြီး သေဆုံးကြတာ ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၀မ်းကိုက် ၀မ်းလျှောရောဂါတွေ အဖြစ်များတယ်လို့ သိရပါတယ်။ သန့်ရှင်းတဲ့ သောက်သုံးရေ မရှိတဲ့အပြင် အိမ်သာလည်း အလုံအလောက် မရှိဘူးလို့ ဒေသခံ အန်ဂျီအို တစ်ခုဖြစ်တဲ့ WPN အဖွဲ့ ၀န်ထမ်းတစ်ဦးက ကုလသမဂ္ဂ အေဂျင်စီကို ပြောပါတယ်။ ဒုက္ခသည် စခန်းတစ်ခုမှာဆိုရင် စစ်ပြေးဒုက္ခသည် တစ်ထောင့်နှစ်ရာလောက်မှာ အိမ်သာ ငါးလုံးသာ ရှိပြီး သောက်ရေကလည်း နီးစပ်ရာ ချောင်းတွေနဲ့ တွင်းရေကိုသာ အသုံးပြုရတယ်လို့ ဆိုပါတယ်။ WPN အဖွဲ့က ဒေါ်မေရီအောင်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မြန်မာ့နိုင်ငံရေး ပိုမိုပြောင်းလဲဖို့ လိုသေး ကိုဇာဂနာ ပြော


2012-01-31
ကိုမင်းကိုနိုင် အပါအဝင် နိုင်ငံရေး အကျဉ်းသား အတော်များများ လွတ်လာတယ် ဆိုပေမယ့် ပုဒ်မ ၄၀၁ နဲ့ လွှတ်ပေး လိုက်တာဖြစ်လို့ အပြည့်အဝ ဝမ်းသာစရာ မဟုတ်ဘူးလို့ အမေရိကန် ပြည်ထောင်စုကို ခေတ္တ ရောက်နေတဲ့ လူရွှင်တော် ကိုဇာဂနာက မနေ့က ပြောလိုက်ပါတယ်။
RFA
အမေရိကန်နိုင်ငံ ဒါးလပ်စ်လေဆိပ်သို့ ရောက်ရှိလာသော ဟာသပညာရှင် ဇဂနာကို RFA မှတွေ့ဆုံမေးမြန်းနေစဉ်
လက်ရှိ မြန်မာ့နိုင်ငံရေးဟာ ပြောင်းလဲ နေတယ်ဆိုပေမယ့် ဒီထက်မက ပိုပြီးလုပ်ရမှာတွေ ရှိသေးတယ်လို့ ကိုဇာဂနာက ပြောပါတယ်။ အမေရိကန် ပြည်ထောင်စု အရှေ့ဘက်ခြမ်း ဒါးလပ်စ်လေဆိပ် အရောက်မှာ အာအက်ဖ်အေကို ပြောလိုက်တာပါ။ ကိုဇာဂနာနဲ့အတူ NLD က ဒေါ်ခင်သန်းမြင့်၊ NDF ပါတီက ဒေါ်ဘောက်ဂျာတို့ဟာ မနက်ဖြန် ဖေဖေါ်ဝါရီ ၂ ရက် မနက်မှာတော့ ဝါရှင်တန် ဒီစီမြို့တော်မှာရှိတဲ့ National Endowment for Democracy လို့ခေါ်တဲ့ မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်း ဒီမိုကရေစီရေးကို ထောက်ပံ့ နေတဲ့အဖွဲ့က ကြီးမှူးကျင်းပတဲ့ မြန်မာ့အရေး ဟောပြောပွဲမှာ တက်ရောက် ဆွေးနွေးမှာ ဖြစ်ပါတယ်။ ကိုဇာဂနာဟာ ဖေဖော်ဝါရီ ၄ ရက်မှာတော့ မေရီလန်း၊ ဗာဂျီနီးယားနဲ့ ဝါရှင်တန် ဒီစီပြည်နယ် ၃ ခုမှာ နေထိုင်တဲ့ မြန်မာတွေနဲ့ တွေ့ဆုံပါမယ်။ အဲဒီနောက် နယူးယောက်မြို့ကို ခရီးဆက်မှာ ဖြစ်ပြီး မိသားစုရှိရာ လော့စ်အိန်ဂျလိစ်မြို့ကိုသွားဖို့လည်း စီစဉ်ထားပါတယ်။

အိန္ဒိယ တက္ကသိုလ်ကြီး တစ်ခုက ဒေါ်အောင်ဆန်းစုကြည်ကို ဒေါက်တာဘွဲ့ ပေးမည်


2012-01-30
နာမည်ကျော် အိန္ဒိယ တက္ကသိုလ်ကြီး တစ်ခုက ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ မကြာခင် ပေးအပ် တော့မယ်လို့ ပြောလိုက်ပါတယ်။
နယူးဒေလီမှာရှိတဲ့ Jamia Milia Islamia တက္ကသိုလ်မှာ နှစ်ရက်တာ ကျင်းပခဲ့တဲ့ "မြန်မာ သို့မဟုတ် တောင်နဲ့အရှေ့တောင်အာရှ ပေါင်းကူးတံတား" ဆိုတဲ့ ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ တက္ကသိုလ် ဒုတိယအဓိပတိ မစ္စတာ နာဂျိယန်းက ထည့်သွင်း ပြောဆိုခဲ့တာပါ။ မိမိတို့ တက္ကသိုလ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒေါက်တာဘွဲ့ အပ်နှင်းဖို့ ရည်ရွယ်ထားကြောင်း အသိပေးမှာပါ။ ဒေါ်အောင်ဆန်းစုကြည်က လက်ခံတယ်ဆိုရင်၊ ပြီးတော့ မိမိတို့ တက္ကသိုလ်ကို လာရောက်နိုင်မယ်ဆိုရင် အခမ်းအနားနဲ့ ဂုဏ်ပြု ဘွဲ့နှင်းသဘင် ဆင်ယင် ကျင်းပချင်ပါတယ်လို့ မစ္စတာ နာဂျိယန်းက ပြောပါတယ်။ အဲဒီ ဆွေးနွေးပွဲကို အမျိုးသား ဒီမိုကရေစီအင်အားစု၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ရှမ်းအမျိုးသား ဒီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီ၊ ပအို့်ဝ်အမျိုးသား အဖွဲ့ချုပ်နဲ့ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့မှ ကိုယ်စားလှယ် ၁၅ ဦး၊ အစိုးရမဟုတ်တဲ့ မြန်မာ NGO အဖွဲ့တွေ၊ အိန္ဒိယလွှတ်တော် အမတ်တွေ၊ သံအမတ်တွေ၊ တက္ကသိုလ် ပညာရှင်တွေ တက်ရောက် ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ၏ ‘လမ်းနှစ်ခွ’ မိန့်ခွန်း

(ဗိုလ်ချုပ်အောင်ဆန်း - ၁၉၄၇ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့၊ ညနေ ၆ နာရီ ၃၃ မိနစ် အချိန် တွင် အသံလွှင့်ဌာနမှ တိုင်းပြည်သို့ ပြော ကြားသော ‘လမ်းနှစ်ခွ’ မိန့်ခွန်းမှ …)

“အဲဒီတော့
ကျုပ်တို့ဟာလူထုရဲ့ခေါင်း ဆောင်လုပ်မယ်ဆိုရင်လူထုရဲ့အကျို
းကိုတကယ်တမ်းဆောင်ရွက်နိုင်အောင် ကြိုး ပမ်းကြရပေလိမ့်မယ်။ ပြတ်ပြတ်သားသား လုပ်ရဲကြရပေလိမ့်မယ်။ ချီတုံချတုံအဖြစ်မျိုး ကိုစွန့်ပစ်ကြရ လိမ့် မယ်။ နိုင်ငံရေးဆောင် ရွက်တယ်ဆိုတာ ‘ကြောက်ရင်လွဲ ရဲမင်းဖြစ်’ ဆိုတဲ့အတိုင်း ရဲနိုင်မှ ဖြစ်မယ်။
ကျွန်တော်တို့တော့ ရှေ့အဖို့ကိုရဲရဲကြီးလုပ်တော့မယ်။ ပြတ်ပြတ်သားသားလုပ် တော့မယ်။ ကျွန် တော်တို့တတွေ ဟိုအကြောင်းထောက် ဒီအကြောင်း ထောက်ပြီး ချီတုံချတုံ ဖြစ်နေမှု ကြောင့် လူထုမနစ်နာစေချင်တော့ဘူး။”
 
 

၊ဒေါ်အောင်ဆန်းစုကြည်၏ ပုဂံ ၊ ညောင်ဦး ၊ ပခုက္ကူ ၊ မြိုင်မြို့နယ်သို့ သွားရောက်ခဲ့သော ခရီးစဉ်မြင်ကွင်းဓာတ်ပုံများ



7Day News Journal


ညောင်ဦးမြို့တွင် ကြိုဆိုနေကြသော ဒေသခံများကို ကားပေါ်မှ နှုတ်ဆက်နေသော ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ညနေ ၅ နာရီခွဲခန့်က တွေ့ရစဉ်။

7Day News Journal

ပေပင်တိုက်ကျေးရွာတွင် ဒေသခံလူထုသို့ အမှာစကားပြောကြားနေသော ဒေါ်အောင်ဆန်းစုကြည်။



7Day News Journal





ပေပင်တိုက်ကျေးရွာမှ ဒေသခံများက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေစဉ်။
7Day News Journal

ကျစ်တီးကျေးရွာမှ ဒေသခံများက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုစဉ်။
 
7Day News Journal

ကျစ်တီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံလူထုသို့ အမှာစကားပြောကြားနေသော ဒေါ်အောင
်ဆန်းစုကြည်။
7Day News Journal

ပခုက္ကူမြို့အတွင်း ဖြတ်သန်းသွားသော ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို ကြိုဆိုနေသူများအား အဝေးမှမြင်တွေ့ရစဉ်။

7Day News Journal

မုံရွာ-ပုသိမ်ကားလမ်းအတိုင်း မောင်းနှင်လာသော ယာဉ်တန်းကို မြိုင်မြို့မှဒေသခံများက မြို့ပြင်လမ်းဆုံတွင် ထွက်၍ ကြိုဆိုစဉ်။
၊ဒေါ်အောင်ဆန်းစုကြည်၏ ပုဂံ ၊ ညောင်ဦး ၊ ပခုက္ကူ ၊  မြိုင်မြို့နယ်သို့ သွားရောက်ခဲ့သော ခရီးစဉ်မြင်ကွင်းဓာတ်ပုံများ။ (ဓာတ်ပုံ-အားမာန်)********************************************************************************

The Voice Weekly






ဒေါ်အောင်ဆန်းစုကြည်၏ မြိုင်မြို့နယ်ခရီးစဉ် သတင်းဓာတ်ပုံများ[ဇန်နဝါရီ ၃၁]
*****************************************************************************



အမေစု ပခုက္ကူခရီး..

ဗြိတိန်နိုင်ငံရဲ့ အကူအညီနဲ့ လုပ်ဆောင်နေတဲ့ လူမှုရေးလုပ်ငန်းတွေ
သွားရောက် ကြည့်ရှုလေ့လာတာပါ...။ လူထုသိမှာစိုးလို့
လာကြိုတဲ့ ဒေသဆိုင်ရာ အဖွဲ့ချုပ်အဖွဲ့ဝင်တွေကို အဖွဲ့ချုပ်ဝတ်စုံတောင်
ဝတ်ပြီးလာမကြိုခိုင်းဘူးတဲ့.. လူထုကလည်း သိနေတယ်လေ
လာကြိုလိုက်တာ ဝက်ဝက်ကွဲ လမ်းတွေတောင် ပိတ်ကုန်တယ်တဲ့..
********************************************************************************

Supporters shake hands with Myanmar pro-democracy leader Aung San Suu Kyi as she arrives in Bagan on her way to Pakoku in Bagan Township January 31, 2012.
******************************************************************************
Myanmar pro-democracy leader Aung San Suu Kyi shakes hands with people in a village in Pakoku township January 31, 2012. — Reuters pic






ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်လေဆိပ်သို့  ယနေ့ နံနက် ၇ နာရီ ၂၇ မိနစ် အချိန်တွင်ရောက်ရှိလာပြီး Air Bagan လေယာဉ်ဖြင့် ၇း၄၀ မိနစ်တွင် ညောင်ဦးမြို့ သို့ ထွက်ခွာသွားပြီဖြစ်ကြောင်း...

By Popular Myanmar News Journal


*********************************************************************************8


ပုဂံလေဆိပ်တွင် လေယာဉ်ပေါ်မှဆင်းလာသော ဒေါ်အောင်ဆန်းစုကြည်


ပုဂံလေဆိပ်ဝယ် ကြိုဆိုသူများနှင့်အတူ...


************************************************************************

Biesoh Deitu
အမေစု ... မြိုင်ဘက် ချောချောမောမောနဲ သွားပါပြီ.. ပခုက္ကူ တက္ကသိုလ် အ၀င် ဂိတ်မျာ တက္ကသိုလ်ဆရာ၊ ဆရာမ တွေ ကျောင်းသားတွေ လာရောက် ကြိုဆိုကြပါတယ်။လူများလွန်းလို့ လမ်းတွေ ပိတ်ကုန်ပါတယ်။ ကြိုတင် မသိရှိကြပေမယ့် အမေစု ရောက်လာ မယ် ဆိုတာ ကြားကြားချင်း စာသင်ခန်းကနေ ကျောင်းသားတွေ အားလုံး ထွက်သွားကြပါတယ်။တော်တော် အားရစရာကောင်းတဲ့ မြင်ကွင်းပါဘဲ.ကျတော် လူစုလူဝေးကြီးကို ကြည့်နေရင်းနဲ မျက်ရည်လည်မိပါတယ်..လူတွေ က အမေစု ကျန်းမာပါစေ၊ သက်တော်ရာကျော်ရှည်ပါစေ အော်ကြပါတယ်..အမေစု သက်တော်ရာကျော်ရည်ပါစေ။။။ အခုလို မြင်ကွင်းမျိုး ကိုယ်တိုင် မြင်မှ သိမယ်။ တကယ်တော အမေစုဟာ..တို့ အားလုံး အတွက် တန်ဖိုးဖြတ်မရတဲ့ အမေစုပါဘဲ။


News Journal

Update : 11.20 AM ပခုက္ကူမြို့တွင် လမ်းဘေးဝဲယာတစ်လျှောက်မှ အရွယ်စုံကြိုဆိုသူများပြားလွန်းသောကြောင့် ဒေါ်အောင်ဆန်းစုကြည်လိုက်ပါလာသော ကားတန်းမှာတရွေ့ရွေ့သာမောင်းနိုင်ပြီး မြို့ကိုဖြတ်သန်းရန် မိနစ်၅၀ခန့် အချိန်ယူခဲ့ရသည်။

မြိုင်မြို့နယ်၊ ပဲပင်တိုက်ကျေးရွာမှ ရွာလုံးကျွတ်ထွက်၍ အိုးစည်ဗုံများဖြင့်ကြိုဆိုခဲ့ပြီး ယင်းတို့ကို ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးခရီးစဉ်အတွက်လာခြင်းမဟုတ်ဘဲ ဒေသခံ
များ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ကောင်းမွန်လာရေး လုပ်ဆောင်ပေးရန် အတွက် လာရောက်ခြင်းဖြစ်ကြောင်း ပဲပင်တိုက်ကျေးရွာတွင် လူထုကို မိန့်ခွန့်တိုပြောဆိုခဲ့သည်။

( Voice Journal )

အစိုးရ ငြိမ်းချမ်းရေးကမ်းလှမ်းချက် ALP လက်ခံ

သမ္မတ ဦးသိန်းစိန် အစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) က လက်ခံပြီး နှစ်ဘက် တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်နေကြောင်း အဆိုပါ ပါတီ ခေါင်းဆောင်က ပြောသည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ ဒုတိယခေါင်းဆောင် ဦးသိန်းဇော်က ALP နှင့် ငြိမ်းချမ်းရေး ဆွေးနွေး လိုကြောင်း ဇန်န၀ါရီလ ၂၃ ရက်နေ့က စာရေးသား ကမ်းလှမ်းခဲ့သည့် အပေါ် တွင် ALP က လက်ခံခဲ့ခြင်း ဖြစ်သည်။
ALP ပါတီဝင်များ စစ်ရေးလေ့ကျင့်နေစဉ် (ဓာတ်ပုံ - ALP)
ALP ပါတီဝင်များ စစ်ရေးလေ့ကျင့်နေစဉ် (ဓာတ်ပုံ - ALP)
“ငြိမ်းချမ်းရေး ကမ်းလှမ်းတယ်ဆိုတော့ ကောင်းတဲ့အရာပေါ့ဗျာ။ ကျနော်တို့က တွေ့ဆုံဆွေးနွေးဖို့ သဘောထားရှိတယ်” ဟု ALP ပါတီ ဒု ဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်က ဧရာဝတီကို ပြောသည်။
အစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်အား ကြိုဆိုကြောင်းနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် ပါတီ ဗဟို ကော်မတီ အစည်းအဝေး ခေါ်ယူပြီး အကြောင်းပြန်မည်ဟု ALP က အစိုးရအား တုန့်ပြန်ခဲ့သည်။
“ပါတီ ဗဟိုကော်မတီအတွင်းမှာ ဆွေးနွေးရဦးမယ်။ ပြီးမှ ဘယ်အချိန်မှာတွေ့မယ်၊ ဘယ်နေရာမှာ တွေ့မယ်၊ ဘယ်နှယောက် တွေ့မယ်ဆိုတာ အကြောင်းပြန်မယ်လို့ စာပြန်ရေးထားတယ်” ဟု ပါတီ ဒု ဥက္ကဋ္ဌက ပြောသည်။
ပါတီဗဟိုကော်မတီ အစည်းအဝေးအား လာမည့် ဖေဖော်ဝါရီလအတွင်း ခေါ်ယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာ-အိန္ဒိယ-ဘင်္ဂလားဒေ့ခ်ျ ၃ နိုင်ငံ နယ်စပ်တွင် အခြေစိုက် လှုပ်ရှားလျက်ရှိသော ALP သည် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ၁၉၆၇ ခုနှစ်မှ စတင်ကာ လက်နက်စွဲကိုင် တော်လှန်နေသည့် အဖွဲ့ဖြစ်သည်။
အစိုးရ အဆက်ဆက်အား နှစ်ပေါင်း ၄၀ ကျော် လက်နက်ကိုင် တော်လှန်ခဲ့သည့် ALP တွင် ပါတီဝင်နှင့် လက်နက်ကိုင် အင်အား ၃၀၀၀ ခန့် ရှိကြောင်း ဥက္ကဋ္ဌ ဦးခိုင်ရဲခိုင်က ဆိုသည်။
ပြည်တွင်းတွင် ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် ALP အား ကမ်းလှမ်းမှုအပေါ် ကြိုဆိုကြောင်း ရခိုင်အမျိုးသား ဒီမို ကရေစီ ပါတီခေါင်းဆောင် ဦးအေးသာအောင်က ပြောသည်။
“ပြည်တွင်းစစ် ရပ်စဲဖို့၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့ အခုလို အပစ်အခတ် ရပ်စဲတယ်။ ဒီကနေတဆင့် နိုင်ငံရေးအရ ဆွေးနွေးမယ် ဆိုရင်တော့ ကြိုဆိုပါတယ်” ဟု သူက ဆိုသည်။
၁၉၇၆ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (မဒတ) အဖွဲ့ဝင် ဖြစ်သည် ALP ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အကူအညီဖြင့် ကရင်ပြည်နယ် တနေရာတွင် ပထမဆုံး ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဦးခိုင်မိုးလင်းက စတင် တည်ထောင်ခဲ့သည်။
သမ္မတ ဦးသိန်းစိန် အစိုးရသည် ဇန်န၀ါရီလအတွင်း ရှမ်းပြည်တပ်မတော် – တောင်ပိုင်း (SSA – S) နှင့် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုခဲ့ပြီး KNU၊ မွန်ပြည်သစ်ပါတီတို့နှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်နေသည်။
ထို့အပြင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး  (ABSDF) တို့ကိုလည်း ငြိမ်းချမ်းရေး ဆွေနွေးရန် ကမ်းလှမ်းထားသည်။
သို့သော် ၇ လ ကျော်ကြာ တိုက်ပွဲများ ဖြစ်ပွားနေသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် အစိုးရတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ မအောင်မြင်သေးဘဲ ဆက်လက်ညှိနှိုင်း ဆွေးနွေးရန်နှင့် တိုက်ပွဲများ လျှော့ချရန်သာ သဘောတူညီမှု ရရှိထားသည်။

ဒေါ်လာ ၁ သောင်းဖိုးအထိ လွတ်လပ်စွာ လဲလှယ်နိုင်ပြီ

အမေရိကန်ဒေါ်လာနှင့် နိုင်ငံခြားငွေကြေးများကို အမေရိကန်ဒေါ်လာ ၁ သောင်းဖိုးအထိ စာရွက်စာတမ်း ပြသရန်မလိုဘဲ ပုဂ္ဂလိကဘဏ်များ၏ ငွေလဲလှယ်ရေးစင်တာများတွင် မနက်ဖြန်မှ စတင်ကာ လွတ်လပ်စွာလဲလှယ်နိုင်ပြီ ဖြစ်သည်။
အဆိုပါ လဲလှယ်မှု အစီအစဉ်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံသားများရော နိုင်ငံခြားသားများပါ လွတ်လပ်စွာ လဲလှယ်နိုင်မည်ဖြစ်ကြောင်း မြန်မာရှေ့ဆောင်ဘဏ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က ဧရာဝတီသို့ ပြောသည်။
ရန်ကုန် နိုင်ငံတကာ လေဆိပ်မှ အာရှစိမ်းလန်းမှု ဖွံဖြိုးရေး (AGD) ဘဏ်၏ ငွေလဲကောင်တာတခု (ဓာတ်ပုံ - AGD ဘဏ်/Facebook)
ယင်းခွင့်ပြုချက်အရ အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ ယူရိုငွေကြေးများကို အမေရိကန်ဒေါ်လာ ၁ သောင်းဖိုးအထိ လဲလှယ်နိုင်မည်ဖြစ်သည်။
“အခုဆို မြန်မာပြည်ကို ပြည်ပခရီးသွားတွေ အရမ်းလာနေပြီလေ။ သူတို့အတွက် အဆင်ပြေတာပေါ့။ မြန်မာပြည်မှာ ခရက်ဒစ်ကတ် စနစ်က မတွင်ကျယ်သေးတော့ ခရီးသွားတွေ လိုသလောက်လဲပြီး သုံးနိုင်တာပေါ့” ဟု ၎င်းက ဆိုသည်။
ယခုကဲ့သို့ လဲလှယ်ခွင့် ပြုလိုက်ခြင်းကြောင့် ကျဆင်းနေသည့် ငွေလဲလှယ်မှုနှုန်းထားလည်း ပြန်လည် မြင့်တက်လာနိုင်ကြောင်း ဦးချစ်ခိုင်က သုံးသပ်သည်။
ယမန်နေ့က ထုတ်ပြန်သည့် အာရှစိမ်းလန်းမှု ဖွံဖြိုးရေး (AGD) ဘဏ်၏ ကြေညာချက်တွင်လည်း ငွေလဲလှယ်ရန် နိုင်ငံခြားသား ခရီးသွားများအနေဖြင့် နိုင်ငံကူးလက်မှတ်၊ အကောက်ခွန်ကြေညာလွှာ ပြရခြင်း၊ အလားတူ မြန်မာနိုင်ငံသားဖြစ်ပါက နိုင်ငံခြားငွေရရှိရာ ငွေဝင်ရင်းမြစ်ကို တင်ပြရခြင်း၊ ၀ယ်ယူခြင်းဖြစ်ပါက မည်သည့်ကိစ္စများတွင် အသုံးပြုမည်ဟု သက်သေတင်ပြရခြင်းများ မလိုအပ်တော့ကြောင်း ဖော်ပြထားသည်။
ပုဂ္ဂလိကဘဏ်များ၏ ငွေလဲလှယ်ရေး ကောင်တာများတွင်  အမေရိကန် တဒေါ်လာလျှင် မြန်မာငွေ ၈၂၃ ကျပ်ဈေးဖြင့် လဲလှယ်ပေးနေသည်။
မကြာသေးမီကလည်း ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၁ ဘဏ်ကို မြန်မာအစိုးရက စင်ကာပူ၊ မလေးရှားနှင့် ထိုင်းစသည့် အရှေ့တောင်အာရှ နိုင်ငံများတွင် ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် ပြုခဲ့သေးသည်။
အမည်မဖော်လိုသည့် ဘဏ်လုပ်ငန်းရှင်တဦးကမူ သမ္မတ ဦးသိန်းစိန် အစိုးရအနေဖြင့် မြန်မာပုဂ္ဂလိကဘဏ်များအား တရုတ်နိုင်ငံ အပါအ၀င် အရှေ့အာရှနိုင်ငံများ၌ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် ပြုသည်ဆိုသည်မှာ မှန်ကန်ကြောင်း၊ သို့သော် အနောက်နိုင်ငံများမှ ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှု ရှိနေသေးသည့်အတွက် သက်ဆိုင်ရာနိုင်ငံများမှ လုပ်ကိုင်ခွင့် မပြုသေးကြောင်း ပြောသည်။
“ဆန်ရှင်ရှိနေသေးတော့ ဘယ်နိုင်ငံကမှ ခွင့်မပြုသေးဘူး။ အစိုးရနဲ့ အရင်းအနှီးဆုံး တရုတ်နိုင်ငံကတောင် အခုဘဏ်တွေကို စာရင်းဖွင့်ခွင့် မပေးသေးဘူး။ တရုတ်ကိုယ်တိုင်က အမေရိကန်ကို ငွေကြေးသြဇာ လွန်ဆန်လို့မရသေးဘူး” ဟု ၎င်းက ဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ အကြီးဆုံးဘဏ်တခုဖြစ်သည့် ICBC ဘဏ်ကို မြန်မာနိုင်ငံတွင် ဖွင့်လှစ်ခွင့်ပြုထားသော်လည်း မြန်မာနိုင်ငံမှ ပုဂ္ဂလိကဘဏ်များကို ၎င်းတို့နိုင်ငံတွင် ဖွင့်လှစ်ခွင့် ပိတ်ပင်ထားကြောင်း၊ အလားတူ စင်ကာပူ၊ မလေးရှား၊ ထိုင်းစသည့်နိုင်ငံများတွင်လည်း ဘဏ်ဖွင့်လှစ်နိုင်ရန်ထက် သာမန်ငွေလွှဲလုပ်ငန်းကိုသာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း အဆိုပါ ဘဏ်လုပ်ငန်းရှင်က ဆက်လက်ပြောသည်။
မြန်မာအစိုးရက နိုင်ငံခြားတိုင်းပြည်များတွင် ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် ပေးအပ်ခဲ့ရာ AGD ဘဏ်က မလေးရှားနှင့် စင်ကာပူ၊ ဧရာဝတီဘဏ်က မလေးရှား၊ ကမ္ဘောဇဘဏ်က ထိုင်း၊ သမ၀ါယမဘဏ် (CB) က စင်ကာပူ၊ မြန်မာရှေ့ဆောင်ဘဏ်က ထိုင်း နိုင်ငံတို့တွင် ငွေလွှဲဌာနများ ဖွင့်လှစ်ခွင့် ရရှိထားသည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာတွင် ရှုပ်ထွေးနေသည့် နိုင်ငံခြား ငွေကြေးလဲလှယ်မှုစနစ်ကို ပြုပြင်ရန် လုပ်ထုံးလုပ်နည်းဆိုင်ရာ အကူအညီရရှိရေးအတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ ပြီးခဲ့သည့် စက်တင်ဘာလကတည်းက အကူအညီတောင်းခံခဲ့သည်။
မကြာသေးမီက ထုတ်ပြန်သည့် IMF အဖွဲ့ကြီး၏ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးသုံးသပ်ချက် စစ်တမ်းတွင်  နိုင်ငံ့စီးပွားရေး တည်ငြိမ်စေရန် ရှုပ်ထွေးနေသည့် နိုင်ငံခြား ငွေကြေးလဲလှယ်မှုစနစ်ကို ဦးစားပေး ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း၊  စီမံခန့်ခွဲမှုအပိုင်းတွင်လည်း မက်ခရိုစီးပွားရေး တည်ငြိမ်မှုကို ထိမ်းထားရန်အတွက် ပြုပြင်ပြောင်းလဲရမည်ဖြစ်ကြောင်း ထောက်ပြထားသည်။
ထိုသို့ ငွေကြေးဆိုင်ရာ ပြုပြင်မှုများ ပြုလုပ်ရာတွင် လာမည့် ဧပြီလ ဘဏ္ဍာရေးနှစ်သစ်မှ စတင်ကာ မြန်မာကျပ်ငွေနှင့် အမေရိကန် ဒေါ်လာလဲလှယ်မှုနှုန်းကို ယခင် သတ်မှတ်ထားသည့် ၆ ကျပ်အစား ယခု အမှန်တကယ် ပြင်ပပေါက်ဈေးနှင့် နီးစပ်သည့် တဒေါ်လာလျှင် ၈၀၀ ကျပ်နှုန်းသို့ ပြင်ဆင်သတ်မှတ်တော့မည်ဖြစ်ကြောင်း ပြောဆိုမှုများ ထွက်ပေါ်နေသည်။
သို့သော် မြန်မာရှေ့ဆောင်ဘဏ် ဥက္ကဋ္ဌ ဦးချစ်ခိုင်ကမူ ငွေလဲလှယ်နှုန်းကို တဒေါ်လာလျှင် မြန်မာငွေ ၁၀၀၀ ကျပ်ခန့် သတ်မှတ်စေချင်ကြောင်း၊ သို့မှသာ ပြည်ပပို့ကုန်လုပ်ငန်းများ လုပ်ကိုင်နေသည့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ပြည်ပလုပ်ငန်းရှင်များနှင့် ယှဉ်ပြိုင်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း အကြံပြုသည်။

မြေလွတ်မြေရိုင်း စီမံခန့်ခွဲရေး ဥပဒေ အတည်ပြုနိုင်တော့မည်

မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း၍ မကြာမီ အတည်ပြု တော့မည်ဟု သိရသည်။
ထိုဥပဒေကြမ်းအား လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနက တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုး သားလွှတ်တော် နှစ်ရပ်က သဘောတူညီမှု ရရှိထားပြီးဖြစ်သည်။
လွှတ်တော် အပြီး ကိုယ်စားလှယ်များကို တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
အဆိုပါ ဥပဒေကြမ်း၌ ဗဟိုအစိုးရ၏ လုပ်ပိုင်ခွင့်အတွက် ဧက ၅၀၀၀ မှ ၅ သောင်း အထိ ပေးထားပြီး ဒေသဆိုင်ရာ အာဏာ ပိုင်များ၏ လုပ်ပိုင်ခွင့်အတွက် ဧက ၅၀ သတ်မှတ်ပေးထားကြောင်း သိရသည်။
ဒေသခံပြည်သူများအနေဖြင့် မြေလွတ်၊ မြေရိုင်း လျှောက်ထားမည်ဆိုပါက ဧက ၅၀ အထိ လျှောက်ထားနိုင်ကာ ဒေသဆိုင်ရာ အာဏာပိုင်များကိုယ်တိုင်  စိစစ် ဆောင်ရွက်ပေးပိုင်ခွင့် ရရှိမည် ဖြစ်သည်။
ပြည်တွင်းပြည်ပ ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များကမူ ဧက ၅၀၀၀ အထိ ကနဦး လျှောက်ပိုင်ခွင့်ရှိမည်ဖြစ်ပြီး ထိုမြေ များကို သတ်မှတ်ချိန်အတွင်း အကောင်အထည်ဖော် စိုက်ပျိုးနိုင်ပါက ထပ်မံလျှောက်ထားခွင့်ရှိကြောင်း သိရသည်။
“အောက်ခြေလယ်သမားတွေထက် ကုမ္ပဏီကြီးတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေက ပိုမို အကျိုးရှိစေနိုင်ပါတယ်” ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောသည်။
ယင်း မြေလွတ်၊ မြေရိုင်းကိစ္စမှာ အပြန်အလှန်ဆွေးနွေး ငြင်းခုံမှုများသည့် ဥပဒေကြမ်းတခု ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
မြေလွတ်၊ မြေရိုင်း ဥပဒေကြမ်း ပြဌာန်းအတည်ပြု ပြီးပါက မူလပိုင်ရှင်များဖြစ်သည့် ဒေသခံများ အတွက် အကာအကွယ် ပေးနိုင်မည်ဟု အာဏာပိုင်များက ဆိုသော်လည်း၊ လယ်သမား အရေးလှုပ်ရှားသူများ၊ လယ်သမားများ ကမူ လယ်သမား အခွင့်အရေး မရှိဟုဆိုကာ ပြီးခဲ့သည့်လ အနည်းငယ်က ကန့်ကွက်ခဲ့ကြသေးသည်။
“ဒေသခံတွေရဲ့လယ်မြေတွေ၊ နွားစားကျက်တွေကို စစ်တပ်နဲ့ အာဏာပိုင်တွေ၊ စီးပွားရေး သမားတွေက သိမ်းယူထားတာတွေ နိုင်ငံလုံးမှာ ရှိတယ်။ ဒီဥပဒေ ပြဌာန်းပြီးရင်တော့ အဲဒီလို စည်းကမ်းမဲ့ သိမ်းယူမှုတော့ နည်းသွားမယ်” ဟု အထက်ပါ ကိုယ်စားလှယ်က ရှင်းပြသည်။
မြန်မာတနိုင်ငံလုံး၌ မြေလွတ်၊ မြေရိုင်း ဧကပေါင်း သိန်း ၃၈ ဒသမ ၉၈ သိန်းကို ကုမ္ပဏီများနှင့်စီးပွားရေး လုပ်ငန်းရှင်များက ရယူထားကြောင်း၊ ၎င်းအနက် ဧက ၉ သိန်းကျော်ကိုသာ အသုံးပြုသေးကြောင်း၊ အသုံးမပြုဘဲ အပိုင်ယူထားသည့် ကိစ္စများ နှင့်ပတ်သက်၍ ကိုယ်စားလှယ် တဦးက မေးမြန်းရာ ဥပဒေ အတည်ပြုပြုပြီးပါက ထိုကိစ္စကို စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လယ်ဆည် ဒု – ၀န်ကြီး ဦးအုန်းသန်းက ဖြေဆိုခဲ့သည်။
မြန်မာနိုင်ငံ၏ လယ်ယာလုပ်ငန်း ကဏ္ဍ၌ အာဆီယံ ၉ နိုင်ငံအပြင် တရုတ်၊ အိန္ဒိယ၊ ဘယ်လာရုစ် နိုင်ငံတို့လည်း ပူးပေါင်း လုပ်ကိုင်ရန် နားလည်မှု စာချုပ်များ ချုပ်ဆိုထားသည် ဟု  ဒု-၀န်ကြီးက ပြောဆိုကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ တွင် ရေးသားထားသည်။
၂၀၁၂ ခုနှစ်အတွက် ပထမအကြိမ် လွှတ်တော် အစည်းအဝေးများကို ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး ပြည်တွင်းငြိမ်းရေးအတွက် ရန်ပုံငွေတရပ်ထားရှိရေး အဆို၊ တရားမ၀င်ရရှိသည့် ၀င်ငွေနှင့် ပစ္စည်းများ ထိန်းချုပ်သည့် ဥပဒေ
ပြင်ဆင်ရေး၊ ကိုယ်ဝန်ဆောင် ၀န်ထမ်း အမျိုးသမီးများ ခွင့်ရက်ပိုမိုရရှိရေး စသည့်အဆိုများ၊ ဥပဒေများကို ဆွေးနွေးခဲ့ပြီး ဖြစ်သည်။

နိုင်ငံတော်သုံး ငွေစက္ကူများ၌ ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံထည့်သွင်း ရိုက်နှိပ်ရန် ရှိမရှိ အဆိုတခုကို ယမန်နေ့က မေးမြန်းခဲ့ရာ အချိန်အခါနှင့်လျှော်ညီသည့် အကြောင်းအရာများကို ထည့်သွင်းရိုက်နှိပ်လေ့ရှိကြောင်း ဖြေဆိုခဲ့ပြီး နိုင်ငံတော်၏ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် ဘတ်ဂျက် သုံးစွဲမှု ကိစ္စကို ယနေ့ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်၌ ဆွေးနွေးကြမည် ဟုသိရသည်။

The Lady ရုပ်ရှင် ထိုင်းတွင် ပြမည်

ဒေါ်အောင်ဆန်းစုကြည် ၏ ဘ၀ကို ရိုက်ကူးထားသော The Lady ရုပ်ရှင်ကားကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် စမွတ်စခွန်ခရိုင် မဟာချိုင်မြို့များတွင် ဖေဖော်ဝါရီ၂ ရက်မှ ၁၆ ရက်အထိ ရုံတင်ပြသမည်ဖြစ်ကြောင်း သိရသည်။
The Lady ရုပ်ရှင်ကားမှ ဇာတ်ဝင်ခန်းတခု(ဓာတ်ပုံ - The Lady movie )
The Lady ကို Major Cineplex Group Public Co. Ltd. က ၎င်းတို့၏ IT Computer အဖွဲ့သို့ ဈေးကွက်မြှင့်တင်ရေးအနေဖြင့်ပြသ ခွင့် ပေးခြင်းဖြစ်ကြောင်း တာဝန်ရှိသူတဦးဖြစ်သည့် ကိုမျိုးက ပြောသည်။ လတ်တလောတွင် လက်မှတ် ၇၀၀၀ ခန့် ဈေးကွက် တွင်း ဖြန့်ချိထားပြီး ဖြစ်သည်ဟုလည်း ဆိုသည်။
The Lady ရုပ်ရှင် လက်မှတ်တစောင်လျှင် ထိုင်းဘတ် ၁၄၀ ဖြင့် ဖြန့်ချိလျက်ရှိကြောင်း၊ မူလတန်ဖိုးမှာ ဘတ် ၁၆၀ ဖြစ်ကြောင်း၊ ရုပ် ရှင် ကြည့်သူများကို ဘိုးလိန်း ကစားခြင်း နှင့် ကာရာအိုကေ သီဆိုခွင့်အတွက် အခမဲ့ ၀န်ဆောင်မှု ပေးထားကြောင်း လက်မှတ်ဖြန့်ချိသူ တဦးဖြစ်သည့် မငယ်ကလည်း ပြောပြသည်။
လက်မှတ် ၀ယ်ယူထားသူ တဦးဖြစ်သော ကိုထွန်းဇော်က The Lady ရုပ်ရှင်ကို အမျိုးသားရေးအမြင်ဖြင့် အားပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံသားများ မဖြစ်မနေ အားပေးကြည့်ရှုသင့်ကြောင်း ပြောသည်။
“ကျနော်တို့လို အသက်၂၀ ကျော် ၃၀ အရွယ် လူငယ်တွေအနေနဲ့ အမေစုအကြောင်း အသေအချာသိတဲ့သူ အရမ်းနည်းတယ်။ ဒါကြောင့် ဒီဇာတ်ကားကို ရုံတင်ပြတာ အင်မတန် ၀မ်းသာတယ်။ ဒီကားကို မြန်မာတွေ အားလုံးကြည့်သင့်တယ်”ဟု ၎င်းက ဆိုသည်။
ယင်းဇာတ်ကားကို မူလက ရုပ်ရှင်ရုံ တရုံတွင် တပွဲနှုန်းဖြင့် ပြသရန် စိတ်ကူးခဲ့သော်လည်း ပျံ့နှံ့နေသော မြန်မာနိုင်ငံသားများ နီးစပ် ရာ နေရာများတွင် ကြည့်ရှုနိုင်ရန် Major Cineplex Group Public Co. Ltd.မှ ရုပ်ရှင်ရုံကြီးများကို သတင်း၂ ပတ်တိတိ ငှားရမ်း ပြ သရခြင်းဖြစ်ကြောင်း ကိုမျိုးက ဆက်လက် ရှင်းပြသည်။
“ဒါကြောင့် ဒီဇာတ်ကားကို ရုံတင်ပြသနိုင်အောင် ကျနော်ရယ် ကျနော့်မိတ်ဆွေ ထိုင်း စီးပွားရေးသမား တချို့နဲ့ တိုင်ပင်ပြီး ပြသဖို့ စီစဉ်လိုက်တာပါ။ လူတွေကတော့ အရမ်းစိတ်ဝင်စားကြတယ်လေ။ ဖုန်းထိုးပြီး ခဏခဏမေးနေကြတယ်”ဟု ၎င်းက ဆိုသည်။
The Lady ရုပ်ရှင်ကားကို ပြင်သစ် ဒါရိုက်တာ Luc Besson က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရိုက်ကူးခြင်း ဖြစ်ပြီး ကမ္ဘာကျော် ဟောလိဝုဒ် မင်းသမီး မီရှဲလ်ယိုးက ဒေါ်အောင်ဆန်းစုကြည် အဖြစ် သရုပ်ဆောင်ထားသည်။
မီရှဲလ်ယိုးသည် Tomorrow Never Dies ၊ Crouching Tiger, Hidden Dragon ၊ Memoirs of Geisha စသည့် ရုပ်ရှင်ကားများဖြင့် အောင်မြင် ကျော်ကြားခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် တဦးဖြစ်သည်။
ထိုရုပ်ရှင်၌ ၁၉၈၈ ခုနှစ်က မိခင် ဒေါ်ခင်ကြည် ကျန်းမာရေးချို့ယွင်းလာသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်  သို့ ပြန် လာခဲ့ချိန်မှ ၁၉၉၉ ခုနှစ်ခန့် အထိ သရုပ်ဖော်ထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ်၊ ချင်း ပြည်နယ်နှင့် ဧရာဝတီ တိုင်း ဓနုဖြူမြို့သို့ သွားရောက်သည့် ပါတီ ခရီးစဉ်များလည်း ပါဝင်ကြောင်း သိရသည်။
မြန်မာ့နိုင်ငံရေး လောက၏ နာမည်ကြီးပုဂ္ဂိုလ်များ ဖြစ်သည့် ဗိုလ်ချုပ် အောင်ဆန်း၊ အာဏာရှင် ဗိုလ်ချုပ်ကြီး နေ၀င်း၊ NLD ဒု ဥက္ကဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စသည့် ဇာတ်ရုပ်များလည်း The Lady ၌ ပါဝင်၍ မြန်မာနိုင်ငံသားများစွာ သရုပ်ဆောင်ထားကြောင်း ကိုယ်တိုင် ပါဝင်သရုပ်ဆောင်သူတဦးက ပြောဆိုဖူးသည်။