Tuesday, January 31, 2012

၊ဒေါ်အောင်ဆန်းစုကြည်၏ ပုဂံ ၊ ညောင်ဦး ၊ ပခုက္ကူ ၊ မြိုင်မြို့နယ်သို့ သွားရောက်ခဲ့သော ခရီးစဉ်မြင်ကွင်းဓာတ်ပုံများ



7Day News Journal


ညောင်ဦးမြို့တွင် ကြိုဆိုနေကြသော ဒေသခံများကို ကားပေါ်မှ နှုတ်ဆက်နေသော ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ညနေ ၅ နာရီခွဲခန့်က တွေ့ရစဉ်။

7Day News Journal

ပေပင်တိုက်ကျေးရွာတွင် ဒေသခံလူထုသို့ အမှာစကားပြောကြားနေသော ဒေါ်အောင်ဆန်းစုကြည်။



7Day News Journal





ပေပင်တိုက်ကျေးရွာမှ ဒေသခံများက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေစဉ်။
7Day News Journal

ကျစ်တီးကျေးရွာမှ ဒေသခံများက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုစဉ်။
 
7Day News Journal

ကျစ်တီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံလူထုသို့ အမှာစကားပြောကြားနေသော ဒေါ်အောင
်ဆန်းစုကြည်။
7Day News Journal

ပခုက္ကူမြို့အတွင်း ဖြတ်သန်းသွားသော ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို ကြိုဆိုနေသူများအား အဝေးမှမြင်တွေ့ရစဉ်။

7Day News Journal

မုံရွာ-ပုသိမ်ကားလမ်းအတိုင်း မောင်းနှင်လာသော ယာဉ်တန်းကို မြိုင်မြို့မှဒေသခံများက မြို့ပြင်လမ်းဆုံတွင် ထွက်၍ ကြိုဆိုစဉ်။
၊ဒေါ်အောင်ဆန်းစုကြည်၏ ပုဂံ ၊ ညောင်ဦး ၊ ပခုက္ကူ ၊  မြိုင်မြို့နယ်သို့ သွားရောက်ခဲ့သော ခရီးစဉ်မြင်ကွင်းဓာတ်ပုံများ။ (ဓာတ်ပုံ-အားမာန်)********************************************************************************

The Voice Weekly






ဒေါ်အောင်ဆန်းစုကြည်၏ မြိုင်မြို့နယ်ခရီးစဉ် သတင်းဓာတ်ပုံများ[ဇန်နဝါရီ ၃၁]
*****************************************************************************



အမေစု ပခုက္ကူခရီး..

ဗြိတိန်နိုင်ငံရဲ့ အကူအညီနဲ့ လုပ်ဆောင်နေတဲ့ လူမှုရေးလုပ်ငန်းတွေ
သွားရောက် ကြည့်ရှုလေ့လာတာပါ...။ လူထုသိမှာစိုးလို့
လာကြိုတဲ့ ဒေသဆိုင်ရာ အဖွဲ့ချုပ်အဖွဲ့ဝင်တွေကို အဖွဲ့ချုပ်ဝတ်စုံတောင်
ဝတ်ပြီးလာမကြိုခိုင်းဘူးတဲ့.. လူထုကလည်း သိနေတယ်လေ
လာကြိုလိုက်တာ ဝက်ဝက်ကွဲ လမ်းတွေတောင် ပိတ်ကုန်တယ်တဲ့..
********************************************************************************

Supporters shake hands with Myanmar pro-democracy leader Aung San Suu Kyi as she arrives in Bagan on her way to Pakoku in Bagan Township January 31, 2012.
******************************************************************************
Myanmar pro-democracy leader Aung San Suu Kyi shakes hands with people in a village in Pakoku township January 31, 2012. — Reuters pic






ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်လေဆိပ်သို့  ယနေ့ နံနက် ၇ နာရီ ၂၇ မိနစ် အချိန်တွင်ရောက်ရှိလာပြီး Air Bagan လေယာဉ်ဖြင့် ၇း၄၀ မိနစ်တွင် ညောင်ဦးမြို့ သို့ ထွက်ခွာသွားပြီဖြစ်ကြောင်း...

By Popular Myanmar News Journal


*********************************************************************************8


ပုဂံလေဆိပ်တွင် လေယာဉ်ပေါ်မှဆင်းလာသော ဒေါ်အောင်ဆန်းစုကြည်


ပုဂံလေဆိပ်ဝယ် ကြိုဆိုသူများနှင့်အတူ...


************************************************************************

Biesoh Deitu
အမေစု ... မြိုင်ဘက် ချောချောမောမောနဲ သွားပါပြီ.. ပခုက္ကူ တက္ကသိုလ် အ၀င် ဂိတ်မျာ တက္ကသိုလ်ဆရာ၊ ဆရာမ တွေ ကျောင်းသားတွေ လာရောက် ကြိုဆိုကြပါတယ်။လူများလွန်းလို့ လမ်းတွေ ပိတ်ကုန်ပါတယ်။ ကြိုတင် မသိရှိကြပေမယ့် အမေစု ရောက်လာ မယ် ဆိုတာ ကြားကြားချင်း စာသင်ခန်းကနေ ကျောင်းသားတွေ အားလုံး ထွက်သွားကြပါတယ်။တော်တော် အားရစရာကောင်းတဲ့ မြင်ကွင်းပါဘဲ.ကျတော် လူစုလူဝေးကြီးကို ကြည့်နေရင်းနဲ မျက်ရည်လည်မိပါတယ်..လူတွေ က အမေစု ကျန်းမာပါစေ၊ သက်တော်ရာကျော်ရှည်ပါစေ အော်ကြပါတယ်..အမေစု သက်တော်ရာကျော်ရည်ပါစေ။။။ အခုလို မြင်ကွင်းမျိုး ကိုယ်တိုင် မြင်မှ သိမယ်။ တကယ်တော အမေစုဟာ..တို့ အားလုံး အတွက် တန်ဖိုးဖြတ်မရတဲ့ အမေစုပါဘဲ။


News Journal

Update : 11.20 AM ပခုက္ကူမြို့တွင် လမ်းဘေးဝဲယာတစ်လျှောက်မှ အရွယ်စုံကြိုဆိုသူများပြားလွန်းသောကြောင့် ဒေါ်အောင်ဆန်းစုကြည်လိုက်ပါလာသော ကားတန်းမှာတရွေ့ရွေ့သာမောင်းနိုင်ပြီး မြို့ကိုဖြတ်သန်းရန် မိနစ်၅၀ခန့် အချိန်ယူခဲ့ရသည်။

မြိုင်မြို့နယ်၊ ပဲပင်တိုက်ကျေးရွာမှ ရွာလုံးကျွတ်ထွက်၍ အိုးစည်ဗုံများဖြင့်ကြိုဆိုခဲ့ပြီး ယင်းတို့ကို ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးခရီးစဉ်အတွက်လာခြင်းမဟုတ်ဘဲ ဒေသခံ
များ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ကောင်းမွန်လာရေး လုပ်ဆောင်ပေးရန် အတွက် လာရောက်ခြင်းဖြစ်ကြောင်း ပဲပင်တိုက်ကျေးရွာတွင် လူထုကို မိန့်ခွန့်တိုပြောဆိုခဲ့သည်။

( Voice Journal )

No comments: