![]() | ![]() |
Thursday, 26 January 2012 00:36 |
![]() ဆူးလေစေတီတော် ရာပြည့်ဗုဒ္ဓပူဇနိယပွဲတော်ကို ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး ပွဲတော်တွင် ဆိုင်ခန်းများ၊ ချားရဟတ်များ ပါဝင်ခဲ့ကြောင်းနှင့် ဇန်န၀ါရီလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ မိုးမင်းဇာတ်သဘင် အဖွဲ့က ပြခဲ့ကြောင်းလည်း သိရသည်။ အဆိုပါဇာတ်ပွဲများ၊ပွဲဈေးတန်းများကို ဆူးလေစေတီတော် တောင်ဘက်မုခ် မဟာဗန္ဓုလပန်းခြံအနောက်ဘက် ဆူးလေဘုရားလမ်း အောက်ဘလောက်တွင် လမ်းတစ်ဖက်ပိတ်ပြီး ပြုလုပ်ခဲ့သည်။ယခင်ကဆူးလေပွဲတော်ဖျော်ဖြေ ပွဲများကို မြို့တော်ခန်းမရှေ့ရှိ စင်မြင့် ကိုအသုံးပြု၍ဆောင်ရွက်ခဲ့ပြီးလမ်းပိတ် ဆို့မှုမရှိစေရေးအတွက်လည်း အဆို ပါအနီးတစ်ဝိုက်တွင် ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။ ''ဦးတို့အနေနဲ့ ဆူးလေစေတီ တော် ရာပြည့်ဗုဒ္ဓပူဇနိယပူဇော်ပွဲမှာ အနှစ် ၂၀ ကျော်လောက် ကပြခွင့် မရခဲ့တဲ့ ဇာတ်ပွဲနဲ့ ပွဲဈေးတန်းတွေကို ပြန်လည်ထည့်သွင်းခွင့် ရတဲ့အတွက် သိပ်ဝမ်းသာပါတယ်''ဟု ဆူးလေ စေတီတော်ကြီး၏ ဂေါပကအဖွဲ့မှတာ ၀န်ရှိသူတစ်ဦးက ပြောကြားသည်။ ဆူးလေစေတီတော်၏ရာပြည့် ပွဲတော် အောင်ပွဲအခမ်းအနားအနေဖြင့် သံဃာတော်အပါး(၂၀၀)နှင့်သီလရှင် အပါး(၅၀)တိုအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို၂၉ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီးယခုဘုရားပွဲတော်အတွင်း ဆိုင်ခန်းပေါင်း(၈၀)ကျော်နှင့် မဟာရန်ကုန် စံပြသဘင်မိုးမင်းဇာတ်သဘင်အဖွဲ့နှင့်အတူ ကျင်းပခဲ့ကြောင်း သိရသည်။ ထို့အပြင် ပွဲတော်ရက်အတွင်း တိုင်းရင်းဆေးသမားတော်ကြီးများနှင့် အနောက်တိုင်းဆရာဝန်ကြီးများ၏ ကုသိုလ်ဖြစ်ဆေးခန်းကိုလည်း ပွဲတော်ဖွင့်ပွဲနေ့မှစ၍ အောင်ပွဲနေ့ထိ ပွဲတော်လာပြည်သူများကို နေ့စဉ်အခမဲ့ ဆေး ကုသပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ အောင်မျိုးသန့်၊ အောင်ရဲကို |
No comments:
Post a Comment