
Favorite News Journal — နိုင်ငံတော်သမ္မတ၏ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ (၄၀၁) ပုဒ်မခွဲ(၁)အရ၊ လွတ်ငြိမ်းချမ်းသာခွင့်နှင့် နေအိမ် အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာသူ ဦးခင်ညွှန့်( ယခင်ဝန်ကြီးချုပ်)သည် ဇေကမ္ဘာဦးခင်ရွှေထူထောင်သော မြရိပ်ညိုဖောင်ဒေးရှင်းတွင် နာယကအဖြစ် တာဝန်ယူဆောင်ရွက်သွားမည်ဟူသော အင်တာနက်သတင်းများ ဇန်န၀ါရီ ၂၁ ရက်၌ ထွက်ပေါ်လာခြင်းကြောင့် ရန်ကုန်မြို့တွင်း တစ်မုဟုတ်ချင်း သတင်းပျံနှံသွားခါ နိုင်ငံရေးနှင့်စီးပွားရေးထိပ်လွှာပိုင်းသို့ ဂယက်များရိုက်ခတ်ဖြစ်ပေါ်ခဲ့သည်။
အင်တာနက်သတင်း
အင်တာနက်သတင်းသည်၊ မြရိပ်ညိုနှင့်နီးစပ်သူများကို ကိုးကား၍ ဖော်ပြရာတွင် “မြရိပ်ညိုဖောင်ရေးရှင်း၏ နာယကအဖြစ် ဦးခင်ညွန့်အားတင်မြှောက်၍
နယကချီးမြှင့်ငွေ ဒေါ်လာ ၅၀၀၀ပေးမည်” ဟု ဆိုထားသည်။
နယကချီးမြှင့်ငွေ ဒေါ်လာ ၅၀၀၀ပေးမည်” ဟု ဆိုထားသည်။
အတည်ပြုဖို့သွား
ယင်းသတင်းဂယက်ကို ဖေးဗရိတ်သတင်းဂျာနယ်က အတည်ပြုချက်ရယူရန် မြရိပ်ညိုဖောင်ရေးရှင်းဥက္ကဌ ဦးခင်ရွှေနှင့်ဆက်သွယ်၍ မရခဲ့သော်လည်း
ဇန်န၀ါရီ ၂၅ ရက်နံနက် ၁၁နာရီခွဲခန့်တွင် ဦးခင်ညွှန့်နေအိမ်(မရမ်းကုန်ြး မို့နယ်၊ န၀ဒေးလမ်းသွယ်) သို့ သွားရောက်၍မေးမြန်းခွင့်တောင်း ခံခဲ့သည်။ ဦးခင်ညွှန့်၏ နေအိမ်ခြံဝင်းတံခါး၌ ဦးကျော်ဝင်းဆိုသူကလက်ခံ၍ ၄င်းသတင်းဖြစ်နိုင်ခြေမရှိကြော င်းနှင့် ဦးခင်ညွှ့န့်အားသွားရောက်မေြး မန်းပေးမည် ဆိုကာ ဦးခင်ညွှန့်၏အိမ်အတွင်းသို့ ၀င်သွားခဲ့ပြီ်းနောက် ပြန်လည်ရောက်ရှိလာကာ ၄င်းသတင်းနဲ့ပတ်သက်၍ အတည်ပြုချက်ရရှိရန် ဖုန်းနံပါတ်———- ကိုပြောသည်။
ဇန်န၀ါရီ ၂၅ ရက်နံနက် ၁၁နာရီခွဲခန့်တွင် ဦးခင်ညွှန့်နေအိမ်(မရမ်းကုန်ြး
၎င်းဖုန်းနံပါတ်၌——– ဆိုသူရှိပြီး ဆက်သွယ်ရန်ပြောသည်။ ဦးကျော်ဝင်း၏ ညွှန်ပြချက်အတိုင်းယင်းဖုန်းနံပါ တ်သို့ဆက်သွယ်၍ အတည်ပြု ချက်တောင်းခံသောအခါ ယင်းနေ့ညနေ ၆နာရီခန့်၌ ပြန်လည်ဆက်သွယ်မည်ဖြစ်ကြောင်း ကောင်းစွာပြန်ကြားပေးခဲ့သည်။
မှားတယ်
ဇန်န၀ါရီ ၂၅ ရက်ညနေ၆နာရီတွင် ယင်းဖုန်းနံပါတ်မှ ပုဂ္ဂိုလ်နှင့် တယ်လီဖုန်းဖြင့် ပြန်လည်အဆက်သွယ်ရရှိသောအခါ၎င်းပုဂ္ဂိုလ်က—–ဖြစ်ကြောင်း ပြော ဆိုပြီး´´ ၄င်းသတင်းနှင့်ပတ်သက်၍ လောလောဆယ်၌ ဘယ်မီဒီယာနှင့်မျှ ပြောဆိုဆက်ဆံခြင်းမရှိခဲ့ကြောင်း မြရိပ်ညိုဖောင်ဒေးရှင်းမှာ´နာ ယက´အဖြစ် တာဝန်ယူဆောင်ရွက်မည်ဆိုခြင်းမှာ ´အမှား´ဖြစ်လိမ့်မည် ဖြစ်ပါကြောင်း၊ ၄င်းသတင်းမှာ လုံးဝ မဟုတ်၊မမှန်ပါကြောင်း၊ သတင်း မှားနေကြောင်း၊´´ဦးခင်ညွှ့ န့်၏ ညွှန်ကြားချက်အရ၊ ၄င်းပုဂ္ဂိုလ်က ဖေးဗရိတ်သတင်ဂျာနယ်သို့ ပြန်လည်ဖြေကြားရှင်းလင်းခဲ့သည်။
ယင်းသတင်းနှင့်ပတ်သက်သော ´´မြရိပ်ညိုဖောင်းဒေးရှင်း´´၏ Website ဖြစ်သည့် http;/www.myayeiknyo.org ကိုဇန်န၀ါရီ ၂၆ရက် နံနက်၁၁ နာရီခွဲတွင် ဖွင့်ကြည့်ရာ Error ပြနေခဲ့ပြီး၊ Face book ရှိ မြရိပ်ညို ဖောင်ဒေးရှင်း account တွင်မူ ထိုသတင်းနှင့်ပတ်သက်သောအကြောင်း အရာကိုမတွေ့ရဘဲ၊ ဖော်ပြပါပုံကိုသာတွေ့ခဲ့ရသည်။
MTK, WW,ACM(26-1-2012)
MTK, WW,ACM(26-1-2012)
No comments:
Post a Comment