Sunday, January 29, 2012

မြင်ကွင်းကရှင်းနေပါသည်



                                  
သူ့ကိုရန်မူပြီး
ရန်သူကြီးလို ကြောက်ကြတယ်။

သူ့ကို လူသူနဲ့ကင်း
အိမ်တွင်းမှာပဲ အကျဉ်းချခဲ့တယ်။
                                     
သူ့ကို အာဏာဆုပ်ထားတဲ့
ဗိုလ်ချုပ်အားလုံးကြောက်ကြတယ်။

သူ့ကို လူပုံအလယ်
စံပယ်မှာကို ကြောက်ကြတယ်။

သူ့ကိုမနာလို
လူကြည်ညိုမှာကို ကြောက်ကြတယ်။

တကယ်တော့ သူဟာ
ထမီဝတ်ထားတဲ့ မိန်းမသားတယောက်ပါ။

သူ့မှာစစ်တပ်မရှိ အာဏာမရှိ သေနပ်မရှိ
သူ့မှာရှိတာကသတ္တိ ဧရာမ ဗျတ္တိ
သူ့မှာတွယ်ငြိနေတာက အမှန်တရား
ဓါးလိုထက်တဲ့ သစ္စာစကား
လူထုအများစုပေါ်မှာထားရှိတဲ့ စေတနာ
အနစ်နာခံနိုင်တဲ့ စိတ်ထား
သိပ်များလှတဲ့ ကောင်းကွက်
အကြောင်းအချက်တွေကြောင့်
အာဏာရှင်တွေဖင်တုန်အောင် ကြောက်ကြတယ်။

သူဆိုတာ ဘယ်သူဘယ်ဝါ
ပြောစရာမလို
နားဝင်ချိုပျောင်း တီးလိုက်သည့်ဆောင်းပမာ
ငြိမ့်ညောင်းစွာတေးသီ ဒေါ်အောင်ဆန်းစုကြည်မှတပါး
အခြားမရှိတော့ပါ။
လူထုတွေကို ဆီးကြိုစေဖို့ရာ
အာဏာရှင်တွေမှာ အမိန့်အာဏာခြွေပြီး
မထွက်မနေရ  လိုက်နာကြ
လိုက်မနာခဲ့ပါက
ဒဏ်ငွေတွေချ ထောင်တွေချ
ပြလိုက်တဲ့မင်းအာဏာ ကွာချင်တိုင်းကွာ။

ဒေါ်အောင်ဆန်စုကြည်မှာတော့
သူတို့လို အာဏာတွေလဲမရှိ
အမိန့်တွေနဲ့လဲ မဖိ
ကယ့်အသိစိတ်ဓါတ်နဲ့ကိုယ်
အလိုလိုပေါ်ပေါက် လမ်းပေါက်က
သောင်းသောင်းဖြဖြ ကြိုလိုက်ကြတာ
အားရစရာအသွင် ကြက်ပျံပင်မကျ
ကြိုလိုက်ကြတဲ့မြင်းကွင်း
မောင်မင်းကြီးသားတို့  မြင်လိုက်လို့မှ
ရှက်ဖို့ မသိတတ်ပါရင်
ရင်ကိုခွဲ အသဲကိုထုတ်
လူလုပ်မနေနဲ့ သင်္ချိုင်းမြေမှာ
လဲသေလိုက်ကြပါတော့ဟယ်။
ကိုကိုအောင်(ခ)တက္ကသိုလ်ဘုန်းကြွယ်
ဇန္န၀ါရီ ၁၉ ၂၀၁၂

No comments: