Monday, January 30, 2012

အောင်ထီးဆောင်းမဲ့ဒို့ခေါင်းဆောင်




အောင်ဆန်းစုကြည်ဆိုတဲ့အလင်းရောင်
အကျဉ်းထောင်တံခါးကိုဖွင့်သွား
မလွတ်သေးတဲ့နိုင်/ကျဉ်းသမား
လွတ်လာအောင်ပင်ဆက်ကြိုးစား
အကျိုးများမဲ့ ပရဟိတအလုပ်
တကုတ်ကုတ်ပင်ကြိုးစားလုပ်
အားတွေယုတ်လဲ နောက်မဆုတ်
ပြည်သူတရပ်လုံးအတွက်မာန်တွေမှုတ်
ဟန်ပန်မလုပ် ကံရုပ်ကိုဥာဏ်နဲ့အုပ်
အမှန်ပင်အလုပ်နဲ့ သက်သေထူ
များပြည်သူတွေရဲ့ နက်ဖြန်အရေး
တကယ့်ကိုဦးစားပေးနေတာမို့
ထူးခြားတဲ့ဆေး ငြိမ်းချမ်းတဲ့တေး
မနှေးအမှန် ဖန်လာပေတော့မှာ။

သူ့အားပြည်သူအများက အားထား
ဖွားဖွားသက်ကြားအိုပင်
မျက်နှာထားချိုချိုနဲ့
ထွက်များပင်ကြိုနေရပါပေါ့လေး။

မြင့်မြတ်တဲ့ ဒို့ခေါင်းဆောင်
နေရောင် လရောင်ထက်လင်း
ခပင်းလူအပေါင်း သာစေကြောင်း
အောင်မောင်းကိုဟီး
အောင်စည်တီးပြီး
အောင်ထီးဆောင်းနိုင်ပါစေသတည်း။

တက္ကသိုလ်ဘုန်းကြွယ် ၀၁-၃၀-၁၂

No comments: