Sunday, January 29, 2012

စုကိုဝန်းရံကြ မဲပေးကြစို့





ထားဝယ်ရောက်ဒေါ်အောင်ဆန်းစုကြည်ကိုမြို့ခံ
များက ကြက်ပျံမကျကြိုဆိုကြပုံ

လူထုမေတ္တာ ခံယူလာ
အမေစုရဲ့ရုပ်ပုံလွှာ
နေရာတကာချိတ်ကာဆွဲ
လူထုရင်ခွင်ထဲ။

အမြဲတမ်းပေ မေတ္တာခြွေ
သက်တော်ရာကျော်ရှည်ပါစေ
မြန်မာပြည် သာစေရေး
အများအရေးကိုဦးစားပေး။

လူ့အခွင့်ရေးနဲ့ ဒိမိုကရေစီအရေး
အေးချမ်းစွာနဲ့တောင်းဆိုပေး
အရေးကြီးသော် သွေးစည်းသနော်
ရွှင်ရွှင်ပျော်ပျော်နေနိုင်ဖို့
စုနဲ့အတူချီတက်စို့။


ထားဝယ်မြို့ရောက်အမေစုကို
လူထုများက ဆီးလို့ကြို
ကယ်တင်ရှင်လို အရေးထား
ပြည်သူများကလေးလေးစား။

အရေးထားပုံ ကြည့်လိုက်ရုံ
ယုံကြည်စိတ်ချ အနိုင်ရ
တိတိကျကျ ပြောပါက
ဆန္ဒမဲက ပုံကာကျ
အမေစုသာ အနိုင်ရ။

ဒုသမ္မတကြီး လာတုန်းက
တမြို့တရွာလုံး ခြောက်ကပ်ကပ်
ဝေးဝေးရပ်ပြီး ရှောင်ခွာပြေး
မဲပေးဖို့ရာ ဝေလာဝေး
အရှုံးပေးရမှာ မြင်ယောင်သေး။

ကိုကိုအောင်(ခ)
တက္ကသိုလ်ဘုန်းကြွယ်
ဇန္န၀ါရီ ၂၉ ၂၀၁၂

No comments: