Sunday, January 29, 2012

OPENING CHEQUE BOOKS-ဘဏ်စာရင်း ဘဏ်စာအုပ်တွေ လှန်ကြပြီ???


by Udp Myanmar on Sunday, January 29, 2012 at 11:28am
OPENING CHEQUE BOOKS-ဘဏ်စာရင်း ဘဏ်စာအုပ်တွေ လှန်ကြပြီ???

အစိုးရက ပထမဆုံးအကြိမ်အဖြစ် အစိုးရ၏ရသုံးငွေဥပဒေကြမ်ဒကို တရားဝင် လူသိရှင်ကြား ချပြပြီး လွတ်တော်မှာ စတင်ဆွေးနွေးဖို. ပြင်ဆင်လာပါသည်။ ဒါဟာ အပြုသဘောဆောင်တဲ့ တိုးတက်မှုပါ။

အစိုးရက နှစ်ပေါင်းမြောက်စွာ အစိုးရ၏ ရသုံးစာရင်း-Budget ကို တရားဝင် လူသိကြေညာ တာ အသိပေးတာ မရှိခဲ့ပါဘူး။ ဒီတော့ အစိုးရက ဘယ်ကဏ္ဍတွေမှာ ငွေဘယ်လောက် သုံးစွဲတယ်ဆိုတာ အတိအကျ မသိနိုင်သလို နိုင်ငံတော်ဝင်ငွေစုစုပေါင်း Revenue ဘယ်လောက် ရှိသလဲဆိုတာလဲ သိခွင့် မရရှိခဲ့တာ အတော် ကြာနေပါသည်။

အခုတော့အစိုးရက သူရဲ့ရသုံးစားရင်းအတွက် အစိုးရ၏ ဘဏ်စာအုပ်တွေကို စတင်ဖွင့်ပေး လှန်ပေးလိုက်ပါပြီ။
The government Opens its Cheque books and allow to see the accounting books.
ဒါဟာ နိုင်ငံတခုအတွက် သိသာမြင်သာရှိမှု ရိုးသားပွင့်လင်းမှုနှင့် အနီးကပ်စောင့်ကြည်.ဖို.အတွက် ပြည်သူတွေအတွက် အထူး အရေးကြီးပါသည်။

 အစိုးရကနေ သူ၏ ဘဏ်စာရင်းစာအုပ်ကို စတင်ပြီး လှန်ပေး ဖွင့်ပေးပြီဆိုတော့ အတိုက်အခံတွေ နိုင်ငံရေးပါတီတွေ အစိုးရမဟုတ်တဲ့ NGOsတွေ လူမှုရေးအသင်းအဖွဲ.တွေ၊ Charity Groups နဲ. သတင်းမီဒီယာအဖွဲတွေဟာလည်း သူတို.၏ ဘဏ်စာရင်းတွေ Accounting စာအုပ်တွေကိုလဲ စပြီး ဖွင့်ပေးဖို. လိုပါသည်။

ငွေတွေကို ဘယ်ကရနေတယ်။ ဘယ်လောက်ရတယ်။ ဘယ်နေရာတွေမှာ သုံးတယ်။ ဘယ်လိုမျိုး ငွေကြေးဆိုင်ရာ အသုံးစွဲရေးမူတွေနဲ.သုံးနေပြီး နိင်ငံခြားအစိုးရတွေ နိုင်ငံခြား အဖွဲ.အစည်းတွေနဲ. ပြည်တွင်းက အလှူရှင်တွေဆီက ရရှိနေတဲ့ ၀င်ငွေ ထွက်ငွေတွေကို အများပြည်သူ သိရှိဖို. တရားဝင် ထုတ်ပြန်ဖို.-သူတို.၏ ငွေကြေးရှင်းတန်း Financial Statement တွေ ငွေကြေးစာရင်းရှင်းတမ်း- Audited Accounting Statement တွေကို လူတွေ အလွယ်တကူ သိရှိလေ့လာနိုင်အောင် Make Public Available လုပ်ပေးဖို. လိုပါသည်။

သိသာမြင်သာရှိမှု- Accountability, ရိုးသားပွင့်လင်းမှု-Transparency, အနီးကပ်စောင့် ကြည့်မှု-Closing Monitoring တွေဟာ အစိုးရရော အတိုက်အခံအဖွဲ.တွေရော NGOs နဲ. Media တွေလဲ အကျုံးဝင်ပါသည်။ ဘယ်သူဆီကနေ ဘာအတွက် ငွေတွေ ဘယ်လို ရရှိနေပြီး ဘယ်နေရာတွေမှာ ဘယ်လို သုံးစွဲနေတယ်။ ဘာအတွက် သုံးစွဲနေတယ်။ ငွေပေးတဲ့သူ ကူညီသူတွေကလဲ ဘာကြောင့် ဒီငွေတွေကို ကူညီပေးတာလဲ။ လက်ခံသူတွေကလဲ ဘယ်လို အကြောင်းပြချက်တွေ ဘယ်လို အာမံချက်တွေ ကတိခံဝန်ချက်တွေနဲ. ငွေတွေကို လက်ခံ ရရှိနေသလဲဆိုတာ ပြည်သူလူထုက သိခွင့်ရှိရမည်ဖြစ်ပါသည်။ အထူးသဖြင့် နိုင်ငံခြားအစိုးရ တွေ နိုင်ငံခြားအဖွဲ.အစည်းတွေက ငွေတွေ လက်ခံရရှိသူတွေအနေဖြင့် ပိုပြီးတောင် လူထုကို တာဝန်ခံဖို. ပွင့်လင်းမြင်သာအောင် လုပ်ဖို. အရေးကြီးပါသည်။

ဒါကြောင့် အမျိုးသားဒီမိုကရေစီသစ်ပါတီ-New National Democracy Party-NNDP၏ ခေါင်းဆောင် လွတ်တော်အမတ် ဦးသိန်းညွှန်.က လွတ်တော်မှာ တင်သွင်းသည့် Fully Disclosure ငွေကြေးလက်ခံရယူမှုတွေကို လူသိရှင်ကြား ထုတ်ဖော်ပေးရေး ဥပဒေ ပြင်ဆင် ရေး မူကြမ်းတင်ပြချက်ကို လုံးဝ ထောက်ခံ အားပေးပါသည်။ ဒါမှသာလျင် တိုင်းပြည်အတွက် ရိုးသားပွင့်လင်းမှုနှင့် တာဝန်ခံဖို.အတွက် ငွေဝင်ငွေထွက်တွေကို တရားဝင် အသိပေးဖို. အစိုး ရရော အတိုက်အခံအဖွဲ.အစည်းတွေမှာပါ မကျန် NGOs & MEDIA အားလုံးမှာ ဥပေဒအရကိုပါ တာဝန်ခံဖို. တာဝန်ယူဖို. လိုပါသည်။

ဒါကြောင့် မြန်မာပြည်က အဖွဲ.အစည်းတွေ အသင်းအဖွဲ.တွေ၊ NGOs & MEDIA အနေဖြင့် ဘဏ်စာရင်းတွေ ဘဏ်စာအုပ်တွေ Open Cheque Books and Accounting Books တွေ လှန်ဖို. ဖွင့်ပေးဖို. လိုပါသည်။

No comments: