Friday, January 27, 2012

ချစ်တာလား၊ အရှုးထတာလား

သေဆုံးသွားသည့် ချစ်သူဖြစ်သူနှင့် အသုဘတွင် လက်ထပ်ခဲ့သည့် ထိုင်းအမျိုးသား

အကောင်းနှင့် အဆိုး၊ အဖြစ်နှင့် အပျက်၊ မင်္ဂလာနှင့် အမင်္ဂလာ ဒွန်တွဲနေသည်မှာ ဓမ္မတာပင်ဖြစ်ပါသည်။ သို့သော်လည်း ဤ ဓမ္မတာတရားအား အချစ်၏စွမ်းအားဖြင့် ပေါင်းဖက်လိုက်သည့် အခါတွင် ထိုင်းနိုင်ငံမှ အမျိုးသားတစ်ဦး၏ အကြောင်းဟူ၍ဖြစ်ပေါ် လာရပါသည်။ဖြစ်စဉ်မှာ Chadil Deffy (ခ) Deff Yingyuen ဟု အမည်ရသည့် ထိုင်းနိုင်ငံ၊ ဆူရင်ခရိုင်နေ အမျိုးသားတစ်ဦးသည် မကြာသေးမီ ရက်ပိုင်းအတွင်းက သေဆုံးသွားခဲ့သည့် ယင်း၏ ချစ်သူဖြစ်သူ၏ အသုဘတွင် မင်္ဂလာပွဲကျင်းပပြုလုပ်ကာ ချစ်သူရုပ်အလောင်းနှင့် လက်ထပ်ခဲ့ခြင်းပင်ဖြစ်သည်။

Chadil Deffy သည် Sarinya Kamsook (Anne) ဟု အမည်ရသည့် ကွယ်လွန်သူ ယင်း၏ချစ်သူအမျိုးသမီးနှင့် အသုဘအခမ်းအနားတွင် ရုပ်အလောင်းအား လက်ထပ်လက်စွပ် ဝတ်ဆင်ပေးကာ မင်္ဂလာအခမ်းအနားကိုပါ တစ်ပြိုင်နက်ထည့်သွင်း ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ယင်းတို့ ချစ်သူ ၂ ဦးအနေဖြင့် မကြာသည့်အနာဂတ်တွင် လက်ထပ်ရန် စီစဉ်ထားခဲ့သော်လည်း Chadil က အိမ်ထောင်မပြုမီ ပညာရှာခြင်းကို အဆုံးသတ်လိုသေးသည့်အတွက် နှောင့်နှေးခဲ့ရခြင်းဖြစ်သည်ဟု Thai-Asean News သတင်းဌာနမှတစ်ဆင့် သိရှိရသည်။ သို့သော်လည်း Anne အနေဖြင့် မထင်မှတ်ဘဲ မတော်တဆမှုဖြစ်ကာ ရုတ်တရက် ကွယ်လွန်သွားခဲ့သဖြင့် ယင်းတို့ ၏ မျှော်လင့်ချက်လည်း ပျက်သုန်းခဲ့ရသည်။

ပတ္တရားနေ့စဉ်သတင်းစာ၏ အဆိုအရ ယင်းတို့စုံတွဲသည် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ထိုင်းနိုင်ငံရှိ အရှေ့အာရှ တက္ကသိုလ်တွင်တွေ့ ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး၊ တက္ကသိုလ်အတွင်း Anne သေဆုံးသွားခြင်းအတွက် အောက်မေ့ဖွယ် ပန်းစီးများချထား သည်ကိုလည်း တွေ့ရှိရကြောင်း သတင်းရရှိသည်။

အသုဘ မင်္ဂလာဆောင် သတင်းနှင့် မှတ်တမ်းဓာတ်ပုံများသည် အင်တာနက်ပေါ်တွင် ပျံ့နှံ့သွားကာ နာမည်ကျော်ကြားသွားခဲ့ သည်။ အချို့သောသူများက ဤဖြစ်ရပ်အား ထူးဆန်းသည်ဟု ခေါ်ဆိုခဲ့ပြီး အချို့ကမူ သတို့သားအား ချီးမွမ်းကာ ဂရုဏာသက်ခဲ့ ကြသည်။

No comments: