Tuesday, January 31, 2012

FreeShow :” အေးမြမေတ္တာ HIV/AIDS ကာကွယ်ရေးနှင့် ပြုစုစောင့် ရှောက်ရေးလုပ်ငန်းများ ရန်ပုံငွေဂီတဖျော်ဖြေပွဲ ”


Posted: January 30, 2012 
HIV/AIDS ဝေဒနာရှင်များကို ကာကွယ်ကုသပြုစုစောင့်ရှောက်နေတဲ့ အဖွဲ့များစွာထဲက ကရုဏာလရိပ်အဖွဲ့(ရန်ကုန်) ခိုနားရာအဖွဲ့(ရန်ကုန်) မေတ္တာရတနာအဖွဲ့ (မန္တလေး) ပဒုမ္မာအဖွဲ့(ကျောက်ပန်တောင်း)ကလိုကလူအဖွဲ့(ဘားအံ) ရွှေခြင်္သေ့လူမှုစောင့်ရှောက်ရေးအဖွဲ့(ရွှေဘို) အနာဂတ်အဖွဲ့(မုဒုံ) စတဲ့အဖွဲ့ ၇ ဖွဲ့ပူးပေါင်းပြီး ရန်ပုံငွေဂီတဖျော်ဖြေပွဲ
ပြုလုပ်တော့မှာဖြစ်ပါတယ် ။

ဖေဖော်ဝါရီလမှာပြုလုပ်မယ့် “HIV/AIDS ကာကွယ်ရေးနှင့် ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများ ရန်ပုံငွေဂီတဖျော်ဖြေပွဲ ” နဲ့ ပတ်သတ်ပြီး စာနယ်ဇင်းအကြိုရှင်းလင်းပွဲကို
ဇန်န၀ါရီလ၂၅ရက်၊နေ့လည် (၁:၀၀)နာရီက တော်ဝင်နှင်းဆီခြံ(ရွှေဂုံတိုင်) ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။အဖွဲ့၇ဖွဲ့ ပူးပေါင်းထားတဲ့အဖွဲ့ကြီးကို အေးမြမေတ္ဆာကျန်းမာရေးစောင့်ရှောက်မှုဖောင်ဒေးရှင်း လို့အမည်ပေးထားပြီး ဒေါက်တာတင်မျိုးဝင်းက ဥက္ကဌအဖြစ်ဆောင်ရွတ်တာဖြစ်ပါတယ် ။ အေးမြမေတ္တာ ကျန်းမာရေးစောင့်ရှောက်မှုဖောင်ဒေးရှင်း စီစဉ်ပြုလုပ်မယ့်
HIV/AIDSကာကွယ်စောင့်ရှောက်ရေး နှင့်ပြုစုစောင့်ရှောက်မှုဖောင်ဒေးရှင်းရးလုပ်ငန်းများ ရန်ပုံငွေဂီတဖျော်ဖြေပွဲကို ဖေဖော်ဝါရီလ ၂ရက် ညနေ၃နာရီ အချိန် ရန်ကုန်မြို့ မျှော်စင်ကျွန်းမှာ
ကျင်းပတော့မှာဖြစ်ပါတယ် ။

ဒီရန်ပုံငွေပွဲမှာ 21stCentury PlayBoy ၊ Vertical Vibration ၊ ရွှေသံစဉ် ၊ HeavenBorn ၊ TheTrees ၊ TheRiver ၊ TheMask ၊ KnightsInArmor ၊ NaingZaw&Friendsဆိုတဲ့ဂီတအဖွဲ့တွေရဲ့တီးခတ်မှုနဲ့အတူ တေးသံရှင် သန်းနိုင်(PlayBoy)၊ဗစ်တာခင်ညို ၊ ဘိုဘိုဟန် ၊ ကိုရဲလွင် ၊ ကိုနေ၀င်း ၊ ခိုင်ထူး ၊
ဂျေမောင်မောင် ၊ ဂျေညီညီ ၊ တူးတူး ၊ အက်စကဲနက်ချစ်ကောင်း ၊ ရင်ဂို ၊ မာရဇ္ဇ ၊ စည်သူလွင် ၊ အဲလက်စ ၊ သားထွေး ၊ Acid ၊ အောင်လ ၊ ဟဲလေး ၊ ဘန်နီဖြိုး ၊ ဥာဏ်လင်းအောင် ၊

တာရာ ၊ Cyclone ၊ G-Tone ၊ နေမျိုး ၊ မျိုးမျိုးခိုင်မြဲသာ ၊ ဆိုလား ၊ Eချို ၊ ကိုထွဋ် ၊ ကိုင်ဇာတင်မုံ ၊ အီတိုး ၊ ဇာနည်အောင် ၊ လင်းနစ် ၊ နွဲ့ယဉ်ဝင်း ၊ မေခလာ ၊ ကော်နီ ၊ ချောစုခင် ၊

ခင်မြတ်မွန် ၊ သျှီ ၊ ခင်ဘုဏ်း ၊ ဇမ်နူး ၊ သံသာဝင်း ၊ အိမ့်ချစ် ၊ ရတနာ ၊ ကာကာ ၊ ဂျေညီမလေး ၊ ရှင်းရှင်း ၊ မီနို ၊ ဖြူလေး နဲ့ ဧည့်သည်အဆိုတော်များစွာက မေတ္တာနဲ့ ပါဝင်ကူညီသီဆို ဖျော်ဖြေကြမှာဖြစ်ပါတယ်

ရန်ပုံငွေဖျော်ဖြေပွဲကို လက်မှတ်မရောင်းပဲ ၀င်ကြေးအခမဲ့ဖြစ်ပြီး မိမိဆန္ဒ၊စေတနာရှိသလောက် ပေးလှူနိုင်ဖို့အတွက် အလှူခံဌာနများဖွင့်လှစ်ထားမှာ ဖြစ်တယ်လို့ သိရပါတယ် ။ဒီပွဲကနေရရှိလာမယ့်ရန်ပုံငွေများကို အေးမြမေတ္တာအဖွဲ့ကို လာရောက်ဆက်သွယ်မယ့် အေးမြမေတ္တာအဖွဲ့ကြီးမှာ ပါဝင်တဲ့အဖွဲ့ ၇ဖွဲ့နဲ့ ဆက်သွယ်မယ့် ဝေဒနာရှင်အားလုံးအတွက်ရည်ရွယ်လှူဒါန်းမှာ ဖြစ်ပါတယ်။အလှူရှင်များအနေနဲ့လည်း ဒီအဖွဲ့များကို ဆက်သွယ်လှူဒါန်းနိုင်သလို ဝေဒနာရှင်များကလည်းလာရောက်ဆက်သွယ်ပြီး ဆေးကုသပြုစုစောင့်ရှောက်မှုခံယူနိုင်တယ်လို့ဆိုပါတယ် ။
ရန်ပုံငွေဂီတဖြေဖျော်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဌအဖြစ်ဆောင်ရွတ်တဲ့ ဒေါက်တာတင်မျိုးဝင်းက မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ HIV/AIDS ဝေဒနာရှင်များရဲ့ အခြေအနေကို ရှင်းလင်းဖော်ပြခဲ့သလိုဒေါက်တာနေမျိုးဝင်း နဲ့ မြတ်တို့ကလည်း ရန်ပုံငွေဂီတပွဲနဲ့ ပတ်သတ်ပြီးရှင်းလင်းပြောပြခဲ့ကြပါတယ် ။အေးမြမေတ္တာအဖွဲ့ဥက္ကဌဒေါက်တာ တင်မျိုးဝင်းက “ကျွန်တော်ကရန်ပုံငွေဆိုတာထက်Advocacy ပွဲလုပ်ချင်တာပါ ။ ဒီလိုကိစ္စလေးတွေရှိတယ်ဆိုတာပြောချင်တာပါ ။
ကျွန်တော်တို့ ခေါင်းဆောင်တစ်ဦးကပြောဖူးတယ် ။ ကိုယ်ခံစွမ်းအားကျဆင်းမှုကို စုပေါင်းစွမ်းအားဖြင့် တိုက်ဖျက်ပါမည်ဆိုတဲ့ ဆိုလိုဂမ်လေးတစ်ခု ကျွန်တော့်ကို ပေးလိုက်ပါတယ် ။ကိုယ်ခံစွမ်းအားဘယ်လောက်ပဲကျဆင်းနေပါစေ စုပေါင်းစွမ်းအားနဲ့ တိုက်ဖျက်မယ်ဆိုတဲ့ယုံကြည်ချက်တွေ ရရှိလာပါတယ် ” လို့ပြောကြားခဲ့ပါတယ် ။
သင်းပပ ( ဒီလှိုင်း )
ဒီလှိုင်းဂျာနယ် မှပြန်လည်ကူးယူဖော်ပြထားပါသည် ။

No comments: