Saturday, January 28, 2012

ကမ္ဘာ့အချမ်းသာဆုံး သူဌေးအကြီးစားကြီးများအကြောင်း

Zaw Aung (Mone Yor) - Articles

ကမ္ဘာ့အချမ်းသာဆုံး သူဌေးအကြီးစားကြီးများအကြောင်း
ဇော်အောင် (မုံရွာ)
ဇန်န၀ါရီ ၂၈၊ ၂၀၁၂


ကိုအေးငြိမ်းရေးသည့် စာများသည် အလွန်အကျိုးရှိလှပါတယ်။ (Singapore CPF) စီပီအက်ဖ်အကြောင်းနဲ့ပတ်သက်ပြီး ၀က်ဆိုဒ်ထဲမပါတဲ့ သူဌေးအကြီးစားကြီးများနှင့် ကျွန်ုပ်အမြင်များကို ထပ်ထည့်ရေးလိုက်ပါသည်။ ဆရာသမားများမှာ ကျော်ဝင်း၊ မောင်စူးစမ်းနှင့် အေးငြိမ်းစာ အုပ်များဖြစ်သည်။

● အစိုးရသည် သူဌေးအကြီးစားဖြစ်သည်
အာဏာရယူခြင်း (သို့မဟုတ်) အာဏာပိုင်နှင့်ပေါင်းဖေါ်အမျိုးစပ်ခြင်းသည် အမြန်ဆုံးသောသူဌေး ဖြစ်နည်းဖြစ်သောကြောင့် လူတိုင်း အာဏာ မက်ကြပါသည်။ နိုင်ငံတော်အာဏာအတွက်လည်း တိုက်ခိုက်နေရပါသည်။ ထို့ကြောင့် မြန်မာ ပြည်မှကြံ့ဖွတ်အစိုးရနှင့် စင်ကာပူမှ ပီအေပီအစိုးရများသည် အာဏာမလွတ်ရအောင် နည်းမျိုးစုံဖြင့်လုပ်နေကြပါသည်။

လူကောင်းများသော အစိုးရသည် ပြည်သူ့ထံမှငွေကို လိမ်မာပါးနပ်စွာဖြင့်စုဆောင်းစေပြီး တိုင်းပြည်လိုအပ်သော ပညာရေး၊ကျန်းမာရေး၊စီးပွားရေးများတွင် သုံးစွဲစေပါသည်။ စုဆောင်းငွေများတွင် စင်ကာပူ၏ စီပီအက်ဖ်သည် ခေတ်သစ်အစ္စရေးနည်းလမ်းကို အမှီပြုထားသော ကြောင့် အမေရိကန်၏ ဆိုရှယ်စစ်ကျူရတီ Social Security နည်းလမ်းထက် များစွာအဆင့်မြင့်ပါသည်။ (ယခုအခါအမေရိကန်လည်း Social Security ကို ပြုပြင်ပြောင်းလဲနေပါသည်)။ အမေရိကန်တွင် ဆိုရှယ်စစ်ကျူရတီ စုဆောင်းငွေများကို လွတ်ပ်ဟိုး Loop Hole များမှ Lawyer & Doctor အဖွဲ့စည်းများက ထုတ်ယူသုံးစွဲနေကြပြီး တိုင်းပြည်အစိုးရ တဖြေးဖြေးဆင်းရဲလာသည်။ စင်ကာပူ၊ တရုတ်နိုင်ငံများက အမေရိကန်နှင့်ဥရောပနိုင်ငံများ၏ ဆိုရှယ်စစ်ကျူရတီစနစ်အားနည်းချက်များကို ပိတ်ဆို့လုပ်ကိုင်သောကြောင့် တဖြေးဖြေးချမ်းသာလာကြ သည်မှာ မျက်မြင်ကိုယ်တွေ့ပင်ဖြစ်ပါသည်။

စင်ကာပူသည် နှစ် ၄၀ အတွင်း တစ်ဦးခြင်းဝင်ငွေ per capital income တွင် ကမ္ဘာ့နံပါတ်၂ သို့တက်လှမ်းလာခြင်းမှာ ကျွန်တော့်အတွက် အထူးစိတ်ဝင်စားစရာကောင်းပေသည်။ ကျွန်တော်ရေးသော စင်ကာပူဆောက်လုပ်ရေးနှင့် မြန်မာများဆောင်းပါးတွင် စကာပူနှင့် နော်ဝေး နိုင်ငံပေါင်းပြီး REC ဆိုသော ဆိုလာပင်နယ်စက်ရုံအတွက် ဒေါ်လာ ၆.၃ ဘီလျှံ ငွေစုဆောင်းပြီး၊ နော်ဝေးနှင့် ဥရောပပြည်သူများထံမှ ငွေကို လိမ်မာပါးနပ်စွာရယူခြင်းမှာ သူဌေးအကြီးဆုံး (အစိုးရများ) ၏ Big Cheating ပင်ဖြစ်သည်။

● အစိုးရငွေရှာနည်းတခု Government Level Making Money
ပါနီထဲကရေ - ပါနီထဲပြန်ရောက် ဆိုစကားအတိုင်း ကျွန်တော် ၁၃ နှစ်လုပ်ခဲ့သော စင်ကာပူအစိုးရဆီမီးကွန်ဒက်တာကုမ္မဏီလည်း အစိုးရ ကအရှုံးခံပြီး လုပ်ပါသည်။ ရလဒ်ကတော့ ကမ္ဘာ့ဆီမီးကွန်ဒက်တာကုမ္မဏီများစွာ စင်ကာပူတွင်လာရောက်လုပ်ကိုင်သောကြောင့် စက်ရုံ အတွက်အထူးလိုအပ်သော 3M Man (ကျွမ်းကျင်လုပ်သား), Material (ကုန်ကြမ်း), Method (စက်အပိုပစ္စည်းထုတ်လုပ်သည့်ကုမ္မဏီ များ) စင်ကာပူတွင်လာရောက်အခြေချကြပါတော့သည်။ လက်ရှိမြန်မာပြည်ကဲ့သို့ ရေတိုစီးပွားရေးမဟုတ် ..ရေရှည် ၁၀နှစ်ကျော်မှ အသီး အပွင့်ခံစားရသော စီးပွားရေးလုပ်ငန်းဖြစ်သည်။ ၁၀ နှစ်ကျော် အစိုးရကအရှုံးခံပြီး CPF စုဆောင်းငွေများမှ ဘီလျှံနှင့်ချီပြီး ထိုကုမ္မဏီသို့ ရင်းနှီးငွေ ထုတ်ချေးပါသည်။ ယခုအခါ စင်ကာပူတွင် ဆီမီးကွန်ဒက်တာ 3M လိုအပ်ချက်ပြည့်သွားပြီဖြစ်သောကြောင့် ထိုကုမ္မဏီ Chartered Semiconductor Manufacturing ကို အာရပ် (ဒူဘိုင်း) သူဌေးများအား ရောင်းချလိုက်ပြီးဖြစ်သည်။ ကုမ္မဏီနာမည်အသစ်ဖြစ်သည် Global Foundries. ထိုကုမ္မဏီသည် အမေရိကန်ပြည်သူများနှင့်စင်ကာပူပြည်သူများ၏ ပိုလျှံစုဆောင်းငွေ (CPF saving သာမက၊ ပါစင် နယ် Bank Saving ) ကိုရအောင် IPO စတော့အိတ်ချိန်း ရှယ်ရာနည်းလမ်းဖြင့် ငွေရှာဖွေသွားပါသည်။

● သူဌေးဆိုသည်မှာ
သူများထံမှငွေကို မည်သို့ရအောင်ယူရမည်ကိုအမြဲကြံနေသောကြောင့် လူကိုမြင်လျှင် ပိုက်ဆံများဟုသဘောထားပြီး လူများနှင့် ဆက်ဆံ ရေးအလွန်ကောင်းသူများဖြစ်သည်။ ဂါးဗားမင့်ဟုခေါ်သော အစိုးရခေါင်းဆောင်ကောင်းများသည် သူဌေးအကြီးစားများဖြစ်သည်။ ပြည်သူ များနှင့် လုပ်ငန်းရှင်များထံမှာ အခွန်ရအောင်ကောက်ပြီး၊ ထိုငွေဖြင့် တိုင်းပြည်လိုအပ်ချက်များကို လုပ်သည်။ သူတို့အိပ်ကပ်များ ထဲသို့ လည်း ထည့်သည်။ (Corruption). (မှတ်ချက်၊ စင်ကာပူတွင် အစိုးရ၀န်ကြီးများကို လာဘ်မစားရန် အဆမတန်ပေးထားသည့်နည်းလမ်းသုံးပါ သည်)။ ထို့ကြောင့် ဥစ္စာရှာသည့်နည်းလမ်းတွင် စီးပွားသမားများက ဘဏ်များမှငွေချေးပြီး စီးပွားလုပ်ကြသည်။ ပြည်သူများက (ရရစား စားများ) ရှိတာလေးတွေ ဘဏ်ထဲစုဆောင်းကြသည်။ ထို ၂ မျိုး (ပြည်သူလူထုနှင့် စီးပွားလုပ်ငန်းရှင်များ) ထံမှ ဂါးဗားမင့်ဆိုသူက ထပ်မံ အခွန်ကောက်တော့သည်။

အခွန်ကောက်တတ်သောအစိုးရ (ယခင် အမေရိကန်အစိုးရနှင့် ယခု တရုတ်ပြည်၊ ယခုစင်ကာပူအစိုးရ) တို့ကြောင့် အမေရိကန်နှင့်စင်ကာပူ နိုင်ငံများ ကြွယ်ဝချမ်းသာလာကြသည်။ အခွန်မကောက်တတ်သောအစိုးရများ (လာဘ်စားမှုများသည့်နိုင်ငံ - ဥပမာ မြန်မာပြည်နှင့် အခွန် ရှောင်မှုများသည့်နိုင်ငံ - ဥပမာ ဂရိ၊ ဗြိတန်နှင့် အနောက်နိုင်ငံများစွာ) တို့မှာ တဖြေးဖြေး ဆင်းရဲလာကြသည်။

● ဆရာသမား ဂျာနယ်လစ်စ်များ
American JournalisThomas Friedman (born July 20, 1953) ရဲ့စာအုပ်များမှာ ကျော်ကြားလှပါသည်။ ပူလစ်ဇာဆုများစွာရသော မီလျှံနာ ဂျာနယ်လစ်စ်ဖြစ်သည်။ ကျော်ဝင်းဘာသာပြန်တဲ့ World is Flat စာအုပ်နှင့်၊ မောင်စူးစမ်းဘာသာပြန်သော The Lexus and the Olive Tree: စာအုပ်များသည် မြန်မာပြည် ဂျာနယ်လစ်များနဲ့ ပြုပြင်ပြောင်းလဲရေးလောကမှာကျော်ကြားလှပါသည်။


● အတိုးနှုန်းတွက်ပုံ (ဘဏ်နှင့် အသက်အာမခံလုပ်ငန်းများ)
If a person buys S$100 worth of gold in 1970, that amount of gold would be worth around S$1900 in 2011. In comparison, the same amount of money would be S$740 today if it is assumed that CPF pays 5% interest every year.

M = P( 1 + i )n
M is the final amount including the principal.
P is the principal amount.
i is the rate of interest per year.
n is the number of years invested.

ဥပမာ - မြန်မာပြည်တွင် တနှစ် ၁၃ ရာနှုန်းဘဏ်တိုးနှုန်းဖြင့် ငွေတရာကို ၁၀ နှစ်စုဆောင်းပါက အတိုး၊ အရင်းပေါင်း ၃၃၀ ကျပ်ရရှိမည် ..ဟု မြန်မာ့စီးပွားရေးဘဏ် (အစိုးရ) က ကြေညာထားပါသည်။ excel formula =100*POWER(1.13,10)

ထိုနည်းဖြင့် လူများ (သူဌေးနှင့် စီးပွားရေးသမားမပါ) ၏ စုဆောင်းငွေကို ဘဏ်များကရရှိပါသည်။ ထိုစုဆောင်းငွေများကို ဘဏ်များက အိမ်ပေါင်၊ မြေပေါင်းခြင်းဖြင့် လုပ်ငန်းလုပ်သူများကို အတိုးနှုန်း ၁၅-၁၈ ရာနှုန်းဖြင့် လပိုင်း (သို့မဟုတ်) လပိုင်း အတိုးပြန်ချေးပေးပါသည်။ Business Loan or Housing Loan. အိမ်ဝယ်သူများကိုချေးပေးခြင်းမှာ မိမိအိမ်ကိုပြန်လည်ပေါင်းနှံခြင်းပင်ဖြစ်ပါသည်။ လူလည်များက မိမိအိမ်၊ မြေ၊ ခြံကို ဘဏ် ၂ ခု၊ ၃ ခု ထံ တပြိုင်တည်းပေါင်နှံခြင်းမရှိရန် ဘဏ်များအဆက်အသွယ်ရှိထားရပါသည်။ (သက်သေခံလက်မှတ် - အိမ်ဂရမ်ကို ဘဏ်ထံအပေါင်ထားရပါသည်။)

နောက်တနည်း -လူများထံမှ ပိုက်ဆံကို ဥပဒေဘောင်ဖြင့် ရယူသောလုပ်ငန်းမှာ အသက်အာမခံဖြစ်သည်။ လူများကို အာမခံထားစေခြင်းဖြင့် ငွေစုဆောင်းစေပါသည်။ ကျွန်တော်သည် အမေရိကားမှ အသက်အာမခံကုမ္မဏီတခုအတွက် တနှစ်အေးဂျင့်အငှားလုပ်ပေးခဲ့ဖူးသောကြောင့် ..အောင်မြင်သော အသက်အာမခံအေးဂျင့်သည် အလွန်အမြက်အစွန်းရရှိကြောင်း၊ လူများ၏ အာမခံစုဆောင်းငွေများကို ဘဏ် တိုးနှုန်း (Fix Deposit) ထက် အများကြီးပိုမိုပေးကြောင်း တွေ့ရပါသည်။ အသက်အာမခံအတွက် စုဆောင်းကာလမှာ ၅ နှစ်၊ ၁၀ နှစ်၊ တသက်လုံးဖြစ်သောကြောင့် အသက်အာမခံကုမ္မဏီများမှာ အလွန်ချမ်းသာကြပါသည်။ ထိုလုပ်ငန်းကိုလည်း အများအားဖြင့် အစိုးရကုမ္မဏီ (ဥပမာ - စင်ကာပူ NTUC Income) ကသာ လက်ဝါးအုပ်ထားပါသည်။

● နိဂုံး
ကိုအေးငြိမ်းကိုးကားသော ၀ိကိပိဒိယတွင် အစိုးရများ ပြည်သူ့ငွေကို စုဆောင်းစေသောစနစ်အချို့ရေးထားပါသည်။ ကျွန်တော်စိတ်အ၀င်စား ဆုံးမှာ အစ္စရေးအစိုးရက မည်သည့်နည်းဖြင့် သူ့နိုင်ငံသားများထံမှ ငွေကိုရအောင်ယူသနည်း ..ဆိုသည်ပင်ဖြစ်သည်။ ဂျူး ..ဆိုသော အစ္စ ရေးလူမျိုးသည် ငွေစုဆောင်းသည့်နေရာနှင့်စီးပွားရှာသည့်နေရာတွင် ကုလား၊ တရုတ်များထက် များစွာသာလွန်ပါသည်။ ထိုဂျူးသဌေးများ ..အမေရိကန်နှင့် ဥရောပမှထွက်ခွာပြီး ရေကြည်ရာမြက်နုရာ စင်ကာပူ၊ ဟောင်ကောင်၊ တရုတ်ပြည်များသို့ ထွက်ခွာနေကြပြီဖြစ်သည်။ အစ္စရေး (ဂျူး) များကို အကြံပေးခန့်ထားသော လီကွမ်းယု၏ စင်ကာပူအစိုးရသည် တစ်ဦးချင်ငွေကြေးပိုင်ဆိုင်မှုတွင် အစ္စရေးထက်များစွာသာလွန်နေသော်လည်း ပတ်ဝန်းကျင်နိုင်ငံများ၏ စစ်ရေးချိန်းချောက်မှုကို အမေရိကန် တပည့်ခံနေရဆဲပင်ဖြစ်ပါသည်။

● Reference Links from Wikipedia CPF
* Central Provident Fund (South Africa)
* Social security
* Employees Provident Fund, Malaysia’s Provident Fund
* Provident Fund, for other “Provident Funds” in other countries.
* Economy of Singapore


● Similar systems elswhere
* National Insurance (UK)
* Social Security in France
* South African Social Security Agency
* Social Security (United States)
* Social Security (Sweden)
* Social Security (Australia)
* National Social Security System (Sistem Jaminan Sosial Nasional) (Indonesia)

No comments: