Tuesday, January 31, 2012

ပြည်သူ့လက်ခုပ်သံ




ပြည်သူတီးတဲ့လက်ခုပ်သံ
မိုးဘ၀ဂ်ထိဆူဆူညံ
လူထုအော်သံ အမှန်ထုတ်
တိုင်းပြည်ရဲ့ပြယုဂ်။

အုပ်ချုပ်ရမယ့်အစိုးရဟာ
မည်သူမည်ဝါ ဖြစ်သင့်တာ
မဖေါ်ပါဘဲ မြင်ရင်ပဲ
သိသာနေပြီပဲ။

ဇွဲနဲ့လာတဲ့အမေစုကို
လူထုအများကဆီးလို့ကြို
ဘယ်ကိုသွားသွားမရပ်မနား
အားအင်နဲ့ပါလား။

အားဆေးပေးတဲ့ တို့အမေ
တို့တိုင်းပြည်ကို ကြည့်ရှုပေ
လူနေအမှုမြင့်စေဖို့
လူထုအားနဲ့ အမှန်ပို့။

ဒို့များဒုက္ခ မြင်တဲ့အခါ
အမေစိတ်မချမ်းသာ
စေတနာ မေတ္တာပွား
မှန်ကန်တဲ့စိတ်ထား။

ကြွားလောက်ပါရဲ့ အမေရေ
သက်တော်ရာကျော်ရှည်ပါစေ
အမေရှိက အားရှိလှ
ပြည်သူအားကိုးရ။

တက္ကသိုလ်ဘုန်းကြွယ် (ဇန္န၀ါရီ ၃၁ ၁၂)



7Day News Journal


ညောင်ဦးမြို့တွင် ကြိုဆိုနေကြသော ဒေသခံများကို ကားပေါ်မှ နှုတ်ဆက်နေသော ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ညနေ ၅ နာရီခွဲခန့်က တွေ့ရစဉ်။

7Day News Journal

ပေပင်တိုက်ကျေးရွာတွင် ဒေသခံလူထုသို့ အမှာစကားပြောကြားနေသော ဒေါ်အောင်ဆန်းစုကြည်။



7Day News Journal





No comments: