Friday, August 31, 2012

၈၈ ၏ စေတနာဝဿန် ရန်ပုံငွေပွဲ Sky Net မှ လွှင့်မည်


စက်တင်ဘာတစ်ရက်နေ့မှာ ကျင်းပမယ့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့အတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ကြော်ငြာဆိုင်းဘုတ်ကြီး တစ်ခု



နက် ဖြန် (၈၈) ရံ ပုံ ငွေ ပွဲ မှာ ...

တီး ၀ိုင်း တွေ မဲ နှိုက် တာ သျှီ ဆို ရ မယ့် HEAVEN BORN BAND က တ တိ ယ မြောက် အ လှည့် ကျ ပါ တယ် ...

ပွဲ က ည နေ (၄) နာရီ တိ တိ မှာ စ မယ် လို့ပြော ပါ တယ် ...

သိ ချင် လို့ မေး ကြ တဲ့ ပ ရိ သတ် များ အ တွက် အ သိ ပေး တာ ပါ ...

သျှီ ...





လူမှုအခက်အခဲများကို ကူညီဖြေရှင်းပေးရန် ရည်ရွယ်ပြီး ၈၈ မျိုးဆက်ကျောင်းသားများက ဦးဆောင်ကျင်းပမည့် စေတနာဝဿန် ရန်ပုံငွေ ဂီတပွဲကို Sky Net မှ တိုက်ရိုက်ထုတ်လွှင့်ရန် ပြန်ကြားရေးဝန်ကြီးသစ် ဦးအောင်ကြည်က ခွင့်ပြုလိုက်ကြောင်း သိရသည်။ စက်တင်ဘာလ ၁ ရက်နေ့တွင် ပြုလုပ်မည့် ယင်းဂီတပွဲကို တိုက်ရိုက်ထုတ်လွှင့်ခွင့်ပြုရန် ၈၈ မျိုးဆက်က စာရေးသားတင်ပြခဲ့ကြောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို ရှေ့ရှုပြီး ဦးအောင်ကြည်က ခွင့်ပြုခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က သူ၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

"စဉ်းစားဖို့မကောင်းဘူးလားဗျာ"




လွှတ်တော်များ (၁) ရက်ကျင်းပ စရိတ်ဟာ ကျပ်ငွေ သိန်း ၁၃၀ ခန့် ကုန်ကြပါတယ်တဲ့။ (၁) လကျင်းပရင် သိန်း ၃၉၀၀ ကုန်ကြပါတယ်။ (၂) လဆိုရင် . . .
ကျွန်တော်ပြောချင်တာက ဒီလောက်တိုင်းပြည် ဘဏ္ဍာငွေ တွေအကုန်ကျ ခံပြီး ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးများဟာ ကျွန်တော်တို့ပြည်သူလူထု အကျိုးစီးပွားနှင့် တိုင်းပြည်ကောင်းကျိုးအတွက် ဘယ်လောက် ဖော်ဆောင်နိုင်ကြ သလဲ ဆိုတာပါပဲ . . .

ယခုဆိုရင် တစ်နိုင်ငံလုံး ပြည်သူတွေဟာ . . . သဘာဝဘေး အန္တရာယ်တွေနဲ့ ရင်ဆိုင်ရ၊ စစ်ဘေးဒုက္ခတွေခံစားနေရ ၊ တိုင်းတစ်ပါးသားတွေရဲ့ ကျူးကျော် စော်ကားသတ်ဖြတ်မှုတွေလည်းခံစားနေရ၊ တောင်သူလယ်သမားများမှာလည်း ရာသီဥတု ဖောက်ပြန်လို့ စိုက်သမျှ သီးနှံတွေ ပျက်စီးနေရ လယ်မြေတွေ မတရား အသိမ်းခံနေရ ဖြစ်နေကြပါတယ်။ ပြည်သူများမှာလည်း ဟိုနေရာ ဆန္ဒပြ လိုက် ဒီနေရာ မှာ ဆန္ဒပြ လိုက်နဲ့ တကယ့်ကို ဆင်းရဲသားပြည်သူများ ဟာ အတိဒုက္ခ ရောက်နေကြပါတယ်။

ဒီအချိန်မှာ လွှတ်တော် ဟာ ပြည်သူတွေအကျိုး ဆန္ဒ ကို ပြည့်ဝဖို့ အတွက် ဘယ်လိုကောင်းမွန်စွာ ဆောင်ရွက်နေသလဲဆိုတာ ပါပဲ။ တစ်တိုင်းပြည်လုံးမှာတော့ ပြည်သူတွေဟာ ဒုက္ခ ဆင်းရဲရောက်နေကြပေမဲ့
သူတို့အချင်းချင်း ငြင်းခုန်နေတာနဲ့ တင် ပြည်သူ တွေဘက်ကို မလှည့်နိုင်ပါဘူး. . .
လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူ့အကျိုး တိုင်းပြည်အကျိုး အတွက် ကောင်းမွန်တဲ့ အဆိုပြုတာ တွေကိုလည်း လိုက်လျောခွင့်ပြုတာထက် အငြင်းခံနေရတာ ပိုများပါတယ် . . .

ဒါ့ထက် လွှတ်တော်ကိုယ်စားလှယ်များ ဟာ လည်း ပြည်သူ့အကျိုး တိုင်းပြည်အကျိုး ကိုတကယ်လိုလားသလား၊ တကယ်ရော စေတနာထားပြီး ရိုးသားစွာ လုပ်ဆောင်နေကြသလားဆိုတာ မေးခွန်းထုတ်ဖို့လိုလာပါပြီ။ ဘာကြောင့် ဒီစကား ပြောရသလဲဆိုတော့
"လယ်ယာမြေများ အသိမ်းခံရမှုကြောင့် တောင်သူများ နစ်နာမှု မရှိစေရေး တရားမျှတစွာဖြေ ရှင်းပေးရန်အဆို တင်သွင်း တာ ထောက်ခံမဲ ၃၉၅၊ ကန့်ကွက်မဲ ၁၇၆ ၊ကြားနေမဲ ၂၄ မဲ ရှိခဲ့တယ်တဲ့ "
စဉ်းစားကြည့်ကြပါ တစ်နိုင်ငံလုံးက ကျေးဇူးရှင် တောင်သူဦးကြီးများလို့သတ်မှတ်ထားသူ တွေ မတရားမခံရဖို့ အတွက် တင်တဲ့ဒီလိုအဆိုကိုတောင် ကန့်ကွက်မဲ နှင့် ကြားနေမဲ ရှိနေပါတယ်ဆိုတော့ စဉ်းစားစရာဖြစ်မနေဘူးလားဗျာ. . .

ပြည်ထောင်စုအစိုးရ၀န်ကြီးများ ပိုင်ဆိုင်မှု စာရင်းပြ ဖို့အဆို ကိုလည်း ၀ိုင်းပြီးကန့်ကွက်လို့ မအောင်မြင်ခဲ့ ပါဘူး . . . ဘာကြောင့်ကန့်ကွက်ကြတာလဲဗျာ . . .

ဒါကြောင့် ဒီလောက် တိုင်းပြည် ဘဏ္ဍာငွေ တွေ အကုန်ခံပြီး ကျင်းပနေ တဲ့ လွှတ်တော်အစည်းအဝေး ပွဲတွေဟာ ပြည်သူလူထု အကျိုးစီးပွား တိုင်းပြည်ရဲ့အကျိုးကို တကယ်ပဲ ဖော်ဆောင်နေသလားဆို တာ စဉ်းစားဖို့မကောင်းဘူးလားဗျာ . . .

မှတ်ချက် = ကျွန်တော့် ဥာဏ်တစ်ထွာ တစ်မိုက် နှင့် ထရံပေါက်မှ ချောင်းကြည့် ခြင်းဖြစ်ပါတယ် .

Come back naing aung and thun tunand nyo ohn myint

မိုးသီးဇွန် ( သို့ မဟုတ်) တောရိုင်းနှင်းဆီ


မိုးသီးဇွန် 
(သို့ မဟုတ် )
တောရိုင်းနှင်းဆီ ။
သူကို 
ဘယ်သူကမှ 
ခုတ်ထွင်ရှင်းလင်းပစ်လို့ မရဘူး။ 
သူဟာ
ရှစ်ဆယ့်ရှစ် ရဲ့
သက်ရှိထင်ရှား
သမိုင်းစာအုပ်။ 

သူရဲ့ အိမ်အပြန်လမ်းမှာ 
လွမ်းသူတို့  
ကြိုဆိုကြစေ။ 

( အောင်ဝေး)

ဖိလစ်ပိုင် အင်အားပြင်း ငလျင် ဆုနာမိ သတိပေး


ဓာတ်ပုံ- အယ်ဂျာဇီးယား
ယနေ့ ညပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ အရှေ့ပိုင်းတွင် လှုပ်ခတ်သွားသော ၇.၆ မဂ္ဂနီကျု အင်အားပြင်း ငလျင် ကြောင့် ဆုနာမိ သတိပေးချက် အရေးပေါ် ထုတ်ပြန် ကြေညာလိုက်ပါတယ်။

အဓိက ဆုနာမိ သတိပေးထားခံရတဲ့ နေရာတွေကတော့ အင်ဒိုနီးရှား၊ ဖိလိပိုင်နဲ့ ဖိလစ်ပိုင် အနီးအနား
ဒေသတွေမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်းက ပင်လယ်ကမ်းတွေလည်း သတိထားရင် ပိုမယ် မထင်ပါဘူး။

နောက်ဆုံးကြေညာချက်များ ထွက်ပေါ်လာရာတွင် ဆုနာမိ သတိပေးချက်ကို ပြန်လည် ရုပ်သိမ်းသွားကြောင်း သိရပါတယ်။

ကရင်ကရင် ဘာကိုမြင် ~ ဟိုရှေ့နားက ငြိမ်းချမ်းရေး ချိုးကင်




   ခေါင်းစဉ်ဖတ်ပြီး ကရင်အမျိုးသားရေး ဝါဒီတစ်ယောက်တော့ လုပ်ပြန်ပဟလို့ ရုတ်ချည်း ထင်
ကောင်း ထင်မိနိုင်ကြမယ် ။ ဟုတ်ပါတယ် ၊ ဟုတ်လည်း မဟုတ်ပါဘူး ၊ နှစ်ခုလုံးလည်း မှန်ပါတယ် ။
တရားသူကြီးက ဖတ်တဲ့သူပဲလေ ။ 

   ပထမတစ်ချက် ပြောလို့ရတာက ကျနော်ဟာ ကရင်တစ်ယောက်လို့ ကိုယ့်ဘာသာ သတ်မှတ်
ထားလို့ ရေးတာပါလို့ ပြောရမယ် ။ ဆိုလိုတာက ကျနော့်ရဲ့ ကိုယ်ပိုင်လက္ခဏာ (identity) ကို က
ရင်ရယ်လို့ ခံယူ သတ်မှတ်တာကြောင့်ဆိုပြီး ပြောလို့ရတယ် ။ [ကိုယ်ပိုင်လက္ခဏာ (identity) အ
ကြောင်း အသေးစိတ်ကတော့ ရှည်လို့ နောက်မှ ထပ်ရေးပါ့မယ်] ။

   နောက်တစ်ဆင့်က ကရင်ဖြစ်ရုံနဲ့ ဝေဖန်ဖို့ ၊ ထောက်ပြဖို့ ၊ မြင်တာတွေပြောဖို့ တာဝန်ရှိသလား ။
   အမှန်ကတော့ တာဝန်ရှိတယ်လို့ ကျနော် မယူဆဘူး ။ ပတ်သက်ယှက်နွယ်နေတဲ့ ၊ ပြောင်းလဲ
လို့ မရနိုင်တဲ့ နောက်ခံတူညီသူတွေအတွက် အသားလွတ် နင်းခြေမခံရလေအောင် ၊ မတရား အ
နိုင်ကျင့် မခံရလေအောင် ၊ လိုသလို ထင်တိုင်းလှည့်ပတ်လို့ မရရလေအောင် မြင်မိသတိရတာလေး
တွေကို တင်ပြလက်တို့ရုံ လောက်ပါ ။ ဝတ္တရားနဲ့ အသိစိတ်အပေါ် အခြေခံပြီး ဘယ်သူမှလည်း မ
နစ်နာစေမယ့် အဖြေနဲ့ လမ်းကြောင်းတွေကို ဆိုင်ရာဆိုင်ရာတွေက ပိုပြီးသိမြင်လာဖို့ ကြိုးပမ်းချက်
လေး တစ်ခုနှစ်ခုသာသာပါ ။ 

   ကျနော်ယုံကြည်တာ တစ်ခုတော့ရှိတယ် ။ 
   Butterfly Effect ပါ ။ ကျနော့်ရဲ့ လိပ်ပြာတောင်ပံ တစ်ခတ်စာလေးဟာ ၊ ယုံကြည်လက်ခံသူ
သို့မဟုတ် ဒါကိုအခြေခံပြီး စိတ်ကူးစိတ်သန်း အသစ်တွေနဲ့ ထပ်ဆင့်ပွားမှုတွေ ရှိခဲ့မယ်ဆိုရင် ၊
လောကဓံ တစ်ပတ်အပြည့်မှာ မုန်တိုင်း ငယ်လေးတွေလို အားကောင်းတဲ့ သက်ရောက်မှုလေး
တွေ ရှိလာကောင်းရှိလာနိုင်ပါတယ် ။

   ကျနော်ရေးတဲ့ ပြောတဲ့အရာတိုင်းဟာ အမှန်မဖြစ်နိုင်သလို ၊ အားလုံးကို လက်ခံလိုက်လျှောက်
စရာလို့လည်း မမြင်မိပါ ။ သို့သော် ဒါတွေကိုအခြေခံပြီး စိတ်ကူးစိတ်သန်းတစ်ချို့ ပေါ်လာဖို့အ
တွက် စေ့ဆော်မှု ပေးနိုင်မယ်ဆိုရင် ကျနော့်အတွက် အောင်မြင်ပြီလို့ ပြောနိုင်ပါလိမ့်မယ် ။ 

(၁)  ခေတ္တအားလပ်ချိန် 

   ခုများ ဖြစ်တည်နေတဲ့ ငြိမ်းချမ်းရေးကို ကြည့်တော့ ခေါင်းစဉ်ငယ်တပ်ထားသလိုပဲ အားကစား
ပွဲတစ်ပွဲမှာ ခေတ္တအားလပ်ချိန် ယူထားသလိုပါပဲ ။ ပြီးရင် ဆက်ဆော်ကြမယ်ဆိုသလို ဖြစ်နေ
တယ် ။

   ဒါကို ဘယ်သူမှ မမြင်ကြဘူးလား လို့မေးရင် - လူတိုင်းလိုလို မြင်ကြတာပေါ့ဗျာ ။ ပြောရင်တောင်
အားညောင်းလွန်းလို့ ။ အပေါ်ဖက်မှာ ကချင်ကိုဆော်လို့ဝရင် ကိုယ့်ဖက်လှည့်လာမှာ သေချာသ
လောက် ရှိနေတာ မသိဘူးဆိုသူရှိရင်တော့ အတော်ခွကျသူပဲလို့ ပြောနိုင်တယ် ။ ဒီကြားထဲ အား
နည်းတဲ့ SSA တို့လို အဖွဲ့တွေကျ ဗိုလ်ကျအနိုင်ကျင့်နေတာလည်း မမြင်ချင်မှ အဆုံးပဲလေ ။ 

   တစ်ဖက်မှာ ခက်တာက - တစ်အချက် ၊ ငြိမ်းချမ်းရေး မဖြစ်မနေ လုပ်သင့်တယ် ။ နှစ်အချက် ၊
ပြည်မအစိုးရအဖွဲ့ထဲ ငြိမ်းချမ်းရေး တကယ်လိုချင်သူတွေ ရှိပုံရတယ် ။ သုံးတစ်ချက် ၊ အစိုးရ တက်
လုပ် နေသူတွေဆီမှာ အာဏာအပြည့်ဝ ရှိပုံကမရ ။ 

   လုပ်လို့ဖြစ်နိုင်တာ တစ်ခုစဉ်းစားမိတယ် ။ အဲဒါကတော့ "ငြိမ်းချမ်းရေး သဘောတူထားတာ
ကို “ဆိုင်းငံထား ဖို့” ပဲ ။ ပြန်တိုက်မယ်လို့လည်း ပြောတာမဟုတ်ဘူး ၊ လူသူရိက္ခာလက်နက်တွေ
ကြိုက်သလိုဖြည့်ဖို့ ခွင့်ပြုတာလည်း မဟုတ်ဘူး ၊ သဘောတူချက်ကို ဖျက်တာလည်း မဟုတ်ဘူး
လေ ။ အကြောင်းပြချက်ကတော့ ရှမ်းနဲ့ ကချင်တွေမှာ ထိုးစစ်တွေ ရပ်တန့်ပေးဖို့ ၊ ယုံကြည်မှုတည်
ဆောက်ဖို့ ၊ လူထုနဲ့ အဖွဲ့စည်းအတွင်း အကြေအလည် ပြင်ဆင်ဖို့ ၊ ပြည်မနဲ့ တစ်ဆင့်ချင်း ပူးပေါင်း
အဖြေရှာ ညှိနှိုင်းဖို့တွေပေါ့ ။ 

   ဒီလိုလုပ်ခြင်းအားဖြင့် ကချင်တွေအပါဝင် အခြားအဖွဲ့စည်းတွေကို အလေးထားရာရောက်ပြီး
ကိုယ့်ဖက်ကလည်း နိုင်ငံရေးအရ လုပ်သင့်တဲ့ ၊ လုပ်လို့ရနိုင်တဲ့ ဘောင်အတွင်းက တစ်ချက်ကို
လုပ်လိုက်တာလည်း ဖြစ်ပါလိမ့်မယ် ။ 

   တစ်နေရာမှာတော့ ရိပ်ကနဲ တွေ့မိလိုက်ပါတယ် ။ မီးရထားဝန်ကြီးဦးအောင်မင်းက တိုက်ပွဲ
တွေကြောင့် ရှမ်းအဖွဲ့တွေကို အားနာတယ်ဆိုလားပဲ ။ KNU လည်း ဆိုင်းငံ့စရာလို လုပ်စရာရှိ
တာတွေလုပ်ပြီး အားနာလိုက်ရုံပါပဲ ။ ငြိမ်းချမ်းရေး တကယ်လိုချင်သူကို အားနာတာပဲလေ ၊ အား
နာသင့်ပါတယ် ။ 

(၂) ငြိမ်းချမ်းရေး တည်မြဲနိုင်ခြေ 

   သျှမ်းသံတော်ဆင့်မှာ ဖတ်မိသလိုပေါ့ ၊ ပြည်မရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒုတိယအဆင့်မှာ - ဒို့
တာဝန်အရေးသုံးပါးကို လက်ခံဖို့ ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံဖို့ ၊ နိုင်ငံရေးပါတီ
ထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ ဆိုတာတွေကို ဆွေးနွေးတဲ့ စားပွဲပေါ် တင်လာတဲ့အခါကျရင်တော့
ကန့်လန့်ကြီးခံပြီး မီးမဖွားနိုင်တော့ပဲ ငြိမ်းချမ်းရေးချိုးငှက်လည်း သေဖို့ရာ ရာခိုင်နှုန်းပြည့်နီးပါးပဲ ။ 

   မိုးကျရွှေကိုယ် “ဒို့တာဝန်အရေးသုံးပါး” လို လက်တွေ့မကျတဲ့ လေလုံးကြီးကို လက်ခံပြီး သူတို့
နဲ့အတူ ကိုယ့်သိက္ခာ အကျခံမလား စဉ်းစားစရာ ဖြစ်လာပြီ ။ လိမ်လည်လီဆည်ပြီး သန္ဒေမမှန်တဲ့
မတရား “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ” ကိုကော ကိုယ့်လည်ချောင်းထဲ ပီကင်းဘဲ အစာခွံ့သလို
အထည့်ခံမလား ။ နောက်ဆုံးမတော့ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ပါဆိုတော့ ပွဲကသိမ်းပြီ ။

   ပါတီထောင် ၊ ရွေးကောက်ပွဲတွေဝင် ၊ လူထုလှုပ်ရှားမှုတွေ လုပ်ခဲ့ပြီးပြီ ။ လူလည်ကျ အလိမ်ခံခဲ့
ရလို့ ၊ ကိုလိုနီတစ်ဖြစ်လဲ အဆင့်ကနေ တက်လမ်းမမြင်တာကြောင့် ခုလို နှစ်ရှည်လများ တိုက်
လာခဲ့ကြရတာ ။ ကဲ .. တစ်ကနေ ပြန်စလိုက်ကြရအောင် ဆိုရင်တော့ … “ရိုးသားမှု”ဆိုတဲ့ စ
ကားလုံးကို ပြန်ဆန်းစစ်ဖို့ လိုပေတော့မယ် ။ ဒီကြားထဲ စီးပွားရေးလုပ်ငန်းတွေပါ ရှေ့တန်းတင်
လာပြန်မယ်ဆိုရင် ပြန်ဆန်းစစ်စရာ သိပ်တောင်မလိုတော့ပါဘူး ။ ငြိမ်းချမ်းရေးဆိုတာကို မီးစင်
ကြည့်ပြီးပဲ ကရတော့မလား ၊ ရိုးသားမှု စိတ်ကောင်း စေတနာနဲ့ တန်းတူညီမျှရေး ဆိုတာတွေကို
ပြူတင်းပေါက်ကနေပဲ လွင့်သာပစ်ရတော့မလားပဲ ။

(၃)  KNU နဲ့ DKBA 

   အချို့ကတော့ ဒီနှစ်ဖွဲ့ကို ပြန်ပေါင်းထုပ်စေချင်တယ် ။ 
   ကျနော်မြင်တာကတော့ - နကိုကတည်းက သဘောထားမတိုက်ဆိုင်လို့ ခွဲသွားခဲ့ကြတာပဲ ၊ ပြန်
မပေါင်းပဲ လူတွေ မူတွေ ဦးတည်ရာ လမ်းကြောင်းတွေကိုသာ ညှိနှိုင်းပြီး မျဉ်းပြိုင်နှစ်ကြောင်းအနေ
နဲ့ ဆက်ရပ်တည်သွားကြရင် မကောင်းဘူးလားလို့ပါ ။ ပေါင်းသည်ဖြစ်စေ ခွဲပြီးလုပ်ကိုင်တာဖြစ်စေ
အကျိုးအပြစ်တွေကတော့ ရှိကြမှာပါပဲ ။ အကောင်းဖက်များများဖြစ်အောင် ပူးပေါင်းလုပ်နိုင်ကြဖို့ပဲ
လိုပါလိမ့်မယ် ။ 

(၄)  အသက်ကယ်ဆေးတွဲ 

   ကရင်အပါဝင် လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ အဖွဲ့စည်းတွေအတွက် ရေရှည်ရပ်တည်ဖို့ ၊ လုံး
ပါးမပါးဖို့ ၊ တိုးတက်မှုဆီ တစ်ဆစ်ချိုး ကွေ့တက်နိုင်ဖို့ နည်းလမ်းတွေ အများကြီးရှိတယ် ။ ကိုယ့်နဲ့
တိုက်ရိုက်မဆိုင်ပေမယ့် တစ်ချို့ကို ချရေးကြည့်ချင်တယ် ။

*  နိုင်ငံတကာမှာ ရောက်နေကြပြီး ပညာနဲ့ အတွေ့ကြုံ ရှိသူတွေကို ဒေသအလိုက် စုစည်းရွေး
    ချယ်ပြီး ကိုယ့်စားရိတ်နဲ့ကိုယ် ပြန်လာကူကြဖို့ စည်းရုံးဆွေးနွေးပြီး လိုအပ်တဲ့ သွားလာနေ
ထိုင် ကူညီလုပ်ကိုင်ပေးဖို့ အခွင့်အလမ်းတွေကို ဖန်တီးပေးလို့ရတယ် ။ အဖွဲ့စည်းမှာ လက်တွေ့
လုပ်ကိုင်နေသူတွေနဲ့ ၃-၆ လလောက် အတူတွဲဖက် လုပ်ကိုင်စေပြီး အတွေ့ကြုံ ပညာ အသိ
တွေ ဖလှယ်နိုင်ရင် တစ်ချက်ခုတ် နှစ်ချက်သုံးချက် ပြတ်နိုင်တယ်လို့ ယူဆတယ် ။ Knowledge
transfer လုပ်ပြီးသား ဖြစ်သလို ၊ ပြန့်ကျဲနေတဲ့ လူမှုအဖွဲ့စည်းနဲ့ အဆက်သွယ် ရင်းနှီးမှု မပြတ်
တော့ဘူး ။ အသေးစိတ်တွေတော့ ကိုယ့်ဘာသာ ဆက်တွေးပေါ့နော ။

*  သူပုန်ဆိုတာ ကိုယ့်နယ်မှာ အစိုးရပဲ ၊ ပြည်မနဲ့ ငြိမ်းချမ်းရေးယူဖြစ်ရင်လည်း စစ်တပ်နဲ့ အစိုးရ
စီမံခန့်ခွဲရေးတွေမှာ မပါမဖြစ် ပူးပေါင်းလုပ်ကိုင်ရတော့မယ် ။ စီးပွားရေးလည်း တစ်ခုအပါဝင်ပဲ ။ 

   ဒီတော့ လက်ရှိအဖွဲ့စည်းအတွက်လည်း ပြည်မအုပ်ချုပ်ရေးနဲ့ မတွဲစပ်ခင်မှာ ဥပမာ မြဝတီကုန်
စည် ဝင်ရောက်မှုလမ်းအတွက် ပြည်မအာဏာပိုင်တွေ ကောက်ခံတဲ့ အကောက်ခွန်နဲ့ အမြတ်ခွန်
တွေကို ရာခိုင်နှုန်းတစ်ခု သတ်မှတ်ပြီး မျှဝေခွဲယူနိုင်ဖို့ ဆွေးနွေးညှိနှိုင်းဖို့ပါ ။ လွယ်လွယ်နဲ့တော့ မ
ရနိုင်ပါ ။ ဒါပေမယ့် ဒါမျိုးကို ညှိနှိုင်းမှ အတိုင်းတာတစ်ခုအထိ လျှော့ပေးနိုင်မှသာ ရှေ့ခရီးဆက်လို့
ရမယ်ဆိုတာ လက်ခံလာအောင် တစ်ဖက်နဲ့တစ်ဖက် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား တင်
ပြဆွေးနွေး ညှိနှိုင်းရဖို့ လိုနိုင်ပါတယ် ။ ရေရှည်မှာ အစိုးရတစ် ရပ်ရဲ့ အစိတ်ပိုင်းတစ်ခု ဖြစ်လာရ
မယ့် နယ်မြေလူထုကိုယ်စားပြု အဖွဲ့စည်းတစ်ခုအတွက် လုပ်ကိုလုပ်သင့်တယ်လို့ ယူဆပါတယ် ။ 

   ဒီနေရာမှာ ဝတပ်ဖွဲ့တွေ ဘယ်လိုလုပ်သွားခဲ့သလဲဆိုတာ လူများစုအသိပါ ။
   ကိုယ့်ဂုဏ်သိက္ခာကို အရည်မဖျော်နိုင်တဲ့ သူတွေအတွက်တော့ ဒီလိုပဲ နိုင်ငံရေးနဲ့နွယ်ပြီး လုပ်
ရပါလိမ့်မယ် ။

*  တစ်ချိန်မှာ ပါတီနိုင်ငံရေးလည်း ဆက်နွယ်လာရတော့မယ် ။ 
   သတိမလစ်သင့်တာကတော့ - ဖလုံစဝေါ်ပါတီတို့လို ပြည်သူတွေကို အတိုင်းတာတစ်ခုအထိ
ကိုယ်စားပြုသူတွေရဲ့ အမြင်သဘောထားတွေကို အလေးနက်ထားဖို့ပါပဲ ။ (အွန်လိုင်းမှာ လွှတ်
တော်ကိုယ်စားလှယ် အရွေးခံရသူရဲ့ အပြောဆိုကို ဝေဖန်တာတွေ ဖတ်မိလို့ မှတ်မှတ်ရရ ရေး
ဖြစ်တာပါ) ။ 

   ဆက်စပ်ပြီး ပြောချင်တာက - အဖွဲ့စည်းဖြစ်စေ ၊ လူပုဂိုလ်ဖြစ်စေ လူလေးစားတဲ့ သိက္ခာ ၊ နိုင်
ငံရေး စီးပွားရေး စသည်ဖြင့် သြဇာအာဏာတွေဆိုတာဟာ လက်ဆုပ်လက်ကိုင် ပြလို့မရပေမယ့်
တည်ဆောက်ယူရတဲ့ အရာတွေ ဖြစ်ပါတယ် ။ ဒါတွေ တည်ဆောက်ဖို့အတွက် ပျင်းရိ ၊ ဘဝင်မြင့် ၊
လက်နက်အားကိုးလို့ မရသလို ၊ အခြေခံအကျဆုံး အုတ်မြစ်ဟာ လူထုဖြစ်တာရယ် ၊ ဒီအုတ်မြစ်
ပေါ်မှာ တည်ဖို့ရာ ကောင်းမွန်တဲ့ လူမှုဆက်ဆံရေးဆိုတဲ့ သရိုးနဲ့ ၊ လူထုလိုအပ်ချက်တွေကို
ဖြည့်ဆည်းပေးခြင်းဆိုတဲ့ အုတ်ချပ်လေးတွေ မဖြစ်မနေ လိုအပ်တယ်ဆိုတာလည်း လေးလေး
နက်နက် သတိပေးချင်ပါတယ် ။ 

(၅)  အကြွေး 

   သြစတြေးလျနိုင်ငံမှာ လူမှုရေး ၊ အတွေးခေါ် ၊ ဥပဒေနဲ့ လူသားတွေရဲ့ စိတ်အခြေခံကြောင့်
စသည်ဖြင့် ဘယ်လိုပြောပြော အကျိုးသက်ရောက်မှု အချို့ကတော့ - မူလဋ္ဌာနေ တိုင်းရင်းသား
တွေဖြစ်တဲ့ အဘောရီးဂျင်းတွေဟာ နောက်ပိုင်းမှ ထပ်ဝင်ရောက်လာသူတွေ နေထိုင်နေတဲ့ မြေ
ဒေသတွေရဲ့ မူရင်းပိုင်ရှင်တွေဖြစ်ကြောင်း အခမ်းနားတိုင်းလိုလိုမှာ အသိမှတ်ပြု ဖွင့်ဟပြောတဲ့
အလေ့ကို ပုံမှန်လုပ်ကြပါတယ် ။ ဒါ့ပြင် အရင် ရာစုနှစ်နဲ့ချီပြီး လုယူသိမ်းဆည်းထားတဲ့ မြေတွေ
အတွက် လျှော်ကြေးသဘောမျိုးတွေ စီမံဆောင်ရွက်ပေးတာမျိုး ၊ ဖြစ်နိုင်တဲ့ အချို့နေရာမှာ
တော့ မြေတွေကို ပြန်ပေးတာမျိုး ၊ လိုအပ်လို့ အဲဒီမြေတွေကို အသုံးပြုရမယ် ဆိုရင်လည်း ဆွေး
နွေးတိုင်ပင် ညှိနှိုင်းပြီးမှ မနစ်နာအောင် ၊ ငွေကြေးအရကော ဖွံ့ဖြိုးမှုအရပါ ဖြည့်ဆည်း ပေးတာ
တွေကို လုပ်နေကြပါပြီ ။ 

   မြန်မာပြည်လည်း ဒီအနေထာားကို တစ်ချိန်မှာ ရောက်လာကောင်း ရောက်လာဦးမှာပါ ။ 
   ခုနေမှာ .. မြန်မာပြည် ပြည်သူတွေအတွက် မြေအာမခံချက်တွေ ကျကျနန မရှိသလို ၊ တိုင်း
ရင်းသား ဋ္ဌာနေတွေမှာလည်း စစ်ဘေးကြောင့် ရှောင်ပြေးရသူတွေ ၊ စံပြရွာတည်လို့တို့ စီမံကိန်း
ကြောင့်လို့တို့ အကြောင်းမျိုးစုံပြ ၊ မြေအားလုံးကို နိုင်ငံတော်ကပဲ ပိုင်တယ်ဆိုပြီး လိုသလို စီမံ
လာခဲ့တာတွေ အများကြီး ရှိခဲ့သလို ၊ ရှိလည်း ရှိနေတုန်းပါ ။ 

   ကျနော်တို့တတွေ အမှောင်ခေတ် (အလယ်ခေတ်) မှာ နေနေကြတာ မဟုတ်ပါဘူး ။ ဒါတွေ
ဟာ ရေရှည် ဖြေရှင်းရမယ့် ကိစ္စတွေပါ ။ အဖွဲ့စည်းတွေအနေနဲ့ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေးရဲ့ အ
စိတ်ပိုင်းတစ်ရပ်ဖြစ်တဲ့ ၊ ဒီမြေယာကိစ္စကိုလည်း အာရုံထားပြီး စနစ်တကျ ပြင်ဆင်လုပ်ကိုင် မှတ်
တမ်းတွေ ထားရှိဖို့ ၊ နစ်နာခဲ့သူ တိုင်းရင်းသားတွေ အတွက်ကော နောက်ရောက်သူတွေအတွက်
ပါ အကြီးကျယ် မနစ်နာအောင် ၊ အကြို ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြင်ဆင်ဖို့နဲ့ အကောင်
ထည် ဖေါ်ပုံဖေါ်နည်းတွေကအစ စီစဉ်ရပါတော့မယ် ။ 

(၆)  အစိုးရ 

   အစိုးရဆိုတာကို အကျယ်ချဲ့ အဓိပ္ပါယ် မဖွင့်တော့ပေမယ့် ၊ ဆိုင်တာလေးတစ်ချို့ကို မှတ်စု
လေး ထုတ်ထားချင်ပါတယ် ။ 

   အစိုးရတစ်ရပ်ရဲ့ အလုပ်တွေဟာ အင်မတန်ကျယ်ပြန့် များမြောင်လှပါတယ် ။ လည်ပတ်ဖို့ရာ
ကာယဥာဏ စွမ်းအား လိုအပ်ချက်တွေ ၊ ဖြည့်ဆည်းစရာတွေက အပုံအပင်ပါ ။ ဥာဏ် ပညာ
တွေကို အလေးနက်ထားပြီး အကောင်းဆုံးဖြစ်အောင် ၊ ရေတို ရေရှည်တွေအတွက် ထည့်
တွက်မယ်ဆိုရင် ပိုပြီးလေးနက် ခက်ခဲမှာ ဖြစ်ပါတယ် ။ ဒါပေမယ့် မဖြစ်နိုင်တဲ့အလုပ်တော့ မ
ဟုတ်ပါဘူး ။ မြန်မာပြည်မှာ လွန်ခဲ့တဲ့ ရာစုနှစ် တစ်ဝက်လောက်မှာ မဆီမဆိုင် စစ်တပ်ကို မ
ဏ္ဍိုင်ထားပြီး အစိုးရယန္တယားကို လည်ပတ်လာခဲ့တာပါ ။ တည့်တည့်ပြောရင် ဒီလောက်ကတော့
ကမ်းနားက ကုန်ထမ်းတဲ့သူကို ကြာကြာလုပ်ခိုင်းရင်လည်း လုပ်တတ်မှာပါပဲ ။ မကွာပါဘူး ။ 

   သို့ပေမယ့် ခုနေမှာတော့ ပြည်မရဲ့ အရှိန်ရလာနေတဲ့ အပြောင်းအလဲနဲ့ ပညာတတ်တွေကို စု
စည်းလာတာဟာလည်း အလေးနက်ထား ထည့်တွက်ရမယ့် အနေထားတစ်ရပ်ပါ ။ အရင်က
ပြည်မနဲ့ အခုပြည်မနဲ့ အတူတူပဲဆိုပြီး ကိုယ့်ဖက်က မပြင်မဆင်နဲ့ နေရင်တော့ အများသိ စ
ကားလုံး တစ်လုံးရှိပါတယ် ။
   “တာ့တာ” ပါတဲ့ ။ တလွဲတော့ မထင်ပါနဲ့ ၊ နောက်ကျကျန်ရစ်ခဲ့မှာကို ဆိုလိုတာပါ ။ 

(၇)  အနာကပ် 

   အနာဂါတ် လက်နက်ကိုင်ကဏ္ဍကတော့ ဆေးမရှိခင်မှာ အနာကပ်ရတဲ့ ဖယောင်းချက်လိုပဲ
လိုနေဦး ၊ ရှိနေရဦးမှာပါ ။ ဒီအနေထားအတွက် အကြောင်းရင်း အမျိုးမျိုးရှိပေမယ့် ၊ အဓိကကျ
တဲ့ တစ်ခုကတော့ - “လက်နက်ကိုအခြေခံတဲ့ ကာယပိုင်းဆိုင်ရာ အင်အား (physical force)
ကိုမှ အလေးထား အရေးထားတတ်သူတွေ အခြားတစ်ဖက် (ပြည်မ) မှာ များနေသေးလို့” ပါပဲ ။ 

   ခုနေမှာ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်ရဲ့ ခြေလှမ်းတွေက မျှော်လင့်ချက်တွေ ပေးနေတာတော့
အမှန်ပါ ။ သို့ပေမယ့် မျှော်လင့်ချက်အဆင့်ပဲ ရှိနေပါသေးတယ် ။ ရှေ့ဆက်ပြီး ဌက်ပျောသီးအ
ခွံကို ဘယ်လိုနည်းနဲ့ ဆက်နွှာသွားမလဲဆိုတာ အကောင်းဆုံးကိုပဲ မျှော်လင့်ကြရပါတော့မယ် ။ 

   အဖွဲ့စည်းတွေအနေနဲ့ လုပ်လို့ကိုင်လို့ရတာ အများကြီးရှိပါတယ် ။ စရေးမယ် မကြံရသေးပေ
မယ့် နည်းနည်းလည်း ရှည်သွားပြီ ။ တစ်ဖက်မှာ ကိုယ်လည်း လက်နက်ကိုင်တော်လှန်ရေး အ
ညွှန်းစာအုပ် ရေးမယ့်သူမဟုတ်တော့ အဖွဲ့စည်းတွေနဲ့ ပတ်သက်တာကို လတ်တလော လက်
လှမ်းမီရာ ဒီလောက်နဲ့ပဲ တော်ထားလိုက်ပါ့မယ် ။ ကျနော် မျက်စေ့လျှမ်းသွားတဲ့အပိုင်း ၊ အာရုံ
နည်းလို့ လစ်ဟာသွားတဲ့အပိုင်းနဲ့ မနီးစပ်လို့ မသိနားမလည်တဲ့ အပိုင်းတွေကိုတော့ ဖြည့်တွေး
ပေးကြပါ ။ အကြံပေးလို့ ရသလို ၊ ကိုယ့်နီးစပ် ရာနဲ့ ဖလှယ်ကြလို့လည်း ရပါတယ် ။ နောက်
တစ်ပိုင်းကျမှ သာမန်လူထု အရပ်သားတွေ အဓိကကျရာ အပိုင်းကို ရေးပါဦးမယ် ။


မန်းကိုကို
၃၁ ၊ ၀၈ ၊ ၂၁၁၂

အသစ် အသစ် .. အရင်ကသူတွေ လုပ်ခဲ့တာလို့  .. ပြောပြောနေကြလို့ ။

Friday, August 31, 2012




































အရင်က ဘယ်သူတွေလည်း အခုကရော ဘယ်သူတွေမို့ လို့ လည်း။

“ပိတ်ပင်တားမြစ် ပိတ်ဆို့ တာတွေက အရင်အစိုးရလက်ထက်က လုပ်တာ .. အခု ငါတို့  အစိုးရလက်ထက်မဟုတ်ဖူး …”

“ဖမ်းဆီး ညဉ်းပမ်း နှိပ်စက်သတ်ဖြတ်တာတွေ အရင်အစိုးရလက်ထက်က လုပ်တာ .. အခု ငါတို့  အစိုးရလက်ထက်မဟုတ်ဖူး …”

“လူ့ အခွင့်အရေးချိုးဖောက်တာတွေ အရင်အစိုးရလက်ထက်က လုပ်တာ .. အခု ငါတို့  အစိုးရလက်ထက်မဟုတ်ဖူး …”

“တိုင်းပြည်ကို ဆင်းရဲမွဲတေ ချွတ်ခြုံကျအောင် လုပ်တာ အရင်အစိုးရလက်ထက်က လုပ်တာ .. အခု ငါတို့  အစိုးရလက်ထက်မဟုတ်ဖူး …”

“ငါတို့  ငါတို့ က … အရင် မဟုတ် …. အင်း မဟုတ်ဖူး …..”

လူထုရဲ့နိုင်ငံရေး


Written by  လတ်ငြိမ်း

လက်ရှိ တွေ့မြင်နေရသော အပြောင်းအလဲများက မြန်မာပြည် သည် ကာလ ၀ိပတ္တိမှ လွန်မြောက်ခဲ့ပြီဟု ညွှန်းဆိုနေကြ သည်။ တစ်နှစ်အတွင်း အပြောင်းအလဲတွေ များစွာဖြစ်ခဲ့သည်။ အစိုးရ အပေါ် လူတွေ ယုံကြည်မှု ပိုရှိလာသည်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ နိုင်ငံ့ မျက်နှာ ပွင့်လာခဲ့သည်။ မီဒီယာတွေ အားကောင်းလာခဲ့သည်။ တစ်ဖက်ကလည်း ပြဿနာတွေတော့ ရှိနေဆဲ။ ကချင်ဒေသနှင့် ရခိုင်ဒေသ ပြဿနာများက သွေးမတိတ်သေးသော အနာများ၊ ခေတ်ဟောင်း ၏ အမွေဆိုးများအဖြစ် ကျန်နေဆဲ ဖြစ်သည်။ သို့တိုင် ကျွန်တော့်လို သာမန်ပြည်သူတစ်ယောက် အဖို့တော့ ယခု ပြောင်းလဲမှု အခြေအနေ အပေါ်မှာ ကျေနပ်မိသည်။ တစ်ချိန်တည်းမှာပဲ ဒီပြောင်းလဲမှု အရှိန်တွေ တန့်သွားမှာ၊ လမ်းချော် သွားမှာကို စိုးရိမ်နေမိသည်။

‘လူ’ ကလာတဲ့ အပြောင်းအလဲ

ထိုသို့ စိုးရိမ်ရသည့် အကြောင်းများစွာ ရှိပါသည်။ လက်ရှိ တွေ့ မြင်ခဲ့ရပြီးသော အပြောင်းအလဲအများစုသည် ခေါင်းဆောင်များ (တစ်နည်း) ‘လူ’ မှ လာသော အပြောင်းအလဲများ ဖြစ်နေသည်ကို တွေ့ရသည်။ အပေါ်ထပ် အဆောက်အဦ ပြောင်းသည်။ အထက်က လူများ၏ သဘော ထားပြောင်းလာသည်။ သို့သော်လည်း အောက်က လူအတော် များများ (မဏ္ဍိုင် သုံးရပ်လုံးရှိ ခေါင်းဆောင် မဟုတ်သူများနှင့် ဗျူရိုကရေစီ ယန္တရားရှိလူများ) မှာ သဘောထား မပြောင်းဘဲ ဆက်လက် ရှိနေဆဲ ဖြစ် သည်။ ထို့ကြောင့် ယခုကြုံတွေ့နေရသော အပြောင်းအလဲများမှာ အထက်ပိုင်း ခေါင်းဆောင်များ၏ နိုင်ငံရေး စေတနာ (Political Will) မှလာသော အပြောင်းအလဲ များသာ ဖြစ်ပြီး အင်စတီ ကျူးရှင်းများမှ လာသော အပြောင်းအလဲ မဟုတ်သေးပေ။

ယူတတ်လျှင် သင်ခန်းစာ

နိုင်ငံသမိုင်းကို ပြန်ကြည့်လျှင် သင်ခန်းစာ ရစရာတွေ အများကြီး ရှိပါသည်။ ပထမ၊ ဒုတိယနှင့် တတိယ မြန်မာ နိုင်ငံတော်ကို စုစည်း တည်ထောင်ခဲ့သော မင်းများကို ကြည့်ပါ။ သူတို့သည် လက်ဆင့်ကမ်း ခြင်း၊ အင်စတီ ကျူးရှင်းများ ခိုင်မာအောင် ပြုလုပ်ခြင်းများ အမှန်ပင် အားနည်း ခဲ့သူများ ဖြစ်သည်။ ထို့ကြောင့် သမိုင်း တစ်လျှောက်တွင် မြန်မာနိုင်ငံ အခြေအနေသည် ဘုရင် သဘောကောင်းသည့် ခေတ်တွင် ကောင်းစားပြီး နောက်ဘုရင် တစ်ပါး တက်သည်နှင့် ရှေ့ဘုရင် တည်ဆောက်ထားသမျှ ပျက်စီးကိန်း ဆိုက်သော ထုံးဟောင်း၊ သာဓကများ အများအပြားပင် ရှိပါသည်။ ဖခင် လက်ထက် ကောင်းလျှင် သားလက်ထက် ကမောက်ကမ ဖြစ်ရသည်။ ဘုရင် မရှိလျှင် တိုက်နေသော တိုက်ပွဲတစ်ပွဲ ကိုပင် ဆက်မတိုက်နိုင်။ ရှေ့ဘုရင် နောက်ဘုရင် အမြင်မကြည်လျှင် ရှေ့ဘုရင် လုပ်သမျှ နောက်ဘုရင်က ဇောက်ထိုး လုပ်ပစ်သည်။ ပုန်ကန်၊ နန်းလုသည့် အဖြစ်အပျက် မျိုးမှာလည်း ဒုနဲ့ဒေး။ တစ်ပတ်သာ စံခဲ့သော ဖောင်းကားစား မောင်မောင်လို မင်းမျိုးသည် အဆိုးဆုံး ဥပမာတစ်ခုပင်။
နောက်တစ်ခေတ် မှာလည်း ထို့အတူ။ လွတ်လပ်ရေး မရခင် ဗိုလ်ချုပ်တို့ အာဇာနည် ခေါင်းဆောင်များကို ဆုံးရှုံး လိုက်ရပြီး နောက်ပိုင်း နိုင်ငံရေးအရ ကသောင်းကနင်း ဖြစ်၊ ပြည်တွင်း စစ်မီးတွေ လောင်ခဲ့ သည်။ နောက်လူတွေက ပြောပလောက်အောင် ဆက်မထိန်း နိုင်ခဲ့တာ ပါသည်။ ဒီမိုကရေစီ လှုပ်ရှားမှု ခေတ် ၉၀ နောက်ပိုင်းကို ကြည့် လျှင်လည်း ထိုနည်း လည်းကောင်းပင်။ ခေါင်းဆောင်တွေကို ထိန်းသိမ်း ခံလိုက်ရသည်နှင့် ဘာမှကို ရှေ့ဆက်မလုပ်နိုင်တော့။ နိုင်ငံရေး ခါးဆက် ပြုတ်ရတော့သည်။ ထိုသို့ ဖြစ်ရခြင်းမှာ လူတစ်ဦး တစ်ယောက် အပေါ်မှာ အားကိုးပြီး ထိုခေါင်းဆောင် လမ်းညွှန်ရာသာ လိုက်ခဲ့ကြသည့် စနစ်ဆိုးကြောင့် ဖြစ် သည်။ လွတ်လပ်ရေး ရပြီးချိန်မှ စပြီး အဆိုးသံသရာ ပြန်ပြန်လည် သွားခြင်းမှာလည်း ခေါင်းဆောင်ကောင်းများ ရှိနေသည့် အချိန်တွင် အင်စတီကျူးရှင်းများ ခိုင်မာအောင် မလုပ်နိုင် ခဲ့ခြင်းကြောင့်ဖြစ်သည်။ လွှတ်တော်တွင်း အင်စတီကျူးရှင်းများ ခိုင်မာလာစေခြင်း၊ လွှတ်တော် ပြင်ပ အင်စတီ ကျူးရှင်းများ ခိုင်မာ လာစေခြင်းတို့သည်သာ နိုင်ငံကို ဦးတည်နေသော ဒီမိုကရေစီ လမ်းကြောင်းပေါ်မှ နောက်ပြန် မလှည့်စေ နိုင်မည် ဖြစ်သည်။

အားကိုးစရာ သမ္မတ

ကျွန်တော်တို့ နိုင်ငံရေး ယဉ်ကျေးမှု (Political Culture) က လူပုဂ္ဂိုလ် ကိုးကွယ်မှု အစွဲ သန်သည်။ အင်စတီ ကျူးရှင်း တစ်ခုလုံး အပေါ် အယုံအကြည် နည်းသည်။ သမ္မတကို ယုံကြည်သည်။ တရား စီရင်ရေး အာဏာကိုမူ မယုံကြည်ကြသေး။ ဒီတော့ တိုင်စာတွေ ပလူပျံ ကာ သမ္မတဆီ ရောက်လာသည်။ တရားစီရင်ရေး အာဏာသည် လွတ်လပ်သော မဏ္ဍိုင်တစ်ရပ် အဖြစ် တိတိပပ ပေါ်ထွက်လာခြင်း မရှိသလို ဖြစ်နေသည်။ လွှတ်တော် ကရော။ လွှတ်တော်မှာလည်း အားကောင်း လှသည်တော့ မဟုတ်။ အထူးသဖြင့် တိုင်းဒေသကြီး လွှတ်တော်များမှာ အသက်ဝင် မလာသလို ဖြစ်နေသည်။ တိုင်းဒေသကြီး တစ်ခုအတွင်း ပြဿနာ တစ်စုံတစ်ရာ ကြုံပါက ပြည်သူများက ထိုတိုင်း ဒေသကြီး၏ တရား စီရင်ရေး ကိုလည်း အားမကိုး၊ ထို တိုင်းဒေသကြီး လွှတ်တော်ကိုလည်း အားမကိုး၊ သမ္မတကိုသာ အားကိုးကြသည်။

အားကိုးစရာ အတိုက်အခံ

NLD ကို အစဉ်အလာ သဘောအရ အတိုက်အခံ ပါတီဟု ခေါ်ရမည် ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်သည် အတိုက်အခံ ခေါင်းဆောင် ဖြစ်သည်။ သူမသည် တစ်ကမ္ဘာလုံးမှ စောင့်ကြည့်ရသည့် ခေါင်းဆောင်၊ နိုဘယ်လ် ဆုရှင်ဖြစ်သည်။ ပြည်သူလူထုသည် အစိုးရ အဖွဲ့အပေါ် ယုံကြည်မှု တဖြည်းဖြည်း အားကောင်း လာခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် ကို ပို၍ ယုံကြသည်။ Emotion ကဲသော ကျွန်တော်တို့ နိုင်ငံရေး အစဉ်အလာ အရ မျိုးရိုး အရှိန်အ၀ါ ရှိသော ဒေါ်အောင်ဆန်းစုကြည်ကို အဖေတူ သမီးအဖြစ် သဘောထားကာ အားကိုးကြသည်။ သို့တိုင် သူမ၏ပါတီ မှာ မီဒီယာများနှင့် အဆင်မပြေမှု တချို့ဖြစ်ခဲ့သလို ထိုင်းနိုင်ငံ ခရီးစဉ် တွင် အစီအစဉ်ပိုင်း အားနည်းသည်ဟု မီဒီယာတစ်ခုက ဝေဖန်ထား သည်။ လူထုသည်လည်း ပါတီတစ်ခုလုံးကို လေးစား ယုံကြည်မှုထက် ဒေါ်အောင်ဆန်းစုကြည် ကိုသာ ယုံကြည်မှု ပိုမို ကဲနေသည်ဟု ထင်ရသည်။

‘လူ’မှ ‘မူ’သို့

နိုင်ငံရေး အပြောင်းအလဲများတွင် ခေါင်းဆောင်ကောင်းများ အရေးကြီးပါသည်။ သို့သော်လည်း နောက်လိုက်ကောင်းများ မပါလို့ မဖြစ်။ နိုင်ငံတော် တည်ဆောက်ရာတွင် ထိပ်ပိုင်း လူတစ်ယောက် နှစ် ယောက်နှင့် တည်ဆောက်၍မရ။
သမ္မတကို ထောက်ခံသူသည် သမ္မတ ဖောက်သော လမ်းကို ကိုယ်ကိုယ်တိုင် ၀င်ရောက် လျှောက်လှမ်း ရမည်။ လိုအပ်လျှင် ၀င်ဖောက် ရမည်။ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်သော ပြည်သူသည် ဒေါ်အောင်ဆန်းစုကြည် ချစ်သော ဒီမိုကရေစီကို ကိုယ်ကိုယ် တိုင် ကျင့်သုံးရမည်။ ထိုခေါင်းဆောင်များ နောက်လိုက်ကာ၊ ထို ‘လူ’ များ နောက်လိုက်ကာ၊ ခိုင်မာသော ‘မူ’များ ချမှတ်နိုင်ရေးကို ဦးတည်ကာ သွားရပါမည်။ လွှတ်တော်တွင်း သာမက၊ လွှတ်တော် ပြင်ပတွင်ပါ အင်စတီကျူးရှင်းများ အားကောင်း လာရန် လိုအပ်ပါသည်။

ဘယ်သူ့မှာ တာဝန်ရှိ

လွှတ်တော် ပြင်ပ အင်စတီ ကျူးရှင်းများ အားကောင်းလာရေး အတွက် လူထုတွင် တာဝန် ရှိပါသည်။ ဘေးထွက်ထိုင် နေရမည့် အချိန်၊ အပြစ်တင်ရုံနှင့် ပြီးရမည့် အချိန် မဟုတ်တော့၊ ကိုယ်ကိုယ်တိုင် ၀င်တွန်း ရမည့် အချိန်ဖြစ်သည်။ နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်တပ် တစ်အား မိမိရှိသည့် နေရာမှ ပါဝင်ရမည်။ ဒီမိုကရေစီကို ပုံဖော်လိုလျှင် လက်ဝေခံ ဒီမိုကရေစီနှင့် မကျေနပ်ဘဲ မိမိကိုယ်တိုင် ၀င်ရောက် ပုံဖော်ရ မည်။ နိုင်ငံတော် တည်ဆောက်ရေးတွင် ယခင်က ပါဝင်ခွင့် နည်းခဲ့သည် မှန်သော်လည်း ယခုလို အခွင့်အရေး ရလာသော အခါတွင် နိုင်ငံသား တစ်ယောက်၏ တာဝန်ကို ကျေကျေပွန်ပွန် ယူသင့်သည်။ အမေရိကန် သမ္မတ ဂျွန်အက်ဖ်ကနေဒီ ပြောခဲ့သလို တိုင်းပြည်က သင့်အတွက် ဘာလုပ် ပေးနိုင်သလဲ ဆိုတာထက် တိုင်းပြည်အတွက် သင်ဘာလုပ် ပေးနိုင်သလဲ ဆိုတာကို မေးရမည့်အချိန်၊ ပြောရမည့် အချိန်ဖြစ်ပါသည်။
ယခုတော့ သည်လို မဟုတ်ပါ။ ဌာနဆိုင်ရာ ၀န်ထမ်းတွေရော၊ သာမန် ပြည်သူတွေပါ အရင်လိုပဲ ဖြစ်နေကြသည်။ အရင်လိုပဲ ဆိုသည့် အဓိပ္ပာယ်က အရင်လို စည်းကမ်းမဲ့စွာ၊ အရင်လို တာဝန်မဲ့စွာ၊ အရင်လို Inactive ဖြစ်စွာဟု ဆိုလိုပါသည်။ Civil Society အားကောင်း လာသလို ရှိသော်လည်း ရန်ကုန်၊ မန္တလေးမြို့ကြီး တွေမှာသာ ကွက်ကွက် ကလေး အားကောင်းနေတာ ဖြစ်သည်။ ထိုမြို့ကြီးတွေမှာ ဆောင်ရွက်နေသည့် လူတွေကလည်း အမြင်ရှိသော လူငယ် လက်တစ်ဆုပ်စာသာ ဖြစ်သည်။

ခေါင်းဆောင်က ထာဝရ မဟုတ်


ကျွန်တော်တို့ နိုင်ငံ ရောက်ချင်သော စင်ကာပူလို၊ ကိုရီးယားလို နိုင်ငံ မျိုးဖြစ်ဖို့ နှစ်တွေ မည်မျှလို မည်လဲ ပြန်စဉ်းစားဖို့ လိုပါသည်။ ကျွန်တော်တို့ အားကိုးသော ခေါင်းဆောင်များကို တစ်သက်လုံး အားကိုးလို့မရ၊ သူတို့ ကိုယ်တိုင်က အဘိုးကြီး ၊ အဘွားကြီးတွေ ဖြစ်နေပြီ။ သမ္မတကြီးရော၊ ဒေါ်အောင်ဆန်းစုကြည်ပါ အသက် ၆၈ ထဲဝင်နေပြီဖြစ်ပြီး လာမည့် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပမည့် အချိန်တွင် အသက် ၇၀ အရွယ်တွေ ဖြစ်နေကြရော့မည်။ သူတို့ကို အသက် အရွယ် ဘယ်လောက် အထိ အလုပ်လုပ် ခိုင်းကြမှာလဲ။ သူတို့ကို ဘယ်ချိန်အထိ မှီခို နေဦးမှာလဲ။
ကျွန်တော်တို့ ခေါင်းဆောင်တွေ မရှိတော့ သောအခါ ရှေ့ဆက် ဘယ်လို စခန်းသွား ကြမည်လဲ။ ဘယ်လို Backup Plan တွေ ကြိုတင် ပြင်ဆင် ထားကြပြီးပြီလဲ။ တကယ်တော့ ခေါင်းဆောင်များ အပေါ်သာ အားကိုးနေလျှင် ကျွန်တော်တို့ မျှော်လင့်သော ပန်းတိုင်ကို ရောက်နိုင် မှာမဟုတ်။ ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသမျှ လူထုက အားလုံး ညီညာ ကြိုးစား မှသာလျှင် လိုချင်သော ပန်းတိုင်ကို ရှောရှောရှူရှူ ရောက်မည်ဖြစ် ပါသည်။ အချုပ် ဆိုရလျှင် အပြောင်းအလဲ အတွက် လူထု လိုပါသည်။

မြန်မာပြည် ပို့မည့် လက်နက်များ ဖမ်းမိ


ဖမ်းဆီးရမိသည့် လက်နက်များကို ယနေ့ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြသ ရှင်းလင်းစဉ် (ဓာတ်ပုံ – krobkruakao.com)
မြန်မာပြည်ဘက်သို့ လက်နက်တင်ပို့ ရောင်းဝယ်ရေး လုပ်ကိုင်နေသူဟု ယူဆရသော ထိုင်းနိုင်ငံသား ၂ ဦးကို လက်နက်များနှင့် အတူ ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းအာဏာပိုင်များက ယနေ့ ဖမ်းဆီးလိုက်သည်။
လက်နက်များကို ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင် ခရိုင် မဲ့ဖာလွန်မြို့နယ် အတွင်းရှိ စစ်ဆေးရေး ဂိတ်တွင် ထိုင်း အာဏာပိုင်များက ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။
သက်သေခံ ပစ္စည်းများ အဖြစ် ဖမ်းဆီးရမိသော လက်နက်များထဲတွင် ၇၉ မမ လောင်ချာ ၁၉ လက်၊ အေကေ (၄၇) သေနတ် ၂၈ လက် စသည့် လက်နက်မျိုးစုံ တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများအရ သိရသည်။
ယင်း လက်နက်များကို အိမ်နီးချင်းနိုင်ငံ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထံသို့ ရောင်းချရန် ဖြစ်ကြောင်း အဖမ်းခံရသူ များက ထွက်ဆိုကြောင်း ထိုင်း အခြေစိုက် krobkruakao သတင်းဝက်ဘ်ဆိုက်တွင် ယနေ့ ရေးသားထားသည်။ ထို သတင်း၌ လက် နက်ရောင်းချမည်ဆိုသော တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့၏ အမည်များကို ဖော်ပြထားခြင်း မရှိပေ။
သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းကမူ ထိုင်း ရဲအရာရှိ တဦးကို ကိုးကား၍ နောက်ဆုံးရရှိ ထားသည့် သတင်း အရ လက်နက်များကို “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တပ်ဖွဲ့ဝင်များကို ရောင်းရန်အတွက် ဖြစ်ကြောင်း အဖမ်းခံရသူများက ထွက်ဆိုခဲ့သည်ဟု ဧရာဝတီသို့ ပြောသည်။
“သူတို့ကို စစ်တဲ့ ရဲအရာရှိကတော့ ၀တပ်ဖွဲ့ကို ပို့တယ်လို့ပြောတယ်”ဟု ၎င်းက ဆိုသည်။ ယင်း ကိစ္စနှင့် ပတ်သက်၍ ရှမ်း ပြည် တပ်မတော် တောင်ပိုင်း (SSA-S) ကိုမေးမြန်းခဲ့ရာတွင်လည်း ၎င်းတို့နှင့် မသက်ဆိုင်ဟု ငြင်းဆိုကြောင်း ဦးခွန်ဆိုင်းက ဆက်ရှင်းပြ သည်။
“ဒီနေရာမှာ SSA လည်း ရှိတယ်၊ ၀ လည်း ရှိတယ်၊ ပြည်သူ့စစ်လည်း ရှိတယ် ဆိုတော့ ဘယ်သူမဆို ဖြစ်နိုင်တာပေါ့ သို့သော် လည်း တဖက်က ဒီထွက်ဆိုတဲ့ လူကလည်း ဖမ်းမိပြီးဆိုတော့ လိမ်စရာ အကြောင်းမရှိတော့လို့ ထင်တယ်”ဟု ၎င်းက ဆိုသည်။
သို့သော် မည့်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပတ်သက်ကြောင်း ဧရာဝတီ သတင်းက သီးခြား အတည် ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။
အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး ယနေ့တွင် ချင်းရိုင်မြို့၌ ထိုင်းအာဏာပိုင်များက သတင်းစာ ရှင်းလင်းပွဲ တရပ်ပြုလုပ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့ကလည်း ရှမ်းပြည်နယ် တာချီလိတ် မြို့နယ်ဘက်သို့ လက်နက်တင်ပို့ ရောင်းဝယ်ရေး လုပ်ကိုင်နေသူဟု ယူဆရသော ထိုင်း နိုင်ငံသား ၁ ဦး ကို လက်နက်များနှင့်အတူ ထိုင်း-မြန်မာ နယ်စပ်တွင် ဖမ်းမိခဲ့သေးသည်။ ထိုစဉ်ကလည်း အာပီဂျီ လောင်ချာ ၁၂ လက်၊ အေကေ ၄၇ မောင်း ပြန် ရိုင်ဖယ် ၁၇ လက်၊ အမ် ၁၆ မောင်းပြန် ရိုင်ဖယ် ၆ လက်၊ အမ် ၇၉ လောင်ချာ ၁၂ လက်နှင့် အာပီဂျီ ဗုံးသီး ၉ လုံး တို့ကို ဖမ်းဆီး ရမိခဲ့ကြောင်း ထိုင်း သတင်းများက ဖော်ပြကြသည်။
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း၌လည်း UWSA တပ်ဖွဲ့ အတွက် လက်နက်ရောင်းဝယ်ရေး လုပ်ကိုင်နေသူဟု ယူဆရသော ထိုင်းနိုင်ငံသား ၂ ဦးကို လက်နက်များနှင့် အတူ ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သေးသည်။
ထိုစဉ်က သေသေခံ ပစ္စည်းများ အဖြစ် ၉ မမ ပစ္စတို ၅၆ လက်၊ သေနတ်ပြောင်းရှည် ၂ လက်၊ ၆၀ မမ လောင်ဂျာ နှင့် သေနတ် ကျည်ဆန် အတောင့် ၂၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သည်။
မယ်ဆိုင်မြို့ တဖက်ကမ်းရှိ တာချီလိတ်မြို့သည် အစိုးရ စစ်တပ်၊ ရဲ၊ လူဝင်မှု ကြီးကြပ်ရေး (လ၀က)၊ အကောက်အခွန်၊ ငြိမ်းချမ်း ရေးယူထားသည့် အဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါး ရောင်းဝယ်လုပ်ကိုင်နေသူများ ကျင်လည် ကျက်စားနေသော မြို့ဖြစ်ကြောင်း သိရသည်။

သတင်းထောက်များအား ဇာဂနာဆဲ


ABSDF ဥက္ကဋ္ဌဟောင်းဒေါက်တာ နိုင်အောင်
မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမှုကို ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်၌ စောင့်ဆိုင်းသတင်းရယူနေသော ပြည်တွင်း ပြည်ပ သတင်းထောက်များအား စွယ်စုံရ အနုပညာရှင် ဇာဂနာက ညစ်ညမ်းစွာ ဆဲဆိုသွားခဲ့ကြောင်း ယင်းသို့ သွားရောက်သတင်းယူရာတွင် ပါဝင်ခဲ့သော ပြည်တွင်း အပတ်စဉ်ထုတ်ဂျာနယ်တစ်စောင်မှ သတင်း ထောက်တစ်ဦးက ပြောသည်။
ယနေ့မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်က ABSDF ဥက္ကဋ္ဌ ဟောင်းဒေါက်တာနိုင်အောင်၊ ငြိမ်းချမ်းရေးအကျိုး ဆောင် ဦးညိုအုန်းမြင့် (NLD-LA ) နှင့် ဒေါက်တာ သောင်းထွန်း (NCGUB) တို့သည် မြန်မာနိုင်ငံသို့ ပြန် လည်ရောက်ရှိလာခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ ပြည်တွင်းပြည်ပ ဂျာနယ်လစ်များ သွားရောက် သတင်းရယူခဲ့ပြီး ဦးလှမောင်ရွှေ၊ ဇာဂနာ၊ ဦးကျော်ရင် လှိုင်အပါအဝင် ပြည်တွင်းမှ နာမည်ကြီးပုဂ္ဂိုလ်တချို့ လည်း သွားရောက်ကြိုဆိုခဲ့ကြသည်။
ယင်းသို့ သတင်းရယူခြင်း သတင်းဓာတ်ပုံရိုက် ကူးရန် စောင့်ဆိုင်းနေသည့် ဂျာနယ်လစ် ၅ဝ ဝန်းကျင် ခန့်ရှိပြီး ပြည်ပဆိုက်ရောက်ဌာန အထွက်လမ်းတွင် ဝိုင်း ဝန်းပိတ်ဆို့နေကြသည့်အတွက် ဒေါက်တာနိုင်အောင
်နှင့် အဖွဲ့အား လမ်းရှင်းပေးနေသည့် ဇာဂနာက ညစ်ညမ်းစွာ ဆဲဆိုခဲ့ခြင်းဖြစ်သည်။
''သူပြောတဲ့ အသံအနေအထားက သာမန်ပြောတဲ့ အနေအထားမျိုးမဟုတ်ဘဲ ဒေါသသံနဲ့ ပြောတာ၊ ခင်ဗျား တို့ ဗမာလိုပြောနေတာ နားမလည်ဘူးလား၊...... ပဲ ကွာလို့ အကျယ်ကြီးနဲ့ ဆဲတာ'' ဟု ကိုယ်တွေ့ကြုံရ သည့် သတင်းထောက်တစ်ဦးက ပြောသည်။
''တကယ်တော့ သူတို့က နိုင်ငံရေးလုပ်ဖော်လုပ် ဖက် အသိမိတ်ဆွေပေါ့ဗျာ၊ ကာယကံရှင်ဘက်က ဘာမှ မပြောဘဲနဲ့ သူ့ဘက်က အခုလို ရိုင်းစိုင်းတဲ့အသုံးအနှုန်း ပြောခဲ့တာကတော့ နိုင်ငံရေးလုပ်နေတဲ့ သူတစ်ယောက် အနုပညာရှင်တစ်ယောက်အနေနဲ့ မလုပ်သင့်လုပ်ထိုက် ဘူးလို့ ကျွန်တော်ထင်ပါတယ်။ မီဒီယာတွေက ပိတ်နေ တာကို အခုလိုမျိုး အသုံးအနှုန်းမျိုးမဟုတ်ဘဲ အခြား အသုံးအနှုန်းတစ်ခုခုနဲ့ ပြောရင်လည်း ရမှာပါ။ အလွန် ဆုံးအနေနဲ့ လေသံခပ်တင်းတင်းနဲ့ပြောရင်တောင် ကျွန် တော်တို့ဘက်က အဆင်ပြေအောင် လုပ်ပေးနိုင်မှာပါ။ ခုကျတော့ သူ့အနေနဲ့ လိုအပ်တဲ့ အတိုင်းအတာထက် ပိုသွားတယ်လို့ ကျွန်တော်မြင်တယ်။ မီဒီယာဘက်က တော့ဗျာ သတင်းဖြစ်တဲ့လူလာတော့ သတင်းအချက်အ လက်တွေ၊ ပုံတွေရဖို့ ကြိုးစားကြတာပေါ့။ သူ့အနေနဲ့ နားလည်ပေးသင့်တယ်။ သူထောင်က လွတ်လာတုန်း ကလည်း ခုလိုပဲ ဖြစ်ခဲ့တာ'' ဟု အဆိုပါ နေရာတွင် သတင်းရယူနေသည့် ပေါ်ပြူလာသတင်းဂျာနယ်မှ အယ်ဒီတာ ကိုဥာဏ်လင်းအောင် မှတ်ချက်ပြုပြောကြားသည်။
''တို့သတင်းထောက်တွေမှာ အားနည်းချက်တွေ ရှိတယ်ဆိုတာ လက်ခံပါတယ်။ ကိုယ့်အလုပ်ကိုပဲ အာရုံ စိုက်ပြီးလုပ်တဲ့အတွက် တခြားသူကို ထိခိုက်သလို ဖြစ် သွားတာတွေလည်း ရှိနိုင်ပါတယ်။ ဒီအပေါ်မှာ အဆူခံ၊ အပြောခံရတာတွေရှိပေမယ့် အခုလို အဆဲခံရတာတွေအ ထိတော့ မဖြစ်သင့်ဘူး။ အထူးသဖြင့် တစ်စုံတစ်ရာအ တိုင်းအတာအဆင့်ရှိတဲ့ သူက အခုလို လုပ်တာတော့ မဖြစ်သင့်ဘူး၊ သူက လူကြီးပဲ၊ ဆုံးမရင်တောင် ရနိုင် ပါတယ်။'' ဟု NHK သတင်းဌာနမှ ကိုသီဟက ပြော သည်။

ပြည်သူ့ကိုယ်စားလှယ်များသို့ အသိပေးကြေညာခြင်း


မြောက်ပိုင်းလူသတ်မှုမှန်ကန်စွာဖြေရှင်းရန်လိုဟုDrနိုင်အောင်ဆို


 သူ၏ မိခင်နှင့်တကွ အတူတွေ့ရစဉ်
 
ABSDF မြောက်ပိုင်းကျောင်းသားများလူသတ်မှုနှင့်ပတ်သတ်၍ မှန်ကန်သောစစ်မှန်တဲ့ တရားစီရင်ရေးအောက်တွင် မှန်မှန်ကန်ကန်ဖြေရှင်းရန်သာရှိကြောင်း ယနေ့မြန်မာနိုင်ငံ သို့ရောက်ရှိလာသည့် ABSDF ကျောင်းသားဟောင်းဒေါက်တာနိုင်အောင် မှ ရန်ကုန်လေဆိပ်တွင်ပြောသည်။

ဒေါက်တာနိုင်အောင်သည် ယနေနေ့လည် ၂နာရီခန့်က မြန်မာနိုင်ငံသို့ နှစ် ၂၀ကျော်ကာလ ပထမဆုံးအကြိမ်ပြန်ရောက်လာခဲ့ခြင်းဖြစ်သည်။ABSDF မြောက်ပိုင်းကျောင်းသားများအသတ်ခံရမှုနှင့် ပတ်သတ်၍ ဒေါက်တာနိုင်အောင်မှ “ ကျွန်တော် အဲ့ဒီတုန်းကထဲကလည်းဖြေရှင်းပြီးပါပြီ။ အဲ့ဒီဖြေရှင်းချက်ထဲမှာလဲပါဝင်ပါတယ်။ဖြေရှင်းချက်လဲထုတ်ထားပါတယ်။အဲ့ဒီတုန်းက ကျွန်တော်တောင်ပိုင်းမှာရှိနေပါတယ်။အဲ့ဒီကိစ္စတွေလဲဖြစ်ပြီးမှ သာသိရပါတာပါဟု” ပြောသည်။
ဒေါက်တာနိုင်အောင်မြန်မာနိုင်ငံသို့ ရောက်ရှိသည့်ယနေ့တွင်ABSDF မြောက်ပိုင်းကျောင်းသားများအသတ်ခံရမှုနှင့် ပတ်သတ်၍သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမတွင် ယနေ့နံနက် ၁၀နာရီခွဲက ပြုလုပ်ခဲ့သည်။

ယင်းသတင်းစာရှင်းလင်းပွဲတွင် မြောက်ပိုင်းကျောင်းသားများအသတ်ခံရမှုတရားခံမှာ ဒေါက်တာနိုင်
အောင် သာဖြစ်ကြောင်းစွပ်စွဲပြောကြားခဲ့သည်။

ထိုစွပ်စွဲချက်အပေါ်ဒေါက်တာနိုင်အောင်မှ “သူတို့လည်း သူတို့အမြင်ပြောခွင့်ရှိ တယ်လေ။ကျွန်တော်လဲ ကျွန်တော်သဘောထားကိုရှင်းရှင်းပြောပြခဲ့ပြီးပါပြီ ။အဲ့ဒါလဲ အခုမှ ပြောတာမဟုတ်ဘူး။လွန်ခဲ့တဲ့ အနှစ် ၂၀ ထဲက အားလုံးကိုပြောပြထားတာပါ”ဟု သတင်းထောက်များ၏မေးမြန်းမှုကိုဖြေကြားခဲ့သည်။

မြောက်ပိုင်းကျောင်းသား ရဲဘော်ဟောင်းများ ကြေညာချက် ထုတ်ပြန်

၁၉၉၂ ခုနှစ်ကာလက မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြောက်ပိုင်း-ပါဂျောင်) ဒေသတွင် ဖြစ်ပွားခဲ့သည့် သတ်ဖြတ်မှုများနှင့် ပတ်သက်၍ ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မြောက်ပိုင်းကျောင်းသား ရဲဘော်ဟောင်းများမှ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက် ၂/ ၂၀၁၂တွင်ရှစ်လေးလုံး အရေးတော်ပုံမှသန္ဓေတည်ပေါက်ဖွားလာသောမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး မြန်မာပြည်မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများအနေဖြင့်စစ်မှန်သောဒီမိုကရေစီစနစ်ပီပြင်စွာ ပေါ်ထွက်လာရေးအတွက်တရားစီရင်ရေးမဏ္ဍိုင် တောင့်တင်းခိုင်မာရေးကိုရည်ရွယ်၍သဘောထားကြေညာချက်ကိုထုတ်ပြန်ခြင်းဖြစ်ပြီးလွတ်လပ်စွာတရားစီရင်ခွင့်ရှိခြင်းမရှိခြင်းသည်စနစ်တစ်ခုမှစနစ်တစ်ခုသို့ပြောင်းလည်းကျင့်သုံးသည့်နိုင်ငံတိုင်းတွင်မလွဲမသွေရင်ဆိုင်ကြုံတွေ့ရမည့်စိန်ခေါ်မှုတစ်ရပ်ဟု ယူဆကြောင်း မိမိတို့ နိုင်ငံသည့် အသွင်ကူးပြောင်းဆဲကာလဖြစ်သည့် အားလျော်စွာတရားရေးမဏ္ဍိုင် တောင့်တင်းခိုင်ခန့်ရေးအတွက် သင်းပင်းအဖွဲ့အစည်းများသာမက နိုင်ငံသားတစ်ဦးခြင်းဆီကပါ တာဝန်သိစိတ်ဖြင့် ၀ိုင်းဝန်းဆောင်ရွက်သင့်သည်ဟုယုံကြည်ကြောင်း

ထိုပြင်မတရားသောအမိန့်အာဏာများ၏သက်ရောက်မှုကြောင့် ပေါ်ထွက်လာသော ဖြစ်ရပ်ဆိုးများကိုတရားမျှတသော တရားစီရင်ရေး ရှေ့မှောက်သို့ ပို့ဆောင်ပေးခြင်းဖြင့်နိုင်ငံ၏ ဂုဏ်သိက္ခာမြင့်မားလာစေရုံသာမက နိုင်ငံသားတိုင်းတရားမျှတသောဥပဒေကို ထိန်းသိမ်းစောင့်ရှောက်မှုတရပ်လည်းဖြစ်စေနိုင်သည်ဟု ယူဆသည်ဟု ဖော်ပြထားသည်။
၎င်းအပြင် ၁၉၉၂ ခုနှစ်အောက်တိုဘာလအတွင်း ကချင်ပြည်နယ်၊၀ိုင်းမော်မြို့နယ်ပါချောင်ဒေသရှိ ABSDF(NB) စခန်းအကျဉ်းထောင်၌ ထောက်လှမ်းရေးဟုမတရားစွပ်စွဲခံရကာ ညည်းပန်းနိပ်စက်ရင်းကျဆုံးသွားသည့် ဦးစိန်၏သမီးဖြစ်သူ မစမ်းစမ်းအေးက ၎င်းဖခင်၏သေဆုံးမှုကို မြောက်ဥက္ကလာရဲစခန်း၌ သြဂုတ် ၁၉ ရက်နေ့တွင် သ/၈၆၉ /၁၂/၃၀၂ ဖြင့် အမှုဖွင့်တိုင်ကြားခြင်းကို မြန်မာပြည်မြောက်ပိုင်း ရဲဘောဟောင်းများအနေဖြင့် တာဝန်သိစိတ်ဖြင့်ထောက်ခံကြောင်း မြန်မာပြည်မြောက်ပိုင်းအမှုနှင့်စပ်လျဥ်း၍ အတိတ်ကာလ၌ကြုံတွေ့ခဲ့ရသည့် ခါးသီးသော အတွေ့အကြုံများဆုံးရုံးနစ်နာမှုများကို အခြေပြု၍ အမုန်းတရားအညိုးအာဂါတတရားများမွေးဖွားနေခြင်းထက် ယနေ့အချိန်အခါတွင်နောင်မျိုးဆက် ကိုသမိုင်းသင်ခန်းစာမျှဝေရန်တရားရေးမဏ္ဍိုင်တောင့်တင်းစေရန် မြန်မာပြည်မြောင်းပိုင်းအမှုနှင့် ဆက်နွယ်လျက်ရှိသော သက်ဆိုင်သူများအနေဖြင့် မိမိတို့ မြောက်ပိုင်းကျောင်းသား ရဲဘောဟောင်းများနှင့် အတူလက်တွဲဆောင်ရွက်ရန် လေးစားစွာတိုက်တွန်းကြောင်း စသည် အချက်များဖော်ပြပါရှိသည်။

မြောက်ပိုင်း ပါဂျောင် ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ဆိုသည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသားဟောင်းဒေါက်တာနိုင်အောင်နှင့် မိုးသီးဇွန် တို့သည် အစိုးရ၏ ခွင့်ပြုချက်ဖြင့် ပြည်တွင်းသို့ တရားဝင်လာရောက်ခွင့်ရရှိခဲ့သည်။

ဒေါက်တာနိုင်အောင်၊ ဦးညိုအုန်းမြင့်နှင့် ဒေါက်တာသောင်းထွန်းတို့ ယနေ့ (သြဂုတ်လ ၃၁ရက်နေ့) မွန်းလွဲပိုင်းတွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိ

ဒေါက်တာနိုင်အောင်၊ ဦးညိုအုန်းမြင့်နှင့် ဒေါက်တာသောင်းထွန်းတို့ ယနေ့ (သြဂုတ်လ ၃၁ရက်နေ့) မွန်းလွဲပိုင်းတွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာခဲ့ပြီး မီဒီယာများနှင့် တွေ့ဆုံလျက်ရှိကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

(ကိုညိုအုန်းမြင့်၊ ဒေါက်တာနိုင်အောင်၊ ဒေါက်တာသောင်းထွန်း)