Wednesday, May 21, 2014

“သူဋ္ဌေးဝါဒ”

 
May 21, 2014 at 4:16pm
“ပိုက်ဆံရှားတာ နားမလည်။ ပိုက်ဆံပေါတာ ပြောတတ်တယ် … အဲ့ငယ်ငယ်ငယ်။ ဇမ္ဗူဒီပ နိမိတ္တတဲ့။ ကျန်းမာရေး နဲ့ သူဋ္ဌေးဝါဒကို မပယ်။”
          သည်သီချင်းကလေးက ကိုယ်မကြိုက်ခင်ကတည်းက မွေးသဖခင် အသည်းစွဲထင်ပါတယ်။ ရေဒီယိုကလာရင် သူလိုက်လိုက်ဆိုနေတာ ကြားဖူးတာ။ နောက်တစ်ပုဒ်ရှိသေးတယ်။ “သိန်းထီဆုကြီး” တဲ့။ “ကိုယ်တို့လက်မှတ်ပြလို့ တစ်သိန်းရတဲ့နေ့မှာ သံဃာတော် အပါးငါးရာ ဆွမ်းလောင်းမယ် တစ်ခါ။ မရှိနွမ်းပါးသော လူတွေကို ဖိတ်ကာ စားကြပါ သောက်ကြပါ။ ထင်သလောက်ပလှူမှာ။”  ဆိုပဲ။ ကလေးဘ၀ကတည်းက အဲဒီသီချင်းကလေးတွေနဲ့ ရင်းနှီးနေပေမယ့်လည်း နားထောင်လို့ ဆိုလို့ကောင်းရုံအပြင် သီချင်းကပြောချင်တဲ့ အဓိပ္ပါယ်ကို နှိုက်နှိုက်ချွတ်ချွတ် လိုက်မစဉ်းစားမိပါဘူး။ ခုတော့ ကိုယ်လည်း သူ့အသက်အရွယ် ရောက်လာလို့နဲ့တူတယ်။ ကိုယ်ချင်းစာတတ်လာပြီ။ ပိုက်ဆံ နဲ့ ပတ်သက်ရင် သူဘာတွေကို မျှော်မှန်းခဲ့သလဲ။ မရှိတဲ့စကားတော့ လေကုန်ခံပြီး မပြောချင်။ နားလည်း မထောင်ချင်။ ပေါကြောင်းဋ္ဌေးကြောင်း ကြွယ်ကြောင်းဝကြောင်းကလေးတွေပဲ ပြောရကြားရတာ မင်္ဂလာလည်းရှိ၊ လူမချမ်းသာရင်တောင် စိတ်ကလေး မချမ်းသာရပါလား။ လှူချင်တန်းချင်တာကတော့ ဗုဒ္ဓဘာသာပီပီ သဒ္ဓါတရား ဘယ်နည်းလိမ့်မလဲ။ သိန်းထီများပေါက်လို့ကတော့ နေ့ဖို့ညစာမကျန်ချင်နေ။ ထမင်းရေချောင်းစီး မောင်းတီးပြီးတော့ကို လှူပလိုက်ချင်တာ။

          လိုက်လည်းလိုက်တဲ့ သားအဖဗျာ။ “ပိုက်ဆံများရှိလို့ကတော့လေ” လို့ စိတ်ကူးသာယဉ်တာ ပိုက်ဆံရရာရကြောင်း၊ ဘယ်နေရာက ဘယ်နည်းနဲ့ ပိုက်ဆံရရ၊ မရရတဲ့နည်းနဲ့ရှာမှာပဲ ဆိုတဲ့ စိတ်ဓါတ်ကတော့ အဖေမှာရော သားမှာရော မရှိဘူး။ ဆန်မရှိ သောက်စားကြီး လျှာပေါ်မြက်ပေါက်သွားပစေ။ ဒါမျိုးတော့ မလုပ်ဘူးဆိုတဲ့အလုပ်တွေကျတော့ ကိုယ်တို့သားအဖနှစ်ယောက်စလုံး သွေးထဲကကိုပါတာ။ ပိုက်ဆံဆိုတာ သည်းခြေကြိုက်ပါ။ လိုချင်တာပေါ့။ လိုအပ်တာပေါ့။ ဒါပေမယ့် ကိုယ်တို့မျိုးရိုးထဲမတော့ ပိုက်ဆံဆင်းရဲမှာထက် သိက္ခာဆင်းရဲမှာ၊ ကိုယ်ကျင့်သီလဆင်းရဲမှာ၊ စိတ်ကောင်းနှလုံးကောင်း မရှိဆင်းရဲမှာကို ပိုကြောက်ကြတယ်။ (သတ္တိရှိလို့ မျိုးနဲ့ရိုးနဲ့ အစချီပြီး စိန်ခေါ်လိုက်တယ်ဗျာ။ ခင်ဗျားတို့ ကျုပ်လို ကိုယ်ကိုယ်တိုင်ရော မိဘဘိုးဘွားစဉ်ဆက်ထိပါ ယှဉ်နိုင်သလား။ လက်ပန်းပေါက်တောင် ခတ်လိုက်ချင်သေး။)

         ကိုယ့်အဖေဟာ ပိုက်ဆံရဖို့သက်သက်အတွက် မဟုတ်တာမလုပ်၊ သူတပါး စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ပြီးမှ စားရမယ့်ထမင်းတစ်လုပ်ကို မမက်၊ လူပေါ်လူဇော်၊ ကတုံးပေါ်ထိပ်ကွက်၊ လူနပ်ချမ်းသာ မလုပ်ခဲ့တဲ့အတွက် ကိုယ်တို့မိသားစု မချမ်းသာပါဘူး။ ဆင်းရဲတယ် ချမ်းသာတယ်ဆိုတာ အတိတ်ကပြုခဲ့တဲ့ ဒါနမျိုးစေ့အလျောက်သာ လို့ တစ်အိမ်သားလုံး ခံယူထားတဲ့အတွက် ဘယ်တုန်းကမှတော့ ဥစ္စာဓနအတွက် စိတ်ဆင်းရဲရတယ်လို့ မရှိဘူး။ မရှိပျော်ပျော် ရှိပျော်ပျော်ပဲ။ သူ့မှာချမ်းသာတာကတော့ သားသမီးတွေပဲ ရှိသတဲ့။ ခြောက်ယောက်တောင် မွေးထားတာကိုး။ သည်သားသမီးခြောက်ယောက်ဟာ သူ့အနာဂတ်ပေါ့။ ခက်တာက သူလည်း အသက်သုံးဆယ်ကျော်မှ အိမ်ထောင်ကျတော့ သူ့အနာဂတ်ကလေးတွေ လူလားမြောက်အောင်မှ မစောင့်နိုင်ရှာဘူး။ ဆုံးကာနီးရက်ပိုင်းမှာ သားအကြီးဆုံးကလေးကို အရပ်ချင်းတိုင်းကြည့်ပြီး အင်္ဂါရုပ်ဖတ်ကြည့်တယ်။ “ငါ့သားပုခုံးက မတ်ပြီးဖြောင့်နေတာပဲ။ အစိုးရအလုပ်နဲ့ အကျိုးပေးမှာ။ ရာထူးမြဲမယ့် လက္ခဏာ။” လို့ ဆိုလေတယ်။ သူ့ပုခုံးကိုကြည့်တော့ လုံးဝန်းဝန်း ပြေလျောလျောလေး။

           သြော် သူကိုယ့်အပေါ်မှာ ထားတဲ့မျှော်လင့်ချက်ဟာ သည်ဟာပါလား။ ဟုတ်တယ်လေ။ အခု သူ့သားတော်မောင်က အစိုးရအရာရှိကြီး၊ အထူးကုဆရာဝန်ကြီး ဖြစ်လာပြီ။ ရာထူးကလည်း မြဲပါတယ်။ ပြုတ်စော်ကလေးတောင် မနံဖူးဘူး။ ဒါပေမယ့်လည်း ဘမျိုးဘိုးတူ သည်ပုတ်ထဲက ထွက်လာတဲ့ သည်ပဲကလေးမို့ “စိန်လိုချင်ရင် စိန်ဖြစ်ရမယ်။ အိမ်လိုချင်ရင် အိမ်ဖြစ်ရမယ်။” ဆိုတာ သီချင်းထဲမှာပဲ ထည့်ဆိုနိုင်တယ်။ “သည်တစ်ခါတော့ အိပ်မက်ကောင်းတာ။ အတိတ်လည်းကောင်းစွာ နိမိတ်လည်းကောင်းတာ၊ ဗေဒင်ဆရာကိန်းပြ တစ်သိန်းရဖို့ ဧကန်အမှန်ဖြစ်တာ။” လို့သာဆိုရတယ်။ တကယ်တမ်း ထီထိုးဖို့ရာကျတော့ သောင်းဂဏန်းနီးနီး အိပ်မက်ကဈေးကြီးလို့ ထီထိုးရင်း တိုက်ဖို့မေ့ရင်းဆိုတဲ့ဘ၀ကိုတောင် မရောက်နိုင်ဘူး။ ကိုယ့်လက်ရှိဘ၀ကို အဖေကျေနပ်သလား မကျေနပ်သလား မသိ။ သားကတော့ ကျေနပ်တယ် အဖေရေ။ အဖေတို့ အဖိုးတို့ကြောင့် သားဘ၀မှာ မကြည့်ရဲစရာ၊ အရှက်ရစရာ မျက်နှာငယ်စရာ၊ တစ်ဦးတစ်ယောက်မှ မရှိခဲ့သလို သည်သားတစ်ယောက်ကြောင့်လည်း ကိုယ့်မိဘဘိုးဘွား သိက္ခာညှိုးနွမ်း မျက်နှာပန်းမလှစရာ ဘယ်နေရာမှာမှ မရှိခဲ့ဘူး။ ရေစက်မကုန်လို့ တမလွန်မှာ ပြန်ဆုံရမယ်ဆိုရင်တောင် ဟိုဘွားတော်ကြီး အာဇာနည်ဗိမ္မာန်ကို မော်ကြည့်တဲ့အကြည့်မျိုးနဲ့ ကြည့်နိုင်ပြီ ထင်တာပဲ။

           လူဆိုတာတော့ ပါးစပ်ပါ ပြောတတ်ကြတာချည့်ပါပဲလေ။ အပြောကတော့ရွှေမန်းတွေ အကမှာ ချိုမိုင်မိုင် မြင်ရပေါင်းများလို့ ဘယ်ယုံတော့မလဲ။ လက်တွေ့လေးဘာလေးလည်း ပြရဦးမှာပေါ့။ လုပ်အားခ လစာနဲ့ပတ်သက်ရင် ပထမဦးဆုံးရဖူးတာက အရေးအခင်းကျောင်းပိတ်ထားတုန်း အမျိုးတွေရဲ့ ကုမ္ပဏီမှာ စာရေးဝန်ထမ်းဝင်လုပ်တဲ့အချိန်မှာပါ။ လစာ ၆၅၀၊ ဘောက်ဆူးရော ဘာရောဆို ၇၀၀ လောက် ရဖူးပါတယ်။ ကိုယ့်လခ ကိုယ့်ဟာကိုယ် လောက်အောင် မသုံးတတ်တဲ့အခါ လခထုတ်ရင် အဖွားဆီကို လခအပ်တယ် ဆို ပိုက်ဆံအပ်လိုက်ပြီး ကိုယ်ကတော့ အဲသည်ထက်ပိုအောင် တောင်းသုံးပါတယ်။ လခ နဲ့ မနှိုင်းသာတဲ့ အတွေ့အကြုံ၊ အသိပညာတွေအများကြီး ရလိုက်သား။ မရောက်ဖူးတဲ့အရပ်ဒေသတွေလည်း တော်တော်ရောက်ဖူးသွားတယ်။ အဆင့်အတန်းရှိရှိ နေနိုင်သူတွေဆီက အတုမြင်အတတ်သင် လူရည်လည်ခဲ့ပါတယ်။

          အဖွားကို နောက်တစ်ကြိမ် လခတွေအပ်နိုင်တာကတော့ အလုပ်သင်ဆရာဝန်လစာပါ။ ၉၇၅ ကျပ် ရပါတယ်။ ဒါလည်း မလောက်လို့ လိုသလောက်တောင်းသုံးတာပါပဲ။ ၁၅၇၅ ကျပ်နဲ့ လက်ထောက်ဆရာဝန် ဖြစ်လာတဲ့အချိန်မှာ အဖွားမရှိတော့ပါဘူး။ အမေနဲ့ကျတော့ အပ်မနေတော့ပဲ လိုတဲ့အခါ တောင်းသုံးရပြန်တာပါပဲ။ ဒါပေမယ့် ဆရာဝန်ဖြစ်လာပြီဆိုတော့ ဆေးခန်းကလေးဘာလေး ထိုင်တတ်လာပြီ။ အရင်ကလောက်တော့ အတောင်းမစိတ်တော့ပါဘူး။ ဆေးရုံဂျူတီအားချိန်တွေ Polyclinic တွေမှာ Medical Officer ၀င်လုပ်တတ်လာတော့ ကိုယ့်အိမ်မှာမရှိတဲ့ အသုံးအဆောင် ပစ္စည်းကလေးတွေ ၀ယ်ဝယ်ဖြည့်ပြီး ဇိမ်ခံပစ္စည်းများရဲ့ အရသာကို ခုံခုံမင်မင် ခံစားပါတယ်။ ဆေးရုံကလခဟာ မလောက်သော်ငြားလည်း “သည်လခကလေးနဲ့…” ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတဲ့စကားမျိုး မပြောခဲ့သလို၊ ကိုယ့်ကိုယ်ကိုယ် ဆေးရုံမှာ အချိုးတစ်မျိုး ဆေးခန်းမှာ အချိုးတစ်မျိုး မဖြစ်အောင် သတိထားပါတယ်။ ခေါင်းထဲမှာ မြဲမြဲမှတ်ထားတာကတော့ ကိုယ့်အနာဂတ်ဟာ ဆေးခန်းမှာ မရှိဘူး။ ဆေးရုံမှာပဲ ရှိတာ။ ဆေးခန်းက ပိုက်ဆံကိုသာ ပေးနိုင်တာ လို့ နားလည်ထားပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရကြေးဆို ဆေးရုံမှာ သင်ယူပြီး ဆေးခန်းမှာ လုပ်စားပါတယ်။ ဆေးခန်းကရခဲ့တဲ့ ပိုက်ဆံတွေက ခုချိန်မှာ ဘာတစ်ခုမှလက်ဆုပ်လက်ကိုင် ပြစရာမရှိတော့ပဲ ဆေးရုံကရလာတဲ့ အတတ်ပညာတွေကတော့ အခုလက်ရှိရောက်နေတဲ့ဘ၀ပါပဲ။ ဆေးရုံကလစာ ၁၅၇၅ ကျပ် နဲ့ ဆေးခန်းက ပျမ်းမျှဝင်ငွေ ၅၀၀၀၀ ကျပ် အကြားမှာ ရွှေသမင်ရေလိုက်လွဲသွားရင် အခုလောက်ဆို လစာလေးငါးဆယ်သိန်းတန် MO လောက်တော့ ဖြစ်မှာပေါ့လေ။ တစ်သိန်းကိုးသောင်းတန် ခွဲစိတ်ဆရာဝန်တော့ ဘယ်ဖြစ်ပါ့မလဲ။

             အိမ်ထောင်ကျပြီးတဲ့နောက်မှာတော့ နေ့ဆေးရုံ ညဆေးခန်းဘ၀ကို ရေရှည်ဆက်လျှောက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ သမီးနဲ့နေရတဲ့အချိန်လေးတွေက ညနေ ညဦးပိုင်းကလေးတွေပဲ ရှိတာ။ သူ့ကို ထမင်းလည်း ကိုယ်တိုင်ခွံ့ကျွေးချင်တယ်။ ရေမိုးချိုး၊ သနပ်ခါးလိမ်း၊ အ၀တ်အစားလဲ၊ အိပ်ယာဝင်ရင် ချော့သိပ်တာလည်း ကိုယ်တိုင်ပဲ လုပ်ချင်တယ်။ သူ့အတွက် လုပ်ပေးမယ့်သူမရှိလို့ မဟုတ်ပါဘူး။ ကိုယ်တိုင်လုပ်ပေးရတာ စိတ်ချမ်းသာလို့ကို လုပ်ပေးချင်တာ။ အဲဒါတွေအတွက် “စားဝတ်နေရေး ငွေရှာပေး၊ ကျေးဇူးကြီးပေ တို့ဖေဖေ။” ဆိုတဲ့ ၀တ္တရားကို သိသိကြီးနဲ့ မသိချင်ယောင် ဆောင်ပလိုက်ပါတယ်။ ကိုယ့်ဘာသာကိုယ် ပေးတဲ့ဆင်ခြေကတော့ သမီးဟာ ကိုယ်ရှာကျွေးမှ စားရတဲ့ဘ၀မဟုတ်ဘူး။ သူ့ကို ပစ်ထားပြီး ကိုယ်ရှာပေးတဲ့ပိုက်ဆံ တစ်ပဲခြောက်ပြားထက်စာရင် သူ့အတွက် ကိုယ်ပေးတဲ့အချိန်၊ မေတ္တာ၊ ယုယမှုကသာလျှင် သူလိုချင်မယ့် သူလိုအပ်မယ့် အရာလို့ တွေးမိတာကိုး။ ဒါပေမယ့်လည်း အလကားနေရင်းသက်သက် အချိန်တွေကုန်သွားမှာ ကြောက်တာကြောင့် ညနေပိုင်းတချို့ရက်တွေမှာ ပြင်သစ်စာစသင်ဖြစ်ပါတယ်။ အဲ့ဒါ ရန်ကုန်က မပြောင်းမချင်း ခြောက်နှစ်လောက်ကြာတာပေါ့။ တစ်ဘက်က နေ့ဘက်မှာ ဘွဲ့လွန်ကလည်း တက်ရသေးတယ်လေ။ သူများသားသမီး ယူပြီးရှာမကျွေးယုံတင် မကဘူး။ ကိုယ့်အတွက် စားရိတ်ပါ လက်ဖြန့်တောင်းသုံးနေလို့ကတော့ ဘယ်ဖြစ်မလဲ။ သိတဲ့အတိုင်း လခကလည်း ဘယ်တုန်းက လောက်ဖူးတာကျလို့။ ကျောင်းစားရိတ်တွေကလည်း ရှိသေး။ ဒါနဲ့ပဲ ပြင်သစ်စာ ကျူရှင်ပြန်သင်တဲ့ဆရာ အဖြစ်ကို ရောက်ရပြန်ပါတယ်။ သူတို့လည်းတတ်၊ ကိုယ်လည်းတတ်၊ သုံးစရာစွဲစရာလေးလည်းရ။

               သည်လိုနဲ့ ပထမဦးဆုံး ရန်ကုန်မြေကခွာပြီး လောက်ကိုင်ကို ပြောင်းရတဲ့အခါမတော့ ကိုယ့်ဘ၀ကို ဖာတစ်လုံးခေါင်းကျား မဟုတ်ပေမယ့် သံသေတ္တာနှစ်လုံးထမ်းပြီး ရွှေ့ပါတယ်။ အ၀တ်အစားတစ်သေတ္တာ၊ စာအုပ်တစ်သေတ္တာ။ လစာ ၇၅၀၀ ဖြစ်နေပါပြီ။ အရပ်စိမ်းစိမ်း လူစိမ်းစိမ်းတွေရဲ့အလယ်မှာ ကိုယ့်အတတ်ပညာတစ်ခုတည်းကို အားကိုးလို့ ရှင်သန်ရပ်တည်နိုင်အောင် ကြိုးစားခဲ့ရပါတယ်။ သည်တော့မှပဲ ဆရာဝန်တစ်ယောက်ရဲ့ လုပ်ငန်းခွင်မှာ ပိုက်ဆံက လာရောက်စွက်ဖက် ခြယ်လှယ်လွှမ်းမိုးတာတွေကို နဖူးတွေ့ဒူးတွေ့ ကြုံရပါတော့တယ်။ အများညှိပြီး ဤကိုကျွဲဖတ်ကြမလား။ တပည့်ကိုလိမ်မာအောင်သင်ပြီး ဆရာက အာပတ်လွတ်ချင်ယောင်ဆောင်မလား။ ကိုယ့်ဆရာသမားတွေက ကိုယ့်ကို ဟင်းစားလည်း ပေးလိုက်ပြီးသား၊ ကွန်ချက်လည်း ပြလိုက်ပြီးသားပါ။ မိလာတဲ့ငါးကို ဖုတ်ကင်ကြော်လှော် ဆိုင်ပေါ်တင်ရောင်းဖို့ကတော့ ကိုယ်ဥာဏ်ရှိသလို မီးစင်ကြည့်ကဖို့ပဲ ရှိပါတယ်။ ပိုက်ဆံရှိမှ အသက်ရှင်မှန်းနားလည်တဲ့ကိုယ်ဟာ အဲသလောက်ကြီးတော့ မအပါဘူး။ ကိုယ့်မျက်စိရှေ့တင် ကိုယ်နဲ့အတူတူ အလုပ်လုပ်နေတဲ့သူတွေ ကားဝယ်ဝယ်စီးသွားတာ အလကားနေ အဘိဖ္ဇာတွေချည့်ပွားပြီး ကိုယ့်ဘာသာ ပိုက်ဆံမရှာချင်လောက်အောင်လည်း ကြွက်ပျင်းမကျပါဘူး။ ဒါပေမယ့် ကိုယ့်မှာ သွေးကစကားပြောလာတော့ ကိုယ့်ပညာကြီးဗန်းပေါ်တင်ပြီး ကြေးစကား မပြောနိုင်တော့ပါဘူး။ သူများတွေကတော့ “ခိုးချင်လိုက်တာလည်း ပြာလို့ လက်နှေးလိုက်တာလည်း ချာလို့” လို့ ပြောမလား မသိပါဘူး။ တကယ်တော့ ခိုးကိုမခိုးချင်လို့ လက်ကမသွက်တာပါ။ တရုတ်စကားတတ်လာလို့ ကိုယ့်ဘာသာကိုယ် ဆေးခန်းထွက်ထိုင်နိုင်တဲ့အခါမှာတော့ စားဝတ်နေရေးအတွက် ကြောင့်ကျကင်းသွားပါတယ်။ သူဋ္ဌေး မဖြစ်ရင်လည်း ရှိပါစေတော့။ ကွကိုယ် စိတ်ချမ်းသာ ပြီးတာပဲလေ နော့။

              တဖြေးဖြေးနဲ့ လုပ်သက်တွေကြာလာလေလေ၊ အလုပ်ထဲမှာ ပိုက်ဆံနဲ့ပတ်သက်ရင် ဘယ်လိုကင်းအောင်နေလို့ရသလဲ သဘောပေါက်လာလေလေပါ။ ဘယ်နေရာက ဘယ်လိုရပေါက်ရှိသလဲ သဘောပေါက်လာလေလေ ဆိုတဲ့သူတွေနဲ့တော့ ပြဒါးတစ်လမ်းသံတစ်လမ်း ကွဲသွားပြီး ဆုံမှတ်တစ်ခု အလွန်မှာ ကိုယ့်လမ်းကိုယ် ဆက်လျှောက်ခဲ့ကြတာပါပဲ။ အဲ့ဒါ လွယ်တယ်လို့တော့ မမှတ်ပါနဲ့လေ။ အငတ်ခံနိုင်မှ ဖြစ်တာ။ ငတ်တော့ မငတ်ပါဘူးလေ။ ကိုယ့်ထမင်းမကျွေးတဲ့အိမ်ရယ်လို့ ရှိကိုမရှိဘူး။ အမေအိမ်ကဖြစ်ဖြစ်၊ ယောက္ခမအိမ်ကဖြစ်ဖြစ် ထမင်းကျွေးဖို့ချည့် ချောင်းနေတာ။ စနေနေ့ စောင်းသွားတီးတဲ့ အန်တီ့အိမ်ရှိသေးတယ်။ ဟင်းတွေချက်ထားပြီး မလာရင် မျှော်လို့။ မိန်းမက ချက်ထားတယ်ဆိုလို့ကတော့ ဘာဆင်ခြေမှ မပေးနဲ့။ အလျှင်အမြန်စား၊ အရေးတကြီးစား၊ မပျက်မကွက်စား။ ဒါကြောင့် ရန်ကုန်မှာ ကိုယ့်အတွက် စားစားရိတ်ကတော့ တစ်နေ့ ၂၀၀၀ တောင် မကုန်ပါဘူး။ (ကာရာအိုကေတော့ မသွားနိုင်ဘူးပေါ့ ဘဥာဏ်ရာ။ အဲ့မှာ ၂၀၀၀ သွားပေးရင် ပြန်ယူသွားပါ ဦးလေးရယ်။ သမီးတို့ မုန့်ဖိုးပြန်ပေးပါတယ် ပြောခံရမှာ။)

              နေစားရိတ်က ယောက္ခမပေးတဲ့အိမ်မှာ နေတာလေ။ အိမ်လခမပေးရ။ မီတာခလေး ၄၀၀၀၀ ဖြစ်သွားလို့ ဟိုနေ့က ပေါက်ကွဲပလိုက်တာ။ အ၀တ်အစားကတော့ ကိုယ့်ဘာသာ ၀ယ်မ၀တ်ဖြစ်တာ တော်တော်ကို ကြာပြီ။ အမြင်မတော်လို့ ယောက္ခမက ဆင်တဲ့အခါ ဆင်တယ်။ မိန်းမက ဆင်တဲ့အခါ ဆင်တယ်။ သူများတကာ လက်ဆောင်ပေးတာတွေနဲ့ဆို ၀တ်လို့တောင် မကုန်ဘူး။ ရှိတာတွေနဲ့ ရှိသလိုစပ်ဟပ်ပြီး ထင်သလိုဝတ်ပလိုက်တာပဲ။ (တော်ပါသေးရဲ့။ ကိုယ်က ဘာဝတ်ဝတ် ကြည့်ကောင်းနေတဲ့သူဆိုတော့ သူများတကာတွေလို သူမ စွဲမက်စေရန် ပန်းနုရောင် လုံးဝ မ၀တ်ခြင်းတွေဘာတွေ ဂုဏ်ဆာအေးကျော် လုပ်စရာ မလိုဘူး။) ကိုယ့်အတွက် အဓိကကုန်ကျစားရိတ်က ကားထဲဆီထည့်ရတာပဲ ရှိတယ်။ အမ်းမှာလို ဆေးရုံ၊ အိမ်၊ ထမင်းဆိုင်၊ မဟုတ်တဲ့ ရန်ကုန်မှာ တစ်နေ့တစ်နေ့ လမ်းပေါ်မှာ ဆီရော အချိန်ရောကုန်တယ်။ ဆီကုန်တာထက် အချိန်ကုန်တာက ပိုဆိုးတာ။ ဆေးရုံကနေ သမီးဆီကို တစ်နာရီနဲ့ မရောက်ဘူး။ ညနေဆို သူ့ကျုရှင်တွေ သင်တန်းတွေပို့ရတာကိုး။ ဒါလည်း ညီးညူစရာ မရှိပေါင်။ သားအဖနှစ်ယောက် သည်အချိန်လေး စကားတွေ တွတ်ထိုးကြတာ။ ခေါင်းသွားလျှော်မယ်။ ခြေသည်းလက်သည်းပြင်မယ်။ ပီဇာစားမယ်။ ရုပ်ရှင်ကြည့်မယ်။ မိန်းကလေးဆိုတာ သည်အရွယ်လောက်ကတည်းက ၀ီစိကိစ္စတွေ စလာပြီ။

            ငယ်ငယ်တုန်းက ရင်ခွင်ပိုက်ကလေးမလေးအတွက် အချိန်လိုသလို အခု အပျိုပေါက်သမီးလေးအတွက်လည်း အချိန်ပေးနိုင်မှ ရမယ်။ ဒါကြောင့် သူ့အဖေမှာ ဆေးခန်းထိုင်စရာ အချိန်တွေ မကျန်တော့ဘူး။ ဒီကြားထဲမှာ သူ့ကျူရှင်ကိုပို့ပြီးရင် အိမ်ပြန်ဖို့ကျ အချိန်က မလောက်ဘူး။ အိမ်ပြန်ရောက်ပြီးတာနဲ့ ကြိုဖို့ ပြန်ထွက်ရမှာ။ သူစာသင်နေတဲ့ အချိန် နှစ်နာရီလောက်မှာ ကိုယ်က ငုတ်တုတ်မေ့နေတာနဲ့ တစ်ခုခုလုပ်စရာ ရှာလိုက်တာ Gym ဆော့ဖြစ်သွားတယ်။ (သည်တစ်ခါတော့ ဘာမှမ၀တ်ပဲလည်း ကြည့်ကောင်းတဲ့သူဆိုပြီး ဗလကြီးညှစ်ညှစ်ပြလိုက်မကွ။) စောင်းတီးပြန်ကျင့်တာလည်း အဲသည်အတိုင်းပါပဲ။ ပြန်စဉ်စားကြည့်လိုက်တော့ ရန်ကုန်မှာနေ၊ ဖေ့စ်ဘုတ်ပေါ် လတ်လျားလတ်လျား စာတွေရေး၊ ညနေတိုင် Gym ဆော့၊ စောင်းတီးတဲ့အခါတီး၊ သမီး နဲ့ လျှောက်လည်။ တော်ရုံတန်ရုံ ထူးတဲ့ကုသိုလ်မှ မဟုတ်တာ။ ရွှေကျောင်းကြီးကို ပြောင်နေတာပဲ။ ၀မ်းလည်းမခေါင်ပါဘူး။ ဆွမ်းတွေကွမ်းတွေ ဒလဟောပိုမို၊ ဖောဖောသီသီ မြိုင်တယ် ဤဖေကိုယ်ပါ။ ဒါပေသိ ပိုက်ဆံအိပ်တော့ လာမစမ်းနဲ့ကွယ်။ ခါးပိုက်နှိုက်တောင် သနားလို့ လမ်းစားရိတ် ပြန်ထည့်ပေးသွားရမှာ။

           ကိုယ့်အိပ်ထဲ ပိုက်ဆံမရှိလည်း မသုံးပဲနေရုံပေါ့။ ပြဿနာ မရှိပေါင်။ အလှူခံလာရင်သာ ရှက်လို့ ပိုက်ဆံအိပ်ကလေး ဘယ်နားဖွက်ထားရမှန်းမသိဘူး။ ကိုယ်မတက်ချင်တဲ့ပွဲတွေမှာ မင်းတို့အားလုံး တစ်ယောက်တစ်ယောက်ကို ဘယ်၍ဘယ်မျှကျတယ် လို့ ဆင့်လာရင် မျက်နှာကလေးငယ်ပြီး နှမြောတသ သုံးကြိမ်ရွတ်ဆိုမိတယ်။ ကိုယ့်သူငယ်ချင်းကြီးတွေက ဆရာသမားတွေကို ကန်တော့ကြမတဲ့လို့ ငါးသိန်းဟဲ့ ဆယ်သိန်းဟဲ့ နဲ့ အလှူငွေတွေ သဒ္ဓါထက်သန် မြန်မာ့အားမာန် လုပ်နေတာမြင်ရင် စိတ်ထဲက သာဓုခေါ်ပြီး ကိုယ့်အိပ်ထဲက ရှိစုမဲ့စု အလှူငွေကလေး ထည့်ရမှာ ရှက်လာတယ်။ “ဟယ် သူ့ရုပ်သူ့ရည် သူ့အနေသူ့အစားမှ အားမနာ။ ဒါလေးပဲလား။” လို့ ဘယ်သူကမှ မပြောပါဘူး။ ကိုယ့်ဘာသာကိုယ်ပဲ ပြန်ပြောမိတယ်။ လှူချင်တာကတော့ ဘယ့်နှယ်ပြောပါလိမ့်။ ထီကြီးပဲ ပေါက်ပေါက်ပါစေဦး။ (ထိုးဖြင့် မထိုးပဲနဲ့)။ ငါ့ဘ၀တော့ မရှိလို့မလှူ မလှူလို့မရှိဖြစ်နေပါပေါ့လား လို့ ကြံရာမရဖြစ်လာတာနဲ့ နောက်ဆုံး ထူးပါဘူးကွယ်ဆို သွေးသွားလှူပလိုက်တာပေါ့။ အောင်မာ သွေးလှူတာတောင် အလကားရမယ်မှတ်လို့။ အိပ်ဖိုးပေးရတယ်။ မှတ်ပလား။ (ဘယ်လူနာအတွက် လှူချင်တယ်ဆိုတာမျိုးမို့ပါ)

            တကယ်တော့ နေ့စဉ်နဲ့အမျှ ကိုယ်လုပ်ငန်းခွင်မှာ လုပ်နေတဲ့ အလုပ်တွေမှန်သမျှဟာ ကိုယ့်ဆရာသမားများ သွန်သင်ပြသပေးထားသော ပညာတွေချည့်ပါပဲ။ အဲသည်ပညာတွေနဲ့ ကိုယ်ဟာ ဘယ်သူ့ကိုမှ ခြောက်မစား ဟောက်မစား၊ တောင်းမစား မောင်းမစားဘူး။ တော်လှချည်ရဲ့ တတ်လှချည်ရဲ့ မဟုတ်ပေမယ့် ဆရာတို့သင်ပေးတဲ့ပညာတွေနဲ့ မလုပ်သင့်မလုပ်အပ်သော အရာများကို ကံသုံးပါးစလုံးနဲ့ မကျူးလွန်မိအောင် စောင့်ထိန်းတယ်။ အဲသည်အတွက် ကုသိုလ်ရမယ် ဆိုပါစို့။ အဲ့ဒါ တပည့်ကလေးတစ်ယောက်တည်း ရမယ့်ကုသိုလ် မဟုတ်လေဘူး။ ကိုယ့်ဆရာသမား မိဘများ အတူတကွ ရရှိခံစားအပ်သော ကောင်းမှုမင်္ဂလာတွေဖြစ်ပါတယ်။ ဆရာတို့ အသွန်အသင် အဆုံးအမနဲ့ ဆေးဆရာကောင်း ဖြစ်အောင် ကြိုးစားနေပါတယ် ဆိုရင် ကြေနပ်လောက်သော ဆင်ခြေဖြစ်လိမ့်မယ် ထင်ပါရဲ့။ (ဟီဟိ။ မင်းပဲ အပြောကောင်းတယ်) ဒါထက် စကားမစပ် ဆင်းရဲသားတွေကို အားနာသောအားဖြင့် လစာ ၂၅% လျှော့ယူမယ်ဆိုတဲ့ ဘဘကြီးတွေ သားသားလို ဂုဏ်ဖော် ပဏ္ဏာယူသော စကားများ ပြောတတ်ဆိုတတ်ချင်တယ်ဆို အထူးကျူရှင်ပေးမယ်နော်။ ခေတ်ကြီးကိုက လူမတတ်ပေမယ့် လက်ဘက်ထုပ်တတ်တဲ့သူ အကြံပေးခန့််ရသတဲ့။ အံတီဆင့်အသံလေးနဲ့ ကိုယ့်ကိုယ်ကိုယ် ကြော်ငြာဝင်လိုက်မယ်။ “အဲ့ဒီက လဖဲ့။”

လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ



လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ
နေပြည်တော်၊ မေ ၂၁
၂၀၁၄ ခုနှစ်၊ မေလ ၂၀ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မွန်ပြည်နယ်၊ ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ရေးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှတပ်မတော်သားများပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာနေ ကျော်မျိုးလွင်(ခ) ဘိုင်လေး(၄၅)နှစ်၏နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ ကျော်မျိုးလွင်(ခ)ဘိုင်လေးအား နေအိမ်အတွင်းမှ အမဲရောင်ပစ္စတိုသေနတ်(၁)လက်၊ ကျည်ကတ်(၁)ခု၊ ၎င်းကျည်(၁၈)တောင့်၊ ပြောက်ကျား စတစ်ကာကပ်ထားသော M-16 မောင်းပြန်ရိုင်ဖယ်(၁)လက်၊ ၅.၅၆ ကျည်(၂၅)တောင့်၊ M-16 ကျည်ဘောက်အရှည်(၄)ခု၊ ပြောင်းပို(၃)ခု၊ ဖြူးစ်တပ်ထားသော Grenade Hand, Frag Delay Maz 11-74 Comdo Lotls 6669 တံဆိပ်ပါ ဗုံးသီး(၁)လုံးနှင့် 06-20-73 T စာတန်းပါ နာနတ်သီးဗုံးသီး(၁)လုံး၊ ကာဘိုင်ကျည်ကတ်အတို/အရှည်(၄)ခု၊ ကာဘိုင်ကျည်(၃၄)တောင့်၊ ၇.၆၂ ကျည်(၇)တောင့်၊ 38 Special စတီးရောင်ကျည်(၄)တောင့်၊ 38 Special ကြေးရောင်ကျည်(၃)တောင့်၊ 38 စတီးရောင်ကျည်(၄)တောင့်၊ ကျည်ဖူးဖြတ်ထားသော 38 Special ကျည်(၂)တောင့်၊ ၉ မမကျည်(၁၀)တောင့်၊ ၉ မမကျည်ခွံ(၁)ခု၊ ကိုးလုံးကျည်(၃)တောင့်၊ လက်ကိုင်စကားပြောစက်(၄)လုံး၊ အားသွင်းစက်(၁)လုံး၊ ဆက်သွယ်ရေးစက် တိုင်တို/ရှည်(၄)ခု၊ USA United State တံဆိပ်ပါ အစိမ်း/အမဲရောင်ပစ္စတိုကျည်ထည့်အိတ်(၁)ခု၊ ပြောက်ကျားခါးပတ်အိတ်အစိမ်းရောင်(၁)လုံး၊ Chemgfei တံဆိပ်ပါ အမဲရောင်အိတ်သေး(၁)လုံး၊ ကန္တာရ ပြောက်ကျားခါးပတ်အိတ်(၁)လုံးတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သောကြောင့် ၎င်းအား ရေးမြို့မရဲစခန်း (ပ)၅၉/၂၀၁၄၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့်လည်းကောင်း၊ (ပ)၆၀/၂၀၁၄၊ ကြိုးမဲ့ကြေးနန်းအက်ဥပဒေ ပုဒ်မ ၆၇ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

“လွန်ခဲ့တဲ့နှစ်ပေါင်း (၇၀)ကျော်က ဗိုလ်ချုပ်အောင်ဆန်းကြိုးပမ်းခဲ့တဲ့ မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေး”





“လွန်ခဲ့တဲ့နှစ်ပေါင်း (၇၀)ကျော်က ဗိုလ်ချုပ်အောင်ဆန်းကြိုးပမ်းခဲ့တဲ့ မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေး”
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

မျိုးစောင့်ဥပဒေကို ကန့်ကွက်တဲ့သူတွေ
တောပြော တောင်ပြော…ပြောနေတဲ့သူတွေ
ဆရာတော် သံဃာတော်တွေကိုကလော်
နေတဲ့ မျက်ကန်းတွေသေချာဖတ်။
သေချာဆင်ခြင် သေချာသုံးသပ်ကြ
စေချင်ပါတယ်။

မျိုးစောင့်ဥပဒေဆိုတာ ခုမှ ပေါ်ပင်
လုပ်နေတဲ့ ကိစ္စမဟုတ်ဘူး။
လွန်ခဲ့တဲ့နှစ်ပေါင်း (၇၀)ကျော် ကတည်းက မြန်မာပြည်အမျိုးသားခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းအပါအဝင်
ဝန်ကြီးချုပ်ဟောင်း ဦးနု၊တို့ဗမာ အစည်းအရုံးက
သခင် တင်မောင်၊
လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှာ
အထင် ကရ ပါဝင် ခဲ့ကြတဲ့ ကိုဘဟိန်း၊
ကိုဘဆေ၊ွ ကိုထိန်ဝင်း၊ ကိုထွန်းအေး၊
ကိုထွန်းရေ၊ွှ ကိုထွန်းအုံ တို့က
“မောင် သိန်းဖေ ရေး ကုလားဗမာတိုက်ပွဲကို
ငါတို့ထောက်ခံ၍၊ သူနှင့်အတူတူထုတ်ဝေ
ရာ၌တာဝန်ယူကြောင်း” လို့ ရဲရဲဝံ့ဝံ့ တာဝန်
ယူ ထောက်ခံခဲ့ကြတဲ့ “ကုလား ဗမာတိုက်ပွဲ
စာတမ်း” မှာ အထင် အရှားတွေ့နိုင်မှာဖြစ်
တယ်။ ကုလား-ဗမာတိုက်ပွဲ စာတမ်း မှာ
ဆရာမောင် သိန်းဖေက ဗုဒ္ဓဘာသာဝင်
တို့ လက်ထပ်ရေးနဲ့ ပတ်သက်လို့ ရေးခဲ့တာကို
ကောက်နုတ် ဖေါ်ပြလိုက်ပါတယ်။

“ကုလားများကား ဗမာမများကို နှောက်ရုံသာ
ယူကြသည်။ တရားဝင်မယား မဖြစ်နိုင်အောင်
ကုလားတို့ တရားဥပဒေအရ စီမံထားကြ လေ
သည်။ ဗုဒ္ဓဘာသာ,မ သည် တရားဝင်
ဖြစ်လိုလျှင် မဟာမေဒင် ဘာသာသို့
ဝင်ကြသည်လည်း ရှိသေးသည်။
ထို့ကြောင့် ဗမာဗုဒ္ဓဘာသာတို့က ဗုဒ္ဓဘာသာနှင့်
အခြားဘာသာဝင် တို့ လက်ထပ်ရေး ဥပဒေကို
ပြုရန် လွှတ်တော်တွင် တင်သွင်းခဲ့ကြသည်။
ကုလားများက ကန့်ကွက် ဆူပူကြသဖြင့် ထိုဥပဒေမှာ သောင်မတင် ရေမကျ ဖြစ်နေခဲ့လေသည်။
ဒီစကားကို ငါတို့ အမျိုးသားခေါင်းဆောင်ကြီး
လွတ်လပ်ရေးဖခင်ကြီးကိုယ်တိုင် ဗိုလ်ချုပ်အောင်ဆန်း
ကိုယ်တိုင် ထောက်ခံတာဝန်ယူခဲ့တာ
ဘယ်သူ ငြင်းမလဲ!!!
မျိုးစောင့်ဥပဒေကို လွန်ခဲ့တဲ့ နှစ်ပေါင်း(၇၀)ကျော်
ကတည်းကလိုအပ်လို့ သူ့ကျွန်ဘဝမှာ
တုန်းကတောင်လွှတ်တော်တင်ခဲ့ကြတယ်။
ဒါကို….. ကုလားတွေ ကန့်ကွက် ဆူပူခဲ့ကြတယ်ဆိုတာ
ဘယ်သူ ငြင်းမလဲကွ။
ဆရာမောင် သိန်းဖေ ဒီစာတမ်းကို ရေးတဲ့အချိန်မှာ
မြန်မာပြည်ရဲ့ လူဦးရေ
(၁၃)သန်း ရှိတယ်။ အဲဒီ(၁၃)သန်းမှာ
ကုလား (မွတ်ဆလင်+ဟိန္ဒူ) စုစုပေါင်း
၉၆၂၂၀၃ ယောက် ရှိတယ်...
(၁)သန်းဆိုပါတော့။
တိုင်းရင်းသား (၁၂)သန်း၊ ကုလား (၁)သန်း
ဆိုတော့(၁၂:၁)……. ဗမာ (၁၂)ယောက် မှာ ကုလား (၁)ယောက်နူန်းရှိနေတဲ့ အခြေအနေပါ။
ဆရာမောင်သိန်းဖေက နောက်နှစ်(၅၀)မှာ
ဗမာ(၈)ယောက် ကုလား (၁) နူန်းထိ
ဖြစ်သွားမယ်လို့ ပြောခဲ့ပါတယ်။
ခုဆိုရင် နှစ်ပေါင်း (၇၀) ကျော်လာတဲ့
အချိန်မှာ ဗမာ(၅)ယောက် ကုလား(၁)
ဖြစ်နေပြီ ဆရာမောင်သိန်းဖေ ခန့်မှန်းခဲ့
တွက်ချက်ပြခဲ့တာတွေဟာ သွေးထွက်
အောင် မှန်လှပါတယ်။
ဘာလို့ ကုလားဗမာ အချိုး ဒီလောက်
ကွာဟလာတာလည်းလူမျိုးသားဖေါက်နူန်းနဲ့
ခိုးဝင် မှုတွေဘယ်လောက်ကြီးထွားနေလဲ
ဆိုတာသိသာလှပါတယ်။
အဲဒီတော့ ( ၁၂ : ၁ ) တုန်းက တောင်
မျိုးစောင့်ဥပဒေပြဌာန်းဖို့ လိုအပ်ပါတယ်လို့
လွှတ်တော်မှာ တင်သွင်းခဲ့ကြ သေးတာ
ခုလို( ၅ : ၁ ) ဖြစ်လာတဲ့အချိန်မှာ…
မျိုးစောင့်ဥပဒေပြဌာန်းဖို့ အရေးတကြီးကို
လိုအပ်နေပါပြီဆိုတာ နိုင်ငံအနှံ့အပြားမှာ
ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေကသက်သေ
ပြ နေပါပြီ။ဒါပေမဲ့ မိမိကိုယ်ကျိုး မိမိပါတီ
အကျိုး မိမိအဖွဲ့အစည်းအကျိုးကိုရှေ့တန်း
တင်ပြီး အမျိုးဘာသာ သာသနာအကျိုးကို
မျက်ကွယ်ပြုလို့ လူ့အခွင့်အရေး ဆိုတာတစ်မျိုး
ဒီမိုကရေစီနဲ့ ဆန့်ကျင် တယ် ဆိုတာတစ်ဖုံ
အမျိုးစုံ အကြောင်းပြ မျိုးစောင့်ဥပဒေကို ကန့်ကွက်နေကြတာတွေကိုတော့ သေသေချာချာ
ပြန်လည်ဆင်ခြင် သုံးသပ်သင့်ပါပြီ….။
လူမျိုခံရလို့ လူမျိုးပျောက်ရင်
ဘာသာလည်းပျောက် သာသနာလည်း
ပျောက်တော့မယ်...
(ပါကစ္စတန်၊ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊
အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေပြန်ကြည့်ပါ။
အစ္စလာမ်လူမျိုးဝါးမျိုမှုအောက်မှာ
ဗုဒ္ဓဘာသာပျောက်သွားခဲ့တဲ့ နိုင်ငံတွေပါ။)
မြန်မာပြည်ကြီးအတွက်ဒါကိုမြင်နေသိနေ
ကြတဲ့ အမျိုးဘာသာသာသနာ ကာကွယ်လို
ကြသူတွေကမျိုးစောင့်ဥပဒေပြဠာန်းနိုင် ဖို့
ကြိုးစားနေကြတာကိုကန့်ကွက်ကြသူတွေဟာ..ဘယ်လိုလူစားတွေပါလဲ။
သေချာပါတယ်.....
ငါတို့ အမျိုးစောင့်ဥပဒေကို
ကန့်ကွက်သူဟာ မွတ်ဆလင်ရှေ့ ဆုံး
ဖြစ်လိမ့်မယ်>ဗုဒ္ဓဘာသာဆိုရင်တောင် အသားထဲက လောက်ထွက်တဲ့ကောင်ပဲ ဖြစ်လိမ့်မယ်
>မွတ်ဆလင်ပေးတဲ့ကျွေးသမျှ
ကိုစုပ်ရက်ထားသော(အနုပညာရှင်\လူကြီး)
သူတွေကတော့ဘယ်လို့မှထောက်ခံနိုင်မှာမဟုတ်ပါဘူး။
သူတို့ကိုဘယ်လိုကင် ပွန်းတပ်သင့်ပါသလဲ။
အမျိုးဘာသာ သာသနာကာကွယ်ကြဖို့
အ ရေးတွင် အမျိုးစောင့်ဥပဒေပြဌာန်းရေး
သည်လည်း တစ်ထောင့်တစ်နေရာမှ
အမျိုးဘာသာ သာသနာ၏
အသက်သွေးကြောတစ်ချောင်းပမာ အရေးကြီးလှသည်ဟုထင်မြင်ယူဆမိပါသည်။

(ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ပါဘုရား)
မျိုးစောင့်သူ https://www.facebook.com/photo.php?fbid=491505454287123&set=pb.100002830184587.-2207520000.1400673137.&type=3&theater

အဆုံးသတ်တိုက်ပွဲကို ဆက်ဆင်နွှဲရပါမယ်By Kyaw Ko Ko

ပြည်သူသို့ ပန်ကြားချက်
ရဲဘော်ကောင်းထက်ကျော် ရိုက်နှက်ခံရတဲ့ ဖြစ်စဉ်ဟာ လုံးဝ တရားလက်လွတ်လုပ်တတ်တဲ့ စစ်အာဏာရှင်စရိုက်ကို ဖော်ပြတာပဲဖြစ်တယ်။ဝါးရမ်းမပါဘဲ ဖမ်းချင်လိ...ု့ဖမ်းတယ်ဆိုတဲ့ ရဲမှုးတစ်ယောက်ရဲ့စကားဟာ ဖက်ဆစ်ဆန်လွန်းနေတယ်။ဖမ်းရမယ့်လူစာရင်းလို့ ဗလာစာအုပ်ပေါ်မှာ ရေးယူလာတဲ့ SBကိုရော ဘယ်သူက စေခိုင်းအမိန့်ပေးတာလဲ။ပဲခူးတိုင်းအစိုးရကလား?ကက်ဘိနက်ဝန်ကြီးတွေကလား??ကာ/လုံကောင်စီကလား???တပ်ချုပ် မင်းအောင်လှိုင် ကိုယ်တိုင်ပဲလား????
သာမန်ကျောင်းသားတစ်ယောက်ကို လက်နက်နဲ့ အကြမ်းဖက်ဖို့ စစ်အုပ်စုတစ်ခုလုံး တသဘောတည်းညီနေကြပါတယ်။ဒီကနေ့တိုင်းပြည်မှာ ဒီမိုကရေစီ အတုအယောင်၊ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတုအယောင်၊ပြည်ထောင်စု အတုအယောင်နဲ့ ပြည်သူတွေကို လှည့်စားနေတယ်ဆိုတာ ကျွန်တော်တို့ ဗကသများအဖွဲ့ချုပ်က အထပ်ထပ်သတိပေးပေါင်းမနည်းတော့ပါဘူး။ကျွန်တော်တို့ သတိပေးချက်ကို ပြည်သူက ကွက်ကွက်ကွင်းကွင်းသိအောင် ဒီကနေ့ ရဲဘော် ကောင်းထက်ကျော်က သွေးအထွက်ခံပြီး၊ခေါင်းအအက်ခံပြီး တပ်လှန့်လှုပ်နိုးလိုက်ပါပြီ။
ပြည်သူနဲ့ ကျောင်းသားရဲဘော်အပေါင်းတို့ နိုးနိုးကြားကြားရှိနေကြပါ။စစ်ဘီလူးတွေ အစွယ်ကို တတောင်မကပြသလိုက်ပါပြီ။ဒီနေ့အထိ မှိုင်းထဲမိပြီး" သမ္မတကြီးက သဘောကောင်းပါတယ်"ဆိုတဲ့ အပြောမျိုးကို သင်တို့ လိုက်မပြောကြပါနဲ့တော့။ပြောချင်သူတွေ ပြောကြပါစေ။သူတို့ကို သမိုင်းက အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်။
စစ်တပ်နဲ့ခရိုနီ ပေါင်းပြီးသိမ်းထားတဲ့ လယ်မြေအရေးဆောင်ရွက်တဲ့အတွက် ရဲဘော်ကောင်းထက်ကျော် အရိုက်အနှက်ခံရတာပဲဖြစ်တယ်။စည်းကမ်းကောင်းတဲ့၊စိတ်ဓာတ်ကောင်းတဲ့၊စွမ်းရည်ကောင်းတဲ့ တပ်မတော်ကြီးဆိုတာ ၁၉၄၈ကတည်းက ဗမာပြည်မှာ မရှိတော့ပါဘူး။ဗိုလ်ချုပ်နဲ့အတူ ကျဆုံးသွားခဲ့ပါပြီ။တလက်စတည်းပြောရပါလိမ့်မယ်။ဖောက်ပြန်နေတဲ့ စစ်အုပ်စုဟာ ဒီထက်မကတဲ့ အပြစ်တွေကို မကြာခင်ထပ်မံကျူးလွန်ပါလိမ့်မယ်
ကျွန်တော်တို့ရဲ့ သွေးစည်းညီညွတ်မှုနဲ့ ဒီတိုက်ပွဲကို ဖြတ်ရပါလိမ့်မယ်။ရဲဘော်မ ဒေါ်ညို၊ရဲဘော်ပေါက်စတို့ အတွက် အဆုံးသတ်တိုက်ပွဲကို ဆက်ဆင်နွှဲရပါမယ်။ရဲဘော်ကောင်းထက်ကျော်ကို ဆက်လက်ဝန်းရံရပါမယ်။သူ့ရဲ့ စိတ်ဓာတ်ကို ကျွန်တော်တို့ စံနမူနာယူရပါမယ်။တစ်ဗိုလ်ကျ တစ်ဗိုလ်တက်စနစ်နဲ့ ဆက်လက်တိုက်ပွဲဝင်ကြပါ။
အရေးတော်ပုံအောင်ပါစေ။
ရဲဘော်ကျော်ကိုကို

မြန်မာနိုင်ငံနှင့် ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ

မြန်မာနိုင်ငံနှင့် ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ


မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဿနာကြီး ရှိနေသည်။ ရှိခဲ့သည်မှာလည်းကြာပြီ။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ဟူသည် နိုင်ငံတခု၏ တည်ထောင်ရာ အုတ်မြစ်။ အုတ်မြစ်က အစ ပြဿနာဖြစ်နေတော့ မည်သည့် နိုင်ငံရေးအဆောက်အအုံမှ ခိုင်ခိုင်မာမာ တည်ဆောက်၍မရပဲ ဖြစ်လာတော့သည်။

အဆိုပါ ပြဿနာကြီးက ပြည်တွင်းစစ်ကို နှစ်ပေါင်းများစွာ ဖိတ်ခေါ်ခဲ့သည်။ တဦးချင်းအခွင့်အရေးနှင့် အုပ်စုလိုက် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးနိုင်မှုများ အားနည်းခဲ့သောကြောင့် ပြည်သူ အများမှာ ဆင်းရဲတွင်းသို့ နစ်ခဲ့ရသည်။ လယ်သမား၊ အလုပ်သမား၊ ကျောင်းသား စသည့် လူထုလူတန်းစားအလွှာအသီးသီးတို့၏ ဘ၀ပေါင်းများစွာ ထိခိုက်နစ်နာခဲ့ရသည်။ တိုင်းရင်းသား လူမျိုး ပေါင်းစုံ၏ ကိုယ်ပိုင်ပြဌာန်းခွင့်များ ဆုံးရှုံးခဲ့ရသည်။

တရားခံသည်ကား ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေ အုတ်မြစ်မမှန်မှုကြောင့် ခေါင်းထောင်ထလာသည့် စစ်အာဏာရှင်စနစ်။

မြန်မာလူ့ဘောင်တွင် လူထုလူတန်းစား အလွှာပေါင်းစုံပါဝင်ပြီး၊ လယ်သမားနှင့် အလုပ်သမားလူတန်းစားမှာ အများစုဖြစ်သည်။ ဤအခြေအနေက လူတဦးချင်းစီ၏ ပုဂ္ဂလိကအခွင့်အရေးများ (individual rights) ကိုသာမက၊ လူထုလူတန်းစားအလွှာအသီးသီးအလိုက် အများစုဘုံပိုင်အခွင့်အရေးများ (collective rights) များကို အာမခံချက်ပေးမည့် ဒီမိုကရက်တစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို တောင်းဆိုထားသည်။   ယင်းသို့ အာမခံချက်ပေးသော ဖွဲ့စည်းပုံအခြေခံဥပဒေ မပေါ်ထွန်းပါက တိုင်းပြည်ထဲတွင် လူတန်းစားတိုက်ပွဲများနှင့် လူထုလူတန်းစား အလွှာအသီးသီးပါဝင်သော လူထုတိုက်ပွဲများ ပေါ်ထွက်လာမည်မှာ ဧကန်မုချ။

ထိုမျှနှင့် မကသေး။ မြန်မာနိုင်ငံသည် ရှေးယခင် အစဉ်အဆက်ကတည်းက တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သော တိုင်းပြည်ဖြစ်သည်။ ဤအခြေအနေက လူမျိုးအလိုက် အခွင့်အရေးများ (ethnic rights) ကို အာမခံချက်ပေးမည့်၊ တနည်းဆိုလျှင် လူမျိုးများ၏ မွေးရာပါအခွင့်အရေးဖြစ်သော ကိုယ်ပိုင်ပြဌာန်းခွင့် (self-determination) ကို အာမခံချက်ပေးမည့် ဖယ်ဒရယ်ပြည်ထောင်စုစနစ် အခြေခံသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို တောင်းဆိုထားသည်။ ယင်းသို့ အာမခံချက်ပေးသော ဖွဲ့စည်းပုံအခြေခံဥပဒေ မပေါ်ထွန်းပါက တိုင်းပြည်တွင် ပြည်တွင်းစစ်ဖြစ်တတ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ နိုင်ငံဖြစ်တည်မှု ပကတိအခြေအနေက တောင်းဆိုထားချက်သည် ဒီမိုကရက်တစ်ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပြီး၊ မြန်မာ့သမိုင်းအဆက်ဆက်တွင် ယင်းသို့သော ဖွဲ့စည်းပုံအခြေခံဥပဒေ မပေါ်ထွန်းခဲ့ခြင်းကြောင့်၊  လူမျိုးကြီးဝါဒ၊ စစ်အာဏာရှင်စနစ် နှင့် ရွေးကောက်ခံအာဏာရှင်စနစ်တို့ ထွန်းကားလာခဲ့ရခြင်းသာ ဖြစ်သည်။

(၁၉၄၇) ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီ အခွင့်အရေးများစွာကို ထည့်သွင်းဖော်ပြထားခဲ့ သော်လည်း (စာကြွင်း။   ။ ကာကွယ်စောင့်ရှောက် ပေးခဲ့သည်ဟု၊ ကျွန်ုပ်မဆိုလိုပါ) တပြည်ထောင် စနစ် ကိုသာ အခြေခံခဲ့သောကြောင့် တိုင်းပြည်တွင် ပြည်တွင်းစစ်ဖြစ်ခဲ့ရသည်။ လက်နက်ကိုင်ပဋိပက္ခများ ရှည်ကြာခဲ့ရသည်။ စစ်အာဏာရှင်စနစ်ဆိုး ပေါ်ထွက်လာခဲ့သည်။

(၁၉၇၄) ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ဟုဆိုကာ လူထုလူတန်းစား အခွင့်အရေးများကို အပေါ်ယံဖော်ပြပြီး၊ စစ်ဗျူရိုကရက် အခွင့်အရေးများနှင့် အာဏာရှင်အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခဲ့သောကြောင့် တိုင်းပြည်တွင် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး၊ ပေါ်ထွက်လာပြီး၊ အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေကို မြေမြှုပ်သဂြိုလ်ခဲ့ရသည်။

လက်ရှိကျင့်သုံးနေသော (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ကား တဦးချင်းအခွင့်အရေးများ၊ လူထု လူတန်းစားအခွင့်အရေးများကို အပေါ်ယံဖော်ပြပြီး၊ စစ်ဗျူရိုကရက် အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ထားခဲ့သည်။  ရွေးကောက်ခံအာဏာရှင်စနစ် (electoral authoritarianism) ကို ဒီမိုကရေစီယောင်ယောင် ဗန်းပြပြီး ပေါ်ထွက်လာခြင်း ဖြစ်သဖြင့်၊ ရွှေတုအထုပ်ကြီးကို လမ်းပေါ်ချပြီးမှ ရွှေထုပ်ကောက်ရသည့်နှယ် ဂွင်ဖန်သည်ကို ရွှေထုပ်အစစ်မှတ်ပြီး၊ လုကြယက်ကြနှင့် အတော်ပင် ပွဲစည်လိုက်သေးသည်။

သို့ပေမယ့် ဒီမိုကရေစီအခွင့်အရေးများကို အပြည့်အ၀ အကာအကွယ်ပေးထားခြင်းမရှိသည့်  ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးသာ ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကြီး အသက်ဝင်လာပြီး နောက်ပိုင်းဖြစ်ရပ်များက သက်သေထူလာခဲ့သည်။ မြန်မာနိုင်ငံ တနံတလျားက ရဲစခန်းများမှာ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်များကို လိုက်လံပိတ်ပင် အရေးယူနေရသည်နှင့်ပင် အလုပ်ရှုပ်နေကြရပြီး၊ တရားဥပဒေ စိုးမိုးရေးကို အာရုံ မစိုက်နိုင်သောကြောင့် လူသတ်မှုများ၊ မုဒိမ်းမှုများက တနိုင်ငံလုံးမှာ စည်စည်ကားကား ဖြစ်လာ သည်ကိုသာ ပမာထား ကြည့်ပါလော့။

လူ့အဖွဲ့အစည်းအတွင်းမှာလဲ စစ်တပ်လူတန်းစားတရပ်က ထပ်မံ ပေါ်ထွက်နေခဲ့ပြီး၊ အဆိုပါ တပ်ဟောင်း၊ တပ်သစ် လူတန်းစားများ၏ စီးပွားရေးအခွင့်အရေးများ၊ အုပ်ချုပ်ရေးအခွင့်အရေးများကိုသာ နိုင်ငံတော် ယန္တရားများက ကာကွယ်စောင့်ရှောက်နေခဲ့ရာမှ၊ အခြား လယ်သမား၊ အလုပ်သမား လူထုလူတန်းစား အလွှာအသီးသီးတို့၏ အခွင့်အရေးများမှာ ထိခိုက်ဆုံးရှုံး နစ်နာခဲ့ကြရတော့သည်။ တပ်ဟောင်း၊ တပ်သစ် လူတန်းစားများနှင့် ခေတ်ပျက်သူဌေးအမည်ခံ အကြီးစားဓားပြသူခိုးတို့၏ သွေးစုပ်ခြယ်လှယ်မှုတို့ အလယ်မှာ ပြည်သူတို့ရဲ့ အနာဂတ်က စမ်းတ၀ါးဝါး။
ထိုမျှနှင့် မကသေး။ ဖွဲ့စည်းပုံအခြေခံဥပဒေကြီး အသက်ဝင်လာပြီး၊ လသားပင်မကြာသေး။ သေနတ်သံများက ထပေါက်တော့သည်။ ပေါက်ပေမည်ပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးသည် လူမျိုးအလိုက် အခွင့်အရေးများနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ပေးသော ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေမှ မဟုတ်သည်ပဲ။

ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများနှင့် လွှတ်တော်များ ရှိသဖြင့် ပြည်ထောင်စုစနစ်ကို အခြေခံထားသည်ဟု အချို့က ဆိုကြသည်။ ဤသည်မှာ ပြည်ထောင်စုစနစ်ကဲ့သို့ ပုံမှားရိုက်ခြင်းသာဖြစ်ပြီး၊ ပြည်ထောင်စုစနစ်၏ အဓိက အသက်သွေးကြောဖြစ်သော အာဏာခွဲဝေမှု ပျောက်ကွယ်နေခဲ့သည်။

စဉ်းစားကြည့်စေလိုပါသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်ဆင့် အုပ်ချုပ်သူများကို လူထုက ရွေးသည်လား၊ အထက်မှ ခန့်အပ်သည်လား။ ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများကို ဗဟိုအစိုးရက ခန့်သည်လား၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများက ခန့်သည်လား။ အခွန်အတုပ်များကို ဗဟိုအစိုးရကို ပေးရသည်လား၊ ပြည်နယ်အစိုးရကို ပေးရသည်လား။ ပြည်နယ်နှင့် တိုင်းဒေသကြီး ၀န်ကြီးများတွင် ဗဟိုအစိုးရသို့ တင်ပြခြင်း မရှိပဲ မည်သည့်ကဏ္ဍကို မိမိတို့ဘာသာ စီမံခန့်ခွဲပိုင်ခွင့်ရှိသနည်း။ စစ်မှန်သော ပြည်ထောင်စုစနစ်ကို ဖော်ဆောင်ထားခြင်း ရှိမရှိ ဆိုသည်ကို တိုင်းတာနိုင်သည့် စံနှုန်းများကား အများအပြားမို့ အသေးစိတ် မဖော်ပြတော့ပါ။ ဖော်ပြလျှင်လဲ စံနှုန်းနှင့် ကိုက်ညီသည့် အချက်များက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်ထဲမှာ ပါဝင်သည်မှ မဟုတ်သည်ပဲ။

သို့ဖြစ်ရာ (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးမှာလဲ ယင်းနောင်တော်များဖြစ်သည့် (၁၉၄၇) ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် (၁၉၇၄) ဖွဲ့စည်းပုံအခြေခံဥပဒေ တို့ကဲ့သို့ပင် မြန်မာနိုင်ငံ၏ နိုင်ငံဖြစ်တည်မှု အခြေအနေက တောင်းဆိုထားသည့် ဒီမိုကရက်တစ်ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကြီး မဟုတ်သည်ကား အထင်အရှားပင် ဖြစ်တော့သည်။

ထိုဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ပြင်မည်လား (သို့တည်းမဟုတ်) အသစ်ရေးဆွဲမည်လား။ ဤသည်ကား လမ်းစဉ်ရေးရာ။ ဒီထက် ပိုပြီး အရေးကြီးသည်က ပန်းတိုင်။

ကားနဲ့သွားမည်လား၊ ရထားနဲ့ သွားမည်လား၊ လေယာဉ်နဲ့ သွားမည်လား ဆိုသည်ထက် ဘယ်ကို သွားမှာလဲ ဆိုသည်က ပို၍ အရေးကြီးသည်။ အဆုံးသတ်ပန်းတိုင်က ဘယ်သို့ ဦးတည်သနည်း။ ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကြီး ပေါ်ထွန်းလာရေးကို ဦးတည်သည် ဆိုလျှင်တော့ ပြင် / သစ် နှင့် အငြင်းမပွားကြစေလိုပါ။

ပြင်လိုသူများက ပြင်နိုင်မည့်နည်းလမ်းများကို ရှာဖွေပြီး၊ တပြည်ထောင်စနစ် ကျောရိုးပေါ်တွင် အခြေခံထားသည်ကို မည်သို့မည်ပုံ ပြည်ထောင်စုနစ် ကျောရိုးဖြစ်အောင် ပွတ်တိုက်ဆေးကြောရမည်၊ တပ်သစ်တပ်ဟောင်း လူတန်းစားအခွင့်အရေးအား ကာကွယ်စောင့်ရှောက်ပေးထားသည်ကို မည်သို့မည်ပုံ လူထုလူတန်းစားအလွှာအသီးသီး၏ အခွင့်အရေးများအား ကာကွယ်စောင့်ရှောက်ပေးခြင်းဖြစ်လာအောင် လုပ်ယူကြမည်နည်း ဆိုသည်ကိုသာ အာရုံစိုက်သင့်သည်။ အခြေခံသဏ္ဍာန် မပြောင်းပဲ နှုတ်ခမ်းနီ၊ ပါးနီဆိုးလိုက်ရုံနဲ့ ဘီလူးရုပ်က လူရုပ်ဖြစ်မလာနိုင်ပါ။

အသစ်ရေးဆွဲလိုသူများကလဲ ရေးဆွဲပြီးပါက မည်သို့မည်ပုံ အသက်သွင်းရမည်ကိုသာ အာရုံစိုက်သင့်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဟူသည် အသက်မ၀င်သေးသမျှ နိုင်ငံတော်တည်ထောင်မှု အုတ်မြစ်မဖြစ်၊ စာအုပ် တအုပ်သာ ဖြစ်သဖြင့် မည်သို့ အသက်သွင်းမည်နည်း ဆိုသည်မှာ အလွန်အရေးကြီးပါသည်။

မည်သို့ပင်ဆိုစေ၊ မြန်မာနိုင်ငံ၏ အဓိက ပြဿနာသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာဖြစ်ပြီး၊ ပကတိအခြေအနေက တောင်းဆိုထားသည့် ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေကြီး ပေါ်ထွက်မလာမချင်း၊ ထာဝရငြိမ်းချမ်းရေးကို ဆောင်ကျဉ်းနိုင်မည် မဟုတ်ပါ။

သို့ဖြစ်ရာ လူမျိုးကြီးဝါဒ ပပျောက်ရေး၊ စစ်အာဏာရှင်စနစ် ကျင့်သုံးမှု ထာဝရ ရပ်စဲရေး၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ ကိုယ်ပိုင်ပြဌာန်းခွင့်များ အာမခံချက်ရှိရေး၊ တဦးချင်းအခွင့်အရေးများနှင့် လူထုလူတန်းစားအလွှာ အသီးသီးအလိုက် အခွင့်အရေးများ အပြည့်အ၀ ရရှိရေးတို့သည် ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကြီး ပေါ်ထွန်းလာစေရေး အပေါ်တွင်သာ အဓိက တည်မှီနေပါသဖြင့် ပန်းတိုင်ကိုသာ အာရုံစိုက်ပြီး၊ လမ်းစဉ်များနှင့် သဘောထားမကွဲကြစေလိုကြောင်း ရေးသားတင်ပြအပ်ပါသည်။

ခင်မမမျိုး (၁၄၊ ၅၊ ၂၀၁၄)

မြန်မာ့သမိုင်းမှာ မသေတော့ဘူး

မြန်မာ့သမိုင်းမှာ မသေတော့ဘူး


တလ ပြည့်ခဲ့ပြီ အဘ၊
သေသောသူ ကြာရင်မေ့တဲ့လား၊
ဒါဆိုရင် အဘကတော့
သေဆုံးသူ မဟုတ်ဘူးပေါ့၊
အဘရဲ့ ပုံရိပ်တွေက
ကျွန်မတို့ရင်ထဲမှာ စွဲထင်ဆဲ၊
အဘရဲ့ စာနဲ့စကားတွေက
ကျွန်မတို့နှလုံးသားမှာ ထင်ကျန်ဆဲ၊
အဘဟာ ဘယ်တော့မှ မသေဘူး၊
ဟုတ်တယ်- ရုပ်ခန္ဓာ ချုပ်ငြိမ်းသွားပေမယ့်
ဦးဝင်းတင်ဆိုသော အဘရဲ့နာမည်
မြန်မာ့သမိုင်းမှာ မသေတော့ဘူး။

"ဖောက်လွဲဖောက်ပြန်ရှိတတ်တဲ့
လူ့လောကမှာ
လူတစ်ယောက်ကို
သေဆုံးပြီးမှသာ ချီးကျူးပါတဲ့၊
လူတယောက်ဟာ
သူ့ယုံကြည်ချက်ကို
မဖောက်မပြန်
ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ
သေဆုံးပြီးမှသာ သိနိုင်တယ် "တဲ့၊
ပြည်သူလူထုကြီးရဲ့ကြားက၊
လူထုလူတန်းစားအလွှာအသီးသီးကြားကေ
ရင်ဘတ်နဲ့ခံစားရင်း ပေါ်ထွက်လာခဲ့တဲ့
အဘရဲ့ ယုံကြည်ချက်တွေ
ပြည်သူ့ဆန္ဒနဲ့
သွေဖည်သွားတယ်ဆိုတာ
ဘယ်တုန်းကရှိခဲ့လို့လဲ။

အဘဟာ
ပြည်သူ့ဘ၀ကိုသိတယ်၊
နှလုံးသားနဲ့ မျှဝေခံစားခဲ့တယ်။

အဘဟာ
ပြည်သူ့ဆန္ဒကိုသိတယ်၊
အရိုးကျေကျေ၊ အရေခမ်းချိန်ထိ
ဆန္ဒတွေဖြည့်နိုင်ဖို့ ကြိုးစားခဲ့တယ်။

အဘဟာ
လူထုလူတန်းစား အလွှာအသီးသီးရဲ့
သဘောသဘာဝကို နားလည်တယ်၊
ရေပေါ်ဆီပေါ်ပင်နိုင်ငံရေးထက်
ပြည်သူ့နိုင်ငံရေးကို
ဦးစားပေးခဲ့တယ်။

အဘဟာ
တိုင်းရင်းသားလူမျိုးပေါင်းစုံအရေးကို
အာရုံစိုက်တယ်၊
ကျန်းမာရေးမကောင်းတာတောင်
ဆေးရုံကုတင်ပေါ်ကနေ
အားခဲခေါင်းထောင်ထရင်း
တိုင်းရင်းသားအရေး၊
ဆွေးနွေးခဲ့တဲ့
အဘရဲ့ပုံရိပ်ကို
ကျွန်မဘယ်လိုမေ့နိုင်မှာတဲ့လဲ။

အဘဟာ
အလင်းနဲ့အမှောင်ကိုခွဲခြားပြတတ်တယ်၊
အမှောင်မှန်းသိရက်နဲ့
လင်းသယောင်ရှုမြင်ခိုင်းတတ်တဲ့
ကိုယ်ကျိုးရှာအတ္တတွေ
အဘမှာမရှိခဲ့ဘူး။

အဘဟာ
ရန်သူရဲ့ သဘောသဘာဝကို
နားလည်တယ်၊
နှင်းမကွဲခင်၊ အာရုဏ်ဦးရဲ့
ရောပြွန်းရှုပ်ထွေးမှုတွေအကြားက
မက်လုံးတွေနဲ့ ချိုမြိန်တဲ့အဆိပ်တွေကို
ရှင်းရှင်းလင်းလင်း
မီးမောင်းထိုးပြပေးခဲ့တယ်။

အဘဟာ
ပညာအသိကို သတိနဲ့တွဲခဲ့တယ်၊
ရာထူး၊ စည်းစိမ်နဲ့ မက်လုံးတွေကြားမှာ
ပရော်ဖက်ရှင်နယ်ကျင့်ဝတ်ကို
ရေစုံမျောမခံခဲ့ဘူး။

တလပြည့်ခဲ့ပြီ-အဘ၊
အဘရဲ့ရုပ်ခန္ဓာ
ချုပ်ငြိမ်းသွားတာ
တလပြည့်ခဲ့ပြီ၊
ဒါပေမယ့်
အဘမသေသေးဘူး၊
ဟုတ်တယ်-
ဦးဝင်းတင်ဆိုသော အဘရဲ့နာမည်
မြန်မာ့သမိုင်းမှာ မသေတော့ဘူး။

                                                  ခင်မမမျိုး (၂၀၊ ၅၊ ၂၀၁၄)

Sunday, May 11, 2014

ပြည်ပနိုင်ငံသားခံယူထားသူမြန်မာများခြွင်းချက်အာဏာမှလွဲပြီးဥပဒေအရမည်သည့်အခါမှမြန်မာနိုင်ငံသားဖြစ်ခွင့်မရှိတော့

အဆိပ်ဟင်း စားရသူများ














အဆိပ်ဟင်း စားရသူများ
လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်လောက်က အဖြစ်အပျက်ပါ။ ကျွန်တော်ရယ် နိုင်ငံခြားသား
ဧည့်သည်တစ်ဦးရယ် ရန်ကုန်မှာ အတူရှိစဉ် မြန်မာ ထမင်းဟင်း ဆီသိပ်မပါတာ
လေး စားကြည့်ချင်တယ်ပြောလို့ အဲဒီတုန်းက ကျွန်တော်စားနေကျ ဆိုင်ကောင်း
တွေရှိနေပေမယ့် နိုင်ငံခြားသားခရီးသွားတွေ လာစားတတ်တဲ့ လမ်းမတော် ၃လမ်း
ထိပ်နားက မြန်မာထမင်းဆိုင်ခမ်းခမ်းနားနား တစ်ဆိုင်ကိုခေါ်သွားပါတယ်။

ဆိုင်ရောက်တော့ ဟင်းအသီးသီးမှာကြတာ နိုင်ငံခြားသားအကြိုက် ငရုပ်သီးနဲနဲ
ဆီနဲနဲ နဲ့ဆိုတော့ ဟင်းတွေ အတော်အများများမှာနေရင်းက ပုဇွန်ထုပ်ဟင်းပါ
နှစ်ပွဲမှာလိုက်ပါတယ်။

ဟင်းတွေစုံလို့ စပြီးစားကြတော့ မိတ်ဆွေက ပုဇွန်ထုပ်တစ်ကောင်ကျွန်တော့်
ပန်းကန်ထဲထည့်ပေးပြီး နောက်တစ်ကောင်ကို သူ့ပန်းကန်ထဲထည့်စားပါတယ်။
သူက ခေါင်းကနေ နွှာစားဖို့ ဖယ်လိုက်တော့ ပုဇွန်ခေါင်းထဲကနေ ခဲသတ္ထု နှစ်လုံး
ဒေါက်ကနဲ ပန်းကန်ထဲကို လှိမ့်ထွက်လာပါတယ်။

မျက်လုံးမျက်ဆန်ပြုးသွားပြီး အနားမှာ ဝန်ဆောင်မှုပေးဖို့ စောင့်နေတဲ့ စားပွဲထိုး
ကလေးမလေးက တစ်ဆင့် မန်နေဂျာကိုခေါ်ခိုင်းပြီး ပြပါတယ်။ ကျန်တဲ့ ပုဇွန်ထုပ်
ဟင်းတစ်ပွဲနဲ့ ကျွန်တော့်ပန်းကန်ထဲက ပုဇွန်ထုပ်တွေကို စစ်ကြည့်လိုက်တော့လဲ
ခဲ ၂ လုံးစီထွက်လာပါတယ်။

ဒါနဲ့ စားလက်စတွေရပ် ဆက်မစားတော့ပဲ ငွေရှင်းပြီးထွက်လာခဲ့ပါတယ်။ မန်နေဂျာ
နဲ့ ဆိုင်ရှင်ထင်ရတဲ့သူတို့က ပုဇွန်ဟင်းပွဲဖိုးတွေ မယူတဲ့ အပြင် ထပ်တလဲလဲတောင်း
ပန်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီစားသောက်ဆိုင်အပေါ်မှာတော့ ယုံကြည်မှုကင်းမဲ့သွား
ရပါတယ်။

မြန်မာတွေကတော့ ခဲသီးလို့ ခေါ်ကြတဲ့ ဒီ ခဲသတ္ထုဟာ အင်မတန် အန္တရာယ် ကြီးမား
ပါတယ်။ ခဲဆိပ်သင့်တယ် ထောင်သားတွေကို ခဲထဲ့ထားတဲ့ ရေတိုက်တယ်။ဘာညာ
ဆိုတာတွေ.ဟာ ငယ်ငယ်ကတည်းက ကြားဖူးနားဝရှိခဲ့တဲ့အပြင် အရွယ်ရောက်
လာတော့ သူ့အန္တရာယ်ကို ထဲထဲ ဝင်ဝင်သိလာရပါတယ်။

ရေလုပ်သားတွေ ငါးဖမ်းပိုက်ခွန်မှာ ဒီခဲသီးတွေကို သီပြီး ငါးဖမ်းပိုက်ကို
ရေထဲမြုပ်အောင် လုပ်ကြရတာပါ။ မကောင်းတဲ့ဘက်မှာအသုံးချဖို့ ရွှေဥာဏ်တော်
စူးရောက်ကြတဲ့ သူတွေရဲ့လက်ချက်နဲ့ ဈေးကောင်းပေးရတဲ့ ရေသတ္တဝါတွေ ကိုယ်
ထဲကို သွပ်သွင်းလာကြပုံပါ။

အဲဒီတုန်းက မြန်မာတွေ မဟုတ်တဲ့ ဘက်မှာတော့ ရွှေဥာဏ်တော် အတော်စူးရောက်
တာပဲလို့ မှတ်ချက်ချခဲ့ရုံသက်သက်ပါ။ အခု ဘန်ကောက်မှာ သတင်းတစ်ပုဒ်ဖတ်ရ
တော့မှ အော်..မြန်မာ့ ဓလေ့ ကမ္ဘာကို ပျံ့တော့မှာပါလားဆိုပြီး ဂုဏ်ယူရမလိုလို..
စိတ်ဆင်းရဲရမလိုလို..။

ထိုင်းက ဖေ့ဘုတ်သုံးသူတစ်ယောက်က သူ့နံရံမှာ မနေ့က ဘန်ကောက် သားငါး
ဟင်းသီးဟင်းရွက်ဈေးမှာ ဈေးဝယ်ထွက်တုန်း သူတွေ့ခဲ့ရတဲ့ အတွေ့အကြုံကို မျှဝေပါတယ်။ လတ်လတ်ဆတ်ဆတ် ပုဇွန်ထုပ်တွေထဲမှာ အဆိပ်ရှိတဲ့ ခဲသတ္ထုချောင်း
တွေမြုပ်ထားတာတွေ့ရပါသတဲ့။

သူက လူတစ်ယောက်က ပုဇွန်ထုပ်ရောင်းတဲ့ ဆိုင်တစ်ဆိုင်မှာ သတ္ထုရှာဖွေတဲ့
ကရိယာနဲ့ ပုဖွန်ထုပ် တစ်ကောင်ချင်းစီကို စိတ်ရှည်လက်ရှည် သေချာ ရှာဖွေနေ
တာကို တွေ့ခဲ့ရပါသတဲ့။

အဲဒီလူကိုင်ထားတဲ့ သတ္ထုရှာဖွေတဲ့ ကရိယာကနေ တီတီ တီတီ နဲ့ အချက်ပြ
လိုက်တော့ ကိုယ်တော်က လက်ထဲက ပုဇွန်ထုပ်ရဲ့ခေါင်းကို ဖွင့်လိုက်ပြီး အထဲမှာ
ဖွက်ထားတဲ့ ခဲသတ္ထုချောင်းကိုဆွဲထုတ်လိုက်ပါတယ်။

ကပ်ဆိုက်နေတဲ့ ကမ္ဘာကြီးမှာ သွားလေရာ လာလေရာ ဘေးအန္တရာယ်မကျ
နိုင်အောင် နည်းပညာတွေနဲ့ အတတ်နိုင်ဆုံး ကာကွယ်ကြရပါတယ်။

ဗုံးရှာတဲ့ကရိယာလို့ လူသိများတဲ့ Metal Detector တွေကို ကုန်တိုက် အဝင်ဝတွေ
မြေအောက်ရထားဘူတာရုံအဝင်ဝတွေ လေဆိပ်တွေမှာ သုံးနေရာကနေ စားသုံး
ကုန်ဈေးကွက်ထဲ နေရာယူဖို့ စိုင်းပြင်းလာတော့ မယောင်ပါ။ မြန်မာစားသောက်ဆိုင်
ပိုင်ရှင်တွေလဲ အဲတာလေး တစ်လက်လောက် ဝယ်ဆောင်ထားရင်ဖြင့် ကိုယ့်ဆိုင်
နာမည်မပျက်တော့ဘူးပေါ့ဗျာ။

(ကိုဇော်)

Saturday, May 10, 2014

ဖွဲ့စည်းပုံ ပြင်ရေး စစ်တပ်လည်း တာဝန်ရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြော


 
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ, တပ်မတော်, NLD, ဒေါ်အောင်ဆန်းစုကြည်
အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မအူပင် ဒေသခံလူထုကို မေလ ၁၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ဟောပြောနေစဉ် (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် နိုင်ငံသားများပင် ဖြစ်ကြသော တပ်မတော်သားများ၏ တာဝန်လည်း ဖြစ်သည့်အတွက် ပူးပေါင်းပါဝင်ကြရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။
ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့တွင် ယနေ့ ကျင်းပသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒ သဘောထား ရယူပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
တပ်မတော်၏ ဖခင် ဗိုလ်ချုပ် အောင်ဆန်း တည်ထောင်ခဲ့သော တပ်မတော်သည် မည်သည့်ပါတီ၊ မည်သည့် အုပ်စုအတွက်မှ မဟုတ်ကြောင်းကို ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင် သေချာစွာ ပြောခဲ့ပြီးဖြစ်ကြောင်း၊ တပ်မတော်သည် ပြည်သူ့ဆန္ဒနှင့် ကိုက်ညီသော တပ်မတော်၊ ပြည်သူလိုလားသော တပ်မတော် ဖြစ်ရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများ အားလုံးသည် ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် တာဝန်အရ ပါဝင်စေလိုကြောင်း သူက ဆက်ပြောသည်။
“တပ်မတော်ထဲမှာ ရှိတဲ့ ပုဂ္ဂိုလ်တွေအားလုံးဟာ မွေးတုန်းကတည်းက တပ်မတော်သား မဟုတ်ပါဘူး။ နိုင်ငံသားများ အနေနဲ့ မွေးလာတာပါ။ နံပါတ် ၁ က နိုင်ငံသားတွေ ဖြစ်ပါတယ်။ နောက်တော့မှ တပ်ထဲရောက်လို့ တပ်မတော်သားတွေ ဖြစ်တာပါ။ အဲဒီတော့ ကိုယ့်ရဲ့ နိုင်ငံသားတာဝန်က နံပါတ် ၁ ဖြစ်ပါတယ်လို့ တပ်မတော်သားတွေကို သတိပေးချင်ပါတယ်။ နံပါတ် ၁ ဖြစ်တဲ့ အဓိကအကျဆုံး တာဝန်ကို မကျေပွန်ဘဲနဲ့ တခြားတာဝန်ကို ဘယ်လို ကျေပွန်နိုင်မှာလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ကြပါလို့ ကျမအနေနဲ့ ပြောချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထို့အပြင် တိုင်းရင်းသားမျိုးစုံဖြင့် ပြည်ထောင်စုနိုင်ငံအတွက် ငြိမ်းချမ်းရေး၊ အေးချမ်းနိုင်ရေးအတွက် တန်းတူညီမျှမှုသည် အခြေခံ လိုအပ်ချက် ဖြစ်လာကြောင်း၊ တန်းတူညီမျှမှု မရှိအောင် ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် နိုင်ငံကို အမှန်တကယ် ငြိမ်းချမ်းရေး ပေးနိုင်မည်လားဟု မေးခွန်းထုတ်စရာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
NLD အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်သင့်သော အချက်များ အသေးစိတ်ကို အများအတွက် ထုတ်ပြန်ပေးထားပြီး ဖြစ်ကြောင်း၊ ပြည်သူများ အနေဖြင့်လည်း အမှန်တကယ် စိတ်ဝင်စားမည်ဆိုလျှင် ရယူနိုင်ကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ပြောဆိုနေရခြင်းသည် ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီမှု မရှိသည့်အပြင် စတင်ရေးဆွဲ စဉ်ကတည်းက တဦးတယောက်၏ သဘောဆန္ဒ၊ အလိုကျရေးဆွဲထားသော ဥပဒေဖြစ်ခြင်းကြောင့် ဖြစ်ကြောင်း NLD မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က အဆိုပါပွဲတွင် တက်ရောက်လာသော ပြည်သူများကို ပြောကြားခဲ့သည်။
“ဒီဥပဒေက စရေးဆွဲထဲက ကျနော်တို့ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ရေးဆွဲတာ။ ကျနော်တို့က အခု လူတဦးတယောက်ကို ရည်ညွှန်းရေးဆွဲတဲ့ အခါကျတော့ ဒီမိုကရေစီမူနဲ့ မကိုက်ညီလို့၊ ဆန့်ကျင်နေလို့ ပြောတဲ့အခါကျတော့ တဦးတယောက်အတွက် ပြောတယ်လို့ စွပ်စွဲတယ်။ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။
အဆိုပါ ပွဲသို့ ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်အသီးသီးမှ ပြည်သူများ၊ ရန်ကုန်လူထုတချို့ အပါအ၀င် အင်အား ၄ သောင်း ၀န်းကျင် တက်ရောက်ခဲ့ကြပြီး ပွဲကျင်းပစဉ်အတွင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးကို သဘောတူညီသော ပြည်သူများ၏ လက်မှတ်များကိုလည်း ကောက်ခံခဲ့ကြသည်။
NLD သည် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီမှု မရှိသော ဥပဒေများကို ပြင်ဆင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း၊ ပြောင်းလဲမှုများ ပြုလုပ်ရန်မှာ ဒေါ်အောင်ဆန်းစုကြည် အပြင် ပြည်သူလူထု အားလုံး၏ လုပ်ဆောင်မှု အပေါ်တွင် မူတည်ကြောင်း ပန်းတနော်မြို့နယ်၊ ကျခတ်တောကျေးရွာမှ တက်ရောက်လာသော လယ်သမား ကိုထွန်းလှိုင်က ပြောသည်။
“မပြင်ချင်ဘူးဆိုတာက လူတစုကပဲ မပြင်ချင်တာပါ။ လူအများစုကတော့ ပြင်ချင်ကြတာပဲ။ စစ်အာဏာရှင် စနစ်ကို ခံလာရတာ ကြာတော့ မခံနိုင်ကြတော့ဘူးလေ။ အဲဒီအတွက် မပြင်၊ ပြင်အောင်ကတော့ လုပ်ရတော့မှာပေါ့။ အေးအေးဆေးဆေးနဲ့ ပြင်မပေးရင် ပူပူဆူဆူနဲ့ ပြင်ရတော့မှာပေါ့။ ဒါပဲရှိတော့တယ်” ဟု အဆိုပါပွဲသို့ တက်ရောက်လာသော မြန်အောင်မြို့နယ်၊ မရွေးကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာမှ လယ်သမား ဦးနေ၀င်းက ဆိုသည်။

စိန်ခေါ်မှုတွေကို ဖော်ပြနေတဲ့ ချည့်နဲ့သော မြန်မာ့ဂေဟစနစ်




စိန်ခေါ်မှုတွေကို ဖော်ပြနေတဲ့ ချည့်နဲ့သော မြန်မာ့ဂေဟစနစ်
  နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အံ့အားသင့်ဖွယ် အလျင်အမြန် ပြုလုပ်လာတဲ့ မြန်မာကို ဥရောပသမဂ္ဂနဲ့ အမေရိကန်နိုင်ငံတို့က အရေးယူပိတ်ဆို့မှုတွေ လျော့ချပေးလိုက်ပါတယ်။ ဒါဇင်နဲ့ချီတဲ့ နိုင်ငံခြားကုမ္ပဏီတွေလည်း နိုင်ငံတွင်းကို ရောက်ရှိလာခဲ့ပါတယ်။ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏဟာ ၂၀၁၃ ခုနှစ်ထဲမှာ ၁၆၀ ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့ပါတယ်။ သို့သော်လည်း လွတ်လပ်ပွင့်လင်းတဲ့ နိုင်ငံတစ်နိုင်ငံကို အသွင်ကူးပြောင်းနိုင်ဖို့ တော်တော်လေး ခရီးဆက်ရဦးမှာဖြစ်သလို မြန်မာနိုင်ငံရဲ့ ဂေဟစနစ် ပျက်စီးနေတာကြောင့် တိုးတက်မှုတွေ ဆက်ရှိနေဖို့ တော်တော်လေး ကြိုးပမ်းရပါဦးမယ်။
ပဋိပက္ခများနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး
လွတ်လပ်ရေးရပြီးကတည်းက ပေါ်ပေါက်ခဲ့တဲ့ ပြည်တွင်းစစ်က တိုင်းပြည်တွင်းမှာ ချစားမှုတွေ၊ စနစ်တ ကျဖိနှိပ်မှုတွေ၊ စီးပွားရေးတိုးတက်မှု တုံ့ဆိုင်းခြင်းတွေ ပေါ်ပေါက်လာဖို့ကို တွန်းအားပေးခဲ့ပါတယ်။
ငြိမ်းချမ်းရေးဟာ စစ်ပွဲတွေထက် သဘာဝပတ်ဝန်းကျင်ကို ပိုဆိုးစေတယ်ဆိုတဲ့အချက်က လူတိုင်းမတွေး မိတဲ့ အချက်တစ်ချက်ပါ။ ဂျက်ဖ်မက်နီလီရဲ့ အဆိုအရ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ခြင်းမရှိသေးတဲ့ လူမှုအသိုင်းအ၀ိုင်းတွေထဲက စစ်ပွဲတွေဟာ သမိုင်းအစဉ်အလာအားဖြင့် ကြီးမားကျယ်ပြန်တဲ့ ကြားခံနယ် တွေအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေပြီး အဆိုပါကြားခံနယ်တွေဟာ ဇီဝသက်ရှိများစွာနားခိုရာ ဒေသတွေအ ဖြစ် ပေါ်ထွက်လာပါတယ်။ ထို့အတူ ခေတ်သစ်စစ်ပွဲတွေကလည်း အလားတူ ကြားခံနယ်တွေ ထွက်ပေါ် လာစေပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဇီဝသက်ရှိမျိုးကွဲတွေအတွက် အကျိုးဖြစ်ထွန်းစေပါ တယ်။ ဒါပေမဲ့လည်း အဆိုပါအကျိုးကျေးဇူးတွေက “တိုက်ဆိုင်မှု သို့မဟုတ် မတော်တဆ” ဖြစ်ပေါ်လာရ ခြင်းသာ ဖြစ်တယ်လို့ မက်နီလီက အလေးအနက် ထည့်သွင်း ပြောကြားသွားပါတယ်။
စစ်အေးခေတ်ကာလ သီးခြားရပ်တည်ခြင်းက တောင်-မြောက်ကိုးရီးယား နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် မှာ ဇီဝမျိုးကွဲမျိုးစုံ နားခိုနိုင်တဲ့ ကြားခံနယ်တစ်ခုအဖြစ် ဖွံ့ဖြိုးလာခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း စစ်ရိပ်စစ်ငွေ့ တွေ ကွယ်ပျောက်သွားတဲ့အခါမှာ အဆိုပါနေရာတွေဟာ အန္တရာယ်တွေနဲ့ ရင်ဆိုင်လာရပါတယ်။ သဘာ ၀ပတ်ဝန်းကျင်အတွက် အန္တရာယ်အရှိဆုံးအချိန်က ပဋိပက္ခတွေ ချုပ်ငြိမ်းပြီးခါစအချိန် ဖြစ်တယ်လို့ ဂျူဒီ အော်ဂလီသရုပ်က မှတ်ချက်ပြုခဲ့ဖူးပါတယ်။ ပုဂ္ဂလိကလုပ်ငန်းတွေက သဘာဝသယံဇာတတွေ ရရှိနိုင်တဲ့ နေရာသစ်ပေါ်မှာ အလျင်အမြန် အမြတ်ထုတ်ဖို့ ကြိုးစားလေ့ရှိပါတယ်။ ထို့အတူ ပဋိပက္ခခေတ်လွန် အစိုး ရတွေဟာ တိုင်းပြည်ရဲ့ဘဏ္ဍာငွေအတွက် သဘာဝသယံဇာတနဲ့ဆိုင်တဲ့ ရေရှည်စီမံကိန်းတွေကို စတေး လေ့ရှိပါတယ်။
ဒီလိုအခြေအနေမျိုးကို မြန်မာနိုင်ငံအတွင်းမှာ ၁၉၉၀ ပြည့်နှစ်များ အလယ်လောက်က ပြုလုပ်ခဲ့တဲ့ အပစ် ရပ်သဘောတူညီချက်တွေမှာ တွေ့မြင်နိုင်ပါတယ်။ ၁၉၈၈ ခုနှစ် အာဏာသိမ်းမှုပြုလုပ်ခဲ့ပြီး နောက်ပိုင်း မှာ စစ်ဗိုလ်ချုပ်တွေက လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်တွေကို သဘာဝသယံဇာတတွေနဲ့ဝယ် ခဲ့ကြပါတယ်။ အထူးသဖြင့် စစ်အစိုးရက အပစ်ရပ်သဘောတူညီချက်တချို့အတွက် သစ်ခုတ်ခွင့်ကို ထိ ရောက်စွာ အသုံးချခဲ့ပါတယ်။
သို့သော် ယခုလို စစ်ရေးခြိမ်းခြောက်မှုနဲ့ စီးပွားရေးမက်လုံးတွေကို ပေါင်းစပ်ပြီး အပစ်အခတ်ရပ်စဲခြင်းက ရေရှည်တည်တံ့ပြီး တရားမျှတတဲ့ ငြိမ်းချမ်းရေးမျိုး မြန်မာနိုင်ငံမှာ မရရှိနိုင်ပါဘူးလို့ ကာရင်ဘယ်လင်တိုင်း နဲ့ ဟီကိုနစ်ဇစ်စကီတို့က ဆိုပါတယ်။ တစ်ဘက်မှာလည်း စစ်ဖြစ်ရာဒေသတွေအတွင်းက ပဋိပက္ခစီးပွား ရေးဟာ “အပစ်ရပ်စီးပွားရေးအသွင်”ကို ပြောင်းလဲသွားပြီး တရားမ၀င်သစ်ခုတ်မှုတွေ ထွန်းကားလာစေ ပါတယ်။ ဥပမာ - ၁၉၉၄ ခုနှစ်မှာ စစ်ဗိုလ်ချုပ်တွေနဲ့ ကေအိုင်အိုတို့အကြား အပစ်ရပ် သဘောတူညီချက် တစ်ရပ် ရရှိပြီးတဲ့နောက်မှာ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း တရုတ်နယ်စပ်တစ်လျှောက်မှာရှိတဲ့ စစ်ရေးအ ရလှုပ်ရှားခဲ့တဲ့နေရာတွေဟာ တရားမ၀င် သစ်မှောင်ခိုကူးတဲ့ အဓိကဒေသ ဖြစ်လာခဲ့ပါတယ်။
မညီမျှမှုနဲ့ ခုခံနိုင်စွမ်းမရှိမှု
မြန်မာရဲ့ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေကတစ်ဆင့် ပေါ်ပေါက်လာတဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုက သတိထားလောက်ဖွယ်ရာ ခြိမ်းခြောက်မှုတွေ မဟုတ်ပါဘူး။ မြန်မာ့သဘာဝပတ်ဝန်းကျင်က ဆိုးရွားစွာထိခိုက်နေပြီး ဖြစ်လို့ပါ။ အစိုးရအနေနဲ့ ကြိုတင်အသိပေးမှုမရှိဘဲ၊ လုံလောက်တဲ့ နစ်နာကြေး ပေးမှုမရှိဘဲ မြေတွေသိမ်းပြီး ပုဂ္ဂလိကကို လုပ်ပိုင်ခွင့်ပေးခဲ့တဲ့မူဝါဒတွေက အလုံးအရင်းနဲ့ မြေ၀ယ်တာ တွေ မြေသိမ်းတာတွေကို ဖြစ်စေခဲ့ပါတယ်။
တရားမ၀င် သစ်မှောင်ခိုတင်သွင်းမှုတွေကို ထိန်းချုပ်ဖို့ အစိုးရက ကြိုးပမ်းနေပေမယ့်လည်း တရားမ၀င် သစ်တင်ပို့မှုတွေက မြင့်တက်နေဆဲပါ။ ၂၀၁၃ ခုနှစ်အတွင်း မြန်မာ့ကျွန်းသစ်တင်ပို့မှုဟာ မက်ထရစ်မီ တာပေါင်း လေးသိန်းကျော်ရှိခဲ့ပြီး အစိုးရခွင့်ပြုမှုရဲ့ နှစ်ဆ ဖြစ်ပါတယ်။ သစ်ထုတ်လုပ်ရေးလုပ်ငန်းမှာ အ စိုးရနဲ့ဆက်ဆံရေးအရ ပြေလည်နေတဲ့ကုမ္ပဏီတွေကို ဆက်လက် ချုပ်ကိုင်ခွင့် ပြုထားတုန်းပါပဲ။ ဒါဟာ တိုင်းပြည်တွင်း ကျန်ရှိနေတဲ့ သစ်တောတွေနဲ့ မျှတမှုရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာစေပါတယ်။
“သစ်တောမြေတွေ ခုတ်ထွင်ရှင်းလင်းခြင်းက သဘာဝသယံဇာတကြွယ်ဝတဲ့ တိုင်းရင်းသား လူနည်းစု တွေနေထိုင်ရာ ပဋိပက္ခဒေသတွေမှာ ဖြစ်ပါတယ်။ မြန်မာရဲ့နောက်ဆုံးလက်ကျန် သစ်တောတွေလည်း ဖြစ်ပါတယ်။ ထိန်းချုပ်နယ်မြေ ပိုမိုကျယ်ပြန့်လာဖို့၊ သဘာဝသယံဇာတတွေ ပိုမိုရရှိဖို့ ကြိုးပမ်းနေတဲ့ အစိုး ရရဲ့အစအစဉ်တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်” လို့ Forest Trends အဖွဲ့မှ ကီဗင်ဝု(ဒ်) က အစီရင်ခံ စာတစ်ခုမှာ ရေးသားခဲ့ဖူးပါတယ်။
“အဆိုပါ သစ်တောမြေတွေကို ခုတ်ထွင်အသုံးပြုတဲ့ စီမံချက်တွေကို ငြိမ်းချမ်းရေးနဲ့ စီးပွားရေးတိုးတက်မှု အတွက် ပြုလုပ်တဲ့ ဖွံ့ဖြိုးရေးစီမံကိန်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒေသခံလူနည်းစု တိုင်းရင်းသားအသိုင်း အ၀ိုင်းနဲ့ လွှတ်တော်အမတ်တွေကို ပေးထားပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ဒီလိုဖွံ့ဖြိုးရေးစီမံချက် တွေဟာ ဗဟိုအစိုးရနဲ့ ဒေသခံအစိုးရတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်တွေထက် အစိုးရနဲ့ ဆက် ဆံရေးပြေလည်ပြီး သစ်ခုတ်ပိုင်ခွင့်ရှိတဲ့ ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ ပိုမိုပတ်သက်ပါတယ်”လို့လည်း ကီဗင် က ဆိုပါတယ်။
ဒီလိုအနေအထားတွေဟာ “မြန်မာနိုင်ငံတွင်းမှ လတ်တလော မူဝါဒအပြောင်းအလဲတွေဟာ နိုင်ငံတစ် လွှားက သဘာဝဂေဟစနစ်အပေါ်ကို ဆိုးရွားပြီး အနှုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ ဆက် ရှိစေတယ်”လို့ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလအတွင်းမှာရေးသားခဲ့တဲ့ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှု ဆောင်းပါးထဲမှာ အက်ဒ၀ပ်ဝက်ဘ်က သုံးသပ်ထားပါတယ်။ ဧရာဝတီမြစ်ဝှမ်းလွင်ပြင်ပေါ်မှာရှိတဲ့ လက် ကျန်ဒီရေတောတွေဟာ ၂၀၁၉ ခုနှစ်မတိုင်မီမှာ ပျောက်ကွယ်သွားနိုင်တယ်လို့လည်း သုံးသပ်ထားပါ တယ်။ အဆိုပါအခြေအနေက ဧရာဝတီမြစ်ဝှမ်းလွင်ပြင်မှာ နေထိုင်နေသူ ၇ ဒသမ ၇ သန်းရဲ့ စားဝတ် နေရေးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်သလို ဆိုးရွားတဲ့အပူပိုင်းဒေသ ဆိုက်ကလုန်းမုန်တိုင်းတွေလည်း ဖြစ်ပေါ်လာစေပါတယ်။
လူပေါင်း ၁၃၀,၈၀၀ ကျော် သေဆုံးစေခဲ့တဲ့ ၂၀၀၈ ခုနှစ် နာဂစ်ဆိုက်ကလုန်းဟာ ဒီရေတောတွေ ဆုံးရှုံး ခြင်းနဲ့သဘာဝပတ်ဝန်းကျင်ပျက်စီးစေတဲ့ တခြားအကြောင်းရင်းတွေကြောင့် ဖြစ်ပေါ်လာရတယ်လို့လည်း ကုလသမဂ္ဂရဲ့ သဘာဝပတ်ဝန်းကျင်အစီအစဉ်က မှတ်ချက်ပြုခဲ့ပါတယ်။
ဘက်ပေါင်းစုံထိတွေ့ဆက်ဆံရေးနဲ့ ဖြေရှင်းနိုင်
ငြိမ်းချမ်းရေး၊ နိုင်ငံတကာဆက်ဆံရေးတို့က တိုင်းပြည်ရဲ့ဂေဟစနစ် အလွန်ဆိုးရွားနေခြင်းကို ပျောက် ကွယ်စေမယ်မဟုတ်ဘူးဆိုတာကတော့ ထင်ရှားတဲ့အချက်တစ်ချက် ဖြစ်ပါတယ်။ ဒါပေမဲ့ ယင်းတို့ဟာ ထွက်ရပ်လမ်းတွေဖြစ်သလို မြန်မာနိုင်ငံဟာ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးရလဒ်တွေရဲ့ လမ်းလေး ခွဆုံကို ရောက်ရှိနေပါပြီ။ အဆိုပါရလဒ်တွေက မြန်မာ့အနာဂတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လုံခြုံရေး တို့အတွက် ပုံဖော်ပေးပါလိမ့်မယ်။
အစိုးရမဟုတ်တဲ့ သဘာဝပတ်ဝန်းကျင်ရေးရာအဖွဲ့တွေ၊ နိုင်ငံတကာအလှူရှင်တွေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံခြင်းက အကျိုးရှိစေနိုင်မှာပါ။ သမ္မတဦးသိန်းစိန်ကလည်း ဥရောပသမဂ္ဂရဲ့ သစ်တောဥပဒေ အကောင်အထည်ဖော်ရေး၊ အုပ်ချုပ်ရေး၊ ကုန်သွယ်ရေးဆိုင်ရာ အစီအစဉ်နဲ့ သဘာဝသယံဇာတတူးဖော် ရေးနှင့် ဆက်စပ်လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှုရှိရေး ဆောင်ရွက်နေသည့် (EITI) အဖွဲ့တို့ကို ၀င်ဖို့ အတွက် ဆန္ဒရှိတယ်ဆိုတာကို ပြသပြီးပါပြီ။ ဒါ့အပြင် ကမ္ဘာထိန်းသိမ်းရေးအဖွဲ့ကလည်း မြန်မာအစိုးရနဲ့ လက်တွဲလုပ်ကိုင်နေပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို နှစ်ဆတိုး လုပ်ကိုင်နိုင်ခဲ့ပါပြီ။ ဒါတွေ ဟာ အလားအလာကောင်းတွေကို ဖော်ပြနေတာပါ။ သို့သော်လည်း တရားမ၀င် သစ်မှောင်ခိုကူးခြင်း တွေ၊ မြေသိမ်းခြင်းအန္တရာယ်တွေနဲ့ ဧရာဝတီမြစ်ဝှမ်းဒေသ ထိလွယ်ရှလွယ် ဖြစ်နေတာတွေက ကြီးမား တဲ့ စိန်ခေါ်မှုတွေအဖြစ် ဆက်လက် တည်ရှိနေတုန်းပါပဲ။
လတ်တလောပြောင်းလဲမှုတွေက ပြည်တွင်းစစ်နဲ့ အထီးကျန်ဆန်မှု လမ်းကြောင်းကနေ ငြိမ်းချမ်းရေး၊ တိုက်ရိုက်ထိတွေ့ဆက်ဆံရေး လမ်းကြောင်းဆီကို ဦးတည်နေတဲ့ အရေးပါပြီး အပေါင်းလက္ခဏာ ဆောင်တဲ့ ပြယုဂ်ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအနေနဲ့ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ကြိုတင်ပြင်ဆင် ကာကွယ်တာတွေပြုလုပ်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာအသိုင်းအ ၀ိုင်းနဲ့ ဂရုတစိုက် ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး နှစ်ခုစလုံးကို ရရှိနိုင်ပါတယ်။ ဒါပေမဲ့ အောင်မြင်မှုမရှိခဲ့တဲ့ ၁၉၉၀ နှစ်များအတွင်းက အပစ်ရပ်မှုတွေကနေ သင်ခန်းစာယူပြီး လျင်မြန်စွာ စီးပွားရေးတိုးတက်ရေးထက် စစ်မှန်တဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစား ပေးဖို့ မလုပ်နိုင်ဘူးဆိုရင်တော့ အတိတ်ကာလတုန်းကလို မထူးဇာတ်ခင်းရဦးမှာပါပဲ။
ဤဆောင်းပါးမှာnewsecuritybeat.org တွင် ဖော်ပြထားသည့်Time Kovach၏ “Not There Yet: Burma’s Fragile Ecosystems Show Challenges for Continued Progress”အား ဆီလျော်သလို ကောက်နုတ် ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ ။
မင်းထောင်း ( Mizzima )
PHOTO - Aye Mar